[Zawgyi]
(အဆက်)
(အဆက်)
*****
ပြည့်စုံအေးချမ်းတဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ပြီး ဒုက္ခကင်းရာနိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုရင် တိကျတဲ့ဥာဏ်နဲ့ ဒါနကို ပြုလုပ်ဖို့ပါပဲ။ ဒီလိုဥာဏ်မျိုးကို နံပါတ်(၂)ရဲ့ (ဂ) ဥာဏ်လို့ ခေါ်ပါတယ်။ **ဒီဥာဏ်ဟာ အဆင့်မြင့်တဲ့ဥာဏ်တစ်ခုဖြစ်လို့ တစ်ခါလောက် ဒါနလုပ်မိပေမယ့် ဒုက္ခကလွတ်မြောက်တဲ့အထိ တာဝန်ယူနိုင်စွမ်း ရှိပါတယ်။
ဒီ အသိဥာဏ်ရဲ့ထိုးထွင်းသိမှုက
*** ကောင်းတာလုပ်ခြင်းဟာ ဒုက္ခရောက်ချင်လို့အဟုတ်ဘူး ထာဝရ အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်စေဖို့ပါပဲလို့ တွေးမိအသိရှိတဲ့ ဥာဏ်ပါ။
ဒီလို ဥာဏ်မျိုးနဲ့သာ ဒါနလုပ်ခဲ့မယ်ဆိုရင် ဘ၀တိုင်းပြည့်စုံပြီးတော့ ချမ်းသာတဲ့ဘ၀ကြောင့် မာန်တက်တာ ဒေါသထွက်တာ သူတပါးဥစ္စာကို မတရားလိုချင်တာ လူလူချင်းမတူသလို ဆက်ဆံတာ စတဲ့ အဖြစ်များမရှိတော့သလို ပစ္စည်းဥစ္စာကြောင့် ဒုက္ခရောက်နိုင်တယ်ဆိုတာကိုပါတွေးမိပြီး ဥစ္စာမှာ စွဲလမ်းမှု သာသမီးမှာစွဲလမ်းမှုကင်းပြီး ပြောသူမရှိပေမယ့် အလိုလိုအသိတွေ ရလာမှု အခြေအနေကို ပိုင်ဆိုင်ခွင်ရတော့မှာပါ။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၅)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၅)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
(အဆက်)
(ခ)နံပါတ် ဉာဏ်က ကံအကျိုးကိုသာကြည့်တဲ့ (က) နံပါတ်ဉာဏ် အကျိုးထက်သာသွားပါတယ်။ အကျိုးရတာချင်းတူပေမဲ့ အသိချင်းတော့ ကွာသွားပါတော့တယ်။ ချမ်းသာလွန်းလို့ အလုပ်တွေနဲ့ နပန်းလုံးရင်း အသိရှာဖို့ အချိန်နဲပေမယ့် ဘာသာရေးကိုင်းရှိုင်းမှု့ရှိတယ်၊ သူတော်ကောင်းမိတ်ဆွေများပြောရင် ကြောင်းကျိုးဆက်ကို လက်ခံနိုင်တယ်။ ဒါနလဲ လက်နဲ့မကွာလုပ်နိုင်သလို မာနလဲ ကင်းပြန်ပါတယ်။ ဒါပေမယ့် တိကျတဲ့ အသိရှာဖို့ လွန်မြောက်မှု တရား ရဖို့ကျတော့ အင်တင်တင် (တွန့်ဆုတ်) နေပြန်ရော။ အလုပ်အကြောင်းပြရင် ရှောင်တာ၊ တချို့ တကယ့်ကိုအလုပ်ရှုပ်လို့ အလုပ်ကို မစွန့်နိုင်ဘဲ တစ်ဘဝစာအတွက်ပဲ ကြည့်ပြီး အချိန်တွေကို ကုန်လွယ်စေတာဟာ (ခ)နံပါတ် ဉာဏ်-အကြောင်းသိရုံနဲ့ လုပ်ခဲ့တဲ့ ဒါနရဲ့ လက္ခဏာပါပဲ။
အကြောင်းသိဉာဏ်ဆိုတာ ဘာလုပ်နေတယ်ဆိုတာကို ကောင်းကောင်းသိတာကို ဆိုလိုတာပါ။ ဥပမာ ဆွမ်းကပ်နေတဲ့ ဒါနအရှင် တစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ ဉာဏ်က အခုငါတို့လုပ်နေတဲ့ ဒါဟာ အကြောင်းလုပ်နေတာပဲ အကျိုးကို ဘာမျှော်ကိုးနေစရာ လိုမှာလဲ။ အကြောင်းကြောင့် အကျိုးရမှာ သေချာနေတဲ့ ဥစ္စာ စတဲ့ အတွေးများ လွှမ်းမိုးထားခြင်းပါပဲ။ ဒီလိုမျိုး ဒါနအရှင်များဟာ အကျိုးကို ပြည့်ပြည့်၀၀ ရရှိခံစားရမှာ မှန်ပေမယ့် ဒါနနဲ့ ထပ်ပျော်မွေ့ပြီး လွန်မြောက်မှုတရားကို မေ့နေတတ်တမို့ သုံးဆယ့်တစ်ဘုံဆိုတဲ့ သံသရာကြောမှာ မျော နေရမယ့် ပုဂ္ဂိုလ်လို့ ခေါ်ရပါတယ်။ ဒီလို ဒါနပြုလုပ်ခြင်းကို ပြည့်စုံတဲ့ ဒါနလုပ်ခြင်းလို့ ပြောလို့မရပြန်ပါဘူး။
*****
ပြည့်စုံအေးချမ်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ပြီး ဒုက္ခကင်းရာနိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုရင် တိကျတဲ့ဉာဏ်နဲ့ ဒါနကို ပြုလုပ်ဖို့ပါပဲ။ ဒီလိုဉာဏ်မျိုးကို နံပါတ်(၂)ရဲ့ (ဂ) ဉာဏ်လို့ ခေါ်ပါတယ်။ **ဒီဉာဏ်ဟာ အဆင့်မြင့်တဲ့ဉာဏ်တစ်ခုဖြစ်လို့ တစ်ခါလောက် ဒါနလုပ်မိပေမယ့် ဒုက္ခကလွတ်မြောက်တဲ့အထိ တာဝန်ယူနိုင်စွမ်း ရှိပါတယ်။
ဒီ အသိဉာဏ်ရဲ့ထိုးထွင်းသိမှုက
*** လုပ်နေတဲ့ ဒါနဟာ အကြောင်းတရားပဲ၊
*** အကြောင်းလုပ်ရင် အကျိုးရမှာအမှန်။
*** အကျိုးရလာပြီဆိုတာနဲ့ ဒုက္ခက ကပ်ပါလာမှာ အသေအချာ။
*** ကောင်းတာလုပ်ခြင်းဟာ ဒုက္ခရောက်ချင်လို့အဟုတ်ဘူး ထာဝရ အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်စေဖို့ပါပဲလို့ တွေးမိအသိရှိတဲ့ ဉာဏ်ပါ။
ဒီလို ဉာဏ်မျိုးနဲ့သာ ဒါနလုပ်ခဲ့မယ်ဆိုရင် ဘဝတိုင်းပြည့်စုံပြီးတော့ ချမ်းသာတဲ့ဘဝကြောင့် မာန်တက်တာ ဒေါသထွက်တာ သူတပါးဥစ္စာကို မတရားလိုချင်တာ လူလူချင်းမတူသလို ဆက်ဆံတာ စတဲ့ အဖြစ်များမရှိတော့သလို ပစ္စည်းဥစ္စာကြောင့် ဒုက္ခရောက်နိုင်တယ်ဆိုတာကိုပါတွေးမိပြီး ဥစ္စာမှာ စွဲလမ်းမှု သာသမီးမှာစွဲလမ်းမှုကင်းပြီး ပြောသူမရှိပေမယ့် အလိုလိုအသိတွေ ရလာမှု အခြေအနေကို ပိုင်ဆိုင်ခွင်ရတော့မှာပါ။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment