[Zawgyi]
ပါးစပ္
======
ပါးစပ္
======
ခုုတေလာ ေခါင္းထဲ ေရာက္ေရာက္လာတတ္တာက ပါးစပ္အေၾကာင္းပဲ ျဖစ္တယ္။
ေရွးလူႀကီးသူမေတြက ပါးစပ္ေစာင့္စည္းဖုုိ႔အေရး သတိေပးစကားေလးေတြ မၾကာခဏ ေျပာေလ့ရွိတယ္။
“ခ်စ္ေအာင္လုုပ္တာလဲ ဒီပါးစပ္ပဲ၊ မုုန္းေအာင္ လုုပ္တာလဲ ဒီပါးစပ္ပဲ။ ႏုုတ္ေၾကာင့္ေသ၊ လက္ေၾကာင့္ ေၾက”..တဲ့။
ရွင္ေဒ၀ဒတ္က အဇာတသတ္မင္းသားေလးကုုိ ပထမဦးဆုုံး မ်က္စိက်ၿပီး မဲဆြယ္စည္းရုုံးတယ္။ ေအာင္ျမင္တယ္။ အဇာတသတ္မင္းသားကုုိ အေၾကာင္းျပဳၿပီး ရွင္ေဒ၀ဒတ္ တန္ခုုိးထြားလာတယ္။ ဘုုန္းႀကီးလာတယ္။ အဲဒီအေပၚမွာ ပုုထုုဇဥ္တုုိ႔သဘာ၀ သာယာလာတယ္။ ေလာဘ ပုုိတက္လာတယ္။ ေအာက္ေျခလြတ္လာတယ္။ အေတြးေတြ ေျပာင္းလာတယ္။ အဲဒီအခါ ငါမွ ငါ ဆုုိတဲ့ အတၱ မာနနဲ႔ ေလာဘတရား တုုိ႔က မိစၧာသကၤပၺကုုိ ေမြးဖြားေပးလုုိက္တယ္။
“ဘုုရားရွင္ကုုိယ္စား သံဃာအားလုုံးကုုိ ငါ့ တပည့္အျဖစ္ သိမ္းပုုိက္အံ့” တဲ့။
ေခတ္စကားနဲ႔ ေျပာရင္ေတာ့ အာဏာသိမ္းမယ္ေပါ့။ အဲဒီစိတ္ထား ေမြးဖြားလုုိက္တဲ့ ခဏမွာပဲ သူတရားအားထုုတ္လုုိ႔ ရရွိထားတဲ့ စ်ာန္အဘိညာဥ္တန္ခုုိးေလးေတြေတာင္မွ ကြယ္ေပ်ာက္သြားရွာတယ္။ ဖြတ္ မရ ဓားမပါ ဆုုံး အျဖစ္ပါပဲ။
ဒီအေၾကာင္းကုုိ ရွင္ေမာဂၢလန္ရဲ့တပည့္ ကကုုဓ ဆုုိတဲ့ နတ္သားတစ္ပါးက သူ႔ဆရာ ရွင္ေမာဂၢလန္ကုုိယ္ေတာ္ျမတ္ႀကီးကုုိ သတင္းပုုိ႔တယ္။ ရွင္ေမာဂၢလန္ကလည္း ေဒ၀ဒတ္ရဲ့ အႀကံအစည္ကုုိ ျမတ္စြာဘုုရားရွင္အား တဆင့္ ေလွ်ာက္ထားတယ္။
ဒီေနရာမွာ သူလုုိကုုိယ္လုုိ အေတြးနဲ႔ဆုုိရင္ေတာ့ ရွင္ေမာဂၢလန္ရဲ့စကားကုုိ ဘုုရားရွင္ ခ်က္ခ်င္းယုုံၾကည္ လက္ခံမယ္လုုိ႔ ထင္ခ်င္စရာ ေကာင္းတယ္။ အေၾကာင္းက ရွင္ေမာဂၢလန္ကုုိယ္ေတာ္ျမတ္ၾကီးဆုုိတာ ဘုုရားရွင္ရဲ့ လက္ရုုံးတပည့္ႀကီး ျဖစ္သလုုိ၊ တန္ခုုိးအရာမွာ အသာဆုုံး ဧတဒဂ္ဘြဲ႔ထူးဂုုဏ္ထူးႀကီး ပုုိင္ဆုုိင္ထားတဲ့ ရဟႏၱာအရွင္ျမတ္ႀကီးလည္း ျဖစ္ေနလုုိ႔ပဲ။
ဘုုရား ဘယ္လုုိ တုုံ႔ျပန္သလဲ။
“ခ်စ္သား ေမာဂၢလန္ သင္ဟာ သင့္တပည့္ နတ္သားရဲ့ စိတ္ကုုိ သင့္စိတ္နဲ႔ ေသခ်ာပုုိင္းျခားၿပီး သိၿပီးၿပီလား၊ သင့္တပည့္ေျပာတာေတြ အားလုုံးကေကာ သူေျပာတဲ့အတုုိင္း အားလံုုး အမွန္ေတြခ်ည္းပဲ လုုိ႔ အတည္ျပဳႏုုိင္ၿပီလား၊ အျခား အလြဲအမွား လုုပ္ႀကံေျပာဆုုိတာမ်ိဳးေကာ မျဖစ္ႏုုိင္ဘူး လား”… တဲ့။
ရွင္ေမာဂၢလန္ကုုိယ္ေတာ္ျမတ္ႀကီးက သိၿပီးျဖစ္ေၾကာင္း အမွန္ေတြခ်ည္းသာ ျဖစ္ေၾကာင္း ျပန္ေလွ်ာက္တဲ့ အခါမွာေတာ့…
ဘုုရား ဘယ္လုုိ ဆက္မိန္႔သလဲ။
“ရကၡေႆတံ ေမာဂၢလာန ၀ါစံ၊ ရေကၡေႆတံ ေမာဂၢလာန ၀ါစံ။ ေမာဂၢလန္ ဒီသတင္းစကားကုုိ ထိန္းသိမ္းထားပါ”… လုုိ႔ ႏွစ္ႀကိမ္တုုိင္တုုိင္ မိန္႔ေတာ္မူတယ္။ အဲဒီေနာက္ ဆက္မိန္႔တာက..
“ေမာဃပုုရိသ ျဖစ္တဲ့ ေဒ၀ဒတ္ကုုိယ္တုုိင္ သူဘယ္လုုိလူစားလဲဆုုိတာ သူကုိယ္တုုိင္ပဲ ထင္ရွားျပဳပါလိမ့္မယ္”…တဲ့။
“ေမာဃပုုရိသ ျဖစ္တဲ့ ေဒ၀ဒတ္ကုုိယ္တုုိင္ သူဘယ္လုုိလူစားလဲဆုုိတာ သူကုိယ္တုုိင္ပဲ ထင္ရွားျပဳပါလိမ့္မယ္”…တဲ့။
၁။ ေခါင္းေဆာင္တုုိ႔ လူႀကီးလုုပ္သူတုုိ႔ဆုုိတာ မိမိယုုံၾကည္ရေလာက္တဲ့ တပည့္အရင္းအခ်ာက ေျပာတဲ့ စကားကုုိေတာင္မွ ကုုိ္ယ္တုုိင္ ေသခ်ာ စိစစ္ၿပီးမွ လက္ခံရတယ္ဆုုိတာရယ္…
၂။ စကားဆုုိတာ မွန္ေသာ္မွ လူထုုအၾကား အက်ိဳးမမ်ားေစဘူးဆုုိရင္ ထုုတ္ေဖာ္ေျပာဆုုိသမွဳ မျပဳေသးဘဲ ေစာင့္စည္းတတ္ရမယ္ ဆုုိတာရယ္….
၃။ လူေတာ္ေတာ္မ်ားမ်ား သူ႔တုုိ႔ ဘယ္လုုိလူစားမ်ိဳးလဲဆုုိတာ သူမ်ား ေၾကျငာေပးစရာ မလုုိ၊ သူတုုိ႔ကုုိယ္တုုိင္ကုုိက ပုုံစံမ်ိဳးစုုံနဲ႔ ေျပာျပေနၾကတာမုုိ႔ လူရဲ့ ပကတိအမွန္သေဘာဆုုိတာ တစ္ခ်ိန္မွာ ဘြားခနဲ ေပၚလာတတ္တယ္ ဆုုိတာရယ္..
၄။ ပုုဂၢိဳလ္တစ္ေယာက္အေၾကာင္းကုုိ ဂဃနဏ မသိဘဲ အထင္ႀကီးလြန္းျခင္း၊ အထင္ေသးလြန္းျခင္းဟာ ကုုိယ့္ရဲ့ ညံ့ဖ်င္းမွဳကုုိ ျပသရာ ေရာက္တယ္ဆုုိတာရယ္….
ဒီအခ်က္ေတြကေတာ့ ဘုုရားရွင္ထံကေန ရလုုိက္တဲ့ တန္ဖုုိးမျဖတ္ႏိုုင္တဲ့ အဆုုံးအမ ၾသ၀ါဒ နဲ႔ သင္ခန္းစာေတြပါပဲ။
ပါးစပ္ႀကီးပါမွေတာ့စားလည္း စား ေျပာလည္း ေျပာပါ။ သုုိ႔ေသာ္လည္း သတိ ဥာဏ္ပညာေလးလည္း ပါၾကပါလုုိ႔သာ ထည့္စြက္ ေျပာခ်င္ပါတယ္။
အျငင္းပြားဖုုိ႔မဟုုတ္၊ စဥ္းစားဖုုိ႔သာ ျဖစ္ပါေၾကာင္း။
ေရၾကည္ခ်မ္းျမ (Singapore)
31.08.2016
[Unicode]
ပါးစပ်
======
ပါးစပ်
======
ခုတလော ခေါင်းထဲ ရောက်ရောက်လာတတ်တာက ပါးစပ်အကြောင်းပဲ ဖြစ်တယ်။
ရှေးလူကြီးသူမတွေက ပါးစပ်စောင့်စည်းဖို့အရေး သတိပေးစကားလေးတွေ မကြာခဏ ပြောလေ့ရှိတယ်။
“ချစ်အောင်လုပ်တာလဲ ဒီပါးစပ်ပဲ၊ မုန်းအောင် လုပ်တာလဲ ဒီပါးစပ်ပဲ။ နုတ်ကြောင့်သေ၊ လက်ကြောင့် ကြေ”..တဲ့။
ရှင်ဒေဝဒတ်က အဇာတသတ်မင်းသားလေးကို ပထမဦးဆုံး မျက်စိကျပြီး မဲဆွယ်စည်းရုံးတယ်။ အောင်မြင်တယ်။ အဇာတသတ်မင်းသားကို အကြောင်းပြုပြီး ရှင်ဒေဝဒတ် တန်ခိုးထွားလာတယ်။ ဘုန်းကြီးလာတယ်။ အဲဒီအပေါ်မှာ ပုထုဇဉ်တို့သဘာ၀ သာယာလာတယ်။ လောဘ ပိုတက်လာတယ်။ အောက်ခြေလွတ်လာတယ်။ အတွေးတွေ ပြောင်းလာတယ်။ အဲဒီအခါ ငါမှ ငါ ဆိုတဲ့ အတ္တ မာနနဲ့ လောဘတရား တို့က မိစ္ဆာသင်္ကပ္ဗကို မွေးဖွားပေးလိုက်တယ်။
“ဘုရားရှင်ကိုယ်စား သံဃာအားလုံးကို ငါ့ တပည့်အဖြစ် သိမ်းပိုက်အံ့” တဲ့။
ခေတ်စကားနဲ့ ပြောရင်တော့ အာဏာသိမ်းမယ်ပေါ့။ အဲဒီစိတ်ထား မွေးဖွားလိုက်တဲ့ ခဏမှာပဲ သူတရားအားထုတ်လို့ ရရှိထားတဲ့ ဈာန်အဘိညာဉ်တန်ခိုးလေးတွေတောင်မှ ကွယ်ပျောက်သွားရှာတယ်။ ဖွတ် မရ ဓားမပါ ဆုံး အဖြစ်ပါပဲ။
ဒီအကြောင်းကို ရှင်မောဂ္ဂလန်ရဲ့တပည့် ကကုဓ ဆိုတဲ့ နတ်သားတစ်ပါးက သူ့ဆရာ ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးကို သတင်းပို့တယ်။ ရှင်မောဂ္ဂလန်ကလည်း ဒေဝဒတ်ရဲ့ အကြံအစည်ကို မြတ်စွာဘုရားရှင်အား တဆင့် လျှောက်ထားတယ်။
ဒီနေရာမှာ သူလိုကိုယ်လို အတွေးနဲ့ဆိုရင်တော့ ရှင်မောဂ္ဂလန်ရဲ့စကားကို ဘုရားရှင် ချက်ချင်းယုံကြည် လက်ခံမယ်လို့ ထင်ချင်စရာ ကောင်းတယ်။ အကြောင်းက ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးဆိုတာ ဘုရားရှင်ရဲ့ လက်ရုံးတပည့်ကြီး ဖြစ်သလို၊ တန်ခိုးအရာမှာ အသာဆုံး ဧတဒဂ်ဘွဲ့ထူးဂုဏ်ထူးကြီး ပိုင်ဆိုင်ထားတဲ့ ရဟန္တာအရှင်မြတ်ကြီးလည်း ဖြစ်နေလို့ပဲ။
ဘုရား ဘယ်လို တုံ့ပြန်သလဲ။
“ချစ်သား မောဂ္ဂလန် သင်ဟာ သင့်တပည့် နတ်သားရဲ့ စိတ်ကို သင့်စိတ်နဲ့ သေချာပိုင်းခြားပြီး သိပြီးပြီလား၊ သင့်တပည့်ပြောတာတွေ အားလုံးကကော သူပြောတဲ့အတိုင်း အားလုံး အမှန်တွေချည်းပဲ လို့ အတည်ပြုနိုင်ပြီလား၊ အခြား အလွဲအမှား လုပ်ကြံပြောဆိုတာမျိုးကော မဖြစ်နိုင်ဘူး လား”… တဲ့။
ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက သိပြီးဖြစ်ကြောင်း အမှန်တွေချည်းသာ ဖြစ်ကြောင်း ပြန်လျှောက်တဲ့ အခါမှာတော့…
ဘုရား ဘယ်လို ဆက်မိန့်သလဲ။
“ရက္ခေဿတံ မောဂ္ဂလာန ဝါစံ၊ ရက္ခေေဿတံ မောဂ္ဂလာန ဝါစံ။ မောဂ္ဂလန် ဒီသတင်းစကားကို ထိန်းသိမ်းထားပါ”… လို့ နှစ်ကြိမ်တိုင်တိုင် မိန့်တော်မူတယ်။ အဲဒီနောက် ဆက်မိန့်တာက..
“မောဃပုရိသ ဖြစ်တဲ့ ဒေဝဒတ်ကိုယ်တိုင် သူဘယ်လိုလူစားလဲဆိုတာ သူကိုယ်တိုင်ပဲ ထင်ရှားပြုပါလိမ့်မယ်”…တဲ့။
“မောဃပုရိသ ဖြစ်တဲ့ ဒေဝဒတ်ကိုယ်တိုင် သူဘယ်လိုလူစားလဲဆိုတာ သူကိုယ်တိုင်ပဲ ထင်ရှားပြုပါလိမ့်မယ်”…တဲ့။
၁။ ခေါင်းဆောင်တို့ လူကြီးလုပ်သူတို့ဆိုတာ မိမိယုံကြည်ရလောက်တဲ့ တပည့်အရင်းအချာက ပြောတဲ့ စကားကိုတောင်မှ ကိုယ်တိုင် သေချာ စိစစ်ပြီးမှ လက်ခံရတယ်ဆိုတာရယ်…
၂။ စကားဆိုတာ မှန်သော်မှ လူထုအကြား အကျိုးမများစေဘူးဆိုရင် ထုတ်ဖော်ပြောဆိုသမှု မပြုသေးဘဲ စောင့်စည်းတတ်ရမယ် ဆိုတာရယ်….
၃။ လူတော်တော်များများ သူ့တို့ ဘယ်လိုလူစားမျိုးလဲဆိုတာ သူများ ကြေငြာပေးစရာ မလို၊ သူတို့ကိုယ်တိုင်ကိုက ပုံစံမျိုးစုံနဲ့ ပြောပြနေကြတာမို့ လူရဲ့ ပကတိအမှန်သဘောဆိုတာ တစ်ချိန်မှာ ဘွားခနဲ ပေါ်လာတတ်တယ် ဆိုတာရယ်..
၄။ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဂဃနဏ မသိဘဲ အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်းဟာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကို ပြသရာ ရောက်တယ်ဆိုတာရယ်….
ဒီအချက်တွေကတော့ ဘုရားရှင်ထံကနေ ရလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဆုံးအမ သြဝါဒ နဲ့ သင်ခန်းစာတွေပါပဲ။
ပါးစပ်ကြီးပါမှတော့စားလည်း စား ပြောလည်း ပြောပါ။ သို့သော်လည်း သတိ ဉာဏ်ပညာလေးလည်း ပါကြပါလို့သာ ထည့်စွက် ပြောချင်ပါတယ်။
အငြင်းပွားဖို့မဟုတ်၊ စဉ်းစားဖို့သာ ဖြစ်ပါကြောင်း။
ရေကြည်ချမ်းမြ (Singapore)
31.08.2016
No comments:
Post a Comment