Friday, October 28, 2016

ေရာင့္ရဲနိုင္တဲ့စိတ္ (ရောင့်ရဲနိုင်တဲ့စိတ်)

[Zawgyi]
ေရာင့္ရဲနိုင္တဲ့စိတ္
~~~~~~~~~~~
ေရာင့္ရဲနိုင္မႈဟာ ေနာက္ဆက္တြဲျဖစ္တဲ့ ပူေလာင္ ဆင္းရဲမႈေတြ
ေမြးဖြားမလာေအာင္ ႀကိဳတင္တားဆီးေပးနိုင္ပါတယ္။
သက္ရွိ သက္မဲ့ အရာရာတိုင္းရဲ႕အေပၚမွာ လိုအပ္တာထက္
ပိုေမွ်ာ္လင့္ရင္ ေမွ်ာ္လင့္ျခင္းေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ေတြ ကိုလည္း အနည္းနဲ႔အမ်ားေတာ့ ပိုမို ခံစားရတတ္ေလ့ ရွိပါတယ္။
လိုအပ္တာထက္ ပိုလိုခ်င္တာေတြမ်ားလာရင္လည္း ပူေလာင္
ပင္ပန္းမႈေတြက ဘဝကို နွိပ္စက္တယ္။
ရာထူးဂုဏ္သိရ္ အိုးအိမ္တိုက္တာ ပစၥည္းအျဖာျဖာေတြရဲ႕
အေပၚမွာ ေရာင့္ရဲနိုင္မႈနဲ႔ မထိန္းသိမ္းနိုင္ရင္ ေမွာင္မဲတဲ့
( အပါယ္ ) ေန႔စြဲေတြဟာ ကိုယ့္အတြက္ ဘဝသစ္တစ္ခု ျဖစ္လာနိုင္ပါတယ္။
“ရွာေဖြတယ္” ဆိုတဲ့ စကားလုံးရဲ႕ ေနာက္ကြယ္မွာ တရားဓမၼက
လြဲရင္ ကိုယ္စိတ္နွစ္ပါးကို ၿငိမ္းခ်မ္းေအးျမေစတယ္ဆိုတာ ရွားပါ
တယ္။
အဲဒီအတြက္ အဆင္ေျပျခင္း မေျပျခင္း၊ ေအာင္ျမင္ျခင္း ရႈံးနိမ့္ျခင္း၊ ကံဆိုးျခင္း ကံေကာင္းျခင္း၊ ရျခင္း မရျခင္း စတာေတြရဲ႕အေပၚမွာ သည္းခံၿပီး ေရာင့္ရဲတတ္တဲ့စိတ္ကို ေမြးျမဴထားနိုင္ရင္ ကိုယ္ေရာ
စိတ္ပါ ေအးခ်မ္းမႈကို ရေစနိုင္ပါတယ္။
ေမတၱာမ်ားစြာျဖင့္ ခ်မ္းေျမ့သာ အရွင္ေဇာတိက

[Unicode]
ရောင့်ရဲနိုင်တဲ့စိတ်
~~~~~~~~~~~
ရောင့်ရဲနိုင်မှုဟာ နောက်ဆက်တွဲဖြစ်တဲ့ ပူလောင် ဆင်းရဲမှုတွေ
မွေးဖွားမလာအောင် ကြိုတင်တားဆီးပေးနိုင်ပါတယ်။
သက်ရှိ သက်မဲ့ အရာရာတိုင်းရဲ့အပေါ်မှာ လိုအပ်တာထက်
ပိုမျှော်လင့်ရင် မျှော်လင့်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေ ကိုလည်း အနည်းနဲ့အများတော့ ပိုမို ခံစားရတတ်လေ့ ရှိပါတယ်။
လိုအပ်တာထက် ပိုလိုချင်တာတွေများလာရင်လည်း ပူလောင်
ပင်ပန်းမှုတွေက ဘဝကို နှိပ်စက်တယ်။
ရာထူးဂုဏ်သိရ် အိုးအိမ်တိုက်တာ ပစ္စည်းအဖြာဖြာတွေရဲ့
အပေါ်မှာ ရောင့်ရဲနိုင်မှုနဲ့ မထိန်းသိမ်းနိုင်ရင် မှောင်မဲတဲ့
( အပါယ် ) နေ့စွဲတွေဟာ ကိုယ့်အတွက် ဘဝသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
“ရှာဖွေတယ်” ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ တရားဓမ္မက
လွဲရင် ကိုယ်စိတ်နှစ်ပါးကို ငြိမ်းချမ်းအေးမြစေတယ်ဆိုတာ ရှားပါ
တယ်။
အဲဒီအတွက် အဆင်ပြေခြင်း မပြေခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ကံဆိုးခြင်း ကံကောင်းခြင်း၊ ရခြင်း မရခြင်း စတာတွေရဲ့အပေါ်မှာ သည်းခံပြီး ရောင့်ရဲတတ်တဲ့စိတ်ကို မွေးမြူထားနိုင်ရင် ကိုယ်ရော
စိတ်ပါ အေးချမ်းမှုကို ရစေနိုင်ပါတယ်။
မေတ္တာများစွာဖြင့် ချမ်းမြေ့သာ အရှင်ဇောတိက

No comments:

Post a Comment