[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၄၂)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
အလႈေရစက္ လက္နဲ႕မကြာတဲ့ ျမန္မာလူမ်ိဳးမ်ားအတြက္ ကုသိုလ္လို႔ေျပာလိုက္တာနဲ႕ စိတ္ထဲမွာ ဒါန=ေပးကမ္း လႈဒါန္းမွဳ၊ သီလ=ကိုလ္နဲ႕ႏႈတ္ကို ေစာင့္စည္း ထိမ္းသိမ္းမႈနဲ႕ ဘာဝနာ=စိတ္ျဖဴစင္ေအာင္ သမထ ေလာဘ ေဒါသ ေမာဟ တရားမ်ား ခဏတာမွ် ၿငိမ္သက္ေအာင္ အားထုတ္ျခင္းနဲ႕ ဝိပသနာ=ခႏၶာမွာ ျဖစ္ပ်က္ေနတဲ့ သေဘာတရားမ်ားကို ႐ုပ္နာမ္ကြဲလ်က္ အမွန္သိေအာင္ အားထုတ္ျခင္း ဆိုတာမ်ိဳး ေပၚလာမွာေသခ်ာပါတယ္။ ဗုဒၶဘာသာ မိသားစုမွ ေပါက္ဖြားလာတဲ့ ျမန္မာမ်ားအေနနဲ႕ ဒါန သီလ ဘာဝနာ ဆိုတာလဲ တကယ္ကို ေဆြမ်ိဳးရင္းခ်ာပမာ ရင္းႏွီးကြၽမ္းဝင္ေနၾကပါၿပီ။ ဒါနလုပ္မယ္ သီလေဆာက္တည္မယ္ ဘာဝနာပြားၾကမယ္ လိုသာ ေျပာလိုက္ လက္မေႏွး ကိုယ္နဲ႕ ေျပးၿပီး စိတ္နဲ႕ မေဝးေအာင္ လုပ္တတ္တာလဲ အက်င့္တစ္ခုလို ျဖစ္ေနျပန္ေရာ။

ရင္းႏွီးလာတဲ့ ေဆြမ်ိဳး မိတ္ေဆြမ်ားအေၾကာင္းကို ေသခ်ာေစငု မေလ့လာေတာ့ပဲ အလြယ္တကူလက္ခံကာ ေျပာတိုင္းလုပ္ ဆြယ္တိုင္းပါတဲ့ လူမ်ိဳဟာလည္း ျမန္မာလူမ်ိဳးမ်ားပဲ ျဖစ္ေနျပန္ပါတယ္။ လူတိုင္းမဟုတ္ေပမဲ့ လူအေတာ္မ်ားမ်ားလို႔ မွတ္ခ်က္ေပးရမလို ျဖစ္ေနပါၿပီ။ တကယ္ေတာ့ ဗုဒၶဘုရားရွင္ရဲ႕ ေကသမုတၱိသုတ္မွာ ေဟာထားတဲ့ သေဘာအတိုင္းသာဆိုရင္ ဘယ္ဟာကိုမွ အလြယ္တကူလက္မခံဖို႔ပါပဲ။ ဘုရားရွင္ရဲ႕ စကားေတာ္ကိုလဲ ခဏေလာက္ ၾကားေယာင္ၾကည့္လိုက္ပါဦး။ ငါဘုရားေဟာတယ္ဆိုၿပီးေတာ့လဲ လက္မခံဖို႔၊ ယုံၾကည္ရတဲ့ ဆရာ မိဘ ေျပာတယ္၊ အမ်ိဳးအဆက္ဆက္က လက္ခံယုံၾကည္လာတယ္၊ စာေပမွတ္တမ္းရွိတယ္ စတဲ့ သက္ေသရွိ႐ုံနဲ႕ လက္မခံဖို႔ တိုက္တြန္း ခဲ့ပါတယ္။
ေကသမုတၱိ႐ြာကို ေရာက္လာတဲ့ ဘာသာေရးဆိုင္ရာ ဆရာမ်ားရဲ႕ ငါ့အယူကိုသာ လက္ခံရမယ္၊ ငါတို႔အယူသာ မွန္တယ္ စတဲ့ ဆြယ္တရားမ်ားေၾကာင့္ ေ၀ဝါးေနတဲ့ ႐ြာသားမ်ားၾကားမွာ ဘယ္ဟာကိုမွ အလြယ္တကူ လက္မခံဖို႔ ေျပာလာတဲ့ ဘုရားရွင္ရဲ႕စကားဟာ တမူထူးျခား ကြဲျပားေနပါတယ္။ မွန္ကန္တဲ့ အရာကိုမွ လက္ခံလိုၾကတဲ့ လူသားမ်ားအတြက္ အမွန္ကို ရရွိ နိုင္ဖို႔ နည္းလမ္းဟာ ဘုရားရွင္ ၫြန္ၾကားထားတဲ့ အတိုင္း လိုက္နာက်င့္သုံး ၾကည့္ဖို႔ပါပဲ။

တရားဂုဏ္ေတာ္ေျခာက္ပါးထဲမွာ ပါဝင္လာတဲ့ သႏၵိ႒ိက-လက္ေတြ႕အက်ိဳးကို ရရွိေစတယ္၊ အကာလိက-အခ်ိန္မဆိုင္းပဲ အက်ိဳးေပးနိုင္တယ္ဆိုတဲ့ တရား အားထုတ္မႈနဲ႕ ပက္သက္ၿပီး မဂ္တရားေၾကာင့္ ရလာနိုင္တဲ့ လက္ေတြ႕အက်ိဳးနဲ႕ ပက္သက္တဲ့ ဂုဏ္ႏွစ္ပါးနဲ႕ ဧဟိပသိက-လက္ေတြ႕က်င့္ႀကံကာ စမ္းသပ္ဖို႔ အာမခံခ်က္ကလဲ ထူးျခားတဲ့ တရားရဲ႕ ဂုဏ္တစ္ခုအျဖစ္ ပါဝင္ ေနျပန္ပါတယ္။ လက္ေတြ႕က်င့္ႀကံၿပီးမွ အမွန္ကို ေတြ႕ရွိရမွာမို႔ အျမင္ကို အေျခခံမႈ-ဒသနိကေဗဒနဲ႕ အေတြးကို အေျခခံမႈ-တကၠေဗဒနဲ႕တင္ ေက်နပ္မေနဖို႔၊ အျငင္းပြားမေနၾကဖို႔ တိုက္တြန္းရင္း အမွန္အတြက္ အာမခံေပးခဲ့တာကလဲ တရားဂုဏ္ေတာ္မ်ားရဲ႕ ထူးျခားမႈပါပဲ။ ဘုရားရွင္ရဲ႕ ၫြန္ၾကားမႈနဲ႕ မွန္ကန္ၿပီး လက္ေတြ႕က်တဲ့ ကုသိုလ္မ်ားကို အက်ိဳးလိုလားသူမ်ားအေနနဲ႕ အက်ိဳးမ်ားေအာင္ ဘယ္လို လုပ္ရပါ့မလဲ၊ လုပ္နည္းကေရာ ဘာေတြလဲ စတဲ့ ေမးခြန္းမ်ားအတြက္ ဘဝေပါင္းမ်ားစြာ ေပးဆပ္ခဲ့ၿပီးမွ ကိုယ္တိုင္က်င့္ ကိုယ္တိုင္သိၿပီးေဟာခဲ့ နည္းလမ္းေပးခဲ့တဲ့ ဘုရားရွင္ရဲ႕ တရာေတာ္က အေျဖေပးသြားပါလိမ့္မယ္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဉာဏဝရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၂)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၂)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
အလှုရေစက် လက်နဲ့မကွာတဲ့ မြန်မာလူမျိုးများအတွက် ကုသိုလ်လို့ပြောလိုက်တာနဲ့ စိတ်ထဲမှာ ဒါန=ပေးကမ်း လှုဒါန်မှု၊ သီလ=ကိုလ်နဲ့နှုတ်ကို စောင့်စည်း ထိမ်းသိမ်းမှုနဲ့ ဘာဝနာ=စိတ်ဖြူစင်အောင် သမထ လောဘ ဒေါသ မောဟ တရားများ ခဏတာမျှ ငြိမ်သက်အောင် အားထုတ်ခြင်းနဲ့ ဝိပသနာ=ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ သဘောတရားများကို ရုပ်နာမ်ကွဲလျက် အမှန်သိအောင် အားထုတ်ခြင်း ဆိုတာမျိုး ပေါ်လာမှာသေချာပါတယ်။ ဗုဒ္ဓဘာသာ မိသားစုမှ ပေါက်ဖွားလာတဲ့ မြန်မာများအနေနဲ့ ဒါန သီလ ဘာဝနာ ဆိုတာလဲ တကယ်ကို ဆွေမျိုးရင်းချာပမာ ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ ဒါနလုပ်မယ် သီလဆောက်တည်မယ် ဘာဝနာပွားကြမယ် လိုသာ ပြောလိုက် လက်မနှေး ကိုယ်နဲ့ ပြေးပြီး စိတ်နဲ့ မဝေးအောင် လုပ်တတ်တာလဲ အကျင့်တစ်ခုလို ဖြစ်နေပြန်ရော။

ရင်းနှီးလာတဲ့ ဆွေမျိုး မိတ်ဆွေများအကြောင်းကို သေချာစေငု မလေ့လာတော့ပဲ အလွယ်တကူလက်ခံကာ ပြောတိုင်းလုပ် ဆွယ်တိုင်းပါတဲ့ လူမျိုဟာလည်း မြန်မာလူမျိုးများပဲ ဖြစ်နေပြန်ပါတယ်။ လူတိုင်းမဟုတ်ပေမဲ့ လူအတော်များများလို့ မှတ်ချက်ပေးရမလို ဖြစ်နေပါပြီ။ တကယ်တော့ ဗုဒ္ဓဘုရားရှင်ရဲ့ ကေသမုတ္တိသုတ်မှာ ဟောထားတဲ့ သဘောအတိုင်းသာဆိုရင် ဘယ်ဟာကိုမှ အလွယ်တကူလက်မခံဖို့ပါပဲ။ ဘုရားရှင်ရဲ့ စကားတော်ကိုလဲ ခဏလောက် ကြားယောင်ကြည့်လိုက်ပါဦး။ ငါဘုရားဟောတယ်ဆိုပြီးတော့လဲ လက်မခံဖို့၊ ယုံကြည်ရတဲ့ ဆရာ မိဘ ပြောတယ်၊ အမျိုးအဆက်ဆက်က လက်ခံယုံကြည်လာတယ်၊ စာပေမှတ်တမ်းရှိတယ် စတဲ့ သက်သေရှိရုံနဲ့ လက်မခံဖို့ တိုက်တွန်း ခဲ့ပါတယ်။
ကေသမုတ္တိရွာကို ရောက်လာတဲ့ ဘာသာရေးဆိုင်ရာ ဆရာများရဲ့ ငါ့အယူကိုသာ လက်ခံရမယ်၊ ငါတို့အယူသာ မှန်တယ် စတဲ့ ဆွယ်တရားများကြောင့် ဝေဝါးနေတဲ့ ရွာသားများကြားမှာ ဘယ်ဟာကိုမှ အလွယ်တကူ လက်မခံဖို့ ပြောလာတဲ့ ဘုရားရှင်ရဲ့စကားဟာ တမူထူးခြား ကွဲပြားနေပါတယ်။ မှန်ကန်တဲ့ အရာကိုမှ လက်ခံလိုကြတဲ့ လူသားများအတွက် အမှန်ကို ရရှိ နိုင်ဖို့ နည်းလမ်းဟာ ဘုရားရှင် ညွန်ကြားထားတဲ့ အတိုင်း လိုက်နာကျင့်သုံး ကြည့်ဖို့ပါပဲ။

တရားဂုဏ်တော်ခြောက်ပါးထဲမှာ ပါဝင်လာတဲ့ သန္ဒိဋ္ဌိက-လက်တွေ့အကျိုးကို ရရှိစေတယ်၊ အကာလိက-အချိန်မဆိုင်းပဲ အကျိုးပေးနိုင်တယ်ဆိုတဲ့ တရား အားထုတ်မှုနဲ့ ပက်သက်ပြီး မဂ်တရားကြောင့် ရလာနိုင်တဲ့ လက်တွေ့အကျိုးနဲ့ ပက်သက်တဲ့ ဂုဏ်နှစ်ပါးနဲ့ ဧဟိပသိက-လက်တွေ့ကျင့်ကြံကာ စမ်းသပ်ဖို့ အာမခံချက်ကလဲ ထူးခြားတဲ့ တရားရဲ့ ဂုဏ်တစ်ခုအဖြစ် ပါဝင် နေပြန်ပါတယ်။ လက်တွေ့ကျင့်ကြံပြီးမှ အမှန်ကို တွေ့ရှိရမှာမို့ အမြင်ကို အခြေခံမှု-ဒသနိကဗေဒနဲ့ အတွေးကို အခြေခံမှု-တက္ကဗေဒနဲ့တင် ကျေနပ်မနေဖို့၊ အငြင်းပွားမနေကြဖို့ တိုက်တွန်းရင်း အမှန်အတွက် အာမခံပေးခဲ့တာကလဲ တရားဂုဏ်တော်များရဲ့ ထူးခြားမှုပါပဲ။ ဘုရားရှင်ရဲ့ ညွန်ကြားမှုနဲ့ မှန်ကန်ပြီး လက်တွေ့ကျတဲ့ ကုသိုလ်များကို အကျိုးလိုလားသူများအနေနဲ့ အကျိုးများအောင် ဘယ်လို လုပ်ရပါ့မလဲ၊ လုပ်နည်းကရော ဘာတွေလဲ စတဲ့ မေးခွန်းများအတွက် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ပြီးမှ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိပြီးဟောခဲ့ နည်းလမ်းပေးခဲ့တဲ့ ဘုရားရှင်ရဲ့ တရာတော်က အဖြေပေးသွားပါလိမ့်မယ်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment