[Zawgyi]
တို႕တေတြ ဒီတရားေတြအေပၚ သံေ၀ဂ မရရင္ေတာ့
ျမတ္နိဗၺာန္နဲ႔ အလွမ္းေ၀းေနဦးမွာပဲ
"သံေ၀ဂ၀တၳဳ (၈)မ်ိဳး"
==============
"သံေ၀ဇနိေယသု ဌာေနသု သံေ၀ေဂါ "
"သံေ၀ဇနိေယသု ဌာေနသု"
ထိတ္လန္႔တုန္လွဳပ္စရာ
အေၾကာင္းတရားေတြေပၚလာရင္ "သံေ၀ေဂါ"
သံေ၀ဂတရားေတြအေပၚမွာ ထိတ္လန္႕မွဳျဖစ္ရမယ္။
တုန္လွဳပ္မွဳျဖစ္ရမယ္။
မျဖစ္ေသးရင္ မတုန္လွဳပ္ေသးရင္
တို႔တေတြဟာ နိ္ဗၺာန္နဲ႔ အေတာ္ကိုေ၀းေသးတယ္။
အ၀ိဇၨာ နဲ႔တဏွာနဲ႔ ဖံုးလႊမ္းမွဳကို ခံေနရေတာ့
သံေ၀ဂဟာ မျပင္းထန္ဘူး။
ပုထုဇဥ္ေတြရဲ႕ သံေ၀ဂဟာ ခဏတာပဲ
မ်က္ရည္မေျခာက္ခင္ျပန္ျပီးရယ္ေမာနိဳင္ၾကတယ္။သံေ၀ဂတရားေတြဟာ စကၠန္႕ေလာက္ပဲျဖစ္တယ္
❗️အ၀ိဇၨာ တဏွာ ရဲ့လွည့္စားမွဳေအာက္မွာ
ေကာင္းေကာင္းၾကီးခံေနရတယ္။
သံေ၀ဂ ၀တၳဳ(၈)မ်ိဳး
(၁)ဇာတိ
လူေတြဟာ ေမြးဖြားလာကတည္းက
ငိုျခင္းနဲ႔စလာခဲ့ၾကတာ။ဒုကၡနဲ႔ရင္ဆိုင္ခဲ့ၾကတယ္။ဘ၀တစ္ခုကို အစျပဳတာ
အျပံဳးနဲ႔ စခဲ့တာျပံဳးျပီးေမြးခဲ့တာ ရိွနိဳင္ေသာ္လည္း လူအမ်ားစုကေတာ့ ငိုျခင္းနဲ႔စတင္ခဲ့ၾကပါတယ္။
မိမိေမြးဖြားစဥ္က သတိတရားနည္းပါးလို႔
သတိမမူမိေသာ္လည္း
မိမိထက္ငယ္ရြယ္သူေတြ ေမြးဖြားတဲ့အခါမွာ
အင္မတန္မွ သတိထားရင္သိနိဳင္ပါတယ္။
သို႕ေသာ္ ပုထုဇဥ္ေတြဟာ
ဒီလိုသံေ၀ဂ ျဖစ္ဖို႔ေနေနသာသာ သားေလး သမီးေလးဆိုျပီး ေပ်ာ္ေနၾကေသးတယ္။
(၂)ဇရာ
ေမြးဖြားလာျပီးတေျဖးေျဖးနဲ႔ အသားအေရးေတြ ရင့္ေရာ္
အသက္ေတြၾကီးလာ ဆံပင္ေတြျဖဴလာ နဲ႕ေမြးျပီးတာနဲ႕
အိုျခင္းတရားက ႏိွပ္စက္ေနတာ သတိထားျပီး သေ၀ဂျဖစ္
စရာေကာင္းပါတယ္။ သို႕ေသာ္ လူေတြဟာ အိုျခင္းကိုေတာင္ အန္တု
ေနၾကေသးတယ္။ဆံပင္ျဖဴရင္ ေဆးဆိုး သြားက်ိဳးရင္ သြားစိုက္
နဲ႔ ဖံုးဖိျပီးေပ်ာ္ေနလိုက္ၾကတာ သံေ၀ဂမျဖစ္ၾကပါဘူး။
(၃)ဗ်ာဓိ
အိုလာျပီးရင္ တျဖည္းျဖည္းနဲ႔ အနာေရာဂါေတြ ႏိွပ္စက္လာတယ္။
ေခါင္းနာ ကိုယ္နာနဲ႔ နဲ႔ အခုေခတ္မွာ အနာမ်ိဳးက (၉၆)မ်ိဳးမကေတာ့ပါဘူး။ သို႕ေသာ္လည္းပဲသံေ၀ဂ မရၾကပါဘူး။
(၄)မရဏ
နာျပီးေတာ့ ေသရတယ္ ေသတာဟာ ဒုကၡဆိုတဲ့ သံေ၀ဂလည္း မရၾကဘူး။
ရလည္းခဏပဲ ေပ်ာ္စရာနဲ႔ ေတြ႔ရင္ ျပန္ျပီး ေပ်ာ္တာပါပဲ။
ကမာၻေပၚမွာ ရိုးရိုးေသတာမေျပာနဲ႔ ကိုယ့္ကိုယ္ကို သတ္ေသတာ
မိမိဘ၀ကို မေက်န္လိုသတ္ေသတာေတြဟာ ယေန႕ စကၠန္႕(၄၀) မွာ
တစ္ေယာက္ရိွေနတယ္လို႕ ဂ်ာနယ္တခုမွာ ဘုန္းၾကီးတို႔ ဖတ္လိုက္ရပါတယ္။
(၅)အပါယဒုကၡ
အပါယ္ေလးဘံုက သတၱ၀ါေတြရဲ့ ဒုကၡ ဆင္းရဲကိုၾကည့္ျပီးလည္း
သံေ၀ဂ ရရမယ္တဲ့။ ငရဲ သားေတြရဲ့ ဆင္းရဲကို မျမင္နိဳင္လို႕
မသိဘူးပဲထား လူ႔ေတြနဲ႔ အနီးကပ္ ထိေတြေနတဲ့
သတၱ၀ါေတြရဲ့ ဒုကၡကို သတိထားျပီး သိနိဳင္ပါတယ္။
ေန႕စဥ္နဲ႔အမွ် လူသားေတြရဲ့ ႏိွပ္စက္ သတ္ျဖတ္ျခင္းေတြကို ခံေနရတဲ့
သတၱ၀ါေတြ ဒီလို ဘ၀ေတြဆိုတာ အမတန္ ေၾကာက္ဖို႔ေကာင္းပါလားဆိုတာ စဥ္စားဆင္ျခင္ျပီး သိနိဳင္ပါတယ္။
သို႕ေသာ္လည္း သံေ၀ဂျဖစ္တာနည္းပါတယ္။
(၆)အတီေတ ၀တမူလက ဒုကၡ
အတိတ္ကို ေမွ်ာ္မွန္းျပီး စဥ္းစားၾကည္စမ္းပါ။ငါတို႔ အရင္ဘ၀က
ဒီလိုပဲ ေသခဲ့လို႔ ဒီဘ၀မွာ ေမြးဖြားလာတာ အရင္တုန္းကလည္း
ဘယ္ေလာက္ေတာင္ ေသခဲ့လည္းမသိဘူး ဘယ္ေလာက္နာခဲ့ျပီး
ေသခဲ့လည္း မသိဘူး ဆိုျပီး စဥ္းစားဆင္ျခင္ျပီး ဘ၀အေပၚတပ္မက္တဲ့
တဏွာကို ေလ်ာ့နည္းေအာင္ လုပ္ရပါမယ္။
(၇)အနာဂေတ ၀တ မူလက ဒုကၡ
ယခုဘ၀ကေန ေနာက္ဘ၀ေတြကိုေတြးၾကည္ပါ။ဒီဘ၀ေသျပီးရင္ ေနာက္ဘ၀ေတြ ထပ္ျဖစ္ဦးမယ္။ ေနာက္ေနာင္လည္း ဒိလိုပဲ ဒုကၡနဲ႔စျပီး
ဒုကၡနဲ႔ဆံုးရဦးမယ္ဆိုျပီး သံေ၀ဂရရပါမယ္။
(၈)အာဟာရ ပရိ ေယသန ဒုကၡ
လက္ရိွဘ၀ ကိုၾကည့္ ေအးေအးခ်မ္းခ်မ္း မေနနိဳင္ဘူး
တည္တည္ျငိမ္ျငိမ္ မေနနိဳင္ဘူး။စာစရာ ၀မ္းစာေတြေတြရွာေနရတယ္တေန႕တည္းလည္း မဟုတ္ဘူး တသက္လံုး မေသမျခင္း
ရွာေနရတာ ဒုကၡ အင္မတန္ၾကီးတယ္ လို႔သံေ၀ဂေတြ
ရရပါမယ္။
ဒါကို သံေ၀ဂ၀တၳဳ(၈)မ်ိဳးလို႔ ဘုရား၇ွင္ကိုယ္ေတာ္ျမတ္ၾကီးက ေဟာၾကားေတာ္မူပါတယ္။
ဒီလို သံေ၀ဂ နဲ႔ၾကံဳတိုင္း ဆံုတုိင္းမိမိတို႔ရဲ့ သႏၱာန္မွာ
သံေ၀ဂတရားေတြ ျပင္းထန္စြာ မျဖစ္ဘူးဆိုရင္
တို႕တေတြဟာ သံသရာ လြတ္လမ္း အျမိဳက္ နိဗၺာန္နဲ႔ အလြန္ပင္ေ၀းေနပါတယ္လို႔ သိနိဳင္ပါတယ္။
(ဓမၼမိတ္ေဆြ အေပါင္း သံေ၀ဂေတြ ရရိွနိဳင္ပါေစ)
ပါခ်ဳပ္ဆရာေတာ္ ဘုရားၾကီး
ေဒါက္တာ နႏၵမာလာဘိ၀ံသ၏ သံေယာဇဥ္တရားမွ ေကာက္ႏွဳတ္ခ်က္ျဖစ္ပါတယ္။
(စာလံုးေပါင္းမွားပါက ခြင့္လြတ္ၾကပါရန္)
ပူေဇာ္ထိုက္သူကို ၾကည္ညိဳ၍ပူေဇာ္ပါ၏
ေက်းဇူးတင္ထိုက္သူကိုျမတ္ႏိုး၍ေက်းဇူးတင္ပါ၏
ေလးစားထိုက္သူကိုေမတၱာျဖင့္ေလးစားၾကည္ညိဳပါ၏
Credit to _____>>>>>[[အျဖဴေလးninyou]]
[Unicode]
တို့တတွေ ဒီတရားတွေအပေါ် သံဝေဂ မရရင်တော့
မြတ်နိဗ္ဗာန်နဲ့ အလှမ်းဝေးနေဦးမှာပဲ
"သံဝေဂဝတ္ထု (၈)မျိုး"
==============
"သံဝေဇနိယေသု ဌာနေသု သံဝေဂေါ "
"သံဝေဇနိယေသု ဌာနေသု"
ထိတ်လန့်တုန်လှုပ်စရာ
အကြောင်းတရားတွေပေါ်လာရင် "သံဝေဂေါ"
သံဝေဂတရားတွေအပေါ်မှာ ထိတ်လန့်မှုဖြစ်ရမယ်။
တုန်လှုပ်မှုဖြစ်ရမယ်။
မဖြစ်သေးရင် မတုန်လှုပ်သေးရင်
တို့တတွေဟာ နိ်ဗ္ဗာန်နဲ့ အတော်ကိုဝေးသေးတယ်။
အဝိဇ္ဇာ နဲ့တဏှာနဲ့ ဖုံးလွှမ်းမှုကို ခံနေရတော့
သံဝေဂဟာ မပြင်းထန်ဘူး။
ပုထုဇဉ်တွေရဲ့ သံဝေဂဟာ ခဏတာပဲ
မျက်ရည်မခြောက်ခင်ပြန်ပြီးရယ်မောနိုင်ကြတယ်။သံဝေဂတရားတွေဟာ စက္ကန့်လောက်ပဲဖြစ်တယ်
❗️အဝိဇ္ဇာ တဏှာ ရဲ့လှည့်စားမှုအောက်မှာ
ကောင်းကောင်းကြီးခံနေရတယ်။
သံဝေဂ ၀တ္ထု(၈)မျိုး
(၁)ဇာတိ
လူတွေဟာ မွေးဖွားလာကတည်းက
ငိုခြင်းနဲ့စလာခဲ့ကြတာ။ဒုက္ခနဲ့ရင်ဆိုင်ခဲ့ကြတယ်။ဘဝတစ်ခုကို အစပြုတာ
အပြုံးနဲ့ စခဲ့တာပြံုးပြီးမွေးခဲ့တာ ရှိနိုင်သော်လည်း လူအများစုကတော့ ငိုခြင်းနဲ့စတင်ခဲ့ကြပါတယ်။
မိမိမွေးဖွားစဉ်က သတိတရားနည်းပါးလို့
သတိမမူမိသော်လည်း
မိမိထက်ငယ်ရွယ်သူတွေ မွေးဖွားတဲ့အခါမှာ
အင်မတန်မှ သတိထားရင်သိနိုင်ပါတယ်။
သို့သော် ပုထုဇဉ်တွေဟာ
ဒီလိုသံဝေဂ ဖြစ်ဖို့နေနေသာသာ သားလေး သမီးလေးဆိုပြီး ပျော်နေကြသေးတယ်။
(၂)ဇရာ
မွေးဖွားလာပြီးတဖြေးဖြေးနဲ့ အသားအရေးတွေ ရင့်ရော်
အသက်တွေကြီးလာ ဆံပင်တွေဖြူလာ နဲ့မွေးပြီးတာနဲ့
အိုခြင်းတရားက နှိပ်စက်နေတာ သတိထားပြီး သဝေဂဖြစ်
စရာကောင်းပါတယ်။ သို့သော် လူတွေဟာ အိုခြင်းကိုတောင် အန်တု
နေကြသေးတယ်။ဆံပင်ဖြူရင် ဆေးဆိုး သွားကျိုးရင် သွားစိုက်
နဲ့ ဖုံးဖိပြီးပျော်နေလိုက်ကြတာ သံဝေဂမဖြစ်ကြပါဘူး။
(၃)ဗျာဓိ
အိုလာပြီးရင် တဖြည်းဖြည်းနဲ့ အနာရောဂါတွေ နှိပ်စက်လာတယ်။
ခေါင်းနာ ကိုယ်နာနဲ့ နဲ့ အခုခေတ်မှာ အနာမျိုးက (၉၆)မျိုးမကတော့ပါဘူး။ သို့သော်လည်းပဲသံဝေဂ မရကြပါဘူး။
(၄)မရဏ
နာပြီးတော့ သေရတယ် သေတာဟာ ဒုက္ခဆိုတဲ့ သံဝေဂလည်း မရကြဘူး။
ရလည်းခဏပဲ ပျော်စရာနဲ့ တွေ့ရင် ပြန်ပြီး ပျော်တာပါပဲ။
ကမ္ဘာပေါ်မှာ ရိုးရိုးသေတာမပြောနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာ
မိမိဘဝကို မကျေန်လိုသတ်သေတာတွေဟာ ယနေ့ စက္ကန့်(၄၀) မှာ
တစ်ယောက်ရှိနေတယ်လို့ ဂျာနယ်တခုမှာ ဘုန်းကြီးတို့ ဖတ်လိုက်ရပါတယ်။
(၅)အပါယဒုက္ခ
အပါယ်လေးဘုံက သတ္တဝါတွေရဲ့ ဒုက္ခ ဆင်းရဲကိုကြည့်ပြီးလည်း
သံဝေဂ ရရမယ်တဲ့။ ငရဲ သားတွေရဲ့ ဆင်းရဲကို မမြင်နိုင်လို့
မသိဘူးပဲထား လူ့တွေနဲ့ အနီးကပ် ထိတွေနေတဲ့
သတ္တဝါတွေရဲ့ ဒုက္ခကို သတိထားပြီး သိနိုင်ပါတယ်။
နေ့စဉ်နဲ့အမျှ လူသားတွေရဲ့ နှိပ်စက် သတ်ဖြတ်ခြင်းတွေကို ခံနေရတဲ့
သတ္တဝါတွေ ဒီလို ဘဝတွေဆိုတာ အမတန် ကြောက်ဖို့ကောင်းပါလားဆိုတာ စဉ်စားဆင်ခြင်ပြီး သိနိုင်ပါတယ်။
သို့သော်လည်း သံဝေဂဖြစ်တာနည်းပါတယ်။
(၆)အတီတေ ၀တမူလက ဒုက္ခ
အတိတ်ကို မျှော်မှန်းပြီး စဉ်းစားကြည်စမ်းပါ။ငါတို့ အရင်ဘဝက
ဒီလိုပဲ သေခဲ့လို့ ဒီဘဝမှာ မွေးဖွားလာတာ အရင်တုန်းကလည်း
ဘယ်လောက်တောင် သေခဲ့လည်းမသိဘူး ဘယ်လောက်နာခဲ့ပြီး
သေခဲ့လည်း မသိဘူး ဆိုပြီး စဉ်းစားဆင်ခြင်ပြီး ဘဝအပေါ်တပ်မက်တဲ့
တဏှာကို လျော့နည်းအောင် လုပ်ရပါမယ်။
(၇)အနာဂတေ ၀တ မူလက ဒုက္ခ
ယခုဘဝကနေ နောက်ဘဝတွေကိုတွေးကြည်ပါ။ဒီဘဝသေပြီးရင် နောက်ဘဝတွေ ထပ်ဖြစ်ဦးမယ်။ နောက်နောင်လည်း ဒိလိုပဲ ဒုက္ခနဲ့စပြီး
ဒုက္ခနဲ့ဆုံးရဦးမယ်ဆိုပြီး သံဝေဂရရပါမယ်။
(၈)အာဟာရ ပရိ ယေသန ဒုက္ခ
လက်ရှိဘဝ ကိုကြည့် အေးအေးချမ်းချမ်း မနေနိုင်ဘူး
တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူး။စာစရာ ၀မ်းစာတွေတွေရှာနေရတယ်တနေ့တည်းလည်း မဟုတ်ဘူး တသက်လုံး မသေမခြင်း
ရှာနေရတာ ဒုက္ခ အင်မတန်ကြီးတယ် လို့သံဝေဂတွေ
ရရပါမယ်။
ဒါကို သံဝေဂဝတ္ထု(၈)မျိုးလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူပါတယ်။
ဒီလို သံဝေဂ နဲ့ကြံုတိုင်း ဆုံတိုင်းမိမိတို့ရဲ့ သန္တာန်မှာ
သံဝေဂတရားတွေ ပြင်းထန်စွာ မဖြစ်ဘူးဆိုရင်
တို့တတွေဟာ သံသရာ လွတ်လမ်း အမြိုက် နိဗ္ဗာန်နဲ့ အလွန်ပင်ဝေးနေပါတယ်လို့ သိနိုင်ပါတယ်။
(ဓမ္မမိတ်ဆွေ အပေါင်း သံဝေဂတွေ ရရှိနိုင်ပါစေ)
ပါချုပ်ဆရာတော် ဘုရားကြီး
ဒေါက်တာ နန္ဒမာလာဘိ၀ံသ၏ သံယောဇဉ်တရားမှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
(စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်)
ပူဇော်ထိုက်သူကို ကြည်ညို၍ပူဇော်ပါ၏
ကျေးဇူးတင်ထိုက်သူကိုမြတ်နိုး၍ကျေးဇူးတင်ပါ၏
လေးစားထိုက်သူကိုမေတ္တာဖြင့်လေးစားကြည်ညိုပါ၏
Credit to _____>>>>>[[အဖြူလေးninyou]]
No comments:
Post a Comment