Friday, October 28, 2016

သမုဒယသစၥာ (၃) (သမုဒယသစ္စာ (၃))

[Zawgyi]
သမုဒယသစၥာ (၃)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
နီ၀ရဏ။ ။ ပိတ္ပင္တားျမစ္တတ္ေသာ တရားတို႔သည္ နီ၀ရဏ မည္၏။ သမုဒယ ေလာဘသည္ ပိတ္ပင္တတ္ေသာ နီ၀ရဏ ေျခာက္ပါးတြင္လည္း ပါ၀င္၏။ ေလာဘကို ကာမစၧႏၵနီ၀ရဏဟု ေခၚသည္။ နီ၀ရဏတို႔သည္ ကုသိုလ္တရားတို႔ကို ျဖစ္ခြင့္မရေအာင္ ပိတ္ပင္တားျမစ္ႏိုင္၏။ ကာမဂုဏ္၌ ေမြ႔ေလ်ာ္ကာ ေလာဘျဖစ္ေနလွ်င္ ကုသိုလ္ေကာင္းမႈ မျပဳလုပ္ႏိုင္ေပ။ ေပးလွဴဖို႔ၾကံလွ်င္ မလွဴျဖစ္ေအာင္ ေလာဘက ပိတ္ပင္တားျမစ္၏။ သီလ ေဆာက္တည္မည္၊ ဥပုသ္သီတင္း ေစာင့္သံုးမည္၊ တရားဘာ၀နာ အားထုတ္ေတာ့မည္ ဆိုလွ်င္ ကာမဂုဏ္မွ ႐ုန္းထြက္ရသည္။ ကာမဂုဏ္မွ မလြတ္ႏိုင္ မ႐ုန္းႏိုင္ျဖစ္ကာ ထိုထို ကုသိုလ္ အခြင့္အေရးမ်ား လက္လြတ္သြားေအာင္ ေလာဘက ေႏွာင့္ယွက္ တားျမစ္ႏိုင္သည္။ ကုသိုလ္ျဖစ္ခြင့္ ပိတ္ပင္တတ္ေသာ ေလာဘကို ကာမစၧႏၵနီ၀ရဏဟု ေခၚသည္။
ကိေလသာ။ ။ စိတ္ကို ပူေလာင္ ညစ္ႏြမ္းေစတတ္ေသာ တရားဆိုးမ်ားကို ကိေလသာဟု ေခၚသည္။ ပကတိအားျဖင့္ ျဖဴစင္ေနေသာ စိတ္ကို ကိေလသာ ဆယ္မ်ိဳးက ညစ္ပတ္ ေပက်ံသြားေအာင္ ဖ်က္ဆီး၏။ စိတ္အညစ္အေၾကး ကိေလသာတို႔တြင္လည္း ေလာဘ ပါ၀င္၏။ ၀တၳဳပစၥည္း အာ႐ံု တစ္မ်ိဳးမ်ိဳး မည္မွ် ေကာင္းျမတ္ေနပါေစ သတၱ၀ါတို႔၏ ေရွ႕ေမွာက္သို႔ အာ႐ံုအျဖစ္ ေရာက္မလာလွ်င္ လိုခ်င္တပ္မက္မႈ မရွိ။ ထိုသို႔ ႏွစ္သက္ တပ္မက္ျခင္း ကင္းေသာ စိတ္သည္ ျဖဴစင္သန္႔ရွင္း၏။ ၿငိမ္းခ်မ္းေအးျမ၏။ အာ႐ံုကို ေတြ႔ျမင္ တပ္မက္၍ ေလာဘ ျဖစ္သည္ႏွင့္ တစ္ၿပိဳင္နက္ စိတ္သည္ လႈပ္ရွားလာ၏။ ပူေလာင္ ညစ္ႏြမ္းလာရသည္။ ေလာဘစေသာ ကိေလသာတို႔သည္ အာ႐ံုႏွင့္ မေတြ႔ခင္ ၿငိမ္ေန၏။ မျဖစ္ျခင္းအားျဖင့္ ခ်ဳပ္ၿငိမ္းေန၏။ ထို႔ေၾကာင့္ “မျမင္ရရာ၊ ကိေလသာ၊ သူ႔ဟာသူၿငိမ္းသည္”ဟု ပညာရွိတို႔ မိန္႔ဆိုၾကသည္။ အာ႐ံုႏွင့္ေတြ႔လွ်င္ ထႂကြလာၿပီး စိတ္ကို ညစ္ႏြမ္းေစတတ္ေသာေၾကာင့္ ေလာဘကို ကိေလသာဟု ေခၚ၏။
နာယူသူတို႔ နားလည္ႏိုင္ေအာင္ ေလာဘကို အမည္အမ်ိဳးမ်ိဳး တပ္၍ ဘုရားရွင္ ေဟာၾကားေတာ္မူခဲ့ေသာ္လည္း တဏွာပပဥၥ၊ ကာမာသ၀၊ ဘ၀ါသ၀၊ ကာမုပါဒန္၊ ကာမစၧႏၵနီ၀ရဏ၊ ေလာဘကိေလသာ တို႔သည္ အဘိဓမၼာ တရားကိုယ္အားျဖင့္ ေလာဘေစတသိတ္သာ ျဖစ္ေပသည္။ အမည္နာမ မည္သို႔ မွည့္ေခၚထားသည္ ျဖစ္ေစ ဒုကၡ၏ အေၾကာင္းရင္း ျဖစ္ေသာ၊ သမုဒယသစၥာထိုက္ေသာ ေလာဘကို ပယ္သတ္ရေပမည္။ ဒုကၡ၏ အေၾကာင္းရင္းကို ပယ္သတ္ႏိုင္မွသာလွ်င္ အက်ိဳးဒုကၡပါ ခ်ဳပ္ၿငိမ္းၿပီး ခ်မ္းသာျခင္း အစစ္အမွန္ျဖစ္ေသာ နိဗၺာန္ကို သိျမင္ခံစား မ်က္ေမွာက္ ျပဳႏိုင္ေပလိမ့္မည္။
ဆက္ရန္-
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၃)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
နီဝရဏ။ ။ ပိတ်ပင်တားမြစ်တတ်သော တရားတို့သည် နီဝရဏ မည်၏။ သမုဒယ လောဘသည် ပိတ်ပင်တတ်သော နီဝရဏ ခြောက်ပါးတွင်လည်း ပါဝင်၏။ လောဘကို ကာမစ္ဆန္ဒနီဝရဏဟု ခေါ်သည်။ နီဝရဏတို့သည် ကုသိုလ်တရားတို့ကို ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်နိုင်၏။ ကာမဂုဏ်၌ မွေ့လျော်ကာ လောဘဖြစ်နေလျှင် ကုသိုလ်ကောင်းမှု မပြုလုပ်နိုင်ပေ။ ပေးလှူဖို့ကြံလျှင် မလှူဖြစ်အောင် လောဘက ပိတ်ပင်တားမြစ်၏။ သီလ ဆောက်တည်မည်၊ ဥပုသ်သီတင်း စောင့်သုံးမည်၊ တရားဘာဝနာ အားထုတ်တော့မည် ဆိုလျှင် ကာမဂုဏ်မှ ရုန်းထွက်ရသည်။ ကာမဂုဏ်မှ မလွတ်နိုင် မရုန်းနိုင်ဖြစ်ကာ ထိုထို ကုသိုလ် အခွင့်အရေးများ လက်လွတ်သွားအောင် လောဘက နှောင့်ယှက် တားမြစ်နိုင်သည်။ ကုသိုလ်ဖြစ်ခွင့် ပိတ်ပင်တတ်သော လောဘကို ကာမစ္ဆန္ဒနီဝရဏဟု ခေါ်သည်။
ကိလေသာ။ ။ စိတ်ကို ပူလောင် ညစ်နွမ်းစေတတ်သော တရားဆိုးများကို ကိလေသာဟု ခေါ်သည်။ ပကတိအားဖြင့် ဖြူစင်နေသော စိတ်ကို ကိလေသာ ဆယ်မျိုးက ညစ်ပတ် ပေကျံသွားအောင် ဖျက်ဆီး၏။ စိတ်အညစ်အကြေး ကိလေသာတို့တွင်လည်း လောဘ ပါဝင်၏။ ဝတ္ထုပစ္စည်း အာရုံ တစ်မျိုးမျိုး မည်မျှ ကောင်းမြတ်နေပါစေ သတ္တဝါတို့၏ ရှေ့မှောက်သို့ အာရုံအဖြစ် ရောက်မလာလျှင် လိုချင်တပ်မက်မှု မရှိ။ ထိုသို့ နှစ်သက် တပ်မက်ခြင်း ကင်းသော စိတ်သည် ဖြူစင်သန့်ရှင်း၏။ ငြိမ်းချမ်းအေးမြ၏။ အာရုံကို တွေ့မြင် တပ်မက်၍ လောဘ ဖြစ်သည်နှင့် တစ်ပြိုင်နက် စိတ်သည် လှုပ်ရှားလာ၏။ ပူလောင် ညစ်နွမ်းလာရသည်။ လောဘစသော ကိလေသာတို့သည် အာရုံနှင့် မတွေ့ခင် ငြိမ်နေ၏။ မဖြစ်ခြင်းအားဖြင့် ချုပ်ငြိမ်းနေ၏။ ထို့ကြောင့် “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူငြိမ်းသည်”ဟု ပညာရှိတို့ မိန့်ဆိုကြသည်။ အာရုံနှင့်တွေ့လျှင် ထကြွလာပြီး စိတ်ကို ညစ်နွမ်းစေတတ်သောကြောင့် လောဘကို ကိလေသာဟု ခေါ်၏။
နာယူသူတို့ နားလည်နိုင်အောင် လောဘကို အမည်အမျိုးမျိုး တပ်၍ ဘုရားရှင် ဟောကြားတော်မူခဲ့သော်လည်း တဏှာပပဉ္စ၊ ကာမာသဝ၊ ဘဝါသဝ၊ ကာမုပါဒန်၊ ကာမစ္ဆန္ဒနီဝရဏ၊ လောဘကိလေသာ တို့သည် အဘိဓမ္မာ တရားကိုယ်အားဖြင့် လောဘစေတသိတ်သာ ဖြစ်ပေသည်။ အမည်နာမ မည်သို့ မှည့်ခေါ်ထားသည် ဖြစ်စေ ဒုက္ခ၏ အကြောင်းရင်း ဖြစ်သော၊ သမုဒယသစ္စာထိုက်သော လောဘကို ပယ်သတ်ရပေမည်။ ဒုက္ခ၏ အကြောင်းရင်းကို ပယ်သတ်နိုင်မှသာလျှင် အကျိုးဒုက္ခပါ ချုပ်ငြိမ်းပြီး ချမ်းသာခြင်း အစစ်အမှန်ဖြစ်သော နိဗ္ဗာန်ကို သိမြင်ခံစား မျက်မှောက် ပြုနိုင်ပေလိမ့်မည်။
ဆက်ရန်-
Credit to: ဓမ္မစာပေများ

No comments:

Post a Comment