[Zawgyi]
--လောတြိ (သံသရာကို ချဲ့ကားတတ်သောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မာန တရားများကို ပပဉ္စဟုခေါ်သည်)
--ဒေါစတုတ်--
--ဆုံးတြိ--
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၉)
--အကုသိုလ် စေတသိတ် (၁၄)ပါး--
စိတ်ကို မကောင်းအောင်၊ အပြစ်ရှိအောင် ခြယ်လှယ်တတ်သည့် စေတသိတ် တို့ကို အကုသိုလ် စေတသိတ်ဟု ခေါ်သည်။
--မောစတုတ် (၄)ပါး (အကုသိုလ်စိတ် ဖြစ်တိုင်း ပါဝင်ကြသဖြင့် အကုသလသာဓါရဏ ဟု အမည်ရကြ၏။
၁။ မောဟ = အာရုံ၏ သဘောအမှန်ကို မသိခြင်းဖုံးကွယ်ခြင်း သဘော (ပညာမျက်စိကို ကန်းအောင် ပြုသောတရား)
၂။ အဟိရိက = ဒုစရိုက် မကောင်းမှုကိုပြုရန် မရှက်ခြင်းသဘော (ရွာသူတို့၏ ဝက်နှင့်တူ)
၃။ အနောတ္တပ္ပ = ဒုစရိုက်မကောင်းမှုကို ပြုရန်မကြောက်လန့်ခြင်းသဘော (မီးကိုတိုးသော ပိုးဖလံနှင့်တူ)
၄။ ဥဒ္ဓစ္စ = အာရုံတစ်ခု၌ မငြိမ်သက်ခြင်း ပျံ့လွင့်ခြင်းသဘော (လေတံခွန်နှင့်တူ)
--လောတြိ (သံသရာကို ခဲျ့ကားတတ်သောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မာန တရားများကို ပပဉ္စဟုခေါ်သည်)
၁။ လောဘ = ကာမဂုဏ် အာရုံကို ငြိကပ် တပ်မက်ခြင်း သဘော (မျောက်နှဲစေးနှင့်တူ)
၂။ ဒိဋ္ဌိ = လွဲမှားစွာ ထင်မြင်ယူဆခြင်းသဘော
၃။ မာန = ထောင်လွှားဝင့်ကြွားခြင်းသဘော (မှန်ကင်း တံခွန်နှင့်တူ)
--ဒေါစတုတ်--
၁။ ဒေါသ = ခက်ထန်ခြင်းသဘော (မြွေဟောက်နှင့်တူ)
၂။ ဣသာ = သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူ မနာလိုခြင်းသဘော
၃။ မစ္တရိယ = မိမိစည်းစိမ်ချမ်းသာကို လျှိုဝှက်ခြင်း ဝန်တိုခြင်း နှမြောခြင်းသဘော
၄။ ကုက္ကုစ = ပြုခဲ့မိသော ဒုစရိုက် မပြုခဲ့မိသော သုစရိုက်ကို နောင်တတဖန် ပူပန်ခြင်း သဘော
--ဆုံးတြိ--
၁။ ထိန = စိတ်၏ အမှု၌ လေးလံထိုင်းမှိုင်းခြင်း စိတ်မခံ့ခြင်း သဘော
၂။ မိဒ္ဓ = စေတသိတ်တို့၏ အမှု၌ လေးလံထိုင်းမှိုင်းခြင်း မခံခြင်းသဘော
၃။ ဝိစိကိစ္ဆာ = ရတနာ (၃)ပါး၊ သစ္စာ (၄)ပါး၊ ကံတရား စသည်တို့၌ ယုံမှား သံသယ ဖြစ်ခြင်း သဘော
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment