[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၄၃)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
(အဆက္)
ဒါနကို ေပးကမ္းလွဴဒါန္းျဖင္း၊ ေကၽြးေမြးျခင္း စသည္ျဖင့္ အဓိပၸါယ္ ဖြင့္ဆိုႏိုင္ပါတယ္။ ဘယ္သူ႔ကို ေပးေပး ဘယ္သတၱ၀ါကိုေကၽြးကၽြး ဒါကို ဒါနလို႕ပဲ ေခၚရပါတယ္။ ဒါေပမယ့္ ဒါနဆိုတဲ့ စကားတူရံုနဲ႔ ေပးတဲ့ အက်ိဳးခ်င္း တူမယ္လို႔ေတာ့ မထင္လိုက္ပါနဲ႕။ ဒါနရဲ႕ အလုပ္က ကိုယ္လုပ္တုန္းက သူမ်ားကိုေပးမွ ဒါနျဖစ္သလို ဒါနက အက်ိဳးအေနနဲ႔ ျပန္ေပးတဲ့ အခ်ိန္မ်ာလဲ ပစၥည္း အသံုးအေဆာင္ ျပန္ေပးဖို႔ေလာက္ပဲ တာ၀န္ယူပါတယ္။ ဆိုလိုတာက ဗာဟိရ ခႏၶာကိုယ္ျပင္ပမွာ သံုးရမဲ့ပစၥည္းရေအာင္ လုပ္ေပးမယ္ေျပာတာပါ။ ဥပမာ အစားအေသာက္ေပါမ်ားတာ၊ အ၀တ္အစားမ်ားကိုလဲ ေခတ္မီမီ သံုးႏိုင္တာ ေနစရာအေနနဲ႔လဲ ျခံက်ယ္ တိုက္ေကာင္း ကားအသစ္မ်ားနဲ႔ ေနရျခင္းမ်ိဳးေပါ့။ ဘ၀ေကာင္းေကာင္းေလးနဲ႔ အက်ိဳးေကာင္းေကာင္း ခံစားရဖို႔ဆိုရင္ လုပ္တဲ့ဒါနဟာလဲ တိက်ဖို႔ လိုအပ္လာပါတယ္။ တနည္းေျပာရမယ္ဆိုရင္ သုခါယ - ခ်မ္းသာကို ေကာင္းေကာင္း စံစားခ်င္တယ္ဆိုရင္ အေျခအေနေကာင္းမ်ားကို ဖန္တီးထားဖို႔ပါပဲ။ ျပီးေတာ့ အသိဥာဏ္နဲ႔ ယွဥ္ျပီး ျဖစ္ေပၚလာတဲ့ ေစတနာကို ဒါနေခၚေၾကာင္းပါ ထပ္ေလာင္း အသိေပးထားပါေသးတယ္။
အဘိဓမၼာတရားေတာ္အရ ဒါနလုပ္တဲ့ေနရာမွာ ဒါနအရွင္ (ဒါနပတိ) မ်ားအေနနဲ႔ ျပည့္စံုရမဲ့ အခ်က္မ်ားကို တိတိက်က် ညြန္ၾကားျပသထားပါတယ္။ ဒါကလဲ ဒါနအရွင္မ်ားကို လုပ္တဲ့ အတိုင္း ေကာင္းတဲ့အက်ိဳးမ်ားကို အေကာင္းစားရေစခ်င္လို႔ပါပဲ။ ဒါန - ေပးကမ္းလွဴဒါန္း ေကၽြးေမြးေတာ့မဲ့ ဒါနအရွင္ တစ္ေယာက္အေနနဲ႔ (၁) စိတ္ပါ၀င္စားမႈ၊ ၀မ္းသာၾကည္ႏူးမႈ၊ ေက်နပ္သေဘာက်မႈ ရွိဖို႔လိုအပ္ပါတယ္။ ဒီစိတ္အေျခအေနက ဘ၀မွာ အက်ိဳးကိုေပးေတာ့မယ္ ဆိုရင္ စိတ္ဆင္းရဲျပီး ဒါနအက်ိဳးကို ခံစားရတာမ်ိဳးမရွိေအာင္ လုပ္တုိင္းရလို႔ ဘ၀မွာ ေက်နပ္မႈရေအာင္ လုပ္ေပးမွာပါပဲ။
စိတ္မပါ တပါ ဒါနလုပ္ခဲ့မယ္ဆိုရင္ေတာ့ အက်ိဳးရေအာင္၊ ဘ၀မွာ ခ်မ္းသာေအာင္ ၾကိဳးစားတာဟာ ဘယ္ေတာ့မွ အလြယ္တကူ မရႏိုင္ေတာ့ပါဘူး။ ေလပူကိူရႈ အပူနဲ႔ အတူ ဘ၀က ကူမွ လူစဥ္မီ ဆိုတဲ့ လူ႔ခ်မ္းသာကို ရမွာပါ။ စိတ္ပါ၀င္စားစြာ ဒါနလုပ္ခဲ့တဲ့ လူတစ္ေယာက္အတြက္ မေမြးခင္ကတည္းက စိတ္ခ်မ္းသာမႈေတြကို ဖန္တီးေပးရတာပါ။ မိဘက ဆင္းရဲေနတယ္ဆိုရင္ေတာင္ ဒါနရွင္ေလး အေမရဲ႕ ၀မ္းၾကာတိုက္မွာ ကိန္းလာျပီဆိုတာနဲ႔ ဆင္းရဳဲသူမိဘမ်ားမွာ စီးပြားတတ္တာ ထီေပါက္တာစတဲ့ ခ်မ္းသာရာလမ္ေၾကာင္းမ်ား အလိုလို ေပၚလာျခင္းပါပဲ။ ဒါဟာ စိတ္ပါ၀င္စားစြာ လုပ္ခဲ့တဲ့ ဒါနရဲ႕ အစြမ္းေၾကာင့္ပါ။ မေမြးခင္ကတည္းက ဘ၀မွာ အဆင္သင့္ျဖစ္ေနခ်င္တယ္၊ ခ်မ္းသာမႈက ေစာင့္ေနတာကို လက္ခံခ်င္တယ္ဆိုရင္ ဒါနကို စိတ္ပါလက္ပါလုပ္ထားဖို႔ပဲ လိုတာပါ။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၃)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၃)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
(အဆက်)
ဒါနကို ပေးကမ်းလှူဒါန်းဖြင်း၊ ကျွေးမွေးခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဘယ်သူ့ကို ပေးပေး ဘယ်သတ္တဝါကိုကျွေးကျွး ဒါကို ဒါနလို့ပဲ ခေါ်ရပါတယ်။ ဒါပေမယ့် ဒါနဆိုတဲ့ စကားတူရုံနဲ့ ပေးတဲ့ အကျိုးချင်း တူမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဒါနရဲ့ အလုပ်က ကိုယ်လုပ်တုန်းက သူများကိုပေးမှ ဒါနဖြစ်သလို ဒါနက အကျိုးအနေနဲ့ ပြန်ပေးတဲ့ အချိန်မျာလဲ ပစ္စည်း အသုံးအဆောင် ပြန်ပေးဖို့လောက်ပဲ တာဝန်ယူပါတယ်။ ဆိုလိုတာက ဗာဟိရ ခန္ဓာကိုယ်ပြင်ပမှာ သုံးရမဲ့ပစ္စည်းရအောင် လုပ်ပေးမယ်ပြောတာပါ။ ဥပမာ အစားအသောက်ပေါများတာ၊ အဝတ်အစားများကိုလဲ ခေတ်မီမီ သုံးနိုင်တာ နေစရာအနေနဲ့လဲ ခြံကျယ် တိုက်ကောင်း ကားအသစ်များနဲ့ နေရခြင်းမျိုးပေါ့။ ဘဝကောင်းကောင်းလေးနဲ့ အကျိုးကောင်းကောင်း ခံစားရဖို့ဆိုရင် လုပ်တဲ့ဒါနဟာလဲ တိကျဖို့ လိုအပ်လာပါတယ်။ တနည်းပြောရမယ်ဆိုရင် သုခါယ - ချမ်းသာကို ကောင်းကောင်း စံစားချင်တယ်ဆိုရင် အခြေအနေကောင်းများကို ဖန်တီးထားဖို့ပါပဲ။ ပြီးတော့ အသိဉာဏ်နဲ့ ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စေတနာကို ဒါနခေါ်ကြောင်းပါ ထပ်လောင်း အသိပေးထားပါသေးတယ်။
အဘိဓမ္မာတရားတော်အရ ဒါနလုပ်တဲ့နေရာမှာ ဒါနအရှင် (ဒါနပတိ) များအနေနဲ့ ပြည့်စုံရမဲ့ အချက်များကို တိတိကျကျ ညွန်ကြားပြသထားပါတယ်။ ဒါကလဲ ဒါနအရှင်များကို လုပ်တဲ့ အတိုင်း ကောင်းတဲ့အကျိုးများကို အကောင်းစားရစေချင်လို့ပါပဲ။ ဒါန - ပေးကမ်းလှူဒါန်း ကျွေးမွေးတော့မဲ့ ဒါနအရှင် တစ်ယောက်အနေနဲ့ (၁) စိတ်ပါဝင်စားမှု၊ ဝမ်းသာကြည်နူးမှု၊ ကျေနပ်သဘောကျမှု ရှိဖို့လိုအပ်ပါတယ်။ ဒီစိတ်အခြေအနေက ဘဝမှာ အကျိုးကိုပေးတော့မယ် ဆိုရင် စိတ်ဆင်းရဲပြီး ဒါနအကျိုးကို ခံစားရတာမျိုးမရှိအောင် လုပ်တိုင်းရလို့ အဝမှာ ကျေနပ်မှုရအောင် လုပ်ပေးမှာပါပဲ။
စိတ်မပါ တပါ ဒါနလုပ်ခဲ့မယ်ဆိုရင်တော့ အကျိုးရအောင်၊ ဘဝမှာ ချမ်းသာအောင် ကြိုးစားတာဟာ ဘယ်တော့မှ အလွယ်တကူ မရနိုင်တော့ပါဘူး။ လေပူကိူရှု အပူနဲ့ အတူ ဘဝက ကူမှ လူစဉ်မီ ဆိုတဲ့ လူ့ချမ်းသာကို ရမှာပါ။ စိတ်ပါဝင်စားစွာ ဒါနလုပ်ခဲ့တဲ့ လူတစ်ယောက်အတွက် မမွေးခင်ကတည်းက စိတ်ချမ်းသာမှုတွေကို ဖန်တီးပေးရတာပါ။ မိဘက ဆင်းရဲနေတယ်ဆိုရင်တောင် ဒါနရှင်လေး အမေရဲ့ ဝမ်းကြာတိုက်မှာ ကိန်းလာပြီဆိုတာနဲ့ ဆင်းရုဲသူမိဘများမှာ စီးပွားတတ်တာ ထီပေါက်တာစတဲ့ ချမ်းသာရာလမ်ကြောင်းများ အလိုလို ပေါ်လာခြင်းပါပဲ။ ဒါဟာ စိတ်ပါဝင်စားစွာ လုပ်ခဲ့တဲ့ ဒါနရဲ့ အစွမ်းကြောင့်ပါ။ မမွေးခင်ကတည်းက ဘဝမှာ အဆင်သင့်ဖြစ်နေချင်တယ်၊ ချမ်းသာမှုက စောင့်နေတာကို လက်ခံချင်တယ်ဆိုရင် ဒါနကို စိတ်ပါလက်ပါလုပ်ထားဖို့ပဲ လိုတာပါ။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment