[Zawgyi]
"ေဟာင္းႏြမ္းေနတဲ့ ဘုရားပုံမ်ား၊ ပန္းခ်ီကားခ်ပ္မ်ားနဲ႔ တရားစာအုပ္မ်ားကုိ ဘယ္လုိလုပ္သင့္ပါသလဲ?"
(ေမး)
■ အရွင္ဘုရား…
တပည့္ေတာ္ တစ္ခုေလာက္ ေမးေလွ်ာက္ခ်င္ပါတယ္ဘုရား။ တပည့္ေတာ္တုိ႔အိမ္မွာ ခ်ိတ္ထား၊ ပူေဇာ္ထားတဲ့ ဘုရားပုံေတာ္မ်ား၊ ဘုရားပုံပါတဲ့ ပန္းခ်ီကားမ်ားနဲ႔ ေဟာင္းႏြမ္းဆုတ္ၿပဲေနတဲ့ တရားစာအုပ္မ်ား ရွိပါတယ္။ အဲဒီ ဘုရားပုံေတြနဲ႔ ပန္းခ်ီကားေတြဟာ ခ်ိတ္ဆဲြထားလုိ႔လဲ အျမင္မေကာင္းျဖစ္ေနတဲ့ အျပင္၊ ဘုရားစာအုပ္ အေဟာင္းေတြကလည္း ၾကာလာေတာ့ ပုိးေတြထုိးၿပီး ပ်က္ဆီးလာပါတယ္။ ဒါေတြကုိ အမႈိက္ပုံမွာ သြားစြန္႔ရင္ ဘုရားပုံေတြ၊ ပန္းခ်ီကားေတြ ျဖစ္လုိ႔ အျပစ္ျဖစ္မွာ ေၾကာက္ပါတယ္၊ စာတစ္လုံး ဘုရားတစ္ဆူဆုိတဲ့ အတြက္ တရားစာအုပ္ကုိ လြင့္ပစ္ေရာင္းစားပစ္ရင္လည္း မေကာင္းဘူးလုိ႔ထင္ပါတယ္။ တပည့္ေတာ္ကုိ ဒီပုံေတာ္ေတြနဲ႔ စာအုပ္ေတြကုိ အျပစ္မျဖစ္ေအာင္ ေျဖရွင္းနည္းေလး ခ်ီးျမွင့္ေပးေတာ္မူပါဘုရား..။ ေက်းဇူးႀကီးလွပါတယ္။
(ေျဖ)
■ ဒကာမေရ… ဒီလုိအခက္အခဲေတြက အိမ္ေတြမွာေရာ ဘုန္းႀကီးေက်ာင္းေတြမွာပါ ျဖစ္တတ္ပါတယ္။ ဘုရားပုံေတြျဖစ္လုိ႔ ျဖစ္သလုိ လြင့္ပစ္ဖ်က္ဆီးပစ္ျပန္ရင္လည္း ကုိယ့္စိတ္ကုိက မသန္႔ျဖစ္ေနတတ္ပါတယ္။ ေစတနာ ရည္ရြယ္ခ်က္ မရွိေပမယ့္ အျပစ္လုပ္မိတယ္လုိ႔ ထင္တတ္ပါတယ္။ အေကာင္းဆုံး ေျဖရွင္းနည္းကေတာ့ သန္႔သန္႔ျပန္႔ျပန္႔ ေနရာတစ္ခု၊ ဒါမွမဟုတ္ သံပုံးတစ္ခုခုမွာ အားလုံးစုပုံၿပီး မီးပူေဇာ္လုိက္တာ အေကာင္းဆုံးပါပဲ။ ဘုန္းဘုန္းေက်ာင္းမွာဆုိလည္း ဒီလုိနည္းနဲ႔ပဲ ေျဖရွင္းျဖစ္ပါတယ္။ မီး႐ႈိ႕ဖ်က္ဆီးၿပီး မီးပူေဇာ္လုိက္တဲ့အတြက္ ဒီဘုရားပုံေတာ္မ်ား၊ ဘုရားစာအုပ္အေဟာင္းမ်ားကုိ တစ္ျခားသူေတြ အေနနဲ႔လည္း အသုံးမျပဳျဖစ္ေတာ့ပါဘူး။ ရွင္းလင္းေျဖရွင္းလုိက္တဲ့ ကုိယ့္မွာလည္း မီးပူေဇာ္လုိက္တယ္လုိ႔ စိတ္ထဲမွာ ျဖစ္ေနတဲ့အတြက္ စိတ္သန္႔ရွင္းသြားပါတယ္။ ဘုရားရွင္ရဲ႕ ႐ုပ္ကလာပ္ေတာ္ကုိ ေတေဇာဓာတ္ ေလာင္ၿမိဳက္တဲ့သေဘာ အာ႐ုံယူၿပီး မီးပူေဇာ္လုိက္တာ အေကာင္းဆုံးပါပဲ။ ဒါေၾကာင့္ လြင့္ပစ္ရခက္၊ ထားရခက္တဲ့ ဘုရားပုံေတာ္မ်ား၊ ပန္းခ်ီမ်ားနဲ႔ တရားစာအုပ္ အေဟာင္းမ်ားကုိ ေတြ႕ရာမွာ ျဖစ္သလုိ စြန္႔ပစ္တာမ်ိဳး မလုပ္ပဲ သန္႔ရွင္းသပ္ရပ္တဲ့ ေနရာတစ္ခုမွာ မီးပုံ႐ိႈ႕ၿပီး မီးပူေဇာ္တဲ့နည္းနဲ႔ ေျဖရွင္းတာဟာ အေကာင္းဆုံးျဖစ္ေၾကာင္း ေျဖၾကားေပးလုိက္ပါတယ္.....။ ။
ေမတၱာျဖင့္
မနာပဒါယီ အ႐ွင္ဝိစိတၱ
(ေမတၱာျဖင္႔ ဓမၼစကူးလ္ဆုံရာ)
[Unicode]
"ဟောင်းနွမ်းနေတဲ့ ဘုရားပုံများ၊ ပန်းချီကားချပ်များနဲ့ တရားစာအုပ်များကို ဘယ်လိုလုပ်သင့်ပါသလဲ?"
(မေး)
■ အရှင်ဘုရား…
တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ ချိတ်ထား၊ ပူဇော်ထားတဲ့ ဘုရားပုံတော်များ၊ ဘုရားပုံပါတဲ့ ပန်းချီကားများနဲ့ ဟောင်းနွမ်းဆုတ်ပြဲနေတဲ့ တရားစာအုပ်များ ရှိပါတယ်။ အဲဒီ ဘုရားပုံတွေနဲ့ ပန်းချီကားတွေဟာ ချိတ်ဆွဲထားလို့လဲ အမြင်မကောင်းဖြစ်နေတဲ့ အပြင်၊ ဘုရားစာအုပ် အဟောင်းတွေကလည်း ကြာလာတော့ ပိုးတွေထိုးပြီး ပျက်ဆီးလာပါတယ်။ ဒါတွေကို အမှိုက်ပုံမှာ သွားစွန့်ရင် ဘုရားပုံတွေ၊ ပန်းချီကားတွေ ဖြစ်လို့ အပြစ်ဖြစ်မှာ ကြောက်ပါတယ်၊ စာတစ်လုံး ဘုရားတစ်ဆူဆိုတဲ့ အတွက် တရားစာအုပ်ကို လွင့်ပစ်ရောင်းစားပစ်ရင်လည်း မကောင်းဘူးလို့ထင်ပါတယ်။ တပည့်တော်ကို ဒီပုံတော်တွေနဲ့ စာအုပ်တွေကို အပြစ်မဖြစ်အောင် ဖြေရှင်းနည်းလေး ချီးမြှင့်ပေးတော်မူပါဘုရား..။ ကျေးဇူးကြီးလှပါတယ်။
(ဖြေ)
■ ဒကာမရေ… ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်။ စေတနာ ရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့် နေရာတစ်ခု၊ ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ၊ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေ အနေနဲ့လည်း အသုံးမပြုဖြစ်တော့ပါဘူး။ ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာ ဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်။ ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို တေဇောဓာတ် လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် လွင့်ပစ်ရခက်၊ ထားရခက်တဲ့ ဘုရားပုံတော်များ၊ ပန်းချီများနဲ့ တရားစာအုပ် အဟောင်းများကို တွေ့ရာမှာ ဖြစ်သလို စွန့်ပစ်တာမျိုး မလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားပေးလိုက်ပါတယ်.....။ ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
(မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ)
No comments:
Post a Comment