Friday, October 28, 2016

လူစင္မမွီသူ ၁၀ မ်ိဳး (လူစင်မမှီသူ ၁၀ မျိုး )

[Zawgyi]
ဗုဒၶျမတ္စြာ ဘုရားေဟာၾကားေသာ လူစင္မမွီသူ ၁၀ မ်ိဳး (လူ႔ဘံုမွ သုဂတိအဟိတ္ပုဂၢိဳလ္ ၁၀မ်ိဳး)
၁။ ဇစၥႏၶ = ပဋိသေႏၶအားျဖင့္ ကန္းသူ။ (စကၡဳပသာဒ ခ်ိဳ႕ေသာသူ)
၂။ ဇစၥဗဓိရ = ပဋိသေႏၶအားျဖင့္ နားထုိင္းသူ။ (ေသာတပသာဒ ခ်ိဳ႕သူ)
၃။ ဇစၥယာန = ပဋိသေႏၶအားျဖင့္ အန႔ံမသိသူ။ (ဃနပသာဒ ခ်ိဳ႕သူ)
၄။ ဇစၥမူဂ = ပဋိသေႏၶအားျဖင့္ စကားမပီဘဲ၊ ထစ္ထစ္အအျဖစ္သူ။
၅။ ဇစၥဧဌ = ပဋိသေႏၶအားျဖင့္ ထိုင္းမွိုင္းဖ်င္းအသူ။
၆။ ဇစၥဳမၼတၱက = ပဋိသေႏၶအားျဖင့္ ရူးနမ္းသူ။
၇။ ပ႑က = ယုတ္ညံ႔ေသာအမွုမ်ိဳးကို ျပဳလုပ္မွ ကာမဂုဏ္ခံစားႏိုင္သူ။
၈။ ဥဘေတာဗ်ဥၨနက = မိန္းမတစ္လွည့္၊ ေယာကၤ်ားတစ္လွည့္ျဖစ္သူ။
၉။ နပံုသက = (နပံုပ႑ဳတ္) မိန္းမအဂၤါလည္းမထင္ရွား၊ ေယာကၤ်ားအဂၤါလည္း
မထင္းရွားသူ။
၁၀။ မမၼ = မန္းစြဲသူ၊ စကားေျပာလွ်င္ အမွ်င္မျပတ္ဘဲ တရြတ္ဆြဲျပီး ေျပာရသူ။
လူစင္မမွီဟု မေခၚဆိုထုိက္သူမ်ား
စကၡဳပသာဒရုပ္ျဖစ္ျပီးမွ (ပိုးေကာင္ကိုက္ျခင္း၊ ဓါတ္သဘာဝ မညီညြတ္ျခင္း)စေသာ တစ္စံုတစ္ခုေသာ ေဘးရန္ေၾကာင့္ ပ်က္စီးသူမ်ားကို ဇစၥႏၶ (သေႏၶကန္း) ဟု မေခၚဆိုအပ္ပါ။ စကၡဳမပါဘဲ ေမြးဖြားလာေသာ္လည္း စက္မွု၊ လက္မွု၊ ႏွုတ္မွု စေသာ အတတ္ပညာကို ကြ်မ္းက်င္ တတ္ေျမာက္သျဖင့္ ဒြိဟိတ္၊ တိဟိတ္ ပုဂၢိဳလ္မ်ိဳးျဖစ္သည္။
ယင္း ၁၀မ်ိဳးတို႔သည္ ကံအေၾကာင္းလွသည္ႏွင့္တိုက္ဆိုင္၍ လူျဖစ္ေသာ္ျငားလည္း ပဋိသေႏၶစိတ္ ညံ့သြားေသာေၾကာင့္ လူစဥ္မမွီဘဝသို႔ ေရာက္ရွိၾကသည္။ ပဋိသေႏၶစိတ္ဟူသည္ ဘဝေဟာင္းအျပတ္တြင္ ဘဝေဟာင္းႏွင့္ ဘဝသစ္ ဆက္စပ္ေပးေသာ စိတ္ကိုဆိုလိုသည္။ မိမိျပဳခဲ့ေသာ ကံအားေလ်ာ္စြာ ထိုထိုဘဝတို႔၌ စိတ္၊ေစတသိတ္ ႏွင့္ ကမၼဇရုပ္မ်ား၏ အစဦးဆံုးျဖစ္သည္ကို ပဋိသေႏၶေနျခင္းဟု ေခၚဆုိသည္။
ပဋိသေႏၶ ၄မ်ိဳးရွိသည္။
အပါယ္ပဋိသေႏၶ၊ ကာမသုဂတိပဋိသေႏၶ၊ ရူပပဋိသေႏၶ၊ အရူပ ပဋိသေႏၶ တို႔ျဖစ္သည္။ (အက်ယ္တစ္ပြင့္သိလိုလွ်င္ ေမးျမန္းႏိုင္ပါသည္။)
လူျဖစ္ရျခင္းသည္ ကာမသုဂတိပဋိသေႏၶျဖစ္ျပီး ၉မ်ိဳးထပ္ခြဲရာ လူစဥ္မမွီရျခင္းသည္ ဟိတ္တရားမယွဥ္ေသာ ဝိပါက္စိတ္ျဖင့္ ပဋိသေႏၶေနျခင္းျဖစ္သည္။
ဟိတ္တရားေျခာက္ပါး ျဖစ္သည့္ (ေလာဘ၊ေဒါသ၊ေမာဟ၊ အေလာဘ၊အေဒါသ၊ အေမာဟ)တရားတို႔ကိုဆိုလိုသည္။
လူစဥ္မမွီျခင္းသည္ ထုိဟိတ္မ်ားမွ တစ္ပါးပါး (သို႔မဟုတ္) အားလံုးခ်ိဳ႕ေနျခင္းျဖစ္သည္။ လူမွန္လွ်င္ ေလာဘ (အာရံုကိုေတာင့္တျခင္း)၊ ေဒါသ (စိတ္၏ခက္ထန္မွုသေဘာ)၊ ေမာဟ (အာရံု၏သေဘာအမွန္ကိုဖံုးကြယ္မွုသေဘာ) ႏွင့္ ၄င္းတို႔ဆန္႔က်င့္ဘက္ အေလာဘ (အာရံုကို မေတာင့္တျခင္းသေဘာ)၊ အေဒါသ (အာရံုကို မစြဲလမ္းျခင္းသေဘာ)၊ အေမာဟ (အာရံု၏ သေဘာအမွန္ကို သိရွိျခင္းသေဘာ) စသည္တို႔ႏွင့္ ယွဥ္ရေပသည္။
ထို႔ေၾကာင့္ လူအမ်ိဳးအစားထပ္ခြဲျပန္သည္။ တိဟိတ္ပုဂၢိဳလ္ႏွင့္၊ ဒြိဟိတ္ ပုဂၢိဳလ္
တိဟိတ္ပုဂၢိဳလ္သည္ အေလာဘ၊ အေဒါသ၊ အေမာဟ တို႔ပါယွသ္ေသာ္ျငားလည္း
ဒြိဟိတ္တြင္ အေမာဟ ဟူေသာ ဟိတ္တစ္ပါးမပါေပ။ သို႔ေသာ္ ဒြိဟိတ္ပုဂၢိဳလ္သည္ လူစဥ္မွီသည္။ လူစဥ္မွီေသာ္ျငားလည္း ထုိကဲ့သို႔လူမ်ိဳး နိဗၺာန္ေရာက္ေၾကာင္းတရားမ်ား မရႏုိင္ေပ။ မၾကိဳးစား ႏိုင္ေပ။ ေလာကီပိုင္းဆုိင္ရာ အတတ္ပညာမ်ားတြင္ ထူးခြ်န္ေကာင္းထူးခြ်န္ေခ်လိမ့္မည္။ ေလာကုတၱရာပိုင္း အားမထုတ္ႏိုင္ေခ်။ (ဥပမာ- တရားက်င့္ၾကံရန္ အမ်ားတိုက္တြန္းေသာေၾကာင့္ က်င့္ၾကံေသာ္ျငားလည္း တရားမရႏိုင္သည့္ ပုဂၢိဳလ္မ်ိဳး)
အႏွစ္ခ်ဳပ္အားျဖင့္ သာမန္လူတစ္ေယာက္အား အမ်ိဳးယုတ္သည္၊ အမ်ိဳးညံ႔သည္။ လူစဥ္မွီသည္၊ မမွီသည္ကို အမ်ားသေဘာအရ မဆံုးျဖတ္အပ္ေခ်။ ဥပမာ- လူ.ကိုယ္ခႏၶာတြင္ အေမႊးမေပါက္ေသာသူအား အမ်ိဳးယုတ္သည္ဟု မဆိုအပ္ေပ။ ၄င္းမွာယြင္းေနေသာအယူအဆ ျဖစ္သည္။ အမ်ိဳးယုတ္သည္ ဟူျခင္းသည္ အမ်ိဳးည႔ံသည္ (လူမ်ိဳးည႔ံသည္) ကိုဆိုျခင္းျဖစ္ရာ လူစဥ္မွီသူ၊ မမွီသူ၊ ဒြိဟိတ္ျဖစ္၊ တိဟိတ္ျဖစ္တို႔ျဖင့္လည္း ေထာက္ျပရွင္းလင္းႏိုင္ပါသည္။
သတၱဝါအေပါင္းကိုယ္စိတ္ႏွစ္ျဖာရႊင္လမ္းက်န္းမာသုခအေပါင္းႏွင့္ ျပည့္စံုၾကပါေစ။
Credit to Aung Kham, ‎Myanmar Young Buddhist

[Unicode]
ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားသော လူစင်မမှီသူ ၁၀ မျိုး (လူ့ဘုံမှ သုဂတိအဟိတ်ပုဂ္ဂိုလ် ၁၀မျိုး)
၁။ ဇစ္စန္ဓ = ပဋိသန္ဓေအားဖြင့် ကန်းသူ။ (စက္ခုပသာဒ ချို့သောသူ)
၂။ ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ။ (သောတပသာဒ ချို့သူ)
၃။ ဇစ္စယာန = ပဋိသန္ဓေအားဖြင့် အန့ံမသိသူ။ (ဃနပသာဒ ချို့သူ)
၄။ ဇစ္စမူဂ = ပဋိသန္ဓေအားဖြင့် စကားမပီဘဲ၊ ထစ်ထစ်အအဖြစ်သူ။
၅။ ဇစ္စဧဌ = ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းဖျင်းအသူ။
၆။ ဇစ္စုမ္မတ္တက = ပဋိသန္ဓေအားဖြင့် ရူးနမ်းသူ။
၇။ ပဏ္ဍက = ယုတ်ညံ့သောအမှုမျိုးကို ပြုလုပ်မှ ကာမဂုဏ်ခံစားနိုင်သူ။
၈။ ဥဘတောဗျဥ္ဇနက = မိန်းမတစ်လှည့်၊ ယောင်္ကျားတစ်လှည့်ဖြစ်သူ။
၉။ နပုံသက = (နပုံပဏ္ဍုတ်) မိန်းမအင်္ဂါလည်းမထင်ရှား၊ ယောင်္ကျားအင်္ဂါလည်း
မထင်းရှားသူ။
၁၀။ မမ္မ = မန်းစွဲသူ၊ စကားပြောလျှင် အမျှင်မပြတ်ဘဲ တရွတ်ဆွဲပြီး ပြောရသူ။
လူစင်မမှီဟု မခေါ်ဆိုထိုက်သူများ
စက္ခုပသာဒရုပ်ဖြစ်ပြီးမှ (ပိုးကောင်ကိုက်ခြင်း၊ ဓါတ်သဘာဝ မညီညွတ်ခြင်း)စသော တစ်စုံတစ်ခုသော ဘေးရန်ကြောင့် ပျက်စီးသူများကို ဇစ္စန္ဓ (သန္ဓေကန်း) ဟု မခေါ်ဆိုအပ်ပါ။ စက္ခုမပါဘဲ မွေးဖွားလာသော်လည်း စက်မှု၊ လက်မှု၊ နှုတ်မှု စသော အတတ်ပညာကို ကျွမ်းကျင် တတ်မြောက်သဖြင့် ဒွိဟိတ်၊ တိဟိတ် ပုဂ္ဂိုလ်မျိုးဖြစ်သည်။
ယင်း ၁၀မျိုးတို့သည် ကံအကြောင်းလှသည်နှင့်တိုက်ဆိုင်၍ လူဖြစ်သော်ငြားလည်း ပဋိသန္ဓေစိတ် ညံ့သွားသောကြောင့် လူစဉ်မမှီဘဝသို့ ရောက်ရှိကြသည်။ ပဋိသန္ဓေစိတ်ဟူသည် ဘဝဟောင်းအပြတ်တွင် ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ပေးသော စိတ်ကိုဆိုလိုသည်။ မိမိပြုခဲ့သော ကံအားလျော်စွာ ထိုထိုဘဝတို့၌ စိတ်၊စေတသိတ် နှင့် ကမ္မဇရုပ်များ၏ အစဦးဆုံးဖြစ်သည်ကို ပဋိသန္ဓေနေခြင်းဟု ခေါ်ဆိုသည်။
ပဋိသန္ဓေ ၄မျိုးရှိသည်။
အပါယ်ပဋိသန္ဓေ၊ ကာမသုဂတိပဋိသန္ဓေ၊ ရူပပဋိသန္ဓေ၊ အရူပ ပဋိသန္ဓေ တို့ဖြစ်သည်။ (အကျယ်တစ်ပွင့်သိလိုလျှင် မေးမြန်းနိုင်ပါသည်။)
လူဖြစ်ရခြင်းသည် ကာမသုဂတိပဋိသန္ဓေဖြစ်ပြီး ၉မျိုးထပ်ခွဲရာ လူစဉ်မမှီရခြင်းသည် ဟိတ်တရားမယှဉ်သော ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခြင်းဖြစ်သည်။
ဟိတ်တရားခြောက်ပါး ဖြစ်သည့် (လောဘ၊ဒေါသ၊မောဟ၊ အလောဘ၊အဒေါသ၊ အမောဟ)တရားတို့ကိုဆိုလိုသည်။
လူစဉ်မမှီခြင်းသည် ထိုဟိတ်များမှ တစ်ပါးပါး (သို့မဟုတ်) အားလုံးချို့နေခြင်းဖြစ်သည်။ လူမှန်လျှင် လောဘ (အာရုံကိုတောင့်တခြင်း)၊ ဒေါသ (စိတ်၏ခက်ထန်မှုသဘော)၊ မောဟ (အာရုံ၏သဘောအမှန်ကိုဖုံးကွယ်မှုသဘော) နှင့် ၄င်းတို့ဆန့်ကျင့်ဘက် အလောဘ (အာရုံကို မတောင့်တခြင်းသဘော)၊ အဒေါသ (အာရုံကို မစွဲလမ်းခြင်းသဘော)၊ အမောဟ (အာရုံ၏ သဘောအမှန်ကို သိရှိခြင်းသဘော) စသည်တို့နှင့် ယှဉ်ရပေသည်။
ထို့ကြောင့် လူအမျိုးအစားထပ်ခွဲပြန်သည်။ တိဟိတ်ပုဂ္ဂိုလ်နှင့်၊ ဒွိဟိတ် ပုဂ္ဂိုလ်
တိဟိတ်ပုဂ္ဂိုလ်သည် အလောဘ၊ အဒေါသ၊ အမောဟ တို့ပါယှသ်သော်ငြားလည်း
ဒွိဟိတ်တွင် အမောဟ ဟူသော ဟိတ်တစ်ပါးမပါပေ။ သို့သော် ဒွိဟိတ်ပုဂ္ဂိုလ်သည် လူစဉ်မှီသည်။ လူစဉ်မှီသော်ငြားလည်း ထိုကဲ့သို့လူမျိုး နိဗ္ဗာန်ရောက်ကြောင်းတရားများ မရနိုင်ပေ။ မကြိုးစား နိုင်ပေ။ လောကီပိုင်းဆိုင်ရာ အတတ်ပညာများတွင် ထူးချွန်ကောင်းထူးချွန်ချေလိမ့်မည်။ လောကုတ္တရာပိုင်း အားမထုတ်နိုင်ချေ။ (ဥပမာ- တရားကျင့်ကြံရန် အများတိုက်တွန်းသောကြောင့် ကျင့်ကြံသော်ငြားလည်း တရားမရနိုင်သည့် ပုဂ္ဂိုလ်မျိုး)
အနှစ်ချုပ်အားဖြင့် သာမန်လူတစ်ယောက်အား အမျိုးယုတ်သည်၊ အမျိုးညံ့သည်။ လူစဉ်မှီသည်၊ မမှီသည်ကို အများသဘောအရ မဆုံးဖြတ်အပ်ချေ။ ဥပမာ- လူ.ကိုယ်ခန္ဓာတွင် အမွှေးမပေါက်သောသူအား အမျိုးယုတ်သည်ဟု မဆိုအပ်ပေ။ ၄င်းမှာယွင်းနေသောအယူအဆ ဖြစ်သည်။ အမျိုးယုတ်သည် ဟူခြင်းသည် အမျိုးည့ံသည် (လူမျိုးည့ံသည်) ကိုဆိုခြင်းဖြစ်ရာ လူစဉ်မှီသူ၊ မမှီသူ၊ ဒွိဟိတ်ဖြစ်၊ တိဟိတ်ဖြစ်တို့ဖြင့်လည်း ထောက်ပြရှင်းလင်းနိုင်ပါသည်။
သတ္တဝါအပေါင်းကိုယ်စိတ်နှစ်ဖြာရွှင်လမ်းကျန်းမာသုခအပေါင်းနှင့် ပြည့်စုံကြပါစေ။
Credit to Aung Kham, ‎Myanmar Young Buddhist

2 comments:

  1. ရှင်းလင်းစွာဖတ်ရှုရသဖြင့် ကျေးဇူးတင်ပါသည်။ သာဓု သာဓု သာဓု

    ReplyDelete