Friday, October 28, 2016

သမုဒယသစၥာ (၂) (သမုဒယသစ္စာ (၂))

[Zawgyi]
သမုဒယသစၥာ (၂)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
ေဒသနာ အရာ၌ လိမၼာကၽြမ္းက်င္ေတာ္မူေသာ ျမတ္စြာဘုရားသည္ အဆင့္အမ်ိဳးမ်ိဳး အလႊာအမ်ိဳးမ်ိဳး ရွိေသာေၾကာင့္ တရားဓမၼ နာခံသူတို႔ႏွင့္ သင့္ေလ်ာ္လိုက္ဖက္ေအာင္ ပရိယာယ္ အမ်ိဳးမ်ိဳးျဖင့္ တရားေဟာေတာ္မူေလ့ ရွိေပသည္။ သမုဒယသစၥာထိုက္ေသာ ေလာဘကိုလည္း ပပဥၥ၊ အာသ၀၊ ဥပါဒါန၊ နီ၀ရဏ၊ ကိေလသာ စေသာ အမည္အမ်ိဳးမ်ိဳးျဖင့္ ေဟာေတာ္မူခဲ့ေလသည္။
ပပဥၥ။ ။ ခ်ဲ႕ထြင္တတ္ေသာ တရားသည္ ပပဥၥမည္၏။ သတၱ၀ါတို႔ သံသရာမွ မထြက္ေျမာက္ႏိုင္ေအာင္ ျပဳလုပ္တတ္ေသာတရား၊ သံသရာကို ရွည္ေစက်ယ္ေစႏိုင္ေသာ “တဏွာ၊ မာန၊ ဒိ႒ိ”တို႔ကို ပပဥၥတရားဟု ေခၚ၏။ ဤ၌ တဏွာပပဥၥကား ေလာဘဟူေသာ သမုဒယသစၥာ ျဖစ္ေပသည္။ အဆံုးမသတ္ႏိုင္ေသာ ေလာဘေၾကာင့္ ေလာကႀကီး က်ယ္ျပန္ေန႔၏။ သံသရာခရီး ရွည္လ်ားေန၏။ ေလာဘသည္ အိမ္ငယ္မွ အိမ္ႀကီးျဖစ္ေအာင္ ခ်ဲ႕၏။ သစ္သားအိမ္မွ တိုက္အိမ္ျဖစ္ေအာင္ ခ်ဲ႕၏။ ျခံ၀င္း က်ဥ္းေနသည္ကို က်ယ္ေအာင္ ခ်ဲ႕၏။ မိသားစုေလးကို မိသားစုႀကီးျဖစ္ေအာင္ လုပ္၏။ ေတာရြာကို ၿမိဳ႕ျပျဖစ္ေအာင္ စီမံ၏။ ကမၻာေလာကႀကီး စည္ကား က်ယ္ျပန္႔လာရသည္မွာ ေလာဘေၾကာင့္ ျဖစ္၏။ ေလာဘသည္ ဤဘ၀ ဤခႏၶကိုသာ ခ်ဲ႕တြင္သည္ မဟုတ္။ ဘ၀ အမ်ိဳးမ်ိဳးကို သံသရာႏွင့္ ခ်ီ၍ ခ်ဲ႕ထြင္တတ္သည္။
အာသ၀။ ။ မူးယစ္ေဆး တစ္မ်ိဳးျဖစ္ေသာ အရက္ေသစာကို ပါဠိလို အာသ၀ဟု ေခၚ၏။ ေလာဘ၊ ဒိ႒ိ၊ ေမာဟတို႔သည္ သတၱ၀ါတို႔ကို ႐ူးေစမူးေစႏိုင္ေသာ သတၱိရွိေသာေၾကာင့္ အာသ၀ မည္ေလသည္။ သမုဒယသစၥာျဖစ္ေသာ ေလာဘကို ကာမာသ၀၊ ဘ၀ါသ၀ဟူေသာ အမည္ႏွစ္မ်ိဳးျဖင့္ ဘုရားရွင္ ေဟာေတာ္မူသည္။ အာ႐ံုငါးပါး ကာမဂုဏ္တရား၌ တပ္မက္စြဲလမ္းမိေသာ သတၱ၀ါတို႔သည္ က်ိဳးေၾကာင္းဆင္ျခင္ဥာဏ္ ကင္းမဲ့ကာ အ႐ူးအမူး ျဖစ္ၾကရေလသည္။ တဏွာ႐ူး၊ မယားတ႐ူး၊ ဥစၥာ႐ူးစေသာ အ႐ူးအမ်ိဳးမ်ိဳး ျဖစ္ၾကရသည္။ ကာမဂုဏ္၏ အျပစ္ကို ျမင္ႏိုင္သူတို႔ ေတာထြက္ ရဟန္းျပဳၾကသည္။ ကာမဂုဏ္၏ အျပစ္ကို ျမင္ပါေသာ္လည္း ႐ူပ အ႐ူပ ျဗဟၼာ့ဘ၀တို႔ကို တပ္မက္ေသာ ဘ၀တဏွာ ရွိေနေသးေသာေၾကာင့္ ေတာထြက္ တရားက်င့္၍ စ်န္ရကာ ျဗဟၼာ့ဘ၀ ရျပန္၏။ ျဗဟၼာ့ဘံု ျဗဟၼာ့ဘ၀တို႔၌လည္း ႐ူးသြပ္မိုက္မဲမႈ မကင္းေသးေပ။ ကာမာသ၀ ကာမအရက္သည္ ၾကမ္းၾကမ္းတမ္းတမ္း မူးေစ၏။ ဘ၀ါသ၀ ဘ၀အရက္သည္ ျဖည္းျဖည္းညင္သာ မူးေစ၏။ အႏုအၾကမ္း ကြာျခားေသာ္လည္း ႐ူးျခင္းမူးျခင္းကား တူမွ်သည္သာတည္း။
ဥပါဒါန။ ။ သမုဒယသစၥာထိုက္ေသာ ေလာဘသည္ ဥပါဒါန္တရားတြင္လည္း ပါ၀င္၏။ အျပင္းအထန္ စြဲလမ္းမႈသည္ ဥပါဒါန္ မည္၏။ ဖားက ေႁမြကို မလြတ္တမ္း ဖမ္းကိုက္ထားသကဲ့သို႔ အာ႐ံုငါးပါးႏွင့္ ကာမ(၁၁)ဘံုကို တမ္းတမ္းစြဲ တပ္မက္ေသာ ေလာဘသည္ ကာမုပါဒါန္ မည္၏။ ဥပါဒါန္ အဆင့္သို႔ေရာက္ေသာ ေလာဘသည္ ရလို႐ံုမွ်၊ ပိုင္လို႐ံုမွ်သာ မဟုတ္။ မရမေန မျဖစ္မေန တစိုက္မတ္မတ္ တစ္အာ႐ံုတည္းမွာ စြဲကပ္ေနေပေတာ့သည္။
ဆက္ရန္-
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၂)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
ဒေသနာ အရာ၌ လိမ္မာကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် အဆင့်အမျိုးမျိုး အလွှာအမျိုးမျိုး ရှိသောကြောင့် တရားဓမ္မ နာခံသူတို့နှင့် သင့်လျော်လိုက်ဖက်အောင် ပရိယာယ် အမျိုးမျိုးဖြင့် တရားဟောတော်မူလေ့ ရှိပေသည်။ သမုဒယသစ္စာထိုက်သော လောဘကိုလည်း ပပဉ္စ၊ အာသဝ၊ ဥပါဒါန၊ နီဝရဏ၊ ကိလေသာ စသော အမည်အမျိုးမျိုးဖြင့် ဟောတော်မူခဲ့လေသည်။
ပပဉ္စ။ ။ ချဲ့ထွင်တတ်သော တရားသည် ပပဉ္စမည်၏။ သတ္တဝါတို့ သံသရာမှ မထွက်မြောက်နိုင်အောင် ပြုလုပ်တတ်သောတရား၊ သံသရာကို ရှည်စေကျယ်စေနိုင်သော “တဏှာ၊ မာန၊ ဒိဋ္ဌိ”တို့ကို ပပဉ္စတရားဟု ခေါ်၏။ ဤ၌ တဏှာပပဉ္စကား လောဘဟူသော သမုဒယသစ္စာ ဖြစ်ပေသည်။ အဆုံးမသတ်နိုင်သော လောဘကြောင့် လောကကြီး ကျယ်ပြန်နေ့၏။ သံသရာခရီး ရှည်လျားနေ၏။ လောဘသည် အိမ်ငယ်မှ အိမ်ကြီးဖြစ်အောင် ချဲ့၏။ သစ်သားအိမ်မှ တိုက်အိမ်ဖြစ်အောင် ချဲ့၏။ ခြံဝင်း ကျဉ်းနေသည်ကို ကျယ်အောင် ချဲ့၏။ မိသားစုလေးကို မိသားစုကြီးဖြစ်အောင် လုပ်၏။ တောရွာကို မြို့ပြဖြစ်အောင် စီမံ၏။ ကမ္ဘာလောကကြီး စည်ကား ကျယ်ပြန့်လာရသည်မှာ လောဘကြောင့် ဖြစ်၏။ လောဘသည် ဤဘ၀ ဤခန္ဓကိုသာ ချဲ့တွင်သည် မဟုတ်။ ဘ၀ အမျိုးမျိုးကို သံသရာနှင့် ချီ၍ ချဲ့ထွင်တတ်သည်။
အာသဝ။ ။ မူးယစ်ဆေး တစ်မျိုးဖြစ်သော အရက်သေစာကို ပါဠိလို အာသဝဟု ခေါ်၏။ လောဘ၊ ဒိဋ္ဌိ၊ မောဟတို့သည် သတ္တဝါတို့ကို ရူးစေမူးစေနိုင်သော သတ္တိရှိသောကြောင့် အာသ၀ မည်လေသည်။ သမုဒယသစ္စာဖြစ်သော လောဘကို ကာမာသဝ၊ ဘဝါသဝဟူသော အမည်နှစ်မျိုးဖြင့် ဘုရားရှင် ဟောတော်မူသည်။ အာရုံငါးပါး ကာမဂုဏ်တရား၌ တပ်မက်စွဲလမ်းမိသော သတ္တဝါတို့သည် ကျိုးကြောင်းဆင်ခြင်ဉာဏ် ကင်းမဲ့ကာ အရူးအမူး ဖြစ်ကြရလေသည်။ တဏှာရူး၊ မယားတရူး၊ ဥစ္စာရူးစသော အရူးအမျိုးမျိုး ဖြစ်ကြရသည်။ ကာမဂုဏ်၏ အပြစ်ကို မြင်နိုင်သူတို့ တောထွက် ရဟန်းပြုကြသည်။ ကာမဂုဏ်၏ အပြစ်ကို မြင်ပါသော်လည်း ရူပ အရူပ ဗြဟ္မာ့ဘဝတို့ကို တပ်မက်သော ဘဝတဏှာ ရှိနေသေးသောကြောင့် တောထွက် တရားကျင့်၍ ဈန်ရကာ ဗြဟ္မာ့ဘ၀ ရပြန်၏။ ဗြဟ္မာ့ဘုံ ဗြဟ္မာ့ဘဝတို့၌လည်း ရူးသွပ်မိုက်မဲမှု မကင်းသေးပေ။ ကာမာသ၀ ကာမအရက်သည် ကြမ်းကြမ်းတမ်းတမ်း မူးစေ၏။ ဘဝါသ၀ ဘဝအရက်သည် ဖြည်းဖြည်းညင်သာ မူးစေ၏။ အနုအကြမ်း ကွာခြားသော်လည်း ရူးခြင်းမူးခြင်းကား တူမျှသည်သာတည်း။
ဥပါဒါန။ ။ သမုဒယသစ္စာထိုက်သော လောဘသည် ဥပါဒါန်တရားတွင်လည်း ပါဝင်၏။ အပြင်းအထန် စွဲလမ်းမှုသည် ဥပါဒါန် မည်၏။ ဖားက မြွေကို မလွတ်တမ်း ဖမ်းကိုက်ထားသကဲ့သို့ အာရုံငါးပါးနှင့် ကာမ(၁၁)ဘုံကို တမ်းတမ်းစွဲ တပ်မက်သော လောဘသည် ကာမုပါဒါန် မည်၏။ ဥပါဒါန် အဆင့်သို့ရောက်သော လောဘသည် ရလိုရုံမျှ၊ ပိုင်လိုရုံမျှသာ မဟုတ်။ မရမနေ မဖြစ်မနေ တစိုက်မတ်မတ် တစ်အာရုံတည်းမှာ စွဲကပ်နေပေတော့သည်။
ဆက်ရန်-
Credit to: ဓမ္မစာပေများ

No comments:

Post a Comment