Friday, October 28, 2016

ကာမဆိုခံုမင္ ဘံုဆိုလွ်င္ပိုက္ (ကာမဆိုခုံမင် ဘုံဆိုလျှင်ပိုက်)

[Zawgyi]
ကာမဆိုခံုမင္ ဘံုဆိုလွ်င္ပိုက္
********************
ထီးေဆာင္းမင္း အလ်ဥ္းမျဖစ္ထိုက္
***********************
ကာမ၏ အဆံုးပန္းတိုင္ကား
ေမထုန္ခံစားျခင္းတည္း။
ဓမၼ၏ အဆံုးပန္းတိုင္ကား
နိဗၺာန္ခံစားျခင္းတည္း။ သို႔ေၾကာင့္.. ...
တဏွာလံုးဝကင္းမွ ရႏိုင္ေသာ နိဗၺာန္ႏွင့္
တဏွာအလံုးအရင္း တင္သြင္းမွ ရႏိုင္ေသာ ေမထုန္ကား
ျပဒါးတစ္လမ္း၊ သံတစ္လမ္းျဖစ္ရာ
မည္သို႔မွ် ဆံုေပး၍ မရစေကာင္း။
လူတို႔သည္ မိမိ၊ မိမိတို႔၏
ဘာသာထံုးတမ္း အလိုက္လည္းေကာင္း၊
ဆရာသမား လူႀကီးသူမတို႔၏ အဆံုးအမ
လိုက္နာေသာအားျဖင့္လည္းေကာင္း၊
ေပးကမ္း ရက္ေရာျခင္း ဒါနမႈကိုလည္း ျပဳ၏။
ေစာင့္စည္းျခင္းမ်ားကိုလည္း
စည္းထားကာ ျပဳက်င့္၏။ သို႔တေစလည္း.....
ထိုျပဳက်င့္ခ်က္မ်ားသည္----
မိမိအတြက္ ေနာင္ေကာင္းစားလိုျခင္း၊
သူတစ္ပါးတို႔ႏွင့္ တြဲဖက္ ကာမစားက်က္၌
အေပ်ာ္ထြက္လိုျခင္း၊ တဏွာကသာ ဦးစီးေနေခ်ရာ
တဏွာမုန္ေသာက္ ကာမဘံုေလာက္မွ်ျဖင့္သာ
ခရီးဆံုးေနၾကသည္။
ေပးသူကား ကာမဘံုစံ၊
အလွဴခံကား ျဗဟၼာ့ဘံုျပန္ထက္ မပိုေခ်။
အစြဲၾကာ အနာျဖစ္၊ ေပ်ာက္ေသာ္မွ
အမာရြတ္ကား က်န္ရစ္ပမာ
တြဲရာ၊ ႏႊဲရာ ဝတၱဳအာ႐ုံတို႔၏ ဆြဲငင္အားမ်ားကို
အျပတ္မ႐ုန္းႏိုင္ျခင္းေၾကာင့္တည္း။
ထီးေဆာင္းမင္း ျဖစ္လိုသူသည္ ......
* ငါသည္ ကာမပုပ္ အမွန္တကယ္ပင္
စက္ဆုပ္ေနၿပီေလာ။
* ငါသည္ နိဗၺာန္၏ မခံစားရဘဲႏွင့္
ေကာင္းေသာအရသာ တကယ္ပင္ ဆာေနၿပီေလာ။
* ငါသည္ လက္႐ွိဘဝ၊ စည္းစိမ္ႏွင့္အသက္
တကယ္ပင္ ငဲ့ကြက္မႈ မ႐ွိေတာ့ၿပီေလာ။
ထိုေမးခြန္း သံုးဆင့္
ေ႐ွ႕စိတ္ကို ေနာက္စိတ္ျဖင့္
ေမးၾကည့္သင့္၏။
တကယ္တိတိ ေမးသမွ်အခင္း ေျဖ႐ွင္းၿပီးပါလွ်င္....
သင္ကား မင္းျဖစ္ဖို႔ ေသခ်ာသြားၿပီ။
မဟာေဗာဓိၿမိဳင္ ဆရာေတာ္ႀကီး
(ဓမၼနီတိကထာ၊ ၃၁၂)
မူရင္းပိုစ့္ - လႈိုင္တိုး

[Unicode]
ကာမဆိုခုံမင် ဘုံဆိုလျှင်ပိုက်
********************
ထီးဆောင်းမင်း အလျဉ်းမဖြစ်ထိုက်
***********************
ကာမ၏ အဆုံးပန်းတိုင်ကား
မေထုန်ခံစားခြင်းတည်း။
ဓမ္မ၏ အဆုံးပန်းတိုင်ကား
နိဗ္ဗာန်ခံစားခြင်းတည်း။ သို့ကြောင့်.. ...
တဏှာလုံးဝကင်းမှ ရနိုင်သော နိဗ္ဗာန်နှင့်
တဏှာအလုံးအရင်း တင်သွင်းမှ ရနိုင်သော မေထုန်ကား
ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ရာ
မည်သို့မျှ ဆုံပေး၍ မရစကောင်း။
လူတို့သည် မိမိ၊ မိမိတို့၏
ဘာသာထုံးတမ်း အလိုက်လည်းကောင်း၊
ဆရာသမား လူကြီးသူမတို့၏ အဆုံးအမ
လိုက်နာသောအားဖြင့်လည်းကောင်း၊
ပေးကမ်း ရက်ရောခြင်း ဒါနမှုကိုလည်း ပြု၏။
စောင့်စည်းခြင်းများကိုလည်း
စည်းထားကာ ပြုကျင့်၏။ သို့တစေလည်း.....
ထိုပြုကျင့်ချက်များသည်----
မိမိအတွက် နောင်ကောင်းစားလိုခြင်း၊
သူတစ်ပါးတို့နှင့် တွဲဖက် ကာမစားကျက်၌
အပျော်ထွက်လိုခြင်း၊ တဏှာကသာ ဦးစီးနေချေရာ
တဏှာမုန်သောက် ကာမဘုံလောက်မျှဖြင့်သာ
ခရီးဆုံးနေကြသည်။
ပေးသူကား ကာမဘုံစံ၊
အလှူခံကား ဗြဟ္မာ့ဘုံပြန်ထက် မပိုချေ။
အစွဲကြာ အနာဖြစ်၊ ပျောက်သော်မှ
အမာရွတ်ကား ကျန်ရစ်ပမာ
တွဲရာ၊ နွှဲရာ ဝတ္တုအာရုံတို့၏ ဆွဲငင်အားများကို
အပြတ်မရုန်းနိုင်ခြင်းကြောင့်တည်း။
ထီးဆောင်းမင်း ဖြစ်လိုသူသည် ......
* ငါသည် ကာမပုပ် အမှန်တကယ်ပင်
စက်ဆုပ်နေပြီလော။
* ငါသည် နိဗ္ဗာန်၏ မခံစားရဘဲနှင့်
ကောင်းသောအရသာ တကယ်ပင် ဆာနေပြီလော။
* ငါသည် လက်ရှိဘဝ၊ စည်းစိမ်နှင့်အသက်
တကယ်ပင် ငဲ့ကွက်မှု မရှိတော့ပြီလော။
ထိုမေးခွန်း သုံးဆင့်
ရှေ့စိတ်ကို နောက်စိတ်ဖြင့်
မေးကြည့်သင့်၏။
တကယ်တိတိ မေးသမျှအခင်း ဖြေရှင်းပြီးပါလျှင်....
သင်ကား မင်းဖြစ်ဖို့ သေချာသွားပြီ။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၃၁၂)
မူရင်းပိုစ့် - လှိုုင်တိုး

No comments:

Post a Comment