Friday, October 28, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၃၆) (အဘိဓမ္မာ သိမှတ်ဖွယ် (၃၆))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၃၆)
*** ေစတသိတ္ပိုင္း ***
စိတ္၌ မွီတြယ္၍ စိတ္ကို ျခယ္လွယ္ေသာ သေဘာတရားကို ေစတသိတ္ဟု ေခၚ၏။ တနည္း ဧကုပၸါဒ စေသာ လကၡဏာ (၄)ပါး ႏွင့္ ျပည့္စံု၍ စိတ္ႏွင့္ ယွဥ္လၽွက္ ျဖစ္ၾကေသာ (၅၂)ပါး ေသာ သေဘာတရားတို႔သည္ ေစတသိတ္ မည္၏။
--ေစတသိတ္၏ အဂၤါ (၄)ပါး--
၁။ ဧကုပၸါဒ = စိတ္ႏွင့္ အတူျဖစ္ျခင္း
၂။ ဧကနိေရာဓ = စိတ္ႏွင့္ အတူခ်ဳပ္ျခင္း
၃။ ဧကာလမၺဏ = စိတ္ႏွင့္တူေသာ အာရံုရွိျခင္း
၄။ ဧက၀တၱဳက = စိတ္ႏွင့္တူေသာ မွီရာ၀တၱဳရွိျခင္း
--ေစတသိတ္ (၅၂)ပါး--
၁။ အညသမာန္ေစတသိတ္ (၁၃)ပါး (စိတ္အားလံုးႏွင့္ အတူျဖစ္ေသာေစတသိတ္မ်ား)
(သဗၺစိတၱသာဓာရဏ ေစတသိတ္ (၇)ပါး ႏွင့္ ပကိဏ္းေစတသိတ္ (၆)ပါးသည္ အညသမာန္းတို႔တည္း။)
၂။ အကုသိုလ္ ေစတသိတ္ (၁၄)ပါး
(အကုသိုလ္စိတ္ႏွင့္သာ အတူျဖစ္ေသာ ေစတသိတ္မ်ား)
၃။ ေသာဘန ေစတသိတ္ (၂၅)ပါး (ေကာင္းစိတ္မ်ားႏွင့္သာ အတူျဖစ္ေသာတရား)
မွတ္ခ်က္။
ေစတသိတ္ (၅၂)ပါးကို
အညသမာန္း ေစတသိတ္ တစ္အုပ္စု၊
အကုသိုလ္ တစ္အုပ္စု ႏွင့္
ေသာဘနေစတသိတ္ တစ္အုပ္စုအားျဖင့္ မွတ္သားထားရမည္။
အကုသိုလ္ေစတသိတ္မ်ားကား အကုသိုလ္စိတ္ႏွင့္သာ အတူယွဥ္ျဖစ္ၾကသည္။
ေသာဘနေစတသိတ္တို႔ သည္လည္း ေသာဘနစိတ္မ်ားႏွင့္သာ အတူယွဥ္ၾကသည္။
အညသမာန္းေစတသိတ္တို႔ကား ေသာဘန၊ အေသာဘန မေရြးဘဲ အကုန္ယွဥ္ႏိုင္သည္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၆)
*** စေတသိတ်ပိုင်း ***
စိတ်၌ မှီတွယ်၍ စိတ်ကို ခြယ်လှယ်သော သဘောတရားကို စေတသိတ်ဟု ခေါ်၏။ တနည်း ဧကုပ္ပါဒ စသော လက္ခဏာ (၄)ပါး နှင့် ပြည့်စုံ၍ စိတ်နှင့် ယှဉ်လျှက် ဖြစ်ကြသော (၅၂)ပါး သော သဘောတရားတို့သည် စေတသိတ် မည်၏။
--စေတသိတ်၏ အင်္ဂါ (၄)ပါး--
၁။ ဧကုပ္ပါဒ = စိတ်နှင့် အတူဖြစ်ခြင်း
၂။ ဧကနိရောဓ = စိတ်နှင့် အတူချုပ်ခြင်း
၃။ ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း
၄။ ဧကဝတ္တုက = စိတ်နှင့်တူသော မှီရာဝတ္တုရှိခြင်း
--စေတသိတ် (၅၂)ပါး--
၁။ အညသမာန်စေတသိတ် (၁၃)ပါး (စိတ်အားလုံးနှင့် အတူဖြစ်သောစေတသိတ်များ)
(သဗ္ဗစိတ္တသာဓာရဏ စေတသိတ် (၇)ပါး နှင့် ပကိဏ်းစေတသိတ် (၆)ပါးသည် အညသမာန်းတို့တည်း။)
၂။ အကုသိုလ် စေတသိတ် (၁၄)ပါး
(အကုသိုလ်စိတ်နှင့်သာ အတူဖြစ်သော စေတသိတ်များ)
၃။ သောဘန စေတသိတ် (၂၅)ပါး (ကောင်းစိတ်များနှင့်သာ အတူဖြစ်သောတရား)
မှတ်ချက်။
စေတသိတ် (၅၂)ပါးကို
အညသမာန်း စေတသိတ် တစ်အုပ်စု၊
အကုသိုလ် တစ်အုပ်စု နှင့်
သောဘနစေတသိတ် တစ်အုပ်စုအားဖြင့် မှတ်သားထားရမည်။
အကုသိုလ်စေတသိတ်များကား အကုသိုလ်စိတ်နှင့်သာ အတူယှဉ်ဖြစ်ကြသည်။
သောဘနစေတသိတ်တို့ သည်လည်း သောဘနစိတ်များနှင့်သာ အတူယှဉ်ကြသည်။
အညသမာန်းစေတသိတ်တို့ကား သောဘန၊ အသောဘန မရွေးဘဲ အကုန်ယှဉ်နိုင်သည်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment