Friday, October 28, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၃၇) (အဘိဓမ္မာ သိမှတ်ဖွယ် (၃၇))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၃၇)
--သဗၺစိတၱာသာဓာရဏ ေစတသိတ္ (၇)ပါး--
စိတ္ (၈၉)ပါး လံုးႏွင့္ ယွဥ္ႏိုင္ေသာ ေစတသိတ္ျဖစ္ေသာေၾကာင့္ သဗၺစိတၱာသာဓာရဏ ေစတသိတ္ ဟုေခၚသည္။ (သဗၺ = အားလံုးေသာ၊ စိတၱ = စိတ္ ၈၉ ပါးႏွင့္၊ သာဓာရဏ = ဆက္ဆံေသာ ေစတသိတ္မ်ား)
၁။ ဖသ = စိတ္ႏွင့္ အာရံုတို႔ အခ်င္းခ်င္း ဓါတ္ခိုက္မိျခင္း သေဘာ (သံပရာသီးစားသူကို ေတြ႔သူႏွင့္ တူ)
၂။ ေ၀ဒနာ = အာရံု၏ အရသာကို ခံစားျခင္းသေဘာ (ဖသ စေသာ တရားႏွင့္ ေ၀ဒနာအထူးကား = ဖသ စေသာတရားတို႔သည္ စားေတာ္ကဲႏွင့္တူ၏။ ဖသ စေသာ တရားတို႔၏ အာရံုကိုခံစားမႈသည္ စားေတာ္ကဲ၏ ပြဲေတာ္ကို အနည္းငယ္မၽွသာ ျမည္းရျခင္းႏွင့္တူ၏။ ေ၀ဒနာသည္ ဘုရင္ႏွင့္တူ၏။ ေ၀ဒနာ၏ အာရံုအရသာကိုခံစားမႈသည္ ရွင္ဘုရင္၏ ပြဲေတာ္တည္ျခင္းႏွင့္ တူ၏)
၃။ သညာ = အာရံုကို မွတ္သားျခင္း သေဘာ (လက္သမားႏွင့္ တူ၏)
၄။ ေစတနာ = ယွဥ္ဖက္ စိတ္ေစတသိတ္တရားတို႔ကို ဆိုင္ရာကိစၥတို႔၌ ေဆာင္ရြက္ၾကဖို႔ရာ ေစ့ေဆာ္တိုက္တြန္းျခင္း သေဘာ (လယ္ပိုင္ရွင္၊ အပည့္ၾကီး၊ စစ္ဗိုလ္ခ်ဳပ္ႏွင့္တူ)
၅။ ဧကဂၢတာ = တစ္ခုတည္းေသာ အာရံု၌ တည္တံျခင္း တည္ၾကည္ျခင္းသေဘာ (စစ္ပြဲကို ကြပ္ကဲေသာ ဘုရင္ႏွင့္ တူ၏)
၆။ ဇိ၀ိတိျႏိၵယ = ယွဥ္ဖက္တရားတို႔ကို သက္တမ္းျပည့္တည္တံေအာင္ ေစာင့္ထိန္းျခင္းအေဘာ (ေလွသမား၊ ၾကာကိုေစာင့္ေသာေရ၊ အထိန္းသယ္ႏွင့္တူ)
၇။ မနသိကာရ = အာရံုကို ႏွလံုးသြင္းျခင္းသေဘာ (ရထားထိန္းႏွင့္တူ၏)
--ပကိဏ္းေစတသိတ္ (၆)ပါး--
ေသာဘဏ၊ အေသာဘဏစိတ္ (၂)မ်ိဳးလံုး ႏွင့္ သင့္သလို ယွဥ္ေသာေၾကာင့္ ပကိဏ္း ေစတသိတ္ဟု ေခၚသည္။
၁။ ၀ိတတ္ = ယွဥ္ဖက္စိတ္ေစတသိတ္မ်ားကို အာရံုသို႔ တင္ေပးျခင္းသေဘာ (မင္း၊ အရာရွိမ်ားႏွင့္ ရင္းႏွီးသူႏွင့္တူ)
- ေစတနာ မနသိကာရအထူး-
ေစတနာသည္ အာရံု၌ သမၸယုတ္တရားတို႔ကို ဖြဲ႔စပ္ျခင္း လကၡဏာရွိ၏။
မနသိကာရသည္ သမၸယုတ္တရားတို႔ကို အရံုႏွင့္ ယွဥ္စပ္ေပးျခင္း ကိစၥရွိသည္။
၀ိတတ္သည္ သမၸယုတ္တရားတို႔ကို အရံုသို႔ တင္ေပးျခင္း လကၡဏာရွိ၏။
(၀ိတတ္သည္ ေလွ၀မ္းက ေလွာ္သူႏွင့္တူ၊ မနသိကာရသည္ ပဲ့ကေလွာ္သူႏွင့္တူ၊ ေစတနာသည္ ပန္းဆြတ္သူႏွင့္တူ)
၂။ ၀ိစာရ = အာရံုကို သံုးသပ္ျခင္းသေဘာ (ေခါင္းေလာင္းသံ၊ ေၾကးစည္သံႏွင့္တူ)
-၀ိတတ္ ၀ိစာရအထူး-
အာရံုကို ပထမအၾကိမ္ယူျခင္းသည္ ၀ိတတ္၊
ယူအပ္ျပီးေသာ အာရံုကို အထပ္ထပ္ ျပန္ယူျခင္းသည္ ၀ိစာရ။
၃။ အဓိေမာကၡ = အာရံုကို ဆံုးျဖတ္ျခင္းသေဘာ (တံခါးတိုင္ႏွင့္တူ)
၄။ ၀ီရိယ = ယွဥ္ဖက္တရားတို႔ကို မဆုတ္နစ္ေအာင္ အားထုတ္ျခင္းသေဘာ (ေထာက္တိုင္ႏွင့္တူ)
၅။ ပီတိ = အာရံုကို ႏွစ္သက္ျခင္းသေဘာ (ခရီးသြား ေရကိုျမင္သည္ႏွင့္တူ စိတ္ ေစတသိတ္ တို႔ကို ပဒုမၼာၾကာ ပန္းပြင့္လန္းေစသည္ႏွင့္တူ)
၆။ ဆႏၵ = အာရံုကို လိုခ်င္ေတာင္းတျခင္း သေဘာ (ေလးသမားႏွင့္တူ)
ဤေစတသိတ္ (၁၃)လံုးကို တပါးေသာ တရားတို႔ႏွင့္ သေဘာတူေသာေၾကာင့္ အညသမာန္း ေစတသိတ္ဟု ေခၚသည္။ အခ်ိဳ႔တရာမ်ားအလို = ေသာဘဏႏွင့္ ယွဥ္ခိုက္ အေသာဘဏမွ တပါး ေသာဘဏႏွင့္ တူ၍...
အေသာဘဏႏွင့္ ယွဥ္ခိုက္ ေသာဘဏမွ တပါး အေသာဘဏႏွင့္ တူေသာေၾကာင့္ အညသမာန္းဟုေခၚသည္။
တနည္း - ေသာဘနစိတ္တို႔၌လည္းေကာင္း၊ အေသာဘနစိတ္တို႔၌လည္းေကာင္း စိတ္ႏွစ္မ်ိဳးလံုး၌ ယွဥ္ႏိုင္ေသာ ေစတသိတ္မ်ားကို အညသမာန္း ေစတသိတ္ဟု ေခၚသည္။
(အည-တစ္ပါးေသာ တရားတို႔ႏွင့္၊ သမာန-သေဘာတူေသာ ေစတသိတ္)
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၇)
--သဗ္ဗစိတ္တာသာဓာရဏ စေတသိတ် (၇)ပါး--
စိတ် (၈၉)ပါး လုံးနှင့် ယှဉ်နိုင်သော စေတသိတ်ဖြစ်သောကြောင့် သဗ္ဗစိတ္တာသာဓာရဏ စေတသိတ် ဟုခေါ်သည်။ (သဗ္ဗ = အားလုံးသော၊ စိတ္တ = စိတ် ၈၉ ပါးနှင့်၊ သာဓာရဏ = ဆက်ဆံသော စေတသိတ်များ)
၁။ ဖသ = စိတ်နှင့် အာရုံတို့ အချင်းချင်း ဓါတ်ခိုက်မိခြင်း သဘော (သံပရာသီးစားသူကို တွေ့သူနှင့် တူ)
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော (ဖသ စသော တရားနှင့် ဝေဒနာအထူးကား = ဖသ စသောတရားတို့သည် စားတော်ကဲနှင့်တူ၏။ ဖသ စသော တရားတို့၏ အာရုံကိုခံစားမှုသည် စားတော်ကဲ၏ ပွဲတော်ကို အနည်းငယ်မျှသာ မြည်းရခြင်းနှင့်တူ၏။ ဝေဒနာသည် ဘုရင်နှင့်တူ၏။ ဝေဒနာ၏ အာရုံအရသာကိုခံစားမှုသည် ရှင်ဘုရင်၏ ပွဲတော်တည်ခြင်းနှင့် တူ၏)
၃။ သညာ = အာရုံကို မှတ်သားခြင်း သဘော (လက်သမားနှင့် တူ၏)
၄။ စေတနာ = ယှဉ်ဖက် စိတ်စေတသိတ်တရားတို့ကို ဆိုင်ရာကိစ္စတို့၌ ဆောင်ရွက်ကြဖို့ရာ စေ့ဆော်တိုက်တွန်းခြင်း သဘော (လယ်ပိုင်ရှင်၊ အပည့်ကြီး၊ စစ်ဗိုလ်ချုပ်နှင့်တူ)
၅။ ဧကဂ္ဂတာ = တစ်ခုတည်းသော အာရုံ၌ တည်တံခြင်း တည်ကြည်ခြင်းသဘော (စစ်ပွဲကို ကွပ်ကဲသော ဘုရင်နှင့် တူ၏)
၆။ ဇိဝိတိနြိ္ဒယ = ယှဉ်ဖက်တရားတို့ကို သက်တမ်းပြည့်တည်တံအောင် စောင့်ထိန်းခြင်းအဘော (လှေသမား၊ ကြာကိုစောင့်သောရေ၊ အထိန်းသယ်နှင့်တူ)
၇။ မနသိကာရ = အာရုံကို နှလုံးသွင်းခြင်းသဘော (ရထားထိန်းနှင့်တူ၏)
--ပကိဏ်းစေတသိတ် (၆)ပါး--
သောဘဏ၊ အသောဘဏစိတ် (၂)မျိုးလုံး နှင့် သင့်သလို ယှဉ်သောကြောင့် ပကိဏ်း စေတသိတ်ဟု ခေါ်သည်။
၁။ ဝိတတ် = ယှဉ်ဖက်စိတ်စေတသိတ်များကို အာရုံသို့ တင်ပေးခြင်းသဘော (မင်း၊ အရာရှိများနှင့် ရင်းနှီးသူနှင့်တူ)
- စေတနာ မနသိကာရအထူး-
စေတနာသည် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖွဲ့စပ်ခြင်း လက္ခဏာရှိ၏။
မနသိကာရသည် သမ္ပယုတ်တရားတို့ကို အရုံနှင့် ယှဉ်စပ်ပေးခြင်း ကိစ္စရှိသည်။
ဝိတတ်သည် သမ္ပယုတ်တရားတို့ကို အရုံသို့ တင်ပေးခြင်း လက္ခဏာရှိ၏။
(ဝိတတ်သည် လှေဝမ်းက လှော်သူနှင့်တူ၊ မနသိကာရသည် ပဲ့ကလှော်သူနှင့်တူ၊ စေတနာသည် ပန်းဆွတ်သူနှင့်တူ)
၂။ ဝိစာရ = အာရုံကို သုံးသပ်ခြင်းသဘော (ခေါင်းလောင်းသံ၊ ကြေးစည်သံနှင့်တူ)
-ဝိတတ် ဝိစာရအထူး-
အာရုံကို ပထမအကြိမ်ယူခြင်းသည် ဝိတတ်၊
ယူအပ်ပြီးသော အာရုံကို အထပ်ထပ် ပြန်ယူခြင်းသည် ဝိစာရ။
၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ခြင်းသဘော (တံခါးတိုင်နှင့်တူ)
၄။ ဝီရိယ = ယှဉ်ဖက်တရားတို့ကို မဆုတ်နစ်အောင် အားထုတ်ခြင်းသဘော (ထောက်တိုင်နှင့်တူ)
၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော (ခရီးသွား ရေကိုမြင်သည်နှင့်တူ စိတ် စေတသိတ် တို့ကို ပဒုမ္မာကြာ ပန်းပွင့်လန်းစေသည်နှင့်တူ)
၆။ ဆန္ဒ = အာရုံကို လိုချင်တောင်းတခြင်း သဘော (လေးသမားနှင့်တူ)
ဤစေတသိတ် (၁၃)လုံးကို တပါးသော တရားတို့နှင့် သဘောတူသောကြောင့် အညသမာန်း စေတသိတ်ဟု ခေါ်သည်။ အချို့တရာများအလို = သောဘဏနှင့် ယှဉ်ခိုက် အသောဘဏမှ တပါး သောဘဏနှင့် တူ၍...
အသောဘဏနှင့် ယှဉ်ခိုက် သောဘဏမှ တပါး အသောဘဏနှင့် တူသောကြောင့် အညသမာန်းဟုခေါ်သည်။
တနည်း - သောဘနစိတ်တို့၌လည်းကောင်း၊ အသောဘနစိတ်တို့၌လည်းကောင်း စိတ်နှစ်မျိုးလုံး၌ ယှဉ်နိုင်သော စေတသိတ်များကို အညသမာန်း စေတသိတ်ဟု ခေါ်သည်။
(အည-တစ်ပါးသော တရားတို့နှင့်၊ သမာန-သဘောတူသော စေတသိတ်)
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment