Friday, October 28, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၄၆) (အဘိဓမ္မာ သိမှတ်ဖွယ် (၄၆))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၄၆)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
ဘုရားရွင္လက္ထက္ ရာဇျဂိဳလ္ျပည္ၾကီးရဲ႕ ေဇာတိကသူေဌး လိုေပါ့။ သူ႔ရဲ႕ျပည့္စံုမႈကိုေတာ့ ျမန္မာမ်ားၾကားဖူးၾက နာဖူးၾကမွာပါ။ သူ႔ပစၥည္းကို အေခ်ာင္လိုခ်င္တဲ့စိတ္နဲ႔ စစ္အင္အား သံုးျပီး အိမ္ကို သိမ္းပိုက္ဖို႔ ၾကိဳးစားတဲ့ အဇာတသတ္ဘုရင္ရဲ႕ အေျခအေနက သူေဌးၾကီးကို ရဟန္၀တ္ဖို႔ တိုက္တြန္းလိုက္သလိုပါပဲ။ ပစၥည္းဥစၥာေပါမ်ားလို႔ သူမ်ားရဲ႕တိုက္ခိုက္မႈ မတရားယူလိုမႈကိုခံရတာ၊ တကယ္လို႔ ဘာမွမရွိတဲ့ ဘ၀သာဆိုရင္ အေႏွာက္အယွက္ ကင္းမွာပဲလို႔ ေတြးတာက ေဇာတိကသူေဌးပါ။ ငါ့ပစၥည္းကို အေခ်ာင္လိုခ်င္လို႔ ရမလား
လို႔ေတြးျပီး သူမ်ားကို အမ်က္မထြက္သလို ပစၥည္းန႔ဲပတ္သက္ျပီးလဲ စိုးရိမ္မႈ ေၾကာင့္ၾကမႈ မျဖစ္ေတာ့ပါဘူး။ ရလိုက္တဲ့ အသိကေတာ့ ဒုကၡမေရာက္ခ်င္ရင္ ပစၥည္းစြန္႔ရမယ္ဆိုတာပါပဲ။ ထူးျခားတဲ့အသိနဲ႔ ဘ၀ရဲ႕ အရွိကို လက္ခံႏိုင္တာဟာ လြတ္ေျမာက္မႈကိုသာ ေမၽွာ္မွန္းျပီးလုပ္ခဲ့တဲ့ ဥာဏ္ေၾကာင့္ပါ။ သူေတာ္ေကာင္းၾကီးမ်ားရဲ႕ အေတြးအျမင္နဲ႔ သာမန္လူသားမ်ားရဲ႕ အသိကြာျခားတာဟာ လုပ္တုန္းကေတာ့ ပါခဲ့တဲ့ ဥာဏ္က အေျဖထုတ္ေပးသြားျခင္းပါပဲ။
ဒါေၾကာင့္ ဒါနလုပ္တိုင္းသိရမဲ့အရာက ဒုကၡကင္းရာျဖစ္တဲ့ နိဗၺာန္ကို ေရာက္လိုမႈေၾကာင့္သာလို႔ သိႏိုင္တဲ့ နံပါတ္ (ဂ) ဥာဏ္မ်ိဳးထားရွိဖို႔ပါပဲ။ ဥာဏ္ဆိုတဲ့ စကားတူေပမယ့္ အေျခအေနနဲ႕ အသိကိုရေစမႈမွာေတာ့ ကြာလြန္းမက ကြာေနတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ ဒါန တစ္ခု လုပ္တဲ့ အခ်ိန္မွာ ပါ၀င္ေစရမဲ႔ ဥာဏၤကေတာ့ နံပါတ္ (ဂ) ဥာဏ္-လြတ္ေျမာက္မႈကိုသာ တမ္းတတဲ့ အသိပါပဲ။
ဘ၀ဆိုတာ တိုတုိနဲ႔ ရပ္တန္႔သြားတာ မဟုတ္ေလေတာ့ ရလာတဲ့ အက်ိဳးမ်ားကိုလဲ ျပည့္စံု တိက်ေစခ်င္ပါတယ္။ ဘုရားေဟာတရားေတာ္မ်ားမွာ ညြန္ျပထားတဲ့ အရာမ်ားကေတာ့ အတိအက်ကို ရွိပါတယ္။ ဒါနလုပ္သူမ်ားဟာ စိတ္ပါရံု ဥာဏ္ပါရံုနဲ႔ မျပီးေသးပါဘူး။ သူမ်ားရဲ႕ တိုက္တြန္မႈ မရွိပဲ ကိုယ္တိုင္ လုပ္ခ်င္တဲ့စိတ္ေပၚဖို႔လိုအပ္သလို ဒါနလုပ္ရာမွာ ကိုယ္တိုင္ပါ၀င္ လုပ္ကိုင္လွဴဒါန္းဖို႔ပါ လိုအပ္ပါေသးတယ္။ ကိုယ္တိုင္ပါ၀င္ လုပ္ကိုင္ လွဴဒါန္းျခင္းရဲ႕ အက်ိဳးတရားက ဘ၀မွာ အခက္အခဲမရွိေအာင္ ကူညီသူမ်ား သစၥာသိသူမ်ား အနစ္နာခံသူမ်ားနဲ႔ အက်ိဳး မပ်က္စီးေအာင္ အကာကြယ္ေပးသူမ်ား ရွိလာျခင္းပါပဲ။ ျပည့္စံုတဲ့ ဘ၀တစ္ခုဆိုတာ ပစၥည္းရွိရံုနဲ႕ မျဖစ္ေသးပါဘူး ရွိျပီးသားပစၥည္းမ်ားကို မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းသူ ရွိဖို႔ လိုအပ္သလို ျဖဳန္းတီးသူမ်ား၊ စိတ္ဆင္းရဲေအာင္ လုပ္သူမ်ားမရွိဖို႔လဲ လိုအပ္ပါတယ္။ ဒီလို အေျခအေန အားလံုးကို ဖန္တီးေပးႏိုင္တာကေတာ့ ဒါနလုပ္တဲ့ အခ်ိန္မွာ ကိုယ္တိုင္ပါ၀င္လုပ္ကိုင္ လွဴဒါန္းျခင္းပါပဲ။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၆)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
ဘုရားရှင်လက်ထက် ရာဇဂြိုလ်ပြည်ကြီးရဲ့ ဇောတိကသူဌေး လိုပေါ့။ သူ့ရဲ့ပြည့်စုံမှုကိုတော့ မြန်မာများကြားဖူးကြ နာဖူးကြမှာပါ။ သူ့ပစ္စည်းကို အချောင်လိုချင်တဲ့စိတ်နဲ့ စစ်အင်အား သုံးပြီး အိမ်ကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့ အဇာတသတ်ဘုရင်ရဲ့ အခြေအနေက သူဌေးကြီးကို ရဟန်ဝတ်ဖို့ တိုက်တွန်းလိုက်သလိုပါပဲ။ ပစ္စည်းဥစ္စာပေါများလို့ သူများရဲ့တိုက်ခိုက်မှု မတရားယူလိုမှုကိုခံရတာ၊ တကယ်လို့ ဘာမှမရှိတဲ့ ဘဝသာဆိုရင် အနှောက်အယှက် ကင်းမှာပဲလို့ တွေးတာက ဇောတိကသူဌေးပါ။ ငါ့ပစ္စည်းကို အချောင်လိုချင်လို့ ရမလား
လို့တွေးပြီး သူများကို အမျက်မထွက်သလို ပစ္စည်းနဲ့ပတ်သက်ပြီးလဲ စိုးရိမ်မှု ကြောင့်ကြမှု မဖြစ်တော့ပါဘူး။ ရလိုက်တဲ့ အသိကတော့ ဒုက္ခမရောက်ချင်ရင် ပစ္စည်းစွန့်ရမယ်ဆိုတာပါပဲ။ ထူးခြားတဲ့အသိနဲ့ ဘဝရဲ့ အရှိကို လက်ခံနိုင်တာဟာ လွတ်မြောက်မှုကိုသာ မျှော်မှန်းပြီးလုပ်ခဲ့တဲ့ ဉာဏ်ကြောင့်ပါ။ သူတော်ကောင်းကြီးများရဲ့ အတွေးအမြင်နဲ့ သာမန်လူသားများရဲ့ အသိကွာခြားတာဟာ လုပ်တုန်းကတော့ ပါခဲ့တဲ့ ဉာဏ်က အဖြေထုတ်ပေးသွားခြင်းပါပဲ။
ဒါကြောင့် ဒါနလုပ်တိုင်းသိရမဲ့အရာက ဒုက္ခကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်လိုမှုကြောင့်သာလို့ သိနိုင်တဲ့ နံပါတ် (ဂ) ဉာဏ်မျိုးထားရှိဖို့ပါပဲ။ ဉာဏ်ဆိုတဲ့ စကားတူပေမယ့် အခြေအနေနဲ့ အသိကိုရစေမှုမှာတော့ ကွာလွန်းမက ကွာနေတာကို တွေ့ရမှာပါ။ ဒါကြောင့် ဒါန တစ်ခု လုပ်တဲ့ အချိန်မှာ ပါဝင်စေရမဲ့ ဉာင်္ဏကတော့ နံပါတ် (ဂ) ဉာဏ်-လွတ်မြောက်မှုကိုသာ တမ်းတတဲ့ အသိပါပဲ။
ဘဝဆိုတာ တိုတိုနဲ့ ရပ်တန့်သွားတာ မဟုတ်လေတော့ ရလာတဲ့ အကျိုးများကိုလဲ ပြည့်စုံ တိကျစေချင်ပါတယ်။ ဘုရားဟောတရားတော်များမှာ ညွန်ပြထားတဲ့ အရာများကတော့ အတိအကျကို ရှိပါတယ်။ ဒါနလုပ်သူများဟာ စိတ်ပါရုံ ဉာဏ်ပါရုံနဲ့ မပြီးသေးပါဘူး။ သူများရဲ့ တိုက်တွန်မှု မရှိပဲ ကိုယ်တိုင် လုပ်ချင်တဲ့စိတ်ပေါ်ဖို့လိုအပ်သလို ဒါနလုပ်ရာမှာ ကိုယ်တိုင်ပါဝင် လုပ်ကိုင်လှူဒါန်းဖို့ပါ လိုအပ်ပါသေးတယ်။ ကိုယ်တိုင်ပါဝင် လုပ်ကိုင် လှူဒါန်းခြင်းရဲ့ အကျိုးတရားက ဘဝမှာ အခက်အခဲမရှိအောင် ကူညီသူများ သစ္စာသိသူများ အနစ်နာခံသူများနဲ့ အကျိုး မပျက်စီးအောင် အကာကွယ်ပေးသူများ ရှိလာခြင်းပါပဲ။ ပြည့်စုံတဲ့ ဘဝတစ်ခုဆိုတာ ပစ္စည်းရှိရုံနဲ့ မဖြစ်သေးပါဘူး ရှိပြီးသားပစ္စည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းသူ ရှိဖို့ လိုအပ်သလို ဖြုန်းတီးသူများ၊ စိတ်ဆင်းရဲအောင် လုပ်သူများမရှိဖို့လဲ လိုအပ်ပါတယ်။ ဒီလို အခြေအနေ အားလုံးကို ဖန်တီးပေးနိုင်တာကတော့ ဒါနလုပ်တဲ့ အချိန်မှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင် လှူဒါန်းခြင်းပါပဲ။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment