Monday, October 24, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၃၁) (အဘိဓမ္မာ သိမှတ်ဖွယ် (၃၁))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၃၁)
--ေသာတာပန္ (၃)မ်ိဳး--
၁။ တစ္ဘ၀သာ ပဋိသေႏၶေနခြင့္ရွိေသာ ဧကဗီဇီေသာတာပန္
၂။ ႏွစ္ဘ၀မွ ေျခာက္ဘ၀အတြင္း သင့္သလို ပဋိသေႏၶေနခြင့္ရွိေသာ ေကာလံေကာလေသာတာပန္
၃။ ခုႏွစ္ဘ၀ပဋိသေႏၶေနခြင့္ရွိေသာ သတၱကၡတၱဳပရမေသာတာပန္
--ေသာတာပန္ (၃)မ်ိဳး ျပားရေၾကာင္း--
ပင္ကိုပါရမီဓါတ္ခံအလိုက္ ႏူးညံေသာသဒၶါ၊ ပညာစေသာ ဣေျႏၵရွိေသာ မုဒိျႏိၵယပုဂၢိဳလ္၊ အလတ္တန္းစား ဣေျႏၵရွိေသာ မဇၥ်ိမိျႏိၵယပုဂၢိဳလ္၊ ထက္ျမက္ေသာ ဣေျႏၵရွိေသာ တိကိၡျႏိၵယပုဂၢိဳလ္ဟု သဒိၶေျႏၵစေသာ ဣေျႏၵတို႔က ျခားနားျခင္းေၾကာင့္ ေသာတာပန္ သံုးမ်ိဳး ကြဲျပားရသည္။
ဧကဗီဇီသည္ ေသာတာပန္ျဖစ္ျပီးေနာက္ တစ္ဘ၀ ပဋိသေႏၶေနျပီးလၽွင္ ထိုဘ၀၌ပင္ သကဒါဂါမ္၊ အနာဂါမ္၊ ရဟႏာၱျဖစ္၏။
ေကာလံေကာလသည္ အလြန္ဆံုး (၆)ဘ၀ ပဋိသေႏၶ ေနရ၏။ ထို (၆)ဘ၀ အတြင္း၌ ေနာက္ဆံုးဘ၀ မေရာက္ခင္ သကဒါဂါမ္ျဖစ္ႏိုင္၏။ ေနာက္ဆံုးဘ၀ က်မွလည္း သကဒါဂါမ္၊ အနာဂါမ္၊ ရဟႏာၱျဖစ္ႏိုင္၏။
သတၱကၡတၱဳပရမပုဂၢိဳလ္သည္လည္း (၇)ဘ၀လံုး ေသာတာပန္အျဖစ္ျဖင့္ခ်ည္း ပဋိသေႏၶေနသူ (၆)ခုေျမာက္ ဘ၀၀ယ္ သကဒါဂါမ္ ျဖစ္သူဟု ႏွစ္မ်ိဳးပင္ ရွိေကာင္း၏။ (၇)ဘ၀ေျမာက္၌ကား မုခ် အနာဂါမ္၊ ရဟႏာၱ ျဖစ္ရမည္။ ဤ ဧကဗီဇီစေသာ သံုးမ်ိဳးကိုလည္း ကာမဘံုသားတို႔ အတြက္သာ ခြဲျခားခ်က္တညး္။
မွတ္ခ်က္။ ယခုအခါ တာ၀တိ ံသာ၌ တည္ရွိ၍ အထက္နတ္ျပည္၊ ျဗဟၼာ႔ျပည္တို႔၌ ဘံုစဥ္စံ ျဖစ္ျပီးလၽွင္ အကနိ႒ိျဗဟၼာ႔ဘံု၌ ပရိနိဗၺာန္စံ၀င္မည့္ သိၾကားမင္းစေသာ ေသာတာပန္တို႔မွာ ဤသတၱကၡတၱဳပရမ စေသာသံုးမ်ိဳး၌ မပါ၀င္ေခ်။ ထို႔အျပင္ လူ႔ျပည္၌ခ်ည္း သက္သက္(၇)ၾကိမ္ ပဋိသေႏၶေနသူ၊ နတ္ျပည္၌ခ်ည္း သက္သက္ (၇)ၾကိမ္ ပဋိသေႏၶေနသူ ဤပုဂၢိဳလ္မ်ားလည္း ထို သံုးမ်ိဳးတြင္ မပါ၀င္ၾက။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၁)
--သောတာပန် (၃)မျိုး--
၁။ တစ်ဘဝသာ ပဋိသန္ဓေနေခွင့်ရှိသော ဧကဗီဇီသောတာပန်
၂။ နှစ်ဘဝမှ ခြောက်ဘဝအတွင်း သင့်သလို ပဋိသန္ဓေနေခွင့်ရှိသော ကောလံကောလသောတာပန်
၃။ ခုနှစ်ဘဝပဋိသန္ဓေနေခွင့်ရှိသော သတ္တက္ခတ္တုပရမသောတာပန်
--သောတာပန် (၃)မျိုး ပြားရကြောင်း--
ပင်ကိုပါရမီဓါတ်ခံအလိုက် နူးညံသောသဒ္ဓါ၊ ပညာစသော ဣနြေ္ဒရှိသော မုဒိနြိ္ဒယပုဂ္ဂိုလ်၊ အလတ်တန်းစား ဣနြေ္ဒရှိသော မဇ္ဈိမိနြိ္ဒယပုဂ္ဂိုလ်၊ ထက်မြက်သော ဣနြေ္ဒရှိသော တိကိ္ခနြိ္ဒယပုဂ္ဂိုလ်ဟု သဒိ္ဓနြေ္ဒစသော ဣနြေ္ဒတို့က ခြားနားခြင်းကြောင့် သောတာပန် သုံးမျိုး ကွဲပြားရသည်။
ဧကဗီဇီသည် သောတာပန်ဖြစ်ပြီးနောက် တစ်ဘ၀ ပဋိသန္ဓေနေပြီးလျှင် ထိုဘဝ၌ပင် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်၏။
ကောလံကောလသည် အလွန်ဆုံး (၆)ဘ၀ ပဋိသန္ဓေ နေရ၏။ ထို (၆)ဘ၀ အတွင်း၌ နောက်ဆုံးဘ၀ မရောက်ခင် သကဒါဂါမ်ဖြစ်နိုင်၏။ နောက်ဆုံးဘ၀ ကျမှလည်း သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်နိုင်၏။
သတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည်လည်း (၇)ဘဝလုံး သောတာပန်အဖြစ်ဖြင့်ချည်း ပဋိသန္ဓေနေသူ (၆)ခုမြောက် ဘ၀၀ယ် သကဒါဂါမ် ဖြစ်သူဟု နှစ်မျိုးပင် ရှိကောင်း၏။ (၇)ဘဝမြောက်၌ကား မုချ အနာဂါမ်၊ ရဟန္တာ ဖြစ်ရမည်။ ဤ ဧကဗီဇီစသော သုံးမျိုးကိုလည်း ကာမဘုံသားတို့ အတွက်သာ ခွဲခြားချက်တည်း။
မှတ်ချက်။ ယခုအခါ တာဝတိ ံသာ၌ တည်ရှိ၍ အထက်နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ဘုံစဉ်စံ ဖြစ်ပြီးလျှင် အကနိဋ္ဌိဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်စံဝင်မည့် သိကြားမင်းစသော သောတာပန်တို့မှာ ဤသတ္တက္ခတ္တုပရမ စသောသုံးမျိုး၌ မပါဝင်ချေ။ ထို့အပြင် လူ့ပြည်၌ချည်း သက်သက်(၇)ကြိမ် ပဋိသန္ဓေနေသူ၊ နတ်ပြည်၌ချည်း သက်သက် (၇)ကြိမ် ပဋိသန္ဓေနေသူ ဤပုဂ္ဂိုလ်များလည်း ထို သုံးမျိုးတွင် မပါဝင်ကြ။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment