[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၃၅)
--စိတ္ အက်ယ္ (၁၂၁) ပါး--
--ေလာကုတၱရာစိတ္အက်ယ္ (၄၀) ျဖစ္ပံု--
--ဈာန္ (၅) ပါးျဖင့္ ေျမွာက္ပံု--
--ေလာကုတၱရာစိတ္အက်ယ္ (၄၀) ျဖစ္ပံု--
--ဈာန္ (၅) ပါးျဖင့္ ေျမွာက္ပံု--
ေသာတပတၱိမဂ္ ကုသိုလ္တစ္ပါးတြင္ ၀ိတက္၊ ၀ီစာရ၊ ပီတိ၊ သုခ၊ ဧကဂၢတာဟု ဆိုအပ္ေသာ ဈာန္အဂၤါ (၅)ပါးႏွင့္ တကြျဖစ္ေသာ ေသာတာပတၱိမဂ္ ပဌမဈာန္ (၁)ပါး၊
၀ီစာရ၊ ပီတိ၊ သုခ၊ ဧကဂၢတာဟု ဆိုအပ္ေသာ ဈာန္အဂၤါ (၄)ပါးႏွင့္ တကြျဖစ္ေသာ ေသာတာပတၱိမဂ္ ဒုတိယဈာန္ (၁)ပါး၊ စသည္ျဖင့္ ဈာန္အဂၤါ (၅)မ်ိဳး ျပားေသာေၾကာင့္ ေသာတာပတၱိမဂ္သည္လည္း (၅)မ်ိဳး ျပားရေလသည္။
၀ီစာရ၊ ပီတိ၊ သုခ၊ ဧကဂၢတာဟု ဆိုအပ္ေသာ ဈာန္အဂၤါ (၄)ပါးႏွင့္ တကြျဖစ္ေသာ ေသာတာပတၱိမဂ္ ဒုတိယဈာန္ (၁)ပါး၊ စသည္ျဖင့္ ဈာန္အဂၤါ (၅)မ်ိဳး ျပားေသာေၾကာင့္ ေသာတာပတၱိမဂ္သည္လည္း (၅)မ်ိဳး ျပားရေလသည္။
ေသာတပတၱိမဂ္ကုသိုလ္သည္ ဈာန္အဂၤါအားျဖင့္ ငါးပါးျပားရသကဲ့သို႔ သကဒါဂါမိမဂ္ ၌လည္း ငါးပါးျပားရသည္။ ထို႔အတူ အနာဂါမိမဂ္၊ အရဟတၱမဂ္တို႔၌လည္း ငါးပါးစီျပားေလေသာေၾကာင့္ မဂ္ေလးပါးတို႔သည္ အက်ယ္အားျဖင့္ (၂၀) ျဖစ္ရေလသည္။ မဂ္ (၂၀) ျပားသကဲ့သို႔ အက်ိဳးျဖစ္ေသာ ဖိုလ္သည္လည္း ဈာန္အဂၤါအားျဖင့္ (၂၀) ျပားေလေသာေၾကာင့္ ေလာကုတၱရာ စိတ္သည္ အက်ယ္အားျဖင့္ (၄၀)ပါး ျဖစ္ရသည္။
ထိုသို႔ ေလာကုတၱရာစိတ္ အက်ယ္ (၄၀)ျပားေသာေၾကာင့္ ေလာကီစိတ္ (၈၁)ပါး ႏွင့္ ေလာကုတၱရာစိတ္ (၄၀) တို႔ကို ေပါင္းပါက စိတ္အက်ယ္ (၁၂၁)ပါး ျဖစ္၏။
--ေလာကုတၱရာ၌ ပဌမဈာန္ စသည္ ကြဲျပားပံု--
မဂ္ကို အားထုတ္ေသာ ေယာဂီ၏ သႏာၱန္၌ မဂ္ရခါနီး၀ယ္ ၀ု႒ာနဂါမိနီေခၚ ၀ိပသနာဥာဏ္ ျဖစ္ေပၚလာ၏။ ထို၀ိပသနာ၏ သတၱိအမ်ိဳးမ်ိဳးအလိုက္ အခ်ိဳ႔ေယာဂီ၌ ပဌမဈာန္ ေသာတပတၱိမဂ္ျဖစ္၍ အခ်ိဳ႔အခ်ိဳ၌ ဒုတိယဈာန္ ေသာတပတၱိမဂ္စသည္ ျဖစ္ေလေသာေၾကာင့္ ေလာကုတၱရာ၌ ပဌမဈာန္ စသည္ျဖင့္ ကြဲျပားသည္။

မွတ္ခ်က္။ ။ မဂ္ေၾကာင့္ ျဖစ္ေသာ ေလာကုတၱရာစိတ္အက်ယ္ (၂၀)တို႔တြင္ စတုတၳဈာန္အထိ ေရွ႕ဈာန္ (၄)ပါးကား သုခပါ၀င္ေလေသာေၾကာင့္ ေ၀ဒနာအားျဖင့္ ေသာမနသေ၀ဒနာ ျဖစ္သည္။ ပဥၥမဈာန္ တစ္ခုသာ ဥေပကၡာျဖစ္ေသာေၾကာင့္ မဂ္ေလးပါး၌ ေသာမနသ (၁၆)ပါး ရွိ၍ ဥေပကၡာ (၄)ပါးရွိသည္။ ထို႔အတူ ဖိုလ္စိတ္၌လည္း ေသာမနသ (၁၆)ပါး ဥေပကၡာ (၄)ပါး ရွိေလရကား ေလာကုတၱရာစိတ္၌ ေသာမနသ (၃၂)ပါး ရွိကာ ဥေပကၡာ (၈) ပါး ရွိသည္။
--ဈာန္ (၂) မ်ိဳး--
ဈာန္သည္ အာရမၼဏူပနိဇၥ်ာန၊ လကၡဏူပနိဇၥ်ာန ဟူ၍ ႏွစ္မ်ိဳးရွိသည္။ ထိုတြင္ မဟဂၢဳတ္ဈာန္ သမာပတ္သည္ ကသိုဏ္း စေသာ အာရံုကို စူးစိုက္စြာ ရႈတတ္ေသာေၾကာင့္ အာရမၼဏူပနိဇၥ်ာန မည္၏။ ၀ိပသနာသည္ အနိစၥ၊ ဒုကၡ၊ အနတၱလကၡဏာကို စူးစိုက္စြာ ရႈတတ္၏။ ၀ိပသနာ၏ စူးစိုက္စြာ ရႈျခင္းကိစၥသည္ မဂ္အခိုက္က်မွ ျပီးစီးေသာေၾကာင့္ မဂ္ကလည္း ထို လကၡဏာ မ်ားကို ရႈရာေရာက္၏။ ဖိုလ္တရားကား နိေရာဓသစၥာဟူေသာ နိဗၺာန္၏ တထလကၡဏာကို ရႈတတ္၏။ ထို႔ေၾကာင့္ ၀ိပသနာမဂ္ ဖိုလ္မ်ားသည္ လကၡဏူပနိဇၥ်ာနမည္၏။

-စိတ္ပိုင္းျပီး၏။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၅)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၅)
--စိတ် အကျယ် (၁၂၁) ပါး--
--လောကုတ္တရာစိတ်အကျယ် (၄၀) ဖြစ်ပုံ--
--ဈာန် (၅) ပါးဖြင့် မြှောက်ပုံ--
--လောကုတ္တရာစိတ်အကျယ် (၄၀) ဖြစ်ပုံ--
--ဈာန် (၅) ပါးဖြင့် မြှောက်ပုံ--
သောတပတ္တိမဂ် ကုသိုလ်တစ်ပါးတွင် ဝိတက်၊ ဝီစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာန်အင်္ဂါ (၅)ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ပဌမဈာန် (၁)ပါး၊
ဝီစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာန်အင်္ဂါ (၄)ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ဒုတိယဈာန် (၁)ပါး၊ စသည်ဖြင့် ဈာန်အင်္ဂါ (၅)မျိုး ပြားသောကြောင့် သောတာပတ္တိမဂ်သည်လည်း (၅)မျိုး ပြားရလေသည်။
ဝီစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာန်အင်္ဂါ (၄)ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ဒုတိယဈာန် (၁)ပါး၊ စသည်ဖြင့် ဈာန်အင်္ဂါ (၅)မျိုး ပြားသောကြောင့် သောတာပတ္တိမဂ်သည်လည်း (၅)မျိုး ပြားရလေသည်။
သောတပတ္တိမဂ်ကုသိုလ်သည် ဈာန်အင်္ဂါအားဖြင့် ငါးပါးပြားရသကဲ့သို့ သကဒါဂါမိမဂ် ၌လည်း ငါးပါးပြားရသည်။ ထို့အတူ အနာဂါမိမဂ်၊ အရဟတ္တမဂ်တို့၌လည်း ငါးပါးစီပြားလေသောကြောင့် မဂ်လေးပါးတို့သည် အကျယ်အားဖြင့် (၂၀) ဖြစ်ရလေသည်။ မဂ် (၂၀) ပြားသကဲ့သို့ အကျိုးဖြစ်သော ဖိုလ်သည်လည်း ဈာန်အင်္ဂါအားဖြင့် (၂၀) ပြားလေသောကြောင့် လောကုတ္တရာ စိတ်သည် အကျယ်အားဖြင့် (၄၀)ပါး ဖြစ်ရသည်။
ထိုသို့ လောကုတ္တရာစိတ် အကျယ် (၄၀)ပြားသောကြောင့် လောကီစိတ် (၈၁)ပါး နှင့် လောကုတ္တရာစိတ် (၄၀) တို့ကို ပေါင်းပါက စိတ်အကျယ် (၁၂၁)ပါး ဖြစ်၏။
--လောကုတ္တရာ၌ ပဌမဈာန် စသည် ကွဲပြားပုံ--
မဂ်ကို အားထုတ်သော ယောဂီ၏ သန္တာန်၌ မဂ်ရခါနီးဝယ် ဝုဋ္ဌာနဂါမိနီခေါ် ဝိပသနာဉာဏ် ဖြစ်ပေါ်လာ၏။ ထိုဝိပသနာ၏ သတ္တိအမျိုးမျိုးအလိုက် အချို့ယောဂီ၌ ပဌမဈာန် သောတပတ္တိမဂ်ဖြစ်၍ အချို့အချို၌ ဒုတိယဈာန် သောတပတ္တိမဂ်စသည် ဖြစ်လေသောကြောင့် လောကုတ္တရာ၌ ပဌမဈာန် စသည်ဖြင့် ကွဲပြားသည်။

မှတ်ချက်။ ။ မဂ်ကြောင့် ဖြစ်သော လောကုတ္တရာစိတ်အကျယ် (၂၀)တို့တွင် စတုတ္ထဈာန်အထိ ရှေ့ဈာန် (၄)ပါးကား သုခပါဝင်လေသောကြောင့် ဝေဒနာအားဖြင့် သောမနသဝေဒနာ ဖြစ်သည်။ ပဉ္စမဈာန် တစ်ခုသာ ဥပေက္ခာဖြစ်သောကြောင့် မဂ်လေးပါး၌ သောမနသ (၁၆)ပါး ရှိ၍ ဥပေက္ခာ (၄)ပါးရှိသည်။ ထို့အတူ ဖိုလ်စိတ်၌လည်း သောမနသ (၁၆)ပါး ဥပေက္ခာ (၄)ပါး ရှိလေရကား လောကုတ္တရာစိတ်၌ သောမနသ (၃၂)ပါး ရှိကာ ဥပေက္ခာ (၈) ပါး ရှိသည်။
--ဈာန် (၂) မျိုး--
ဈာန်သည် အာရမ္မဏူပနိဇ္ဈာန၊ လက္ခဏူပနိဇ္ဈာန ဟူ၍ နှစ်မျိုးရှိသည်။ ထိုတွင် မဟဂ္ဂုတ်ဈာန် သမာပတ်သည် ကသိုဏ်း စသော အာရုံကို စူးစိုက်စွာ ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာန မည်၏။ ဝိပသနာသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာကို စူးစိုက်စွာ ရှုတတ်၏။ ဝိပသနာ၏ စူးစိုက်စွာ ရှုခြင်းကိစ္စသည် မဂ်အခိုက်ကျမှ ပြီးစီးသောကြောင့် မဂ်ကလည်း ထို လက္ခဏာ များကို ရှုရာရောက်၏။ ဖိုလ်တရားကား နိရောဓသစ္စာဟူသော နိဗ္ဗာန်၏ တထလက္ခဏာကို ရှုတတ်၏။ ထို့ကြောင့် ဝိပသနာမဂ် ဖိုလ်များသည် လက္ခဏူပနိဇ္ဈာနမည်၏။

-စိတ်ပိုင်းပြီး၏။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment