Monday, October 24, 2016

တရားထိုင္စဥ္ မာရ္ငါးပါးေပၚလာျခင္း (တရားထိုင်စဉ် မာရ်ငါးပါးပေါ်လာခြင်း)

[Zawgyi]
တရားထိုင္စဥ္ မာရ္ငါးပါးေပၚလာျခင္း

၁။ ဓာတ္ႀကီးေလးပါး ေဖာက္ျပန္လာမႉေၾကာင့္
ငါ့ခႏၶာကိုယ္ဟူေသာ ဒိ႒ိစဲြျဖင့္ သက္သာရာရေအာင္
ခႏၶာအိမ္ကို ျပဳျပင္လိုေသာ သခၤါရတရားတို႔သည္
တားဆီး၍ပင္မရႏိုင္ေအာင္
ျဖစ္ေပၚလာျခင္း ေႀကာင့္ ထိုျပဳ ျပင္မႉသည္
❗️အဘိသခၤါရမာရ္ ျဖစ္သည္❗️

၂။ ဓာတ္ႀကီးေလးပါး ေဖာက္ျပန္လာမႉေၾကာင့္
ငါ့ခႏၶာကိုယ္ဟူေသာ ဒိ႒ိစဲြျဖင့္ သက္သာရာ ရေအာင္
ခႏၶာအိမ္ကို ျပဳ ျပင္လိုေသာစိတ္ တို႔သည္
ကိေလသာစိတ္မ်ားျဖစ္သည္။ထိုစိတ္တို႔သည္
မာရ္ႏွင့္တကြ ျဖစ္ေပၚလာျခင္းေၾကာင့္
❗️ကိေလသမာရ္ ျဖစ္သည္။❗️

၃။ မိမိတရားက်င့္ေနေသာ ခႏၶာကိုယ္သည္ ဣရိယာပုထ္
မ်ွတေနၿပီး မိမိလိုသလို ျပဳ၍ ရႏိုင္သည္။
မိမိဣရိယပုထ္ လိုသလိုျပဳ ျပင္၍ ရေနေသးျခင္း
အေၾကာင္းခံ၍ ခႏၶာအိမ္ကို ျပဳ ျပင္ေပးေနျခင္းသည္
❗️ခႏၶာမာရ္ ျဖစ္သည္ ❗️

၄။ တရားက်င့္ေသာေယာဂီ၏ ဓာတ္ႀကီးေလးပါးျဖင့္
ဖဲြ႔စည္းထားေသာ ႐ုပ္တရားသည္
တစ္ေန႔ေသေလာက္ေအာင္ ေဖာက္ျပန္၍
သတ္လိမ့္မည္။ ထိုသို႔ သတ္ေသာအခါ
ယခုတရားက်င့္ဆဲ ေဖာက္ျပန္မႉထက္
အဆေပါင္းမ်ားစြာျပင္းထန္မည္ျဖစ္သျဖင့္
တရားထိုင္စဥ္
သာမာန္ေဖာက္ျပန္သည့္ သေဘာမွ
ဆင္းရဲျခင္းလြတ္ေအာင္ က်င့္ထားရမည္။
သို႔ေသာ္လည္း ႀကိဳတင္က်င့္ထားရမည့္အစား
ဣရိယာပုထ္ ကို ဖ်က္ဆီးလိုက္ၿပီး ခဏသက္သာရာကို
ရယူလိုက္ျခင္းသည္
ေသျခင္းေပၚ၌ မာန္ခံေနျခင္း ျဖစ္သည္။
သံသရာခႏၶာေပါင္းမ်ားစြာ
ေသရမွာကိုလည္း မေၾကာက္ျခင္း ျဖစ္သည္။
ထိုသေဘာသည္
❗️မစၥဳမာရ္ ျဖစ္သည္။❗️

၅။ ဓာတ္ႀကီးေလးပါးေဖာက္ျပန္မႉကို
ငါပဲ၊ ငါ့ခႏၶာပဲဟူ၍လည္းေကာင္း၊
ထိုအနိ႒ာရံုကို ခံစားေသာ
ေ၀ဒနာ ႏွင္ ့တကြ စိတ္တို႔ကိုလည္း ငါပဲ ဟူ၍
သကၠာယဒိဌိ စဲြျခင္းေၾကာင့္
အပါယ္ငရဲ မလြတ္သည္ကိုလည္း သိေနပါလ်က္
ေနာင္က်ေရာက္မည့္ အပါယ္ငရဲေဘးကို
ဂ႐ုမျပဳပဲ ဓာတ္ေလးပါး ေဖာက္ျပန္မႉကို သက္သာေအာင္
သကၠာယဒိဌိ ျဖင့္ ျပဳ ျပင္ေပးလိုက္ျခင္းသည္
❗️ေဒ၀ပုတၱမာရ္ ျဖစ္သည္ ❗️

ေသာတာပတၱိမဂ္ရႈဖြယ္က်မ္းျပဳသူ
အဂၢမဟာကမၼ႒ာနာစရိယ
ေအာင္လံဆရာေတာ္ဘုရားႀကီး အ႐ွင္စႏၵိမာ

Credit - Yan Paing Soe

[Unicode]
တရားထိုင်စဉ် မာရ်ငါးပါးပေါ်လာခြင်း

၁။ ဓာတ်ကြီးလေးပါး ဖောက်ပြန်လာမှူကြောင့်
ငါ့ခန္ဓာကိုယ်ဟူသော ဒိဋ္ဌိစွဲဖြင့် သက်သာရာရအောင်
ခန္ဓာအိမ်ကို ပြုပြင်လိုသော သင်္ခါရတရားတို့သည်
တားဆီး၍ပင်မရနိုင်အောင်
ဖြစ်ပေါ်လာခြင်း ကြောင့် ထိုပြု ပြင်မှူသည်
❗️အဘိသင်္ခါရမာရ် ဖြစ်သည်❗️

၂။ ဓာတ်ကြီးလေးပါး ဖောက်ပြန်လာမှူကြောင့်
ငါ့ခန္ဓာကိုယ်ဟူသော ဒိဋ္ဌိစွဲဖြင့် သက်သာရာ ရအောင်
ခန္ဓာအိမ်ကို ပြု ပြင်လိုသောစိတ် တို့သည်
ကိလေသာစိတ်များဖြစ်သည်။ထိုစိတ်တို့သည်
မာရ်နှင့်တကွ ဖြစ်ပေါ်လာခြင်းကြောင့်
❗️ကိလေသမာရ် ဖြစ်သည်။❗️

၃။ မိမိတရားကျင့်နေသော ခန္ဓာကိုယ်သည် ဣရိယာပုထ်
မျှတနေပြီး မိမိလိုသလို ပြု၍ ရနိုင်သည်။
မိမိဣရိယပုထ် လိုသလိုပြု ပြင်၍ ရနေသေးခြင်း
အကြောင်းခံ၍ ခန္ဓာအိမ်ကို ပြု ပြင်ပေးနေခြင်းသည်
❗️ခန္ဓာမာရ် ဖြစ်သည် ❗️

၄။ တရားကျင့်သောယောဂီ၏ ဓာတ်ကြီးလေးပါးဖြင့်
ဖွဲ့စည်းထားသော ရုပ်တရားသည်
တစ်နေ့သေလောက်အောင် ဖောက်ပြန်၍
သတ်လိမ့်မည်။ ထိုသို့ သတ်သောအခါ
ယခုတရားကျင့်ဆဲ ဖောက်ပြန်မှူထက်
အဆပေါင်းများစွာပြင်းထန်မည်ဖြစ်သဖြင့်
တရားထိုင်စဉ်
သာမာန်ဖောက်ပြန်သည့် သဘောမှ
ဆင်းရဲခြင်းလွတ်အောင် ကျင့်ထားရမည်။
သို့သော်လည်း ကြိုတင်ကျင့်ထားရမည့်အစား
ဣရိယာပုထ် ကို ဖျက်ဆီးလိုက်ပြီး ခဏသက်သာရာကို
ရယူလိုက်ခြင်းသည်
သေခြင်းပေါ်၌ မာန်ခံနေခြင်း ဖြစ်သည်။
သံသရာခန္ဓာပေါင်းများစွာ
သေရမှာကိုလည်း မကြောက်ခြင်း ဖြစ်သည်။
ထိုသဘောသည်
❗️မစ္စုမာရ် ဖြစ်သည်။❗️

၅။ ဓာတ်ကြီးလေးပါးဖောက်ပြန်မှူကို
ငါပဲ၊ ငါ့ခန္ဓာပဲဟူ၍လည်းကောင်း၊
ထိုအနိဋ္ဌာရုံကို ခံစားသော
ဝေဒနာ နှင် ့တကွ စိတ်တို့ကိုလည်း ငါပဲ ဟူ၍
သက္ကာယဒိဌိ စွဲခြင်းကြောင့်
အပါယ်ငရဲ မလွတ်သည်ကိုလည်း သိနေပါလျက်
နောင်ကျရောက်မည့် အပါယ်ငရဲဘေးကို
ဂရုမပြုပဲ ဓာတ်လေးပါး ဖောက်ပြန်မှူကို သက်သာအောင်
သက္ကာယဒိဌိ ဖြင့် ပြု ပြင်ပေးလိုက်ခြင်းသည်
❗️ဒေဝပုတ္တမာရ် ဖြစ်သည် ❗️

သောတာပတ္တိမဂ်ရှုဖွယ်ကျမ်းပြုသူ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
အောင်လံဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ

Credit - Yan Paing Soe

No comments:

Post a Comment