[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၉)
--စိတ္ေကာင္းရွိရံုျဖင့္ ျပည့္စံုသည့္ ေကာင္းက်ိဳးကို မရႏိုင္--
ေလာကတြင္ လြယ္လြယ္ႏွင့္ ရေသာအရာဟူ၍ မရွိေပ။ ထိုက္တန္သည့္ အေၾကာင္း တစ္ခုေၾကာင့္သာ ထိုက္တန္သည့္ အက်ိဳးရသည္ကို သိရွိထားသင့္သည္။ စိတ္ေကာင္းရွိရံုႏွင့္ မျပီး၊ အေကာင္းေျပာေနရံုႏွင့္ မလံုေလာက္၊ စိတ္ေကာင္းႏွင့္ အလုပ္ေကာင္းကို လုပ္ေနဖို႔လိုအပ္သည္။ အေကာင္းေျပာျခင္းသည္ ေကာင္းသည္ဟု ဆိုရေသာ္လည္း စိတ္ေကာင္းႏွင့္ အလုပ္ေကာင္းကို လုပ္သည္က ပိုမိုျမင့္ျမတ္ေပသည္။ အခ်ိဳ႕ေသာ သူမ်ား ေျပာၾကသည္ကို ၾကားဖူးပါ၏။ ထူးထူးျခားျခား ဘာလုပ္စရာလိုလဲ သူမ်ားကို ဒုကၡမေပးဘူး၊ ကိုယ္တိုင္လည္း ေကာင္းေအာင္ေနတယ္။ ဒါဆို ဘာမ်ားထူးေထြဆန္းျပားလုပ္ေနရဦးမွာလဲ။ ေကာင္းမႈကို ေဆာင္ထားရင္ ျပီးေရာပဲ။ ဘုရားသြား ေက်ာင္းတက္မွ မဟုတ္ဘူး အိမ္မွာေနလဲ ကုသိုလ္ရေနသည္ပဲ ဟု ေျပာေနတတ္ေပသည္။ သူတို႔၏ အယူအဆ လံုး၀မွားသည္ဟုေတာ့ မဆိုလို။ သို႔ေသာ္ ျပည့္စံုမႈမရွိေသးတဲ့ မျပည့္စံုတဲ့ သာမန္ အသိ တစ္ခုအျဖစ္သာ အသိအမွတ္ျပဳရမည္ ထင္ပါသည္။
အဘိဓမၼာတြင္ ေဟာၾကားအပ္ေသာ စိတ္အေၾကာင္းကား သိဖို႔လဲတကယ္လိုအပ္သလို၊ သိတဲ့အတိုင္း စိတ္ျဖဴစင္ေအာင္ က်င့္ဖို႔လဲ လိုအပ္လွသည္။ အသိမပါသည့္ အက်င့္သည္ မွားယြင္းသည့္လမ္းကို ပို႔ေပးႏိုင္သလို အက်င့္မပါသည့္ အသိသည္လည္း လြဲမွားသည့္ အျပဳအမႈကို ဖန္တီးေပးတတ္သည္။ ထိုအေၾကာင္းမ်ားကို ေလာကီစိတ္ (၈၁) ပါးတြင္ပါ၀င္ေသာ မဟာကုသိုလ္၊ ရူပကုသိုလ္ႏွင့္ အရူပကုသိုလ္တို႔ကို အနည္းငယ္မၽွ ထုတ္ျပလိုေပသည္။ ထိုသို႔ ထုတ္ျပရျခင္းမွာ ေကာင္းကံလုပ္သူမ်ား တစ္ခါလုပ္ရံုႏွင့္ တစ္ဘ၀၊ တစ္သံသရာအတြက္ လုပ္ျပီးသားျဖစ္ဖို႔ ရည္ရြယ္ျခင္းပါ။
သာမန္ကုသိုလ္ျဖစ္သည့္ ဒါနတစ္ခုကို ျပဳလုပ္ရာ၌ပင္ စိတ္ေကာင္းကို အျမင့္ဆံုးထားရမည္ကို ဒါနႏွင့္ ရင္းႏွီးျပီးသူမ်ား ေသခ်ာစြာသိထားသင့္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ကာမ(၁၁)ဘံုတြင္ ေကာင္းကံႏွင့္ ပတ္သက္၍ ေကာင္းက်ိဳးကိုေပးႏိုင္မည့္ ကာမ မဟာကုသိုလ္ ေၾကာင့္ျဖစ္ေသာ မဟာ၀ိဘတ္စိတ္မ်ား (၈)ပါး ရွိေသာေၾကာင့္တည္း။ ေကာင္းသည့္အက်ိဳးကို တကယ္ေမၽွာ္ကိုးသည္ပင္ဆိုဦးေကာင္းသည့္အေၾကာင္းကို တိက်စြာ ျပဳလုပ္ရမည့္သူမ်ားမွာ အလွဴရွင္မ်ားပင္။ ေကာင္းသည့္အေၾကာင္းလည္း အက်ိဳးႏွင့္ ထပ္တူ (၈)ပါး ပင္ရွိသည္။ ထို (၈)မ်ိဳးေသာ ကုသိုလ္တို႔တြင္ တစ္ခုႏွင့္ တစ္ခု အပ်ိဳးေပးပံုျခင္းမတူသည္ကေတာ့ အေသအခ်ာပင္ျဖစ္သည္။
မဟာကုသိုလ္ (၈) ခု တို႔တြင္ ပါ၀င္ေသာ စိတ္ပါ=ေသာမနသ၊ ဥာဏ္ယွဥ္=ဥာဏ သမၸယုတ္၊ သူမ်ားမခိုင္းဘဲလုပ္=အသခၤါရိက စိတ္တစ္ခုႏွင့္ စိတ္မပါ=ဥပကၡာ၊ ဥာဏ္ယွဥ္=ဥာဏ သမၸယုတ္၊ သူမ်ားမခိုင္းဘဲလုပ္=အသခၤါရိက တစ္ခုေပါင္း (၂) ပါးေသာ ကုသိုလ္စိတ္ကသာ ျပည့္စံုသည့္ အက်ိဳးကို ေပးႏိုင္သည္။ ထိုႏွစ္ပါးတို႔သည္လည္း ကံကိုသာယံုၾကည္၍ ျပဳလုပ္ေသာ ဥာဏ္မ်ိဳးျဖစ္ပါက ရလာသည့္အက်ိဳးမ်ာမွာ ဥစၥာျပည့္စံုရံုသာ ျဖစ္ႏိုင္ျပီး စိတ္ထားျပည့္၀ဖို႔က မလြယ္ကူေသာအျဖစ္ပင္။
ဒါနကုသိုလ္လုပ္ကတည္းက အက်ိဳးေလာက္သာ ေမၽွာ္ကိုးလုပ္ခဲ့သည့္ဥာဏ္က အက်ိဳးရျပီးေနာက္ အပိုေတြးျဖစ္သည့္ အတိတ္ကံေၾကာင့္ ယခုဘ၀မွာ ျပည့္စံုရသည္။ ထိုျပည့္စံုျခင္းသည္လည္း မျမဲမႈ အနိစၥ၊ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ဒုကၡနဲ႔ မေပ်ာက္ပါေစနဲ႔ မပ်က္ပါေစနဲ႔ ေတာင္းဆုျပဳလို႔မရေအာင္ သူ႔သေဘာအတိုင္းျဖစ္တတ္သည့္ အနတၱသဘာ၀ပင္ျဖစ္သည္ဟု ေတြးမိဖို႔ ခက္ေလသည္။ မေတြးမိသူ တစ္ေယာက္ဟာ မလုပ္သင့္၊ မေျပာသင့္၊ မက်ဴးလြန္သင့္တာကို နားမလည္ေတာ့ပဲ အျပစ္ကိုက်ဴးလြန္မိ၊ မာနေတြ အလြန္အကၽြံထားမိမွာ ဧကန္ပင္။ ထိုကဲ့သို႔ ကံေၾကာင့္ ျပည့္စံုရေသာ ဘ၀ကို အသိမရွိဘဲ မသိနဲ႔ ဦးေဆာင္ျပီး မေကာင္းကံမ်ားကို က်ဴးလြန္မိပါက မေကာင္းသူတို႔ သြားရာလမ္းသို႔သာ လိုက္သြားရမည့္ သူတစ္ေယာက္ျဖစ္ရေပလိမ့္မည္။
ထို႔ေၾကာင့္ ပစၥည္းလည္းျပည့္စံု၊ က်န္းမာေရးလည္းေကာင္း၊ စိတ္လည္းခ်မ္းသာ၊ ဘ၀ တိုတိုႏွင့္ နိဗၺာန္ကို အျမန္ေရာက္လိုပါက ေျပာခဲ့သည့္ ကာမစိတ္ (၂) ခုျဖင့္သာ ကုသိုလ္ လုပ္သင့္ေပသည္။ အသိဥာဏ္ကိုလည္း အျမင့္ဆံုးျဖစ္သည့္ ၀ိပသနာဥာဏ္ေရာက္ေအာင္ ထားရွိႏိုင္မွ တိဟိတ္ကာမကုသိုလ္ကံ အက်ိဳးကိုရေစႏိုင္သည္။ ဈာန္၊ မဂ္၊ ဖိုလ္ တို႔ကိုရကာ ဘ၀ ေအးခ်မ္းေပလိမ့္မည္။ သို႔မဟုတ္ပါက ကုသိုလ္ရသည္၊ ကုသိုလ္ျဖစ္လၽွင္ျပီးေရာ စသည့္အေတြးျဖင့္ရိုးရာကုသိုလ္ကိုသာ ျပဳလုပ္ေနပါက အသိဥာဏ္ပါေသာ္လည္း ယုတ္ညံ့ေသာ ဒိြဟိတ္ကံ အက်ိဳးကိုသာရေနမည္။ ထိုကံႏွစ္ပါးကသာ အက်ိဳးေပးမည္ဆိုပါက အက်ိဳးေပးခံရသူမ်ား မည္သည့္နည္းႏွင့္မၽွ ျမင့္ျမတ္သည့္ ဈာန္တရားတို႔ကို မရေတာ့သည့္ အျပင္ ဥာဏ္တရား၏ အက်ိဳးေပးရာ မဂ္ကိုလည္း မည္သည့္နည္းႏွင့္မၽွ ရလိမ့္မည္မဟုတ္ေတာ့ပါ။
ထို႔အျပင္ အသိဥာဏ္မပါဘဲ ျပီးရင္ျပီးေရာ အေတြးနဲ႔ ကုသိုလ္ျပဳလုပ္ခဲ့ျခင္းႏွင့္ ကုသိုလ္ျပဳလုပ္ရာတြင္လည္း အကုသိုလ္ကို ျဖစ္ေစႏိုင္မည့္ အျခားေပ်ာ္ရြင္စရာမ်ား ပါ၀င္ေစျခင္းက ဒြိဟိတ္အက်ိဳးကို ေပးသည့္အျပင္၊ ကံႏွင့္စပ္၍ အသိဥာဏ္ဆိုတာမရွိ၊ ဘာေၾကာင့္ ဒါန၊ သီလ၊ ဘာ၀နာတို႔ကို ျပဳလုပ္္ရသည္ဟုပင္ မသိေတာ့ဘဲ အမ်ားရိုးရာအတိုင္း ကုသိုလ္ ျပဳလုပ္ေနပါက ယုတ္ညံေသာ သုဂတိအဟိတ္အက်ိဳးကို ေပးေပလိမ့္မည္။ ေကာင္းမႈကုသိုလ္ လုပ္တဲ့ အခ်ိန္က အေကာင္းအဆိုး၊ အေၾကာင္းအက်ိဳးကို မသိႏိုင္ခဲ့ေပမယ့္ အက်ိဳးရရွိခ်ိန္တြင္ေတာ့ သိသူျဖစ္ေစ၊ မသိသူျဖစ္ေစ ကိုယ္လုပ္ခဲ့တဲ့ ဥာဏ္နည္းခဲ့တဲ့အတိုင္း အက်ိဳးခံစားရမည္ကေတာ့ ေျမၾကီးလက္ခတ္မလြဲပင္။ ကုသိုလ္ ျပဳလုပ္ခဲ့တာျခင္း အတူတူ အက်ိဳးရသည့္အခ်ိန္ ကြဲျပားျခားနားရတာကေတာ့ အသိဥာဏ္ကြာျခားခဲ့လို႔ပါပဲ။
တနည္းအားျဖင့္ေျပာရေသာ္ ကုသိုလ္လုပ္ေနရရင္ျပီးေရာ စသည့္အေတြးျဖင့္ေကာင္းမႈကုသိုလ္ မည္ကဲ့သို႔ျပဳလုပ္သင့္သည္၊ ဘာေၾကာင့္ ဒါန၊ သီလ၊ ဘာ၀နာ စသည္ကို ျပဳလုပ္သည္ဟု အေျခခံက်သည့္ အသိကိုမရွာခဲ့ဘဲ ျဖစ္သလိုျပဳလုပ္ခဲ့သည့္ ကုသိုလ္၏ အက်ိဳးဆက္ပင္တည္း။ ကမကုသိုလ္၏ အက်ိဳးေပးရာတြင္သာ အသိအေျခခံနည္းသည့္ အတြက္ေၾကာင့္ အက်ိဳးေပးနည္းရသည္သာ မဟုတ္ေသး။ ရူပကုသိုလ္ ျပဳလုပ္ရာတြင္လည္း အသိက အေရးၾကီးျပန္သည္။ သမထတရား အားထုတ္သည့္အတြက္ ဈာန္အဆင့္ဆင့္တက္ကာ ပဥၥမဈာန္ကို ရျပီးေနာက္ မွားယြင္းသည့္ အေတြးက လြဲေခ်ာ္သည့္ လမ္းကို ပို႔ေပးတတ္ျပန္သည္။
ပဥၥမဈာန္ဟူသည္ အေတာ့္ကို ျမင့္မားသည့္ ကုသိုလ္တစ္မ်ိဳးပင္။ သာမန္ပုဂၢိဳလ္မ်ား ရထိုက္သည္မဟုတ္၊ တိဟိတ္ပုဂၢိဳလ္တို႔သာ ရထိုက္ေသာ ဈာန္ျဖစ္သည္။ သို႔ေသာ္ အကုသိုလ္ ျပဳလုပ္ျခင္းသည္ ရုပ္ေၾကာင့္ ျပဳလုပ္သည္မဟုတ္ စိတ္ေၾကာင့္သာ ျပဳလုပ္မိသည္၊ ဤကဲ့သို႔ ညစ္ႏြမ္းေသာစိတ္မ်ား ရွိေနပါက အကုသိုလ္ကို လုပ္ေနဦးမွာ အမွန္ပင္ဟု စိတ္ကိုရြံမုန္းကာ တရားအားထုတ္မိေသာေၾကာင့္ စိတ္မရွိရာ အသညသတ္ဘံုသို႔ ေရာက္ရေပသည္။ ထို႔အတူ ပဥၥမဈာန္ကို အေျခခံျပီး သမထတရားကို အားထုတ္ျခင္းေၾကာင့္ အရူပဈာန္မ်ားကိုလည္း ရၾကေသးသည္သာ။
အရူပ=ရုပ္မရွိရာဘံုသို႔ ေရာက္ရျခင္းကား အသိဥာဏ္ကို အသံုးမခ်ခဲ့မႈေၾကာင့္သာတည္း။ အကုသိုလ္အျပစ္ က်ဴးလြန္သူမ်ားသည္ စိတ္ေၾကာင့္ က်ဴးလြန္ၾကသည္အဟုတ္၊ ရုပ္ျဖင့္သာ က်ဴးလြန္ၾကေပသည္ ရုပ္မရွိပါက အျပစ္က်ဴးလြန္မည္ မဟုတ္ဟု ရုပ္အေပၚ ရြံ႕မုန္းေသာ စိတ္ျဖင့္ တရားအားထုတ္မိေသာေၾကာင့္ ရုပ္မရွိရာ အရူပဘံုသို႔ ေရာက္ရသည္။ ထိုပုဂၢိဳလ္တို႔သည္ ျမင့္ျမတ္ေသာ စိတ္ထားရွိသူမ်ားသာျဖစ္ၾကသည္။ သို႔ေသာ္ ေကာင္းစိတ္ကို မည္ကဲ့သို႔ အသံုးခ်သင့္သည္၊ ရလာ ျဖစ္လာသည့္ အက်ိဳးမ်ားသည္ အေၾကာင္းေၾကာင့္ျဖစ္သည္၊ အေၾကာင္းညံ့က အက်ိဳးညံ့မည္၊ အေၾကာင္းေကာင္းက အက်ိဳးေကာင္းမည္ဟု ဥာဏ္ယွဥ္လ်က္ မေတြးမိဘဲ ေကာင္းစိတ္ရွိလၽွင္ ျပည့္စံုသည္ဟု မွားယြင္းသည့္ အေတြးမ်ား ျဖစ္ေပၚလာျခင္း၏ အက်ိဳးဆက္ေပတညး္။
ထို႔ေၾကာင့္ ေလာကီစိတ္မ်ားျဖင့္ ဘ၀ကိုျဖတ္သန္းကာ ရွင္သန္ေနၾကေသာ ပုထုဇဥ္မ်ားသည္ ေကာင္းစိတ္ရွိလၽွင္ ျပည့္စံုသည္ဟု အေတြးမေရာက္ေစဘဲ ေကာင္းစိတ္ဟူသည္ မည္ကဲ့သို႔ေကာင္းသည့္စိတ္ကို ဆိုလိုသည္။ မည္သို႔ေကာင္းမွ အေကာင္းဆံုးျဖစ္ႏိုင္သည္၊ မည္သည့္အေၾကာင္းေၾကာင့္ ေကာင္းစိတ္ကိုျဖစ္ေစရသည္ဟု အတြင္းက်သည့္ အသိဥာဏ္ အေျခခံကို သိေအာင္လုပ္သင့္ေပသည္။ ထိုသို႔မဟုတ္ဘဲ သတိရွိရင္ျပီးေရာ၊ ေကာင္းစိတ္ရွိရင္ ျပီးေရာဟု အေတြးေရာက္လ်က္ မွန္ကန္သည့္အက်င့္မပါဘဲ ဘ၀ကို ဒီအတိုင္းသာ ဆက္သြားေနပါက ဒုကၡသံသရာတြင္းမွ လြတ္မည္မဟုတ္ေပ။
သံသရာတြင္က်င္လည္ေနရမည္ဆိုပါကလည္း မည္သည့္နည္းႏွင့္မၽွ ျပည့္စံုသည့္ ဘ၀ျဖင့္ ဘ၀ကို ဦးေဆာင္ႏိုင္မည္မဟုတ္ဘဲ ေရမႈတ္တစ္ဖက္၊ မီးစတစ္ဖက္ျဖင့္ ဘ၀ကို ျဖတ္သန္းေနဦးမည္မွာ အေသအခ်ာပင္။
ထို႔ေၾကာင့္ မွန္ကန္သည့္အသိဥာဏ္ (၀ိပသနာဥာဏ္- သမာဒိ႒ိ) ကို ဦးေဆာင္ႏိုင္ေအာင္ က်ိဳးစားလ်က္ ဘ၀အတြက္ အသိကို စုေဆာင္းသင့္ေပသည္။ မွန္ကန္သည့္ အသိကို ရွာရင္း ေကာင္းမြန္သည့္ အက်င့္မ်ား က်င့္ႏိုင္ေအာင္ ၾကိဳးစားပါက ေလာကီအသိပင္ ျဖစ္လင့္ကစား ၀ိပသနာဥာဏ္ကို ဦးေဆာင္ဦးရြက္ျပဳေနသည့္အတြက္ ခက္ခဲသည္ ထင္ရေသာ ေလာဘ စေသာ ကိေလသာတို႔ ကင္းရာ နိဗၺာန္ကား လက္တစ္ကမ္းတြင္ ရွိေနသည္သာတည္း။
(ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ)
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၉)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၉)
--စိတ်ကောင်းရှိရုံဖြင့် ပြည့်စုံသည့် ကောင်းကျိုးကို မရနိုင်--
လောကတွင် လွယ်လွယ်နှင့် ရသောအရာဟူ၍ မရှိပေ။ ထိုက်တန်သည့် အကြောင်း တစ်ခုကြောင့်သာ ထိုက်တန်သည့် အကျိုးရသည်ကို သိရှိထားသင့်သည်။ စိတ်ကောင်းရှိရုံနှင့် မပြီး၊ အကောင်းပြောနေရုံနှင့် မလုံလောက်၊ စိတ်ကောင်းနှင့် အလုပ်ကောင်းကို လုပ်နေဖို့လိုအပ်သည်။ အကောင်းပြောခြင်းသည် ကောင်းသည်ဟု ဆိုရသော်လည်း စိတ်ကောင်းနှင့် အလုပ်ကောင်းကို လုပ်သည်က ပိုမိုမြင့်မြတ်ပေသည်။ အချို့သော သူများ ပြောကြသည်ကို ကြားဖူးပါ၏။ ထူးထူးခြားခြား ဘာလုပ်စရာလိုလဲ သူများကို ဒုက္ခမပေးဘူး၊ ကိုယ်တိုင်လည်း ကောင်းအောင်နေတယ်။ ဒါဆို ဘာများထူးထွေဆန်းပြားလုပ်နေရဦးမှာလဲ။ ကောင်းမှုကို ဆောင်ထားရင် ပြီးရောပဲ။ ဘုရားသွား ကျောင်းတက်မှ မဟုတ်ဘူး အိမ်မှာနေလဲ ကုသိုလ်ရနေသည်ပဲ ဟု ပြောနေတတ်ပေသည်။ သူတို့၏ အယူအဆ လုံးဝမှားသည်ဟုတော့ မဆိုလို။ သို့သော် ပြည့်စုံမှုမရှိသေးတဲ့ မပြည့်စုံတဲ့ သာမန် အသိ တစ်ခုအဖြစ်သာ အသိအမှတ်ပြုရမည် ထင်ပါသည်။
အဘိဓမ္မာတွင် ဟောကြားအပ်သော စိတ်အကြောင်းကား သိဖို့လဲတကယ်လိုအပ်သလို၊ သိတဲ့အတိုင်း စိတ်ဖြူစင်အောင် ကျင့်ဖို့လဲ လိုအပ်လှသည်။ အသိမပါသည့် အကျင့်သည် မှားယွင်းသည့်လမ်းကို ပို့ပေးနိုင်သလို အကျင့်မပါသည့် အသိသည်လည်း လွဲမှားသည့် အပြုအမှုကို ဖန်တီးပေးတတ်သည်။ ထိုအကြောင်းများကို လောကီစိတ် (၈၁) ပါးတွင်ပါဝင်သော မဟာကုသိုလ်၊ ရူပကုသိုလ်နှင့် အရူပကုသိုလ်တို့ကို အနည်းငယ်မျှ ထုတ်ပြလိုပေသည်။ ထိုသို့ ထုတ်ပြရခြင်းမှာ ကောင်းကံလုပ်သူများ တစ်ခါလုပ်ရုံနှင့် တစ်ဘဝ၊ တစ်သံသရာအတွက် လုပ်ပြီးသားဖြစ်ဖို့ ရည်ရွယ်ခြင်းပါ။
သာမန်ကုသိုလ်ဖြစ်သည့် ဒါနတစ်ခုကို ပြုလုပ်ရာ၌ပင် စိတ်ကောင်းကို အမြင့်ဆုံးထားရမည်ကို ဒါနနှင့် ရင်းနှီးပြီးသူများ သေချာစွာသိထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ကာမ(၁၁)ဘုံတွင် ကောင်းကံနှင့် ပတ်သက်၍ ကောင်းကျိုးကိုပေးနိုင်မည့် ကာမ မဟာကုသိုလ် ကြောင့်ဖြစ်သော မဟာဝိဘတ်စိတ်များ (၈)ပါး ရှိသောကြောင့်တည်း။ ကောင်းသည့်အကျိုးကို တကယ်မျှော်ကိုးသည်ပင်ဆိုဦးကောင်းသည့်အကြောင်းကို တိကျစွာ ပြုလုပ်ရမည့်သူများမှာ အလှူရှင်များပင်။ ကောင်းသည့်အကြောင်းလည်း အကျိုးနှင့် ထပ်တူ (၈)ပါး ပင်ရှိသည်။ ထို (၈)မျိုးသော ကုသိုလ်တို့တွင် တစ်ခုနှင့် တစ်ခု အပျိုးပေးပုံခြင်းမတူသည်ကတော့ အသေအချာပင်ဖြစ်သည်။
မဟာကုသိုလ် (၈) ခု တို့တွင် ပါဝင်သော စိတ်ပါ=သောမနသ၊ ဉာဏ်ယှဉ်=ဉာဏ သမ္ပယုတ်၊ သူများမခိုင်းဘဲလုပ်=အသင်္ခါရိက စိတ်တစ်ခုနှင့် စိတ်မပါ=ဥပက္ခာ၊ ဉာဏ်ယှဉ်=ဉာဏ သမ္ပယုတ်၊ သူများမခိုင်းဘဲလုပ်=အသင်္ခါရိက တစ်ခုပေါင်း (၂) ပါးသော ကုသိုလ်စိတ်ကသာ ပြည့်စုံသည့် အကျိုးကို ပေးနိုင်သည်။ ထိုနှစ်ပါးတို့သည်လည်း ကံကိုသာယုံကြည်၍ ပြုလုပ်သော ဉာဏ်မျိုးဖြစ်ပါက ရလာသည့်အကျိုးမျာမှာ ဥစ္စာပြည့်စုံရုံသာ ဖြစ်နိုင်ပြီး စိတ်ထားပြည့်ဝဖို့က မလွယ်ကူသောအဖြစ်ပင်။
ဒါနကုသိုလ်လုပ်ကတည်းက အကျိုးလောက်သာ မျှော်ကိုးလုပ်ခဲ့သည့်ဉာဏ်က အကျိုးရပြီးနောက် အပိုတွေးဖြစ်သည့် အတိတ်ကံကြောင့် ယခုဘဝမှာ ပြည့်စုံရသည်။ ထိုပြည့်စုံခြင်းသည်လည်း မမြဲမှု အနိစ္စ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခနဲ့ မပျောက်ပါစေနဲ့ မပျက်ပါစေနဲ့ တောင်းဆုပြုလို့မရအောင် သူ့သဘောအတိုင်းဖြစ်တတ်သည့် အနတ္တသဘာဝပင်ဖြစ်သည်ဟု တွေးမိဖို့ ခက်လေသည်။ မတွေးမိသူ တစ်ယောက်ဟာ မလုပ်သင့်၊ မပြောသင့်၊ မကျူးလွန်သင့်တာကို နားမလည်တော့ပဲ အပြစ်ကိုကျူးလွန်မိ၊ မာနတွေ အလွန်အကျွံထားမိမှာ ဧကန်ပင်။ ထိုကဲ့သို့ ကံကြောင့် ပြည့်စုံရသော ဘဝကို အသိမရှိဘဲ မသိနဲ့ ဦးဆောင်ပြီး မကောင်းကံများကို ကျူးလွန်မိပါက မကောင်းသူတို့ သွားရာလမ်းသို့သာ လိုက်သွားရမည့် သူတစ်ယောက်ဖြစ်ရပေလိမ့်မည်။
ထို့ကြောင့် ပစ္စည်းလည်းပြည့်စုံ၊ ကျန်းမာရေးလည်းကောင်း၊ စိတ်လည်းချမ်းသာ၊ ဘ၀ တိုတိုနှင့် နိဗ္ဗာန်ကို အမြန်ရောက်လိုပါက ပြောခဲ့သည့် ကာမစိတ် (၂) ခုဖြင့်သာ ကုသိုလ် လုပ်သင့်ပေသည်။ အသိဉာဏ်ကိုလည်း အမြင့်ဆုံးဖြစ်သည့် ဝိပသနာဉာဏ်ရောက်အောင် ထားရှိနိုင်မှ တိဟိတ်ကာမကုသိုလ်ကံ အကျိုးကိုရစေနိုင်သည်။ ဈာန်၊ မဂ်၊ ဖိုလ် တို့ကိုရကာ ဘ၀ အေးချမ်းပေလိမ့်မည်။ သို့မဟုတ်ပါက ကုသိုလ်ရသည်၊ ကုသိုလ်ဖြစ်လျှင်ပြီးရော စသည့်အတွေးဖြင့်ရိုးရာကုသိုလ်ကိုသာ ပြုလုပ်နေပါက အသိဉာဏ်ပါသော်လည်း ယုတ်ညံ့သော ဒွိဟိတ်ကံ အကျိုးကိုသာရနေမည်။ ထိုကံနှစ်ပါးကသာ အကျိုးပေးမည်ဆိုပါက အကျိုးပေးခံရသူများ မည်သည့်နည်းနှင့်မျှ မြင့်မြတ်သည့် ဈာန်တရားတို့ကို မရတော့သည့် အပြင် ဉာဏ်တရား၏ အကျိုးပေးရာ မဂ်ကိုလည်း မည်သည့်နည်းနှင့်မျှ ရလိမ့်မည်မဟုတ်တော့ပါ။
ထို့အပြင် အသိဉာဏ်မပါဘဲ ပြီးရင်ပြီးရော အတွေးနဲ့ ကုသိုလ်ပြုလုပ်ခဲ့ခြင်းနှင့် ကုသိုလ်ပြုလုပ်ရာတွင်လည်း အကုသိုလ်ကို ဖြစ်စေနိုင်မည့် အခြားပျော်ရွင်စရာများ ပါဝင်စေခြင်းက ဒွိဟိတ်အကျိုးကို ပေးသည့်အပြင်၊ ကံနှင့်စပ်၍ အသိဉာဏ်ဆိုတာမရှိ၊ ဘာကြောင့် ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုလုပ်ရသည်ဟုပင် မသိတော့ဘဲ အများရိုးရာအတိုင်း ကုသိုလ် ပြုလုပ်နေပါက ယုတ်ညံသော သုဂတိအဟိတ်အကျိုးကို ပေးပေလိမ့်မည်။ ကောင်းမှုကုသိုလ် လုပ်တဲ့ အချိန်က အကောင်းအဆိုး၊ အကြောင်းအကျိုးကို မသိနိုင်ခဲ့ပေမယ့် အကျိုးရရှိချိန်တွင်တော့ သိသူဖြစ်စေ၊ မသိသူဖြစ်စေ ကိုယ်လုပ်ခဲ့တဲ့ ဉာဏ်နည်းခဲ့တဲ့အတိုင်း အကျိုးခံစားရမည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။ ကုသိုလ် ပြုလုပ်ခဲ့တာခြင်း အတူတူ အကျိုးရသည့်အချိန် ကွဲပြားခြားနားရတာကတော့ အသိဉာဏ်ကွာခြားခဲ့လို့ပါပဲ။
တနည်းအားဖြင့်ပြောရသော် ကုသိုလ်လုပ်နေရရင်ပြီးရော စသည့်အတွေးဖြင့်ကောင်းမှုကုသိုလ် မည်ကဲ့သို့ပြုလုပ်သင့်သည်၊ ဘာကြောင့် ဒါန၊ သီလ၊ ဘာဝနာ စသည်ကို ပြုလုပ်သည်ဟု အခြေခံကျသည့် အသိကိုမရှာခဲ့ဘဲ ဖြစ်သလိုပြုလုပ်ခဲ့သည့် ကုသိုလ်၏ အကျိုးဆက်ပင်တည်း။ ကမကုသိုလ်၏ အကျိုးပေးရာတွင်သာ အသိအခြေခံနည်းသည့် အတွက်ကြောင့် အကျိုးပေးနည်းရသည်သာ မဟုတ်သေး။ ရူပကုသိုလ် ပြုလုပ်ရာတွင်လည်း အသိက အရေးကြီးပြန်သည်။ သမထတရား အားထုတ်သည့်အတွက် ဈာန်အဆင့်ဆင့်တက်ကာ ပဉ္စမဈာန်ကို ရပြီးနောက် မှားယွင်းသည့် အတွေးက လွဲချော်သည့် လမ်းကို ပို့ပေးတတ်ပြန်သည်။
ပဉ္စမဈာန်ဟူသည် အတော့်ကို မြင့်မားသည့် ကုသိုလ်တစ်မျိုးပင်။ သာမန်ပုဂ္ဂိုလ်များ ရထိုက်သည်မဟုတ်၊ တိဟိတ်ပုဂ္ဂိုလ်တို့သာ ရထိုက်သော ဈာန်ဖြစ်သည်။ သို့သော် အကုသိုလ် ပြုလုပ်ခြင်းသည် ရုပ်ကြောင့် ပြုလုပ်သည်မဟုတ် စိတ်ကြောင့်သာ ပြုလုပ်မိသည်၊ ဤကဲ့သို့ ညစ်နွမ်းသောစိတ်များ ရှိနေပါက အကုသိုလ်ကို လုပ်နေဦးမှာ အမှန်ပင်ဟု စိတ်ကိုရွံမုန်းကာ တရားအားထုတ်မိသောကြောင့် စိတ်မရှိရာ အသညသတ်ဘုံသို့ ရောက်ရပေသည်။ ထို့အတူ ပဉ္စမဈာန်ကို အခြေခံပြီး သမထတရားကို အားထုတ်ခြင်းကြောင့် အရူပဈာန်များကိုလည်း ရကြသေးသည်သာ။
အရူပ=ရုပ်မရှိရာဘုံသို့ ရောက်ရခြင်းကား အသိဉာဏ်ကို အသုံးမချခဲ့မှုကြောင့်သာတည်း။ အကုသိုလ်အပြစ် ကျူးလွန်သူများသည် စိတ်ကြောင့် ကျူးလွန်ကြသည်အဟုတ်၊ ရုပ်ဖြင့်သာ ကျူးလွန်ကြပေသည် ရုပ်မရှိပါက အပြစ်ကျူးလွန်မည် မဟုတ်ဟု ရုပ်အပေါ် ရွံ့မုန်းသော စိတ်ဖြင့် တရားအားထုတ်မိသောကြောင့် ရုပ်မရှိရာ အရူပဘုံသို့ ရောက်ရသည်။ ထိုပုဂ္ဂိုလ်တို့သည် မြင့်မြတ်သော စိတ်ထားရှိသူများသာဖြစ်ကြသည်။ သို့သော် ကောင်းစိတ်ကို မည်ကဲ့သို့ အသုံးချသင့်သည်၊ ရလာ ဖြစ်လာသည့် အကျိုးများသည် အကြောင်းကြောင့်ဖြစ်သည်၊ အကြောင်းညံ့က အကျိုးညံ့မည်၊ အကြောင်းကောင်းက အကျိုးကောင်းမည်ဟု ဉာဏ်ယှဉ်လျက် မတွေးမိဘဲ ကောင်းစိတ်ရှိလျှင် ပြည့်စုံသည်ဟု မှားယွင်းသည့် အတွေးများ ဖြစ်ပေါ်လာခြင်း၏ အကျိုးဆက်ပေတည်း။
ထို့ကြောင့် လောကီစိတ်များဖြင့် ဘဝကိုဖြတ်သန်းကာ ရှင်သန်နေကြသော ပုထုဇဉ်များသည် ကောင်းစိတ်ရှိလျှင် ပြည့်စုံသည်ဟု အတွေးမရောက်စေဘဲ ကောင်းစိတ်ဟူသည် မည်ကဲ့သို့ကောင်းသည့်စိတ်ကို ဆိုလိုသည်။ မည်သို့ကောင်းမှ အကောင်းဆုံးဖြစ်နိုင်သည်၊ မည်သည့်အကြောင်းကြောင့် ကောင်းစိတ်ကိုဖြစ်စေရသည်ဟု အတွင်းကျသည့် အသိဉာဏ် အခြေခံကို သိအောင်လုပ်သင့်ပေသည်။ ထိုသို့မဟုတ်ဘဲ သတိရှိရင်ပြီးရော၊ ကောင်းစိတ်ရှိရင် ပြီးရောဟု အတွေးရောက်လျက် မှန်ကန်သည့်အကျင့်မပါဘဲ ဘဝကို ဒီအတိုင်းသာ ဆက်သွားနေပါက ဒုက္ခသံသရာတွင်းမှ လွတ်မည်မဟုတ်ပေ။
သံသရာတွင်ကျင်လည်နေရမည်ဆိုပါကလည်း မည်သည့်နည်းနှင့်မျှ ပြည့်စုံသည့် ဘဝဖြင့် ဘဝကို ဦးဆောင်နိုင်မည်မဟုတ်ဘဲ ရေမှုတ်တစ်ဖက်၊ မီးစတစ်ဖက်ဖြင့် ဘဝကို ဖြတ်သန်းနေဦးမည်မှာ အသေအချာပင်။
ထို့ကြောင့် မှန်ကန်သည့်အသိဉာဏ် (ဝိပသနာဉာဏ်- သမာဒိဋ္ဌိ) ကို ဦးဆောင်နိုင်အောင် ကျိုးစားလျက် ဘဝအတွက် အသိကို စုဆောင်းသင့်ပေသည်။ မှန်ကန်သည့် အသိကို ရှာရင်း ကောင်းမွန်သည့် အကျင့်များ ကျင့်နိုင်အောင် ကြိုးစားပါက လောကီအသိပင် ဖြစ်လင့်ကစား ဝိပသနာဉာဏ်ကို ဦးဆောင်ဦးရွက်ပြုနေသည့်အတွက် ခက်ခဲသည် ထင်ရသော လောဘ စသော ကိလေသာတို့ ကင်းရာ နိဗ္ဗာန်ကား လက်တစ်ကမ်းတွင် ရှိနေသည်သာတည်း။
(ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ)
No comments:
Post a Comment