Friday, October 28, 2016

ဒုကၡသစၥာ (ဒုက္ခသစ္စာ)

[Zawgyi]
ဒုကၡသစၥာ
ဒုကၡသစၥာ (ဆင္းရဲျခင္းအမွန္တရား) ဆိုသည္မွာ
၁။ ဘ၀အသစ္ ျဖစ္ရျခင္းေၾကာင့္ ဆင္းရဲျခင္း၊
၂။ အိုရျခင္းဆင္းရဲ၊
၃။ နာရျခင္းဆင္းရဲ၊
၄။ ေသရျခင္းဆင္းရဲ၊
စသည္တို႔အျပင္ စိုးရိမ္ပူေဆြးျခင္း၊ ငိုေၾကြးျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊ ျပင္းစြားပူပန္ျခင္းစေသာ ဆင္းရဲျခင္းအေပါင္းကို ေခၚဆိုျခင္း ျဖစ္ပါသည္။ ၄င္းအျပင္
၅။ မခ်စ္မႏွစ္သက္အပ္ေသာ ပုုဂၢိဳလ္အာရံုတို႔ႏွင့္ ေတြ႕ဆံုယွဥ္တဲြရျခင္းဆင္းရဲ၊
၆။ ခ်စ္ခင္ႏွစ္သက္အပ္ေသာ ပုဂၢိဳလ္အာရုံတို႔ႏွင့္ ကဲြကြာရျခင္းဆင္းရဲ၊
၇။ လိုခ်င္လ်က္ မရျခင္းဆင္းရဲ၊
၈။ အက်ဥ္းခ်ဳပ္အားျဖင့္ ငါ၊ ငါ့ဟာ စသည္ျဖင့္ စဲြလမ္းတတ္ေသာ ဥပါဒါနကၡႏၶာ (ခႏၶာငါးပါး)ကို ရရွိျခင္း ဆင္းရဲစေသာ ဆင္းရဲျခင္းမ်ဳိးအားလံုးကို ဒုကၡသစၥာဟု ေခၚဆိုပါသည္။
ေလာကီနယ္ပယ္ လူ တိရစာၦန္ စသည္တို႔၏ ဘ၀သက္တမ္း တေလွ်ာက္တြင္ သာယာေပ်ာ္ရႊင္မႈဟု ဆိုအပ္ေသာ ေလာကီခ်မ္းသာျခင္းမ်ားနွင္ ့ ေလာကီ စ်ာန္ခ်မ္းသာတို႔သည္ပင္ ဒုကၡ(ဆင္းရဲျခင္း) ဟူ၍ ဗုဒၶျမတ္စြာေဟာၾကားေတာ္မူခဲ့ေလသ ည္။
ဒုကၡသေဘာကို ၃-မ်ဳိး ခဲြျခား မွတ္သားႏိုင္သည္။
(၁)သာမန္ဆင္းရဲျခင္းသေဘာ ဒုကၡဒုကၡ၊
(၂)ေဖာက္ျပန္ပ်က္စီးမႈေၾကာင ့္ ျဖစ္ေပၚရေသာ ၀ိပရိဏာမဒုကၡ၊
(၃)ျပဳျပင္စီရင္ျခင္းခံရသည္ ့ သေဘာ သခၤါရဒုကၡ။
ေလာကတြင္ ေတြ႕ၾကံဳခံစားၾကရေသာ ပဋိသေႏၶေနရျခင္း၊ အိုရျခင္း၊ နာရျခင္း၊ ေသရျခင္း၊ မခ်စ္မႏွစ္သက္အပ္ေသာ သတၱ၀ါသခၤါရတို႔ႏွင့္ အတူတကြ ေပါင္းယွဥ္ရျခင္း၊ ခ်စ္ခင္ႏွစ္သက္အပ္ေသာ သတၱ၀ါသခၤါရတို႔ႏွင့္ ေကြကြင္းခဲြခြာရျခင္း၊ မိမိလိုအင္ဆႏၵ မျပည့္၀ျခင္း၊ စိုးရိမ္ပူေဆြးရျခင္း၊ ငိုေၾကြးရျခင္း၊ စိတ္ႏွလံုး မသာယာျခင္း သည့္ ကိုယ္စိတ္ႏွစ္ျဖာ ျငိဳျငင္ပင္ပန္းျခင္းတို႔သ ည္ သာမန္ဆင္းရဲျခင္း အနက္သေဘာရွိသာ ဒုကၡဒုကၡတြင္ အက်ံဳး၀င္ေလသည္။
သခၤါရဒုကၡကို နားလည္သေဘာေပါက္ရန္ သတၱ၀ါ, ပုဂၢိဳလ္, ငါ ဟူေသာ သေဘာတရားမ်ား၏ အရင္းအျမစ္ကို နားလည္ရန္ လိုအပ္ေပသည္။ သတၱ၀ါ ပုဂၢိဳလ္ ငါ ဆိုသည္မွာ အစဥ္အျမဲ ေျပာင္းလဲျဖစ္ပ်က္ေနေသာ ရုပ္နာမ္တို႔၏ အစုအေ၀း (ပဥၥဳပါဒါနကၡႏၶာ) သည္ ဒုကၡဆင္းရဲျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ သတၱ၀ါသည္ ခႏၶာငါးပါး၊ ခႏၶာငါးပါးသည္ ဒုကၡဆင္းရဲျခင္းျဖစ္သည္။
သတၱ၀ါ လူ ငါ ဟူေသာ ခႏၶာငါးပါးသည္ မတည္ျမဲ၊ အစဥ္ေဖာက္ျပန္ေျပာင္းလဲလ်က္ရွိ၏ ။ မတည္ျမဲသမွ်သည္ ဒုကၡဆင္းရဲျခင္းပင္ ျဖစ္သည္။
ဤဒုကၡသစၥာကို ေကာင္းစြာသေဘာေပါက္ နားလည္ရန္ အလြန္အေရးၾကီးပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဗုဒၡေဟာၾကားေတာ္မူသည့္အတုိ င္း ဒုကၡ ဆင္းရဲျခင္းကို ျမင္ေသာသူသည္ ဆင္းရဲျဖစ္ေပၚေၾကာင္းကိုလည ္း ျမင္၏။ ဆင္းရဲခ်ဳပ္ရာ (နိဗၺာန္) ကိုလည္း ျမင္၏။ ဆင္းရဲခ်ဳပ္ရာ (နိဗၺာန္) သို႔ သြားရာလမ္းေၾကာင္း ေရာက္ေၾကာင္း အက်င့္ကိုလည္း ျမင္၏။ ထိုသုိ႔ ျမင္ႏိုင္ေသာေၾကာင့္ ဒုကၡသစၥာကို ေကာင္းစြာ သေဘာေပါက္ နားလည္ရန္ အလြန္ အေရးၾကီးပါသည္။
Credit to ပုတ္ၾကီး

[Unicode]
ဒုက္ခသစ္စာ
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ
၁။ ဘဝအသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊
၂။ အိုရခြင်းဆင်းရဲ၊
၃။ နာရခြင်းဆင်းရဲ၊
၄။ သေရခြင်းဆင်းရဲ၊
စသည်တို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၎င်းအပြင်
၅။ မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊
၆။ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် ကွဲကွာရခြင်းဆင်းရဲ၊
၇။ လိုချင်လျက် မရခြင်းဆင်းရဲ၊
၈။ အကျဉ်းချုပ်အားဖြင့် ငါ၊ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။
လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘဝသက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့် လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသ ည်။
ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်။
(၁)သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂)ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ဝိပရိဏာမဒုက္ခ၊
(၃)ပြုပြင်စီရင်ခြင်းခံရသည့် သဘော သင်္ခါရဒုက္ခ။
လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သ ည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။
သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တဝါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ သတ္တဝါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တဝါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်။
သတ္တဝါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏ ။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်။
ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတို င်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည ်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် အရေးကြီးပါသည်။
Credit to ပုတ်ကြီး

No comments:

Post a Comment