[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၃၈)
--ေစတနာ၊ မနသိကာရ၊ ၀ိတတ္တို႔ အထူး--
၀ိတတ္မွာ သမၸယုတ္ တရားတို႔ကို အာရံုသို႔ေရာက္သြားေအာင္ တင္ေပးဖို႔ တာ၀န္ရွိ၏။ ေလွ၀မ္းက ေလွေလွာ္သူႏွင့္ တူ၏။
မနသိကာရမွာ အာရံုသို႔ ေျဖာင့္ေျဖာင့္ေရာက္ေအာင္ သမၸယုတ္တရားမ်ားကို ေျဖာင့္ေပးဖို႔ တာ၀န္ရွိ၏။ ပဲ့ကေလွေလွာ္သူႏွင့္ တူ၏။
ေစတနာမွာ အာရံု၌ သမၸယုတ္ တရားတို႔ကို စပ္ဖြဲ႔ေပဖို႔ ကိစၥရွိ၏။ ပန္းဆြတ္သူႏွင့္ တူ၏။ ဤသို႔ ထူးၾကသည္။

--၀ိတတ္ႏွင့္ ၀ိစာရအထူး--
အာရံုကို ပထမအၾကိမ္ ယူျခင္းသည္ ၀ိတတ္တည္း။ ၀ိတတ္ယူအပ္ျပီးေသာ အာရံုကို အထပ္ထပ္ ယူျခင္းသည္ ၀ိစာရတည္း။ ေခါင္းေလာင္း၏ ေရွ႕ဦးစြာထြက္လာေသာ အသံသည္ ၀ိတတ္ႏွင့္တူ၏။ ထို႔ေနာက္ တဟီဟီ ျမည္ေနေသာ ေၾကးညီးသံသည္ ၀ီစာရႏွင့္ တူ၏။

--ေလာဘႏွင့္ ဆႏၵအထူး--
ေလာဘ၏ လိုခ်င္မႈ၌ အေစးရွိ၏။ ဆႏၵ၏ လိုခ်င္မႈ၌ အေစးမရွိ။ ထို႔ေၾကာင့္ တြယ္တာကပ္ျငိ တက္မက္မႈပါေသာ လိုခ်င္မႈသည္ ေလာဘ၏သေဘာတည္း။ အာရံုကို ျပဳလို႔ရ႔ံုမၽွ ရလိုရံုမၽွသည္ ဆႏၵ၏ သေဘာတည္း။ ဤသို႔ထူးသည္။

--ပီတိ (၅)မ်ိဳး--
၁။ ခုဒိၵကာ ပီတိ = ၾကက္သီးေမြးညွင္းထရံုမၽွ ေသးငယ္စြာျဖစ္ေသာ ပီတိ။
၂။ ခဏိကာ ပီတိ = လၽွပ္စစ္ျပက္သလို ခဏခဏျဖစ္၍ ခဏခဏပ်က္ေသာ ပီတိ။
၃။ ၾသကၠႏိၱကာ ပီတိ = ဒီေရလႈိင္းလံုးၾကီး လႊမ္းဖံုးလာသကဲ့သို႔ တစ္ကိုယ္လံုး၌ လႊမ္းဖံုးသက္ေရာက္ေသာ ပီတိ။
၄။ ဥေဗၺဂါ ပီတိ = မိမိအဟုန္ျဖင့္ ကိုယ္ကို အထက္သို႔ ေျမွာက္ႏီုင္ေသာ ပီတိ။
၅။ ဖရဏာ ပီတိ = ဥေဗၺဂါထက္ ၾကာရွည္စြာ တစ္ကိုယ္လံုးမွာ ပ်ံ႔ႏွံ႔ေနေသာ ပီတိ။

-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၈)

--စေတနာ၊ မနသိကာရ၊ ဝိတတ်တို့ အထူး--
ဝိတတ်မှာ သမ္ပယုတ် တရားတို့ကို အာရုံသို့ရောက်သွားအောင် တင်ပေးဖို့ တာဝန်ရှိ၏။ လှေဝမ်းက လှေလှော်သူနှင့် တူ၏။
မနသိကာရမှာ အာရုံသို့ ဖြောင့်ဖြောင့်ရောက်အောင် သမ္ပယုတ်တရားများကို ဖြောင့်ပေးဖို့ တာဝန်ရှိ၏။ ပဲ့ကလှေလှော်သူနှင့် တူ၏။
စေတနာမှာ အာရုံ၌ သမ္ပယုတ် တရားတို့ကို စပ်ဖွဲ့ပေဖို့ ကိစ္စရှိ၏။ ပန်းဆွတ်သူနှင့် တူ၏။ ဤသို့ ထူးကြသည်။

--ဝိတတ်နှင့် ဝိစာရအထူး--
အာရုံကို ပထမအကြိမ် ယူခြင်းသည် ဝိတတ်တည်း။ ဝိတတ်ယူအပ်ပြီးသော အာရုံကို အထပ်ထပ် ယူခြင်းသည် ဝိစာရတည်း။ ခေါင်းလောင်း၏ ရှေ့ဦးစွာထွက်လာသော အသံသည် ဝိတတ်နှင့်တူ၏။ ထို့နောက် တဟီဟီ မြည်နေသော ကြေးညီးသံသည် ဝီစာရနှင့် တူ၏။

--လောဘနှင့် ဆန္ဒအထူး--
လောဘ၏ လိုချင်မှု၌ အစေးရှိ၏။ ဆန္ဒ၏ လိုချင်မှု၌ အစေးမရှိ။ ထို့ကြောင့် တွယ်တာကပ်ငြိ တက်မက်မှုပါသော လိုချင်မှုသည် လောဘ၏သဘောတည်း။ အာရုံကို ပြုလို့ရ့ုံမျှ ရလိုရုံမျှသည် ဆန္ဒ၏ သဘောတည်း။ ဤသို့ထူးသည်။

--ပီတိ (၅)မျိုး--
၁။ ခုဒိ္ဒကာ ပီတိ = ကြက်သီးမွေးညှင်းထရုံမျှ သေးငယ်စွာဖြစ်သော ပီတိ။
၂။ ခဏိကာ ပီတိ = လျှပ်စစ်ပြက်သလို ခဏခဏဖြစ်၍ ခဏခဏပျက်သော ပီတိ။
၃။ သြက္ကနိ္တကာ ပီတိ = ဒီရေလှိုင်းလုံးကြီး လွှမ်းဖုံးလာသကဲ့သို့ တစ်ကိုယ်လုံး၌ လွှမ်းဖုံးသက်ရောက်သော ပီတိ။
၄။ ဥဗ္ဗေဂါ ပီတိ = မိမိအဟုန်ဖြင့် ကိုယ်ကို အထက်သို့ မြှောက်နီုင်သော ပီတိ။
၅။ ဖရဏာ ပီတိ = ဥဗ္ဗေဂါထက် ကြာရှည်စွာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေသော ပီတိ။

-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment