Friday, October 28, 2016

လူဆိုတာ ... (လူဆိုတာ ...)

[Zawgyi]
လူဆိုတာ ...
မိမိကိုယ္ကို အက်ိဳးျပဳနိုင္သူတစ္ေယာက္ရင္လည္း ျဖစ္ရမယ္။
{ ဗုဒၶတၳစရိယလမ္းစဥ္ }
ဒါမွမဟုတ္ မိမိနဲ႔ ပတ္သက္တဲ့ မိသားစု ေဆြမ်ိဳး ဉာတကာ မိတ္သဟာ
ေတြအတြက္ အက်ိဳးျပဳနိုင္သူတစ္ေယာက္ရင္လည္း ျဖစ္ရမယ္။
{ ဉာတတၳစရိယလမ္းစဥ္ }
ဒါမွမဟုတ္ မိမိ ရပ္တည္ မွီခိုေနတဲ့ ေဒသ, ရပ္ရြာ, ေလာက,
သာသနာအတြက္ အက်ိဳးျပဳနိုင္သူ တစ္ေယာက္ရင္လည္း ျဖစ္ရ
မယ္။ { ေလာကတၳစရိယလမ္းစဥ္ }
တကယ္လို႔ အက်ိဳးျပဳသူတစ္ေယာက္ ျဖစ္မလာခဲ့ရင္ေတာင္
မိမိအတြက္၊ မိသားစု, ေဆြမ်ိဳး, ဉာတကာ မိတ္သဟာေတြအတြက္၊
ေဒသ, ရပ္ရြာ, ေလာက, သာသနာအတြက္ အဆိုးျပဳသူ တစ္ေယာက္
မျဖစ္ဖို႔ အေရးႀကီးပါတယ္။
လူဆိုတာ ကမ႓ာေျမျပင္ေပၚ ေခတၱခဏေလး လာေရာက္လည္ပတ္တဲ့
ေလာကရဲ႕ ဧည့္သည္တစ္ေယာက္သာျဖစ္လို႔ ျပန္လည္ထြက္ခြါသြား
ၾကတဲ့အခါ ......
အက်ိဳးျပဳသူတစ္ေယာက္အျဖစ္နဲ႔လား ....။
အဆိုးျပဳသူတစ္ေယာက္အျဖစ္နဲ႔လား ....။
ေမတၱာမ်ားစြာျဖင့္~ခ်မ္းေျမ့သာ အရွင္ေဇာတိက

[Unicode]
လူဆိုတာ ...
မိမိကိုယ်ကို အကျိုးပြုနိုင်သူတစ်ယောက်ရင်လည်း ဖြစ်ရမယ်။
{ ဗုဒ္ဓတ္ထစရိယလမ်းစဉ် }
ဒါမှမဟုတ် မိမိနဲ့ ပတ်သက်တဲ့ မိသားစု ဆွေမျိုး ဉာတကာ မိတ်သဟာ
တွေအတွက် အကျိုးပြုနိုင်သူတစ်ယောက်ရင်လည်း ဖြစ်ရမယ်။
{ ဉာတတ္ထစရိယလမ်းစဉ် }
ဒါမှမဟုတ် မိမိ ရပ်တည် မှီခိုနေတဲ့ ဒေသ, ရပ်ရွာ, လောက,
သာသနာအတွက် အကျိုးပြုနိုင်သူ တစ်ယောက်ရင်လည်း ဖြစ်ရ
မယ်။ { လောကတ္ထစရိယလမ်းစဉ် }
တကယ်လို့ အကျိုးပြုသူတစ်ယောက် ဖြစ်မလာခဲ့ရင်တောင်
မိမိအတွက်၊ မိသားစု, ဆွေမျိုး, ဉာတကာ မိတ်သဟာတွေအတွက်၊
ဒေသ, ရပ်ရွာ, လောက, သာသနာအတွက် အဆိုးပြုသူ တစ်ယောက်
မဖြစ်ဖို့ အရေးကြီးပါတယ်။
လူဆိုတာ ကမ္ဘာမြေပြင်ပေါ် ခေတ္တခဏလေး လာရောက်လည်ပတ်တဲ့
လောကရဲ့ ဧည့်သည်တစ်ယောက်သာဖြစ်လို့ ပြန်လည်ထွက်ခွါသွား
ကြတဲ့အခါ ......
အကျိုးပြုသူတစ်ယောက်အဖြစ်နဲ့လား ....။
အဆိုးပြုသူတစ်ယောက်အဖြစ်နဲ့လား ....။
မေတ္တာများစွာဖြင့်~ချမ်းမြေ့သာ အရှင်ဇောတိက

No comments:

Post a Comment