[Zawgyi]
--၀ိရတီ စေတသိတ် (၃)ပါး--
--ပညိနြေ္ဒ စေတသိတ်--
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၁)
--ဝိရတီ စေတသိတ် (၃)ပါး--
၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကြောင်း နှင့် မဆက်စပ်ဘဲ ဝစီဒုစရိုက်လေးပါးကို ရှောင်ကြဉ်ခြင်းသဘော။
၂။ သမ္မာကမ္မ န္တ = အသက်မွေးဝမ်းကြောင်း နှင့် မဆက်စပ်ဘဲ ကာယဒုစရိုက် သုံးပါးကို ရှောင်ကြည်ခြင်း သဘော။
၃။ သမ္မာအာဇီ၀ = အသက်မွေးဝမ်ကြောင်းနှင့် ဆက်စပ်၍ ဝစီဒုစရိုက် လေးပါး ကာယဒုစရိုက် သုံးပါးကို ရှောင်ကြဉ်ခြင်း သဘော။
မှတ်ချက်။ ။ ဘဝ၌ပြည့်ဝသော ကုသိုလ်အကျိုးကို ခံစားရလိုပါက ရှောင်ကြဉ်မှ ပါဝင်နိုင်သော ဝိရတီစေတသိတ် သုံးပါးကို ပါဝင်စေရမည်။ ဝိရတီ စေတသိတ်သာ မပါဝင်ပါက မကြားချင်တာကိုလည်း ကြားရနေရဦးမည် ဖြစ်သကဲ့သို့ မလုပ်ချင်သည်ကိုလည်း လုပ်နေရပေဦးမည်။ ထို့အပြင် အသက်ရှင်သန်ရေးအတွက် ပစ္စည်း၊ ဥစ္စာ၊ စီးပွားရှာသောအခါ၌ မတာရားသဖြင့် ရှာနေရမည်မှာ သေချာပေသည်။
--အပ္ပမညာစေတသိတ် နှစ်ပါး--
၁။ ကရုဏာ = ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော
၂။ မုဒိတာ = သုခိတ သတ္တဝါ ပညတ်ကိုအာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။
မှတ်ချက် ။ ။ ဘဝ၌ ထူးခြားသော ပုဂ္ဂိုလ်၊ အစောင့်အရှာက်များသော ပုဂ္ဂိုလ်ဖြစ်လိုပါက အပ္ပမညာစေတသိတ်များ ဖြစ်သော ကရုဏာ၊ မုဒိတာတို့ ပါဝင်စေရန် မမေ့သင့်ပေ။
--ပညိနြေ္ဒ စေတသိတ်--
၁။ ပညိနြေ္ဒ = အာရုံ၏ အမှန်သဘောကို ထိုးထွင်း၍ သိမှုကိစ္စ၌ အစိုးရခြင်း သဘော။
အမှာ။ ။ သောဘနစေတသိတ် (၂၅)ပါး တို့တွင် အချုပ်စေတသိတ်ကား ပညာစေတသိတ်ပင်တည်း။
အကောင်း အဆိုး အကြောင်း အကျိုးကို မှတ်ကန်စွာသိနေသူ တစ်ယောက်သည် မည်သည့် ကုသိုလ်ကောင်းမှုကို လုပ်သည်ဖြစ်စေ တိကျ၊ ကောင်းမွန်စွာ လုပ်မည်သာ ဖြစ်၏။
တိကျကောင်းမွန်သော ကောင်းမှုကို လုပ်ပါက တိကျကောင်းမွန်သော အကျိုးကို ရမည်မှာ ဧကန်ပင်။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်သူတိုင်း ဘဝမှာ မကောင်းတာ မကြုံရအောင် ဝိရတီ သုံးပါး။ ပတ်ဝန်းကျင်က မည်သည့်အခါမှ မကောင်းတာ မမြင်ရလေအောင် အပ္ပမညာ နှစ်ပါးနှင့် ဘဝမှ လွန်မြောက်စေရန် ထူးခြားသော ပညာစေတသိတ်ကို ပါဝင်စေလျက် ကောင်းမှုပြုရမည် သာတည်း။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment