Wednesday, August 24, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၈) (အဘိဓမ္မာသိမှတ်ဖွယ် (၈))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၈)
--လူ နတ္စေသာသက္ရိွ သတၱ၀ ါတို႔၌ ရႏိုင္သာ ပရမတၳတရား--
အဘိဓမၼတၳသဂၤဟက်မ္းတြင္ စိတ္၊ ေစတသိက္၊ ရုပ္၊ နိဗၺာန္ဟု ပရမတၳတရားကုိ (၄) ပါးျပေသာ္လည္း
၃၁ ဘုံတြင္ လူ၊ နတ္၊ ျဗဟၼာသတၱ၀ါစုတုိ႔၌ အဘိဓမၼာသဘာ၀ အားျဖင့္ထင္ရွားရွိေသာ တရားစစ္တုိ႔ကား
စိတ္၊ ေစတသိက္၊ ရုပ္ အားျဖင့္ ပရမတၳတရား (၃) ပါး ကုိသာရႏုိင္ပါသည္။
--ဘုံအျပားအားျဖင့္ ျပားေသာ စိတ္အမည ္ (၄) မ်ိဳး--
၁။ ကာမာ၀စရစိတ္ = ကာမတဏွာ၏ အာရုံျဖစ္ေသာေၾကာင့္ ကာမဘုံ၌ သက္၀င္၍ ျဖစ္ေသာစိတ္၊
တနည္း ကာမဘုံ၌ က်င္လည္တတ္၊ ျဖစ္တတ္ေသာစိတ္ (ကာမစိတ္ ၅၄ ပါး)
၂။ ရူပပါ၀စရစိတ္ = ရူပတဏွာ၏ အာရုံျဖစ္ေသာေၾကာင့္ ရူပဘုံ၌သက္၀င္၍ ျဖစ္ေသာစိတ ္
တနည္းရူပဘုံ၌ မ်ားေသာအားျဖင့္ က်င္လည္တတ္၊ ျဖစ္တတ္ေသာစိတ္ (ရူပစိတ္ ၁၅ ပါး)
၃။ အရူပါ၀စရစိတ္ = အရူပတဏွာ၏ အာရုံျဖစ္ေသာေၾကာင့္ အရူပဘုံ၌သက္၀င္၍ျဖစ္ေသာစိတ္
တနည္း အရူပဘုံ၌ မ်ားေသာအားျဖင့္ က်င္လည္တတ္၊ ျဖစ္တတ္ေသာစိတ္ (အရူပစိတ္ ၁၂ ပါး)
၄။ ေလာကုတၱရာစိတ္ = ေလာကသုံးပါးမွ လြတ္ေျမာက္ေသာစိတ္၊ တနည္း ေလာကသုံး
ပါးထက္ လြန္ကဲျမင့္ျမတ္ေသာစိတ္ (ေလာကုတၱရာစိတ္ ၈ ပါး)
စိတ္ေလးမ်ိဳးတုိ႔တြင္ ကာမာ၀စရစိတ္သည္ ဟီန (အညံ့ဆုံး)တည္း။
ရူပါ၀စရစိတ္ကား ဥကၠ႒ (အျမတ္) တည္း၊
အရူပါ၀စရစိတ္ကား ရူပစိတ္ထက္ျမတ္၍ ဥကၠ႒တရ (သာ၍ျမတ္)တည္း၊
ေလာကုတၱရာစိတ္ကား အရူပထက္ပင္ျမတ္ေသာေၾကာင့္ ဥကၠ႒တမ(အျမတ္ဆုံး) တည္း၊
ဤသုိ႔ အညံ့စသည့္အစဥ္အားျဖင့္ စိတ္အျပားကုိ အစဥ္အတုိင္း ေရွ႕ေနာက္စီစဥ္ထားသည္။
--ကာမစိတ္ (၅၄) ပါး--
ကာမာ၀စရစိတ္ (၅၄) ပါးတုိ႔တြင္ အကုသုိလ္၊ အဟိတ္၊ ကာမေသာဘန စိတ္အားျဖင့္ သုံးမ်ိဳးရွိရာ အကုသုိလ္ကုိ အရင္ျပသည္။
--အကုသိုလ္စိတ္ (၁၂) ပါး--
အျပစ္ႏွင့္တကြျဖစ္ျခင္း၊ မေကာင္းေသာအက်ိဳးကုိေပးျခင္း၊ ကုသုိလ္ကုိတားျမစ္ျခင္း သေဘာသည္ အကုသလ - မ ေကာင္းမႈ အကုသုိလ္မည္၏။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၈)
--လူ နတ်စသောသက်ရှိ သတ္တ၀ ါတို့၌ ရနိုင်သာ ပရမတ္ထတရား--
အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟု ပရမတ္ထတရားကို (၄) ပါးပြသော်လည်း
၃၁ ဘုံတွင် လူ၊ နတ်၊ ဗြဟ္မာသတ္တဝါစုတို့၌ အဘိဓမ္မာသဘာ၀ အားဖြင့်ထင်ရှားရှိသော တရားစစ်တို့ကား
စိတ်၊ စေတသိက်၊ ရုပ် အားဖြင့် ပရမတ္ထတရား (၃) ပါး ကိုသာရနိုင်ပါသည်။
--ဘုံအပြားအားဖြင့် ပြားသော စိတ်အမည ် (၄) မျိုး--
၁။ ကာမာဝစရစိတ် = ကာမတဏှာ၏ အာရုံဖြစ်သောကြောင့် ကာမဘုံ၌ သက်ဝင်၍ ဖြစ်သောစိတ်၊
တနည်း ကာမဘုံ၌ ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ် (ကာမစိတ် ၅၄ ပါး)
၂။ ရူပပါဝစရစိတ် = ရူပတဏှာ၏ အာရုံဖြစ်သောကြောင့် ရူပဘုံ၌သက်ဝင်၍ ဖြစ်သောစိတ ်
တနည်းရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ် (ရူပစိတ် ၁၅ ပါး)
၃။ အရူပါဝစရစိတ် = အရူပတဏှာ၏ အာရုံဖြစ်သောကြောင့် အရူပဘုံ၌သက်ဝင်၍ဖြစ်သောစိတ်
တနည်း အရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ် (အရူပစိတ် ၁၂ ပါး)
၄။ လောကုတ္တရာစိတ် = လောကသုံးပါးမှ လွတ်မြောက်သောစိတ်၊ တနည်း လောကသုံး
ပါးထက် လွန်ကဲမြင့်မြတ်သောစိတ် (လောကုတ္တရာစိတ် ၈ ပါး)
စိတ်လေးမျိုးတို့တွင် ကာမာဝစရစိတ်သည် ဟီန (အညံ့ဆုံး)တည်း။
ရူပါဝစရစိတ်ကား ဥက္ကဋ္ဌ (အမြတ်) တည်း၊
အရူပါဝစရစိတ်ကား ရူပစိတ်ထက်မြတ်၍ ဥက္ကဋ္ဌတရ (သာ၍မြတ်)တည်း၊
လောကုတ္တရာစိတ်ကား အရူပထက်ပင်မြတ်သောကြောင့် ဥက္ကဋ္ဌတမ(အမြတ်ဆုံး) တည်း၊
ဤသို့ အညံ့စသည့်အစဉ်အားဖြင့် စိတ်အပြားကို အစဉ်အတိုင်း ရှေ့နောက်စီစဉ်ထားသည်။
--ကာမစိတ် (၅၄) ပါး--
ကာမာဝစရစိတ် (၅၄) ပါးတို့တွင် အကုသိုလ်၊ အဟိတ်၊ ကာမသောဘန စိတ်အားဖြင့် သုံးမျိုးရှိရာ အကုသိုလ်ကို အရင်ပြသည်။
--အကုသိုလ်စိတ် (၁၂) ပါး--
အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်း၊ ကုသိုလ်ကိုတားမြစ်ခြင်း သဘောသည် အကုသလ - မ ကောင်းမှု အကုသိုလ်မည်၏။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

Tuesday, August 23, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၇) (အဘိဓမ္မာသိမှတ်ဖွယ် (၇))

[Zawgyi]‎
အဘိဓမၼာတရားေတာ္‬ အေၾကာင္း သိမွတ္ဖြယ္ (၇)

(၁) မွ (၆) အထိသည္ ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ ကူးယူေဖၚျပထားခ်က္မ်ား ျဖစ္သည္။ (အားလံုးေတာ့ မဟုတ္ပါ၊ ေဖ့ဘုတ္တြင္ တစ္ေန႔တစ္ေန႔ ေပါ့ေပါ့ပါးပါး ဖတ္ႏိုင္ရန္အတြက္ လိုအပ္သည္ဟု ထင္သည့္ အခ်က္မ်ားသာ က်ေတာ့္ အေနနဲ႔ တင္ေပးျခင္းျဖစ္ပါသည္)။ ယခု အပိုင္း (၇) မွ စ၍ အဘိဓမၼာတရားေတာ္ ပို႔ခ်ခ်က္မ်ား ကိုကူးယူေဖၚျပပါေတာ့မည္။ နည္းနည္းခ်င္း ေပါ့ေပါ့ပါးပါး ဖတ္ႏိုင္ေအာင္ တင္သြားေပးပါမည္။
---စိတ္ပိုင္း---
--အဘိဓမၼတၳသဂၤဟမည္ပံု--
အဘိဓမၼာ(၇) က်မ္း၌ ေဟာၾကားေတာ္မူအပ္ေသာ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္၊ ပညတ္ ဟုဆိုအပ္ေသာ တရား (၅) ပါးကို အက်ဥ္းခ်ဳံး၍ ျပဆိုရာျဖစ္ေသာေၾကာင့္ အဘိဓမၼတၳသဂၤဟ ဟုေခၚသည္။
--ပရမတၳတရား (၄) ပါး--
မိမိတုိ႔ဆုိင္ရာ သေဘာလကၡဏာမ်ားမွ မေဖါက္မျပန္ မွန္ကန္တည့္မတ္ ျမတ္ေသာ သေဘာတရားသည္ ပရမတ္မည္၏။ (ပရမ= မေဖါက္မျပန္မွန္ကန္ေသာ၊ အတၳ=သေဘာတရား)
တနည္းအားျဖင့္ လူ၊ နတ္၊ ျဗဟၼာ သတၱ၀ါအေထြေထြ ေရ၊ ေျမ၊ ေတာ၊ ေတာင္ စသည္ျဖင့္ အထည္၀တၳဳ ပညတ္စုမ်ား မည္မၽွပင္မ်ားေစကာမူ လုိရင္းအခ်ဳပ္ စစ္ထုတ္လုိက္ေသာ္ အခ်ဳပ္အားျဖင့္ စိတ္၊ ေစတသိက္၊ ရုပ္၊ နိဗၺာန္မွ တပါး အျခားမရွိေပ။
ထုိ႔ေၾကာင့္ အခ်ဳပ္အားျဖင့္ ထင္ရွားရွိေသာ စိတ္စေသာ တရား (၄)ပါးသည္ ပရမတ္မည္၏။
--ပညတ္ ေဖါက္ျပန္ပံု--
လူဟု ေခၚအပ္ေသာ ခႏၶာကိုယ္ ျဒပ္သည္ အထည္ပညတ္ၾကီးကို ဖ်က္ဆီး၍ ဆံပင္တစ္ပံု၊ အေမြးတစ္ပံု စသည္ျဖင့္ (၃၂)ပံု စုပံုထားလၽွင္ လူမဟုတ္ေတာ့ျပီ၊ လူဟူေသာ ပညတ္ၾကီးေဖါက္ျပန္သြား၏။ ဆံပင္၊ အေမြး စေသာ ပညတ္မ်ားသာ ရွိေတာ့၏။ ထို (၃၂) ပံုတြင္ အမာခံျဖစ္ေသာ အရိုးပတ္ အထည္ျဒပ္ကို မီးရိႈ႕လၽွင္ အရိုးမဟုတ္ေတာ့ျပီ၊ အရိုးဟူေသာ ပညတ္မွ မီးေသြးဟူေသာ ပညတ္သို႔ ေျပာင္းလဲသြားျပီ။ ဤသို႔ ပညတ္ဟူသမၽွသည္ မူလ အေနမွ ေျပာင္းလဲေဖါက္ျပန္ျခင္း သေဘာရွိသည္။
--ပရမတ္ မေဖါက္ျပန္ပံု--
ရုပ္၊ နာမ္တရားတို႔တြင္ ပထ၀ီဓါတ္သည္ မာျခင္းသေဘာရွိသည္။ ထခင္ ေျမမႈန္႔ထဲ၌ ဤပထ၀ီဓါတ္မႈန္႔ေတြ မ်ားစြာရွိပါသည္။ ဤပထ၀ီဓါတ္၏ ခက္မာျခင္းသေဘာကို ဖြဲ႕စည္းျခင္း စေသာ သေဘာတစ္မ်ိဳးသို႔ ေျပာင္းလြဲေအာင္ လည္းေကာင္း၊ စိတ္၏ အာရံုသိျခင္း သေဘာကို ဖုသနစေသာ သေဘာတစ္မ်ိဳးသို႔ ေျပာင္းလြဲေအာင္ လည္းေကာင္း၊ ဖသ၏ ေတြ႔ထိျခင္း သေဘာကို ခံစားျခင္းသေဘာသို႔ ေျပာင္းလြဲေအာင္လည္းေကာင္း၊ တစ္စံုတစ္ေယာက္မၽွ မတတ္ႏိုင္၊ ထို႔အတူ ေလာဘစသည္တို႔ ကလည္း လိုခ်င္မႈစေသာ သေဘာမွ မေျပာင္းလြဲ၊ အေလာဘ စသည္တို႔ကလည္း မလိုခ်င္မႈသေဘာမွ မေျပာင္းၾကဘဲ ကိုယ့္သေဘာႏွင့္ ကိုယ္ တည့္မတ္မွန္ကန္ေသာေၾကာင့္ ပရမတ္ တရားမ်ားကို မေဖါက္မျပန္ မွန္ကန္သည္ဟုဆိုသည္။
--အဘိဓမၼတၳ ႏွင့္ ပရမတၳ မတူ--
အဘိဓမၼတၳသည္ ပရမတၳအားျဖင့္ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ဟု ေလးပါးသာရိွေသာ္လည္း္ ရထိုက္သမၽွ ေရတြက္လွ်င္ ပညတ္ႏွင့္ တကြ (၅) ပါးရိွသည္။
ပရမတၳကၳကား စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္အားျဖင့္ (၄) ပါးသာရိွသည္။
ထို႔ေၾကာင့္ အဘိဓမၼတၳ ႏွင့္ ပရမတၳတို႔ မတူၾကပါ။
--ပရမတၳတၳတရား (၄) ပါး--
၁။ စိတ္ = အာရုံကုိ ယူျခင္းသေဘာ၊ အာရုံကုိ သိျခင္းသေဘာ။
၂။ ေစတသိက္ = စိတ္၌မီွ၍ စိတ္ကုိျခယ္လွယ္တတ္ေသာ သေဘာ။
၃။ ရုပ္ = အပူ၊ အေအးစေသာ ဆန္႔က်င္ဘက္ အေၾကာင္းမ်ားေၾကာင့္ ေရွးအစဥ္ႏွင့္ ေနာက္အစဥ္မတူေအာင္ ေျပာင္းလဲ ေဖါက္ျပန္တတ္ေသာ သေဘာ။
၄။ နိဗၺာန္ = တဏွာ ကုန္ခန္းျခင္း၊ ဒုကၡခပ္သိမ္း ခ်ဳပ္ျငိမ္းျခင္းသေဘာ။
--နိဗၺာန္ကိုေနာက္ဆံုးထား၍ျပရေၾကာင္း--
နိဗၺာန္သည္ သတၱ၀ါအစုံစုံ အဖုံဖုံတုိ႔၏ လုိရင္းပန္းတုိင္ျဖစ္၍ စိတ္၊ ေစတသိက္၊ ရုပ္တရား တုိ႔၏ ခ်ဳပ္ရာအရပ္ကုိျပရန္အလုိ႔ငွါ ေနာက္ဆုံးထား၍ျပသည္။
မွတ္ခ်က္။ ။ နိဗၺာန္သည္ ပရမတၳသဘာ၀တရားျဖစ္သည္။ ပရိနိဗၺာန္ကား ပညတိၱသဘာ၀ တရားျဖစ္သည္ဟုထူးျခားခ်က္ကုိလည္းမွတ္သားထားရန္လုိသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၇)

(၁) မှ (၆) အထိသည် ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ ကူးယူဖေါ်ပြထားချက်များ ဖြစ်သည်။ (အားလုံးတော့ မဟုတ်ပါ၊ ဖေ့ဘုတ်တွင် တစ်နေ့တစ်နေ့ ပေါ့ပေါ့ပါးပါး ဖတ်နိုင်ရန်အတွက် လိုအပ်သည်ဟု ထင်သည့် အချက်များသာ ကျတော့် အနေနဲ့ တင်ပေးခြင်းဖြစ်ပါသည်)။ ယခု အပိုင်း (၇) မှ စ၍ အဘိဓမ္မာတရားတော် ပို့ချချက်များ ကိုကူးယူဖေါ်ပြပါတော့မည်။ နည်းနည်းချင်း ပေါ့ပေါ့ပါးပါး ဖတ်နိုင်အောင် တင်သွားပေးပါမည်။
---စိတ်ပိုင်း---
--အဘိဓမ္မတ္ထသင်္ဂဟမည်ပုံ--
အဘိဓမ္မာ(၇) ကျမ်း၌ ဟောကြားတော်မူအပ်သော စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ် ဟုဆိုအပ်သော တရား (၅) ပါးကို အကျဉ်းချုံး၍ ပြဆိုရာဖြစ်သောကြောင့် အဘိဓမ္မတ္ထသင်္ဂဟ ဟုခေါ်သည်။
--ပရမတ္ထတရား (၄) ပါး--
မိမိတို့ဆိုင်ရာ သဘောလက္ခဏာများမှ မဖေါက်မပြန် မှန်ကန်တည့်မတ် မြတ်သော သဘောတရားသည် ပရမတ်မည်၏။ (ပရမ= မဖေါက်မပြန်မှန်ကန်သော၊ အတ္ထ=သဘောတရား)
တနည်းအားဖြင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအထွေထွေ ရေ၊ မြေ၊ တော၊ တောင် စသည်ဖြင့် အထည်ဝတ္ထု ပညတ်စုများ မည်မျှပင်များစေကာမူ လိုရင်းအချုပ် စစ်ထုတ်လိုက်သော် အချုပ်အားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်မှ တပါး အခြားမရှိပေ။
ထို့ကြောင့် အချုပ်အားဖြင့် ထင်ရှားရှိသော စိတ်စသော တရား (၄)ပါးသည် ပရမတ်မည်၏။
--ပညတ် ဖေါက်ပြန်ပုံ--
လူဟု ခေါ်အပ်သော ခန္ဓာကိုယ် ဒြပ်သည် အထည်ပညတ်ကြီးကို ဖျက်ဆီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ စသည်ဖြင့် (၃၂)ပုံ စုပုံထားလျှင် လူမဟုတ်တော့ပြီ၊ လူဟူသော ပညတ်ကြီးဖေါက်ပြန်သွား၏။ ဆံပင်၊ အမွေး စသော ပညတ်များသာ ရှိတော့၏။ ထို (၃၂) ပုံတွင် အမာခံဖြစ်သော အရိုးပတ် အထည်ဒြပ်ကို မီးရှို့လျှင် အရိုးမဟုတ်တော့ပြီ၊ အရိုးဟူသော ပညတ်မှ မီးသွေးဟူသော ပညတ်သို့ ပြောင်းလဲသွားပြီ။ ဤသို့ ပညတ်ဟူသမျှသည် မူလ အနေမှ ပြောင်းလဲဖေါက်ပြန်ခြင်း သဘောရှိသည်။
--ပရမတ် မဖေါက်ပြန်ပုံ--
ရုပ်၊ နာမ်တရားတို့တွင် ပထဝီဓါတ်သည် မာခြင်းသဘောရှိသည်။ ထခင် မြေမှုန့်ထဲ၌ ဤပထဝီဓါတ်မှုန့်တွေ များစွာရှိပါသည်။ ဤပထဝီဓါတ်၏ ခက်မာခြင်းသဘောကို ဖွဲ့စည်းခြင်း စသော သဘောတစ်မျိုးသို့ ပြောင်းလွဲအောင် လည်းကောင်း၊ စိတ်၏ အာရုံသိခြင်း သဘောကို ဖုသနစသော သဘောတစ်မျိုးသို့ ပြောင်းလွဲအောင် လည်းကောင်း၊ ဖသ၏ တွေ့ထိခြင်း သဘောကို ခံစားခြင်းသဘောသို့ ပြောင်းလွဲအောင်လည်းကောင်း၊ တစ်စုံတစ်ယောက်မျှ မတတ်နိုင်၊ ထို့အတူ လောဘစသည်တို့ ကလည်း လိုချင်မှုစသော သဘောမှ မပြောင်းလွဲ၊ အလောဘ စသည်တို့ကလည်း မလိုချင်မှုသဘောမှ မပြောင်းကြဘဲ ကိုယ့်သဘောနှင့် ကိုယ် တည့်မတ်မှန်ကန်သောကြောင့် ပရမတ် တရားများကို မဖေါက်မပြန် မှန်ကန်သည်ဟုဆိုသည်။
--အဘိဓမ္မတ္ထ နှင့် ပရမတ္ထ မတူ--
အဘိဓမ္မတ္ထသည် ပရမတ္ထအားဖြင့် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဟု လေးပါးသာရှိသော်လည်း ရထိုက်သမျှ ရေတွက်လျှင် ပညတ်နှင့် တကွ (၅) ပါးရှိသည်။
ပရမတ္ထက္ထကား စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်အားဖြင့် (၄) ပါးသာရှိသည်။
ထို့ကြောင့် အဘိဓမ္မတ္ထ နှင့် ပရမတ္ထတို့ မတူကြပါ။
--ပရမတ္ထတ္ထတရား (၄) ပါး--
၁။ စိတ် = အာရုံကို ယူခြင်းသဘော၊ အာရုံကို သိခြင်းသဘော။
၂။ စေတသိက် = စိတ်၌မှီ၍ စိတ်ကိုခြယ်လှယ်တတ်သော သဘော။
၃။ ရုပ် = အပူ၊ အအေးစသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ရှေးအစဉ်နှင့် နောက်အစဉ်မတူအောင် ပြောင်းလဲ ဖေါက်ပြန်တတ်သော သဘော။
၄။ နိဗ္ဗာန် = တဏှာ ကုန်ခန်းခြင်း၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘော။
--နိဗ္ဗာန်ကိုနောက်ဆုံးထား၍ပြရကြောင်း--
နိဗ္ဗာန်သည် သတ္တဝါအစုံစုံ အဖုံဖုံတို့၏ လိုရင်းပန်းတိုင်ဖြစ်၍ စိတ်၊ စေတသိက်၊ ရုပ်တရား တို့၏ ချုပ်ရာအရပ်ကိုပြရန်အလို့ငှါ နောက်ဆုံးထား၍ပြသည်။
မှတ်ချက်။ ။ နိဗ္ဗာန်သည် ပရမတ္ထသဘာဝတရားဖြစ်သည်။ ပရိနိဗ္ဗာန်ကား ပညတိ္တသဘာ၀ တရားဖြစ်သည်ဟုထူးခြားချက်ကိုလည်းမှတ်သားထားရန်လိုသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

အဘိဓမၼာ သိမွတ္ဖြယ္ (၆) (အဘိဓမ္မာသိမှတ်ဖွယ် (၆))

[Zawgyi]
အဘိဓမၼာတရားေတာ္‬ အေၾကာင္း သိမွတ္ဖြယ္ (၆)

အဘိဓမၼာတရားေတာ္ကို ေလ့လာသင္ယူနာၾကားျခင္းအားျဖင့္ ရရွိႏိုင္မည့္ အက်ိဳးေက်းဇူးမ်ားမွာ
၁။ စိတ္ပိုင္း၊ ေစတသိတ္ပိုင္း၊ ပကိဏ္းပိုင္းႏွင့္ ၀ီထိပိုင္းတို႔ကို တိတိက်က်နားလည္သြားလ်င္ ျမင္သည့္အခ်ိန္၊ ၾကားသည့္ အခ်ိန္ စသည့္ အသက္ရွင္သန္ေနစဥ္ကာလအတြင္းတြင္ အမွားျမင္မႈနည္းသြားျပီး အမွန္ျမင္တာမ်ားလာသည့္အတြက္ေၾကာင့္ လူေပါင္းဆန္႔လာပါမည္။ လူခ်စ္လူခင္ေပါလာပါမည္။ ကိုယ္ကိုသာ အပင္ပန္းခံျပီး စိတ္ကိုအပင္ပန္းမခံေတာ့ပါ။ စိတ္ပန္းလ်င္ ဘ၀ႏြမ္းမည္ ဆိုသည္ကို ေလ့လာထားသည့္အခ်က္မ်ားက အသိႏွင့္ သတိကိုေပးျခင္းေၾကာင့္ျဖစ္သည္။
၂။ ၀ီထိမုတ္ပိုင္းကို ေလ့လာျခင္းအားျဖစ္ ကံအေၾကာင္းကို ေကာင္းေကာင္းသိလာမည္ ျဖစ္သည့္အတြက္ မစင္ၾကယ္သည့္ ကံမ်ားကို မလုပ္ျဖစ္ေတာ့ဘဲ ေကာင္းမႈလုပ္ေနသည့္ အခ်ိန္တြင္ပင္လ်င္ ကံကိုစင္ၾကယ္သည္ထက္ စင္ၾကယ္ေအာင္ လုပ္တတ္သြားပါသည္။
၃။ ရုပ္အပိုင္းကို ေလ့လာမိလ်င္ ေန႔စဥ္ရွင္သန္သည့္ အခ်ိန္တြင္ အစားအေသာက္၊ အေနအထိုင္၊ အသြားအလာ စသည္တို႔ႏွင့္ ပက္သက္ျပီး ရုပ္ကိုထိန္းသိမ္းလာတတ္ပါသည္။ ထို႔ေၾကာင့္ ေရာဂါနည္းလာျခင္း၊ အသက္ပိုရွည္ျခင္းျဖစ္ ဘ၀ကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းတတ္လာပါမည္။
၄။ ပစၥည္းပိုင္းကို ေလ့လာလ်င္ အေၾကာင္း အက်ိဳး ကို တိက်စြာသိလာႏိုင္သည့္အတြက္ မာန္မာနာမ်ားေလၽွာက်ျခင္း၊ ေဒါသကို ေလၽွာက်ေစျခင္း၊ ေလာဘကို တတ္ႏိုင္သျဖင့္ ထိန္းသိမ္းတတ္လာမည္ျဖစ္သည္။ ၎အခ်က္မ်ားသည္ အပါယ္က်မည့္လမ္းေၾကာင္းကို ပိတ္ျခင္းပင္ျဖစ္ပါသည္။
၅။ ကမ႒ာန္းပိုင္းကို ေသေသခ်ာခ်ာေလ့လာျခင္းအားျဖင့္ စိတ္ျငိမ္းခ်မ္းေအာင္ေနနည္း၊ ဘ၀မွ လြတ္ေျမာက္ေအာင္လုပ္နည္းကိုပါ သိရွိလာရသည့္အတြက္ ကံေကာင္း၍ ရလာသည္ လက္ရွိလူ႔ဘ၀သည္ တန္ဖိုးရွိလာမည္ျဖစ္သည္။
ဓမၼသည္ မည္သည့္အခါမွ သစၥာေဖါက္ျခင္းမရွိပါ။ ထို႔ေၾကာင့္ ဓမၼကိုေဆာင္ထားျခင္းအားျဖင့္ ဓမၼေဆာင္သူကို ဓမၼက မေကာင္းတာမျဖစ္၊ မေကာင္းသည့္ဘ၀ မေရာက္ေအာင္ ေဆာင္သြားမည္ျဖစ္သည္။ ဓမၼေဆာင္သူသည္ ဓမၼကို အမွန္တကယ္ ယံုၾကည္ျခင္းျဖင့္ ၾကိဳးစားအားထုတ္လၽွင္ အခ်ိန္မေရြး ေကာင္းက်ိဳးခ်မ္းသာမ်ားေပးလာရျခင္းမွာ ဓမၼ၏သဘာ၀ပင္ျဖစ္ပါသည္။
၎အခ်က္မ်ားသည္ အဘိဓမၼာကို သင္ၾကားေလလာနာယူျခင္း၏ အက်ိဳးေက်းဇူးမ်ားျဖစ္ပါသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၆)

အဘိဓမ္မာတရားတော်ကို လေ့လာသင်ယူနာကြားခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ
၁။ စိတ်ပိုင်း၊ စေတသိတ်ပိုင်း၊ ပကိဏ်းပိုင်းနှင့် ဝီထိပိုင်းတို့ကို တိတိကျကျနားလည်သွားလျင် မြင်သည့်အချိန်၊ ကြားသည့် အချိန် စသည့် အသက်ရှင်သန်နေစဉ်ကာလအတွင်းတွင် အမှားမြင်မှုနည်းသွားပြီး အမှန်မြင်တာများလာသည့်အတွက်ကြောင့် လူပေါင်းဆန့်လာပါမည်။ လူချစ်လူခင်ပေါလာပါမည်။ ကိုယ်ကိုသာ အပင်ပန်းခံပြီး စိတ်ကိုအပင်ပန်းမခံတော့ပါ။ စိတ်ပန်းလျင် ဘဝနွမ်းမည် ဆိုသည်ကို လေ့လာထားသည့်အချက်များက အသိနှင့် သတိကိုပေးခြင်းကြောင့်ဖြစ်သည်။
၂။ ဝီထိမုတ်ပိုင်းကို လေ့လာခြင်းအားဖြစ် ကံအကြောင်းကို ကောင်းကောင်းသိလာမည် ဖြစ်သည့်အတွက် မစင်ကြယ်သည့် ကံများကို မလုပ်ဖြစ်တော့ဘဲ ကောင်းမှုလုပ်နေသည့် အချိန်တွင်ပင်လျင် ကံကိုစင်ကြယ်သည်ထက် စင်ကြယ်အောင် လုပ်တတ်သွားပါသည်။
၃။ ရုပ်အပိုင်းကို လေ့လာမိလျင် နေ့စဉ်ရှင်သန်သည့် အချိန်တွင် အစားအသောက်၊ အနေအထိုင်၊ အသွားအလာ စသည်တို့နှင့် ပက်သက်ပြီး ရုပ်ကိုထိန်းသိမ်းလာတတ်ပါသည်။ ထို့ကြောင့် ရောဂါနည်းလာခြင်း၊ အသက်ပိုရှည်ခြင်းဖြစ် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်လာပါမည်။
၄။ ပစ္စည်းပိုင်းကို လေ့လာလျင် အကြောင်း အကျိုး ကို တိကျစွာသိလာနိုင်သည့်အတွက် မာန်မာနာများလျှောကျခြင်း၊ ဒေါသကို လျှောကျစေခြင်း၊ လောဘကို တတ်နိုင်သဖြင့် ထိန်းသိမ်းတတ်လာမည်ဖြစ်သည်။ ၎င်းအချက်များသည် အပါယ်ကျမည့်လမ်းကြောင်းကို ပိတ်ခြင်းပင်ဖြစ်ပါသည်။
၅။ ကမဋ္ဌာန်းပိုင်းကို သေသေချာချာလေ့လာခြင်းအားဖြင့် စိတ်ငြိမ်းချမ်းအောင်နေနည်း၊ ဘဝမှ လွတ်မြောက်အောင်လုပ်နည်းကိုပါ သိရှိလာရသည့်အတွက် ကံကောင်း၍ ရလာသည် လက်ရှိလူ့ဘဝသည် တန်ဖိုးရှိလာမည်ဖြစ်သည်။
ဓမ္မသည် မည်သည့်အခါမှ သစ္စာဖေါက်ခြင်းမရှိပါ။ ထို့ကြောင့် ဓမ္မကိုဆောင်ထားခြင်းအားဖြင့် ဓမ္မဆောင်သူကို ဓမ္မက မကောင်းတာမဖြစ်၊ မကောင်းသည့်ဘ၀ မရောက်အောင် ဆောင်သွားမည်ဖြစ်သည်။ ဓမ္မဆောင်သူသည် ဓမ္မကို အမှန်တကယ် ယုံကြည်ခြင်းဖြင့် ကြိုးစားအားထုတ်လျှင် အချိန်မရွေး ကောင်းကျိုးချမ်းသာများပေးလာရခြင်းမှာ ဓမ္မ၏သဘာဝပင်ဖြစ်ပါသည်။
၎င်းအချက်များသည် အဘိဓမ္မာကို သင်ကြားလေလာနာယူခြင်း၏ အကျိုးကျေးဇူးများဖြစ်ပါသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ

ဗုဒၶဘာသာဝင္ေတြ ဘာေတြလြဲေနလဲ (ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲ)

[Zawgyi]
ဗုဒၶဘာသာဝင္ေတြ ဘာေတြလြဲေနလဲ
ဗုဒၶဘာသာဝင္ေတြ ဘာေတြလြဲေနလဲဆိုတာ
ၿမန္မာႏုိင္ငံမွာ ဗုဒၶဘာသာ၀င္ ၈၅% ရွိတဲ့ထဲမွာ
ဗုဒၶဘာသာ ပီပီသသ သန္႕သန္႔ၿပန္႔ၿပန္႔ ...
ဘယ္ႏွစ္ေယာက္ ရွိမလဲ?...
ေဗဒင္လဲ မေမးဘူး ။
ကိန္းဂဏန္းေတြ အစြဲမရွိဘူး။
ရတနာျမတ္ ၃ ပါး ကိုသာ အေလးထားတယ္။
ဘုရားေရာက္တဲ့ အခါ ဘယ္ ေန႕နံေဒါင့္မွာမွ
ရွိခိုးမယ္လို႕လဲ အစြဲမရွိဘူး..။ ၾကီး ၄ ၾကီး၊
ၾကီး ၉ ၾကီး လဲ ပုတီးသြားစိပ္တာမ်ိဳး မရွိဘူး..။
ဆုေတာင္းၿပည့္ဘုရား တို႕၊
ပုဂံ က စြယ္ေတာ္ ၄ ဆူ ေန႕ခ်င္းဖူးရင္
ဆုေတာင္းျပည့္တယ္ တို႔၊ ခ်မ္းသာတယ္တို႕
က်ိဳက္ထီးရိုးဘုရား တစ္ႏွစ္ထဲမွာ ၃ ေခါက္ တက္ရင္
ခ်မ္းသာတယ္တို႕ လဲ အယူမရွိဘူး..။
ဘုရား ဆိုရင္ ဘယ္ေနရာက
ဘုရား၊ ေစတီ၊ ဆင္းတုေတာ္ကိုမဆို
တန္းတူ သေဘာထားႏိုင္တယ္။
သရဏဂံုတည္မယ္။
၅ ပါး သီလ ကိုထိန္းမယ္။
၈ ပါး သီလကို အခါအားေလွ်ာ္စြာ ေစာင့္ထိန္းမယ္။
ေန႕စဥ္ တရားထိုင္၊ တရားအားထုတ္မယ္..။
အဲ့လို လူေတြ ဘယ္ေလာက္ရွိလဲ
စစ္တမ္း လိုက္ေကာက္ၾကည့္ရင္
လူဦးေရ သိပ္မ်ားမယ္.. မထင္ဘူးေနာ္..။
ကံ ၊ ကံ ၏အက်ိဳး (ကံ=ေစတနာ=အလုပ္)ကို
မယံုဘဲ မဂၤလိက ဒိဌိ၊ အယူအလြဲေတြကိုသာ
ယံုၾကည္ေနၾကရင္ ဗုဒၶဘာသာ မစစ္ဘူးေပါ့..။
အညံ့စား ဗုဒၶဘာသာ၀င္ေတြေပါ့ ..။
"ေထရဝါဒဗုဒၶဘာသာ ပီပီသသ သန္႔သန္႔ၿပန္႔ၿပန္႔ ၿဖစ္ႏိုင္ၾကပါေစ"
ပါေမာကၡခ်ဳပ္ ဆရာေတာ္ ဘဒၵႏၲေဒါက္တာနႏၵမာလာဘိဝံသ ၏
ဗုဒၶ၏အဆံုးအမကို လက္ဆင့္ကမ္းျခင္း (၂၃-၃-၂၀၁၂) တရားေတာ္ ေကာက္ႏုတ္ခ်က္
Original Posted by ေဒၚစိုး

[Unicode]
ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲ
ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲဆိုတာ
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၅% ရှိတဲ့ထဲမှာ
ဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ...
ဘယ်နှစ်ယောက် ရှိမလဲ?...
ဗေဒင်လဲ မမေးဘူး ။
ကိန်းဂဏန်းတွေ အစွဲမရှိဘူး။
ရတနာမြတ် ၃ ပါး ကိုသာ အလေးထားတယ်။
ဘုရားရောက်တဲ့ အခါ ဘယ် နေ့နံဒေါင့်မှာမှ
ရှိခိုးမယ်လို့လဲ အစွဲမရှိဘူး..။ ကြီး ၄ ကြီး၊
ကြီး ၉ ကြီး လဲ ပုတီးသွားစိပ်တာမျိုး မရှိဘူး..။
ဆုတောင်းပြည့်ဘုရား တို့၊
ပုဂံ က စွယ်တော် ၄ ဆူ နေ့ချင်းဖူးရင်
ဆုတောင်းပြည့်တယ် တို့၊ ချမ်းသာတယ်တို့
ကျိုက်ထီးရိုးဘုရား တစ်နှစ်ထဲမှာ ၃ ခေါက် တက်ရင်
ချမ်းသာတယ်တို့ လဲ အယူမရှိဘူး..။
ဘုရား ဆိုရင် ဘယ်နေရာက
ဘုရား၊ စေတီ၊ ဆင်းတုတော်ကိုမဆို
တန်းတူ သဘောထားနိုင်တယ်။
သရဏဂုံတည်မယ်။
၅ ပါး သီလ ကိုထိန်းမယ်။
၈ ပါး သီလကို အခါအားလျှော်စွာ စောင့်ထိန်းမယ်။
နေ့စဉ် တရားထိုင်၊ တရားအားထုတ်မယ်..။
အဲ့လို လူတွေ ဘယ်လောက်ရှိလဲ
စစ်တမ်း လိုက်ကောက်ကြည့်ရင်
လူဦးရေ သိပ်များမယ်.. မထင်ဘူးနော်..။
ကံ ၊ ကံ ၏အကျိုး (ကံ=စေတနာ=အလုပ်)ကို
မယုံဘဲ မင်္ဂလိက ဒိဌိ၊ အယူအလွဲတွေကိုသာ
ယုံကြည်နေကြရင် ဗုဒ္ဓဘာသာ မစစ်ဘူးပေါ့..။
အညံ့စား ဗုဒ္ဓဘာသာဝင်တွေပေါ့ ..။
"ထေရဝါဒဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ဖြစ်နိုင်ကြပါစေ"
ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ၏
ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း (၂၃-၃-၂၀၁၂) တရားတော် ကောက်နုတ်ချက်
Original Posted by ဒေါ်စိုး

ဒါနကုသိုလ္ မဂ္ ဖိုလ္ မရဘူးလား (ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား)

[Zawgyi]
ဒါနကုသိုလ္ မဂ္ ဖိုလ္ မရဘူးလား
ဒကာ။ ။ ဆရာအခ်ိဳ႕က ဒါနကုသိုလ္သည္ မဂ္ ဖိုလ္ နိဗၺာန္ မရဟု ဒါနသမားေတြကို ကဲ့ရဲ႕ျပစ္တင္ စကားတင္းဆိုတဲ့သေဘာနဲ႔ ေဟာေျပာေနၾကတာဟာ ဟုတ္မွန္ပါသလား ဆရာေတာ္။
ဆရာ။ ။ အင္း….ဒါနတခုတည္းနဲ႔ေတာ့ ခဲယဥ္းတယ္ ဒကာၾကီးတို႔၊ ဒါနသေဘာက အလွဴရွင္၊ လွဴဖြယ္ဝတၳဳ၊ အလွဴခံပုဂၢိဳလ္ဆိုတဲ့ ပညတ္သက္သက္ကို အာရံုျပဳျပီးမွ ထေျမာက္တာျဖစ္တယ္။
ပံုပမာ။ ။ ေသာတာပန္ျဖစ္ေအာင္ ဘယ္လိုဒါနမ်ိဳးကို ေပးလွဴရမွာလဲလို႔ ေမးရင္ ေျဖဖို႔ရာ ခက္တယ္၊ ဝိပႆနာ မပါလို႔ပဲ။
ဒကာ။ ။ ဒီလိုဆိုရင္ အဲဒီ ဆရာေတြ ေဟာတာ ဟုတ္မွန္တယ္လို႔ ယူရမွာေပါ့၊ ဒါနကို ပယ္ထားရမွာလား ဆရာေတာ္။
ဆရာ။ ။ ဟာ….ဒီလိုလည္း ဧကႏၲ မယူရဘူး၊ ဗုဒၶတရားေတာ္က အေၾကာင္းနဲ႔ အက်ိဳးဘဲ ရွိတာ၊ ဒီေနရာမ်ိဳးမွာေတာ့ ေဝးေသာအေၾကာင္းနဲ႔ နီးေသာအေၾကာင္း၊ အဲဒီႏွစ္မ်ိဳးနဲ႔ စိစစ္ရမယ္။
ဒကာ။ ။ အေၾကာင္းအက်ိဳးဆိုတဲ့ စာေပက်မ္းဂန္စကားေတြကို ဒကာၾကီးတို႔ နားမလည္ဘူး ဆရာေတာ္၊ ဒါနနဲ႔ နိဗၺာန္ေရာက္ႏိုင္ မေရာက္ႏိုင္ကိုသာ ဒကာၾကီးတို႔ နားလည္ေအာင္ တိုတိုနဲ႔ လိုရင္းကို ရွင္းျပေပးပါဆရာေတာ္။
ဆရာ။ ။ အင္း….နားေထာင္ပါ၊ ဒါနအလုပ္က နိဗၺာန္ေရာက္ႏိုင္တဲ့ အေၾကာင္းတရားျဖစ္တယ္၊ မဂ္ ဖိုလ္ နိဗၺာန္က ဒါနအလုပ္သမားရဲ႕ ခံစားခြင့္လုပ္ခ အက်ိဳးတရားျဖစ္တယ္၊ အက်ိဳးတရားဆိုတာကလည္း သူ႔သက္သက္ ဘယ္ေတာ့မွ မျဖစ္ေပၚႏိုင္ဘူး၊ အေၾကာင္းရွိမွသာ အက်ိဳးျဖစ္တာ။
ဒကာ။ ။ ဒီလိုဆိုရင္ ဒါနအေၾကာင္းေၾကာင့္ နိဗၺာန္အက်ိဳးရတယ္လို႔ ဆိုရမွာေပါ့၊ ဘုရားေဟာ ပါဠိေတာ္မ်ား ရွိပါသလားဆရာေတာ္၊ ရွိရင္ သိပါရေစ။
ဆရာ။ ။ ရွိပါတယ္၊ ဒါေပမဲ့ တိုက္ရိုက္တဲ့တိုးေတာ့ မဟုတ္ဘူး၊ အေၾကာင္းအဆင့္ဆင့္နဲ႔ သံယုတ္ပါဠိေတာ္မွာ ေဟာဒီလို ေဟာေတာ္မူတယ္။
၁။ ဒါနံ သဂၢႆ ေသာပါနံ = ဒါနကုသိုလ္ဟာ လူ႔ရြာနတ္ျပည္သို႔ သြားေၾကာင္း ေစာင္းတန္း ေလွကားၾကီးနဲ႔ တူတယ္တဲ့။
၂။ ဒါနံ ပါေထယ် မုတၱမံ = ဒါနကုသိုလ္ ျပဳတဲ့သူဟာ သူေရာက္ရာ လူ႔ဘဝ နတ္ဘဝမွာ အေကာင္းဆံုး အျမတ္ဆံုးျဖစ္တဲ့ အသံုးအေဆာင္ စားနပ္ရိကၡာေတြ သံုးစားေပးလွဴလို႔ မကုန္ႏိုင္ေအာင္ ေပါမ်ားၾကြယ္ဝ ခ်မ္းသာေနမွာပဲတဲ့။
၃။ ဒါနံ ဥဇုဂတံ မဂၢံ = ဒါနကုသိုလ္ဟာ ခ်မ္းခ်မ္းသာသာနဲ႔ နိဗၺာန္သြားေၾကာင္း အေကာင္းဆံုး အေျဖာင့္ဆံုး လမ္းမၾကီးလည္း ျဖစ္ပါတယ္တဲ့။
၄။ ဒါနံ ေမာကၡ ပဒံ ဝရံ = ဒါနကုသိုလ္ဟာ အျမတ္ဆံုးျဖစ္တဲ့ မဂ္ ဖိုလ္ နိဗၺာန္ကို ရယူခံစားႏိုင္တဲ့ အေၾကာင္းထဲမွာျဖင့္ မုခ္ဦးလမ္းေၾကာင္းၾကီးပါေပတည္း တဲ့၊ ကဲ…ဘာေျပာဦးမလဲ၊ အဲဒါဟာ ဒါနရဲ႕ အက်ိဳးေတြပဲ။
ဒကာ။ ။ အင္း…ဒါ့ေၾကာင့္ အေလာင္းေတာ္ သူျမတ္ေတြဟာ ပါရမီဆယ္ပါးထဲမွာ ဒါနပါရမီေတာ္ကို အစထားျပီး ပြားမ်ားျဖည့္က်င့္ေတာ္မူၾကတာကိုး၊ ဒါနနည္းေတာ့ မြဲေရာ၊ မြဲေတာ့ ကုသိုလ္တရား မလိုက္စားႏိုင္ေတာ့ဘဲ မြဲသည္ထက္မြဲ၊ အကုသိုလ္ေတြမ်ား၊ အပါယ္ေလးပါးသြားေပါ့၊ ေျပာၾကားစရာ အထူးမရွိေတာ့ပါဘူး ဆရာေတာ္၊ ေက်နပ္လွပါတယ္။
Posted by Thama Meggin

[Unicode]
ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား
ဒကာ။ ။ ဆရာအချို့က ဒါနကုသိုလ်သည် မဂ် ဖိုလ် နိဗ္ဗာန် မရဟု ဒါနသမားတွေကို ကဲ့ရဲ့ပြစ်တင် စကားတင်းဆိုတဲ့သဘောနဲ့ ဟောပြောနေကြတာဟာ ဟုတ်မှန်ပါသလား ဆရာတော်။
ဆရာ။ ။ အင်း….ဒါနတခုတည်းနဲ့တော့ ခဲယဉ်းတယ် ဒကာကြီးတို့၊ ဒါနသဘောက အလှူရှင်၊ လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ ပညတ်သက်သက်ကို အာရုံပြုပြီးမှ ထမြောက်တာဖြစ်တယ်။
ပုံပမာ။ ။ သောတာပန်ဖြစ်အောင် ဘယ်လိုဒါနမျိုးကို ပေးလှူရမှာလဲလို့ မေးရင် ဖြေဖို့ရာ ခက်တယ်၊ ဝိပဿနာ မပါလို့ပဲ။
ဒကာ။ ။ ဒီလိုဆိုရင် အဲဒီ ဆရာတွေ ဟောတာ ဟုတ်မှန်တယ်လို့ ယူရမှာပေါ့၊ ဒါနကို ပယ်ထားရမှာလား ဆရာတော်။
ဆရာ။ ။ ဟာ….ဒီလိုလည်း ဧကန္တ မယူရဘူး၊ ဗုဒ္ဓတရားတော်က အကြောင်းနဲ့ အကျိုးဘဲ ရှိတာ၊ ဒီနေရာမျိုးမှာတော့ ဝေးသောအကြောင်းနဲ့ နီးသောအကြောင်း၊ အဲဒီနှစ်မျိုးနဲ့ စိစစ်ရမယ်။
ဒကာ။ ။ အကြောင်းအကျိုးဆိုတဲ့ စာပေကျမ်းဂန်စကားတွေကို ဒကာကြီးတို့ နားမလည်ဘူး ဆရာတော်၊ ဒါနနဲ့ နိဗ္ဗာန်ရောက်နိုင် မရောက်နိုင်ကိုသာ ဒကာကြီးတို့ နားလည်အောင် တိုတိုနဲ့ လိုရင်းကို ရှင်းပြပေးပါဆရာတော်။
ဆရာ။ ။ အင်း….နားထောင်ပါ၊ ဒါနအလုပ်က နိဗ္ဗာန်ရောက်နိုင်တဲ့ အကြောင်းတရားဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်က ဒါနအလုပ်သမားရဲ့ ခံစားခွင့်လုပ်ခ အကျိုးတရားဖြစ်တယ်၊ အကျိုးတရားဆိုတာကလည်း သူ့သက်သက် ဘယ်တော့မှ မဖြစ်ပေါ်နိုင်ဘူး၊ အကြောင်းရှိမှသာ အကျိုးဖြစ်တာ။
ဒကာ။ ။ ဒီလိုဆိုရင် ဒါနအကြောင်းကြောင့် နိဗ္ဗာန်အကျိုးရတယ်လို့ ဆိုရမှာပေါ့၊ ဘုရားဟော ပါဠိတော်များ ရှိပါသလားဆရာတော်၊ ရှိရင် သိပါရစေ။
ဆရာ။ ။ ရှိပါတယ်၊ ဒါပေမဲ့ တိုက်ရိုက်တဲ့တိုးတော့ မဟုတ်ဘူး၊ အကြောင်းအဆင့်ဆင့်နဲ့ သံယုတ်ပါဠိတော်မှာ ဟောဒီလို ဟောတော်မူတယ်။
၁။ ဒါနံ သဂ္ဂဿ သောပါနံ = ဒါနကုသိုလ်ဟာ လူ့ရွာနတ်ပြည်သို့ သွားကြောင်း စောင်းတန်း လှေကားကြီးနဲ့ တူတယ်တဲ့။
၂။ ဒါနံ ပါထေယျ မုတ္တမံ = ဒါနကုသိုလ် ပြုတဲ့သူဟာ သူရောက်ရာ လူ့ဘဝ နတ်ဘဝမှာ အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ အသုံးအဆောင် စားနပ်ရိက္ခာတွေ သုံးစားပေးလှူလို့ မကုန်နိုင်အောင် ပေါများကြွယ်ဝ ချမ်းသာနေမှာပဲတဲ့။
၃။ ဒါနံ ဥဇုဂတံ မဂ္ဂံ = ဒါနကုသိုလ်ဟာ ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်သွားကြောင်း အကောင်းဆုံး အဖြောင့်ဆုံး လမ်းမကြီးလည်း ဖြစ်ပါတယ်တဲ့။
၄။ ဒါနံ မောက္ခ ပဒံ ဝရံ = ဒါနကုသိုလ်ဟာ အမြတ်ဆုံးဖြစ်တဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရယူခံစားနိုင်တဲ့ အကြောင်းထဲမှာဖြင့် မုခ်ဦးလမ်းကြောင်းကြီးပါပေတည်း တဲ့၊ ကဲ…ဘာပြောဦးမလဲ၊ အဲဒါဟာ ဒါနရဲ့ အကျိုးတွေပဲ။
ဒကာ။ ။ အင်း…ဒါ့ကြောင့် အလောင်းတော် သူမြတ်တွေဟာ ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီတော်ကို အစထားပြီး ပွားများဖြည့်ကျင့်တော်မူကြတာကိုး၊ ဒါနနည်းတော့ မွဲရော၊ မွဲတော့ ကုသိုလ်တရား မလိုက်စားနိုင်တော့ဘဲ မွဲသည်ထက်မွဲ၊ အကုသိုလ်တွေများ၊ အပါယ်လေးပါးသွားပေါ့၊ ပြောကြားစရာ အထူးမရှိတော့ပါဘူး ဆရာတော်၊ ကျေနပ်လှပါတယ်။
Posted by Thama Meggin

Sunday, August 21, 2016

တရားအားထုတ္သူ၏ အလုပ္ (တရားအားထုတ်သူ၏ အလုပ်)

[Zawgyi]
တရားအားထုတ္သူ၏ အလုပ္

အပင္စိုက္၊ ေရေလာင္း၊ ေပါင္းသင္ျခင္းသည္ စိုက္ပ်ိဳးသူ၏ အလုပ္ျဖစ္သည္။
အပြင့္ပြင့္ျခင္း၊ အသီးသီးျခင္းတို႔မွာ သူ႔ဘာသာျဖစ္လာလိမ့္မည္။
ေလာဘ၊ ေဒါသ၊ ေမာဟတို ့ျဖစ္ခြင့္မေပးေသာအားျဖင့္ ပယ္ျခင္းသည္ 
တရားအားထုတ္သူ၏ အလုပ္ျဖစ္သည္။
ပယ္ႏိုင္ခဲ့ေသာ္ တရားရရွိမည္သာျဖစ္၏။
ေဒါက္တာအ႐ွင္ ေဆကိႏၵ (ဓမၼဒူတ၊ ေမွာ္ဘီ)။ အစကသာၾကိဳသိခဲ့ရင္ တရားေတာ္
႐ႈမွတ္မႈ
တရားအားထုတ္သူ (ေယာဂီ)သည္ ေစ်းေရာင္းသူႏွင့္ တူ၏။
နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ မည္သူ႔ကိုမဆို လာဝယ္လွ်င္ ေရာင္းခ် ရမည္ျဖစ္သည္။
တရားအားထုတ္စဥ္တြင္ ခႏၶာ ကိုယ္ နာက်င္ကိုက္ခဲလာျခင္းမ်ားသည္ ေစ်းလာဝယ္သည္ႏွင့္ တူသည္။
နည္းနည္းနာလွ်င္ နည္းနည္းလာဝယ္ျခင္းျဖစ္သည္။ မ်ားမ်ားနာလွ်င္ မ်ားမ်ားလာဝယ္ျခင္းျဖစ္သည္။
ေနာက္ထပ္ဝယ္ေအာင္ ျပံဳး၍ဆက္ဆံရမည္။ ေဖၚျပလာသည့္တရားကို ႐ႈမွတ္ႏိုင္ရမည္။
သုိ႔မွသာ သတိ ဉာဏ္ ပညာ အား ေကာင္းလာမည္ျဖစ္ သည္။
ျဖစ္ေပၚလာေသာ ဒုကၡကို ရန္မလုပ္ပါႏွင့္။
ဒုကၡကို သိသည္ထက္ သိေနေအာင္ ႐ႈမွတ္ကာ ခႏၶာကိုယ္ကို ေျမၾကီးမျဖစ္မီ အသုံးခ် ၾကရမည္ ျဖစ္သည္။

-ဘဒၵႏၲ ဇာေနယ်၊ (ျမစိမ္းေတာင္ဆရာေတာ္)။ ေသျခင္းတရား တရားေတာ္

Credit: Original

[Unicode]
တရားအားထုတ်သူ၏ အလုပ်

အပင်စိုက်၊ ရေလောင်း၊ ပေါင်းသင်ခြင်းသည် စိုက်ပျိုးသူ၏ အလုပ်ဖြစ်သည်။
အပွင့်ပွင့်ခြင်း၊ အသီးသီးခြင်းတို့မှာ သူ့ဘာသာဖြစ်လာလိမ့်မည်။
လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်ခွင့်မပေးသောအားဖြင့် ပယ်ခြင်းသည်
တရားအားထုတ်သူ၏ အလုပ်ဖြစ်သည်။
ပယ်နိုင်ခဲ့သော် တရားရရှိမည်သာဖြစ်၏။
ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ၊ မှော်ဘီ)။ အစကသာကြိုသိခဲ့ရင် တရားတော်
ရှုမှတ်မှု
တရားအားထုတ်သူ (ယောဂီ)သည် ဈေးရောင်းသူနှင့် တူ၏။
နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မည်သူ့ကိုမဆို လာဝယ်လျှင် ရောင်းချ ရမည်ဖြစ်သည်။
တရားအားထုတ်စဉ်တွင် ခန္ဓာ ကိုယ် နာကျင်ကိုက်ခဲလာခြင်းများသည် ဈေးလာဝယ်သည်နှင့် တူသည်။
နည်းနည်းနာလျှင် နည်းနည်းလာဝယ်ခြင်းဖြစ်သည်။ များများနာလျှင် များများလာဝယ်ခြင်းဖြစ်သည်။
နောက်ထပ်ဝယ်အောင် ပြုံး၍ဆက်ဆံရမည်။ ဖေါ်ပြလာသည့်တရားကို ရှုမှတ်နိုင်ရမည်။
သို့မှသာ သတိ ဉာဏ် ပညာ အား ကောင်းလာမည်ဖြစ် သည်။
ဖြစ်ပေါ်လာသော ဒုက္ခကို ရန်မလုပ်ပါနှင့်။
ဒုက္ခကို သိသည်ထက် သိနေအောင် ရှုမှတ်ကာ ခန္ဓာကိုယ်ကို မြေကြီးမဖြစ်မီ အသုံးချ ကြရမည် ဖြစ်သည်။

-ဘဒ္ဒန္တ ဇာနေယျ၊ (မြစိမ်းတောင်ဆရာတော်)။ သေခြင်းတရား တရားတော်

Credit: Original

စံတင္ရေသာ ဓမၼအျမင္မ်ား (စံတင်ရသော ဓမ္မအမြင်များ)

[Zawgyi]
စံတင္ရေသာ ဓမၼအျမင္မ်ား
ေကာသလတိုင္း၊ သာဝတၳိျပည္အနီး၊ ေဇတဝန္ေက်ာင္းႏွင့္ ဆက္စပ္ေနေသာ ေတာၾကီးတစ္ေတာ႐ွိသည္။ ထိုေတာၾကီးထဲတြင္ ဘိကၡဳနီ ရဟႏၱာ အ႐ွင္မသုံးဦး တရားအားထုတ္လ်က္ေနသည္။ ဆာလာ၊ ဥပဆာလာႏွင့္ သီသူပဆာလာ အမည္အသီးသီး႐ွိၾကသည့္ အ႐ွင္သာရိပုတၱရာ၏ ႏွမေတာ္မ်ားပင္ျဖစ္ၾကသည္။ ေႏွာက္ယွက္လိုေသာ စိတ္ျဖင့္ မာရ္နတ္သည္ အျခား ပုဂၢိဳလ္ဟန္ေဆာင္ကာ ဘိကၡဳနီမတစ္ဦးခ်င္းအား ေမးခြန္းမ်ားလိုက္လံ ေမးျမန္းသည္။
မာရ္နတ္
အသင္ မႏွစ္သက္တာဘာလဲ။
ဆာလာ
ပဋိသေႏၶေနရျခင္းဆိုတဲ့ ဇာတိတရားကို မႏွစ္သက္ပါ။
မာရ္နတ္
ဇာတိတရားကို ဘာေၾကာင့္ မႏွစ္သက္ရတာလဲ။ ေမြးဖြားျပီး လူရယ္လို႔ျဖစ္လာမွ ကာမဂုဏ္ ခ်မ္းသာကို ခံစားႏိုင္ေတာ့ မွာေပါ့။ မေမြးဖြားခဲ့ရင္ ဘယ္လာခံစားႏိုင္မွာတုံး။ ဘယ္လို လူမိုက္က သင့္ကို ဒီအယူ ခံယူေစခဲ့တာလဲ။
ဆာလာ
ေလာကမွာ ေမြးဖြားလာတဲ့ ပုဂၢိဳလ္တိုင္းဟာ မေသရဘူးဆိုတာ မ႐ွိ၊ ေသရမွာျဖစ္တယ္။ ဇာတိ တရားရဲ႕ေနာက္ဆုံးလမ္းက မရဏပဲ။ ဒါတြင္မဟုတ္ေသးဘူး၊ မေသခင္ အိုရ နာရ၊ တခ်ဳိ႕ဆို ဖမ္းဆီးခ်ဳပ္ေႏွာင္ ခံရ၊ ညွဥ္းဆဲသတ္ျဖတ္ခံရနဲ ့ခံလိုက္ရတဲ့ ဆင္းရဲဒုကၡ၊ ေမြးဖြားလာလို ့ျဖစ္ရတဲ့ ဆင္းရဲဒုကၡေတြ မ်ားလွပါ့။ ဒါေၾကာင့္၊ ဇာတိ တရားကို မၾကိဳက္တာျဖစ္တယ္။ သစၥာေလး ပါးကို သိျမင္တဲ့ ျမတ္စြာဘုရားဟာ ဇာတိ မွ လြတ္ေျမာက္ ေၾကာင္းနည္းလမ္းျဖစ္တဲ့ ဓမၼကို ေဟာၾကားခဲ့တယ္။ ဆင္းရဲ ဒုကၡအားလုံးကို ဖယ္႐ွားႏိုင္ဖို ့အမွန္လမ္းေပၚကို တင္ေပးခဲ့ တယ္။ သက္တမ္း အလြန္႐ွည္ၾကာတဲ့ ႐ူပ၊ အ႐ူပဘုံက ျဗဟၼာေတြ ေတာင္မွ သစၥာမသိရင္ ဘဝသစ္ကို ေရာက္ၾကရဦးမွာပဲ။
မာရ္နတ္သည္ လက္ေလွ်ာ့ကာ ဒုတိယ ဘိကၡဳနီဥပဆာလာထံ သြားေလသည္။
မာရ္နတ္
အသင္ ဘယ္ဘံုဘဝမွာ ျဖစ္ခ်င္သလဲ။
ဥပဆာလာ
ဘယ္ဘုံဘဝမွာမွ မျဖစ္ခ်င္ပါ။
မာရ္နတ္
နတ္ျပည္ေျခာက္ထပ္ကို ေတာင့္တလိုက္ပါ။ အဲဒီ နတ္ျပည္ေတြမွာ ကာမခ်မ္းသာ အျပည့္အဝ ႐ွိပါတယ္။
ဥပဆာလာ
ထိုနတ္အေပါင္းတို႔ဟာ ကာမဂုဏ္ေႏွာင္ၾကိဳးေတြနဲ ့ေႏွာင္ဖြဲ ့ခံထားရလို ့အလိုဆႏၵေနာက္ကို လိုက္ေနရတဲ့အတြက္ အဲဒီ ေနရာကကို မခြါႏိုင္ၾကပါဘူး။ ဒါေၾကာင့္ လြတ္လပ္တဲ့သူေတြ မဟုတ္ၾကပါ။ ဓမၼအျမင္နဲ ့ၾကည့္ရင္ ေလာကၾကီး တစ္ခုလုံးဟာ ကိေလသာမီးေတြ အလွ်ံတေျပာင္ေျပာင္နဲ ့ပူေလာင္ေနပါတယ္။
တဏွာ၊ ဒိ႒ိတို႔နဲ ့တုန္လႈပ္ေနပါတယ္။ ဘယ္ေလာကမွ ခ်မ္းသာ တာမ႐ွိ၊ ျဖစ္ရာဘဝမွာ ေလာင္ေန၊ တုန္လႈပ္ေနၾကရတာ ခ်ည္း ပါ။ ကိေလသာမီး ေတာက္ေလာင္ျခင္းမ႐ွိတဲ့၊ ပုထုဇဥ္တို႔ မမွီဝဲႏိုင္တဲ့၊ မာရ္နတ္လည္း လာမေႏွာက္ယွက္ႏိုင္တဲ့၊ အျမဲေပ်ာ္ ပိုက္ႏွစ္ျခိဳက္ စရာ ေအးျမတဲ့ အရပ္ဆိုတာ႐ွိပါတယ္။ အဲဒါ နိဗၺာန္ပါပဲ။
မာရ္နတ္လည္း မဟန္မွန္းသိသည္ႏွင့္ ဘိကၡဳနီသီသူပဆာလာထံ သြားျပန္၏။
မာရ္နတ္
အသင္ ဘယ္အယူဝါဒကို ႏွစ္သက္သလဲ။
သီသူပဆာလာ
ဗုဒၶသာသနာေတာ္ရဲ ့အပမွာ မိစၧာအယူဝါဒဆိုတာ ထင္႐ွား႐ွိ တယ္။ လကၡံက်င့္သုံးသူ ေတြဟာ ဒီအယူဝါဒမွာ စြဲလန္းနစ္ျမဳပ္ ေနၾကတယ္။ အမွန္တရားနဲ ့ပတ္သက္ျပီး ကၽြမ္းက်င္လိမၼာမႈ မ႐ွိၾကလို႔ပဲ။ ဒီမိစၧာအယူဝါဒကို ငါမႏွစ္သက္ပါ။
မာရ္နတ္
သင္ႏွစ္သက္ရာကို ေျပာပါ။ ဝတ္ဆင္ထားတာကို ၾကည့္ရတာ ကိေလသာ ျငိမ္းေအာင္ က်င့္ၾကံေနသူလို႔ေတာ့ ထင္ရပါရဲ႕။ သင့္ဆံေကသာ ရိတ္ပယ္လာခဲ့တာ ဘယ္ဆရာကို ဦးတည္ျပီး လာခဲ့တာလဲ။
သီသူပဆာလာ
သာကီ၀င္္မင္းမ်ိဳးမွ ေမြးဖြားလာျပီး၊ ျပိဳင္ဖက္မ႐ွိ၊ အရာရာကို လႊမ္းမိုးႏိုင္သလို၊ ကိေလသာ မ်ိဳးစုံကို ပယ္ရာမွာ ဘယ္ေတာ့မွ အ႐ႈံးမေပးတဲ့အတြက္ ကိေလသာအလုံးစုံကိုပယ္ႏိုင္တဲ့ ျမတ္ စြာဘုရား ေလာကမွာ ထင္႐ွား႐ွိပါတယ္။
ကိေလသာတို ့မွ လြတ္ေျမာက္ကာ၊ တဏွာ၊ ဒိ႒ိ စြဲျငိျခင္းမ႐ွိတဲ့ ဘုရား႐ွင္ဟာ၊ တရားအကုန္ သိေတာ္မူသူျဖစ္တယ္။ ကံမ႐ွိတဲ့ အရဟတၱဖိုလ္ နိဗၺာန္၌ လြတ္ေျမာက္ျပီးျဖစ္တဲ့ ဘုန္းေတာ္ ၾကီးျမတ္ေသာ ဘုရား႐ွင္ဟာ ငါ့ရဲ ့ဆရာပါပဲ။ ဒီဆရာကို ရည္စူးၿပီး ငါ့ရဲ႕ဆံေကသာကို ရိတ္ပယ္ကာ ဘိကၡဳနီ ဝတ္ခဲ့တယ္။
ဘိကၡဳနီ ရဟႏၲာ႐ွင္မ သုံးဦး၏ စံတင္ရေသာ ဓမၼအျမင္မ်ားေၾကာင့္ မာရ္နတ္သည္ စိတ္ပ်က္ဝမ္းနည္းစြာ ထြက္ခြါသြားေတာ့သည္။
- ေဒါက္တာ ဘဒၵႏၲ နႏၵမာလာဘိဝံသ၊
( အ႐ွင္သာရိပုတၱရာ၏ ႏွမေတာ္မ်ား၏ ဓမၼအျမင္မ်ား တရားေတာ္ )

Credit: Original

[Unicode]
စံတင်ရသော ဓမ္မအမြင်များ
ကောသလတိုင်း၊ သာဝတ္ထိပြည်အနီး၊ ဇေတဝန်ကျောင်းနှင့် ဆက်စပ်နေသော တောကြီးတစ်တောရှိသည်။ ထိုတောကြီးထဲတွင် ဘိက္ခုနီ ရဟန္တာ အရှင်မသုံးဦး တရားအားထုတ်လျက်နေသည်။ ဆာလာ၊ ဥပဆာလာနှင့် သီသူပဆာလာ အမည်အသီးသီးရှိကြသည့် အရှင်သာရိပုတ္တရာ၏ နှမတော်များပင်ဖြစ်ကြသည်။ နှောက်ယှက်လိုသော စိတ်ဖြင့် မာရ်နတ်သည် အခြား ပုဂ္ဂိုလ်ဟန်ဆောင်ကာ ဘိက္ခုနီမတစ်ဦးချင်းအား မေးခွန်းများလိုက်လံ မေးမြန်းသည်။
မာရ်နတ်
အသင် မနှစ်သက်တာဘာလဲ။
ဆာလာ
ပဋိသန္ဓေနေရခြင်းဆိုတဲ့ ဇာတိတရားကို မနှစ်သက်ပါ။
မာရ်နတ်
ဇာတိတရားကို ဘာကြောင့် မနှစ်သက်ရတာလဲ။ မွေးဖွားပြီး လူရယ်လို့ဖြစ်လာမှ ကာမဂုဏ် ချမ်းသာကို ခံစားနိုင်တော့ မှာပေါ့။ မမွေးဖွားခဲ့ရင် ဘယ်လာခံစားနိုင်မှာတုံး။ ဘယ်လို လူမိုက်က သင့်ကို ဒီအယူ ခံယူစေခဲ့တာလဲ။
ဆာလာ
လောကမှာ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မသေရဘူးဆိုတာ မရှိ၊ သေရမှာဖြစ်တယ်။ ဇာတိ တရားရဲ့နောက်ဆုံးလမ်းက မရဏပဲ။ ဒါတွင်မဟုတ်သေးဘူး၊ မသေခင် အိုရ နာရ၊ တချို့ဆို ဖမ်းဆီးချုပ်နှောင် ခံရ၊ ညှဉ်းဆဲသတ်ဖြတ်ခံရနဲ့ခံလိုက်ရတဲ့ ဆင်းရဲဒုက္ခ၊ မွေးဖွားလာလို့ဖြစ်ရတဲ့ ဆင်းရဲဒုက္ခတွေ များလှပါ့။ ဒါကြောင့်၊ ဇာတိ တရားကို မကြိုက်တာဖြစ်တယ်။ သစ္စာလေး ပါးကို သိမြင်တဲ့ မြတ်စွာဘုရားဟာ ဇာတိ မှ လွတ်မြောက် ကြောင်းနည်းလမ်းဖြစ်တဲ့ ဓမ္မကို ဟောကြားခဲ့တယ်။ ဆင်းရဲ ဒုက္ခအားလုံးကို ဖယ်ရှားနိုင်ဖို့အမှန်လမ်းပေါ်ကို တင်ပေးခဲ့ တယ်။ သက်တမ်း အလွန်ရှည်ကြာတဲ့ ရူပ၊ အရူပဘုံက ဗြဟ္မာတွေ တောင်မှ သစ္စာမသိရင် ဘဝသစ်ကို ရောက်ကြရဦးမှာပဲ။
မာရ်နတ်သည် လက်လျှော့ကာ ဒုတိယ ဘိက္ခုနီဥပဆာလာထံ သွားလေသည်။
မာရ်နတ်
အသင် ဘယ်ဘုံဘဝမှာ ဖြစ်ချင်သလဲ။
ဥပဆာလာ
ဘယ်ဘုံဘဝမှာမှ မဖြစ်ချင်ပါ။
မာရ်နတ်
နတ်ပြည်ခြောက်ထပ်ကို တောင့်တလိုက်ပါ။ အဲဒီ နတ်ပြည်တွေမှာ ကာမချမ်းသာ အပြည့်အဝ ရှိပါတယ်။
ဥပဆာလာ
ထိုနတ်အပေါင်းတို့ဟာ ကာမဂုဏ်နှောင်ကြိုးတွေနဲ့နှောင်ဖွဲ့ခံထားရလို့အလိုဆန္ဒနောက်ကို လိုက်နေရတဲ့အတွက် အဲဒီ နေရာကကို မခွါနိုင်ကြပါဘူး။ ဒါကြောင့် လွတ်လပ်တဲ့သူတွေ မဟုတ်ကြပါ။ ဓမ္မအမြင်နဲ့ကြည့်ရင် လောကကြီး တစ်ခုလုံးဟာ ကိလေသာမီးတွေ အလျှံတပြောင်ပြောင်နဲ့ပူလောင်နေပါတယ်။
တဏှာ၊ ဒိဋ္ဌိတို့နဲ့တုန်လှုပ်နေပါတယ်။ ဘယ်လောကမှ ချမ်းသာ တာမရှိ၊ ဖြစ်ရာဘဝမှာ လောင်နေ၊ တုန်လှုပ်နေကြရတာ ချည်း ပါ။ ကိလေသာမီး တောက်လောင်ခြင်းမရှိတဲ့၊ ပုထုဇဉ်တို့ မမှီဝဲနိုင်တဲ့၊ မာရ်နတ်လည်း လာမနှောက်ယှက်နိုင်တဲ့၊ အမြဲပျော် ပိုက်နှစ်ခြိုက် စရာ အေးမြတဲ့ အရပ်ဆိုတာရှိပါတယ်။ အဲဒါ နိဗ္ဗာန်ပါပဲ။
မာရ်နတ်လည်း မဟန်မှန်းသိသည်နှင့် ဘိက္ခုနီသီသူပဆာလာထံ သွားပြန်၏။
မာရ်နတ်
အသင် ဘယ်အယူဝါဒကို နှစ်သက်သလဲ။
သီသူပဆာလာ
ဗုဒ္ဓသာသနာတော်ရဲ့အပမှာ မိစ္ဆာအယူဝါဒဆိုတာ ထင်ရှားရှိ တယ်။ လက္ခံကျင့်သုံးသူ တွေဟာ ဒီအယူဝါဒမှာ စွဲလန်းနစ်မြုပ် နေကြတယ်။ အမှန်တရားနဲ့ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာမှု မရှိကြလို့ပဲ။ ဒီမိစ္ဆာအယူဝါဒကို ငါမနှစ်သက်ပါ။
မာရ်နတ်
သင်နှစ်သက်ရာကို ပြောပါ။ ဝတ်ဆင်ထားတာကို ကြည့်ရတာ ကိလေသာ ငြိမ်းအောင် ကျင့်ကြံနေသူလို့တော့ ထင်ရပါရဲ့။ သင့်ဆံကေသာ ရိတ်ပယ်လာခဲ့တာ ဘယ်ဆရာကို ဦးတည်ပြီး လာခဲ့တာလဲ။
သီသူပဆာလာ
သာကီဝင်မင်းမျိုးမှ မွေးဖွားလာပြီး၊ ပြိုင်ဖက်မရှိ၊ အရာရာကို လွှမ်းမိုးနိုင်သလို၊ ကိလေသာ မျိုးစုံကို ပယ်ရာမှာ ဘယ်တော့မှ အရှုံးမပေးတဲ့အတွက် ကိလေသာအလုံးစုံကိုပယ်နိုင်တဲ့ မြတ် စွာဘုရား လောကမှာ ထင်ရှားရှိပါတယ်။
ကိလေသာတို့မှ လွတ်မြောက်ကာ၊ တဏှာ၊ ဒိဋ္ဌိ စွဲငြိခြင်းမရှိတဲ့ ဘုရားရှင်ဟာ၊ တရားအကုန် သိတော်မူသူဖြစ်တယ်။ ကံမရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်၌ လွတ်မြောက်ပြီးဖြစ်တဲ့ ဘုန်းတော် ကြီးမြတ်သော ဘုရားရှင်ဟာ ငါ့ရဲ့ဆရာပါပဲ။ ဒီဆရာကို ရည်စူးပြီး ငါ့ရဲ့ဆံကေသာကို ရိတ်ပယ်ကာ ဘိက္ခုနီ ဝတ်ခဲ့တယ်။
ဘိက္ခုနီ ရဟန္တာရှင်မ သုံးဦး၏ စံတင်ရသော ဓမ္မအမြင်များကြောင့် မာရ်နတ်သည် စိတ်ပျက်ဝမ်းနည်းစွာ ထွက်ခွါသွားတော့သည်။
- ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၊
( အရှင်သာရိပုတ္တရာ၏ နှမတော်များ၏ ဓမ္မအမြင်များ တရားတော် )

Credit: Original

အဝိဇၨာ သခၤါရေႀကာင့္ (အဝိဇ္ဇာ သင်္ခါရကြောင့်)

[Zawgyi]
အဝိဇၨာ သခၤါရေႀကာင့္
ခႏၶာငါးပါး ရုပ္နာမ္တရားကို
ဝိပါကဝဋ္ အျဖစ္ျဖင့္
ရခဲ႕ႀကျခင္း ျဖစ္သည္ဟူေသာ
အလြန္ရဲရင့္ေသာ အေျဖကို
ဗုဒၶရွင္ေတာ္ျမတ္ဘုရား မွတစ္ပါး
ဤေလာက၌ေျဖႀကားနိုင္ေသာသူ
တစ္စံုတစ္ေယာက္မ်ွ မရွိခဲ႕ေခ်။
ဇာတိ _ပဋိသေႏၶေနရေသာ
သတၲဝါတိုင္းမွာ
ေမြးကတည္းက
ေသမိန္႕က်ျပီးသူကဲ႕သို႕
ဝိပရိဏာမေဘးႀကီး
အျပီးပါလာခဲ႕သည္
ဝဋ္ဆင္းရဲ အေပါင္းမွ လြတ္ေျမာက္ရာ
လမ္းေျဖာင့္ လမ္းမွန္ျဖစ္ကို
ေဟာေဖာ္ညႊန္ျပ ဆံုးမနိုင္ေသာသူကား
ဤေလာက၌
ေဂါတမ ဗုဒၶတစ္ပါးတည္းသာ ရွိသည္။
-ဦးဆန္းလြင္
ဘံုစဥ္စံဘဝလမ္းျပဒသန

[Unicode]
အဝိဇ္ဇာ သင်္ခါရကြောင့်
ခန္ဓာငါးပါး ရုပ်နာမ်တရားကို
ဝိပါကဝဋ် အဖြစ်ဖြင့်
ရခဲ့ကြခြင်း ဖြစ်သည်ဟူသော
အလွန်ရဲရင့်သော အဖြေကို
ဗုဒ္ဓရှင်တော်မြတ်ဘုရား မှတစ်ပါး
ဤလောက၌ဖြေကြားနိုင်သောသူ
တစ်စုံတစ်ယောက်မျှ မရှိခဲ့ချေ။
ဇာတိ _ပဋိသန္ဓေနေရသော
သတ္တဝါတိုင်းမှာ
မွေးကတည်းက
သေမိန့်ကျပြီးသူကဲ့သို့
ဝိပရိဏာမဘေးကြီး
အပြီးပါလာခဲ့သည်
ဝဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ရာ
လမ်းဖြောင့် လမ်းမှန်ဖြစ်ကို
ဟောဖော်ညွှန်ပြ ဆုံးမနိုင်သောသူကား
ဤလောက၌
ဂေါတမ ဗုဒ္ဓတစ်ပါးတည်းသာ ရှိသည်။
-ဦးဆန်းလွင်
ဘုံစဉ်စံဘဝလမ်းပြဒသန

သီလရွင္ စတင္ျဖစ္ေပၚလာပံု (သီလရှင် စတင်ဖြစ်ပေါ်လာပုံ)

[Zawgyi]
သီလရွင္ စတင္ျဖစ္ေပၚလာပံု
===================
သီလရွင္အေၾကာင္းနဲ႔ပတ္သတ္ၿပီး ဆရာရေ၀ထြန္း ေရးသား ထားတဲ့ ဘိကၡဳနီသာသနာနဲ႔သီလရွင္ သမိုင္းစာအုပ္ကုိ ေလ့လာခဲ့ပါတယ္။ အဲဒီမွာေဖာ္ျပထားတာ က သီလရွင္ေတြဟာ ဘိကၡဳနီသာသနာ ကြယ္ၿပီး သာသနာႏွစ္ကိုးရာေက်ာ္၊ ေအဒီသံုးရာစု ၀န္းက်င္ေလာက္မွာ သီလရွင္စတင္ျဖစ္ေပၚလာတယ္လုိ႔ မွတ္ခ်က္ျပဳထားတာ ေတြ႕ရပါတယ္။

ဘိကၡဳနီသာသနာဟာ သီဟုိဠ္ကၽြန္းတြင္ ေအဒီသံုးရာစု၀န္း က်င္မွာ ေနာက္ဆံုးတည္ရွိခဲ့ၿပီး ကြယ္ေပ်ာက္သြားခဲ့တယ္လုိ႔ ဘိကၡဳနီသာသနာအေၾကာင္းေရးသားထားတဲ့ တရုတ္ရဟန္းေတာ္ ဖာဟီယန္မွတ္တမ္းက ဆုိပါတယ္။

အဲဒီလုိ ဘိကၡဳနီသာသနာကြယ္ၿပီးေနာက္ပုိင္း သာသနာႏွစ္ (၉၀၀)ကေန (၁၄၀၀) အတြင္း (ေအဒီသံုးရာစုကေန ေအဒီကိုးရာစု) ပ်ဳေခတ္မွာ ပ်ဳအမ်ဳိးသမီးမ်ား သီလရွင္၀တ္လာၾကပါတယ္။ အဲဒီတုန္းက သီလရွင္ကိုေတာ့ ပရိဗိုဇ္မယ္လို႔ ေခၚပါတယ္။ အဲဒီကေန ပုဂံေခတ္၊ အင္း၀ေခတ္အထိ သီလရွင္မ်ား အဆက္ဆက္ထြန္းကားလာၿပီး ကုန္းေဘာင္ေခတ္ထိ ေရာက္လာပါတယ္။ ကုန္းေဘာင္ေခတ္တြင္ မယ္ေခမာအမည္ရွိတဲ့ သီလရွင္မယ္ကင္းတို႔ေခတ္မွာ သီလရွင္မ်ား ပုိမုိထင္ရွားလာပါတယ္။ အဲဒီလုိ ထင္ရွားလာရာကေန တျဖည္းျဖည္းခ်င္း သီလရွင္၀တ္ၾကသူ အမ်ိဳးသမီးမ်ားေပါမ်ားတာေၾကာင့္ သီလရွင္မ်ား ယခုအခ်ိန္ထိ ထြန္းကားေနျခင္း ျဖစ္ပါတယ္။ ဒါကေတာ့ သီလရွင္စတင္ျဖစ္ေပၚလာပံုပါ။

Credit: လူဗိုလ္
Copy from: Myanmar Medicine Media

[Unicode]
သီလရှင် စတင်ဖြစ်ပေါ်လာပုံ
===================
သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာ ကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက်ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင်မယ်ကင်းတို့ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။

Credit: လူဗိုလ်
Copy from: Myanmar Medicine Media

ဖန္ဆင္း႐ွင္မွာ မိမိသာ (ဖန်ဆင်းရှင်မှာ မိမိသာ)

[Zawgyi]
ဖန္ဆင္း႐ွင္မွာ မိမိသာ
ျမတ္စြာဘုရားသည္ သာဝတၳိျပည္၊ ေဇတဝန္ေက်ာင္း၌ သီတင္းသုံးေနေတာ္မူ၏။ ထိုအခါ ေတာေဒယ် ပုဏၰား၏သား သုဘလုလင္သည္ သင့္ေလ်ာ္ရာ၌ထိုင္ကာ ျမတ္စြာဘုရားအား ဤသို႔ေလွ်ာက္ ထား၏။
သုဘလုလင္:
အ႐ွင္ဘုရား၊ လူအခ်င္းခ်င္းျဖစ္ၾကပါလ်က္_
(၁) အသက္တိုျခင္း၊ အသက္႐ွည္ျခင္း၊
(၂) အနာေရာဂါမ်ားျခင္း၊ အနာေရာဂါကင္းျခင္း၊
(၃) အ႐ုပ္ဆိုးျခင္း၊ အဆင္းလွျခင္း၊
(၄) အျခံအရံမ႐ွိျခင္း၊ အျခံအရံမ်ားျခင္း၊
(၅) စည္းစိမ္ဥစၥာ႐ွားပါးျခင္း၊ စည္းစိမ္ဥစၥာေပါမ်ားျခင္း၊
(၆) အမ်ဳိးယုတ္ျခင္း၊ အမ်ဳိးျမတ္ျခင္း၊
(၇) ပညာမဲ့ျခင္း၊ ပညာ႐ွိျခင္း ဟူ၍လူမႈအဆင့္အနိ္မ့္အျမင့္တို႔ကုိ ေတြ႔ျမင္ရပါသည္။ ထိုအေၾကာင္း ရင္းမ်ားကား အဘယ္ပါနည္း ဘုရား။
ျမတ္စြာဘုရား:
လုလင္၊ ေကာင္းစြာ ႏွလုံးသြင္း၍ နာယူပါ။ သတၱဝါတုိ႔သည္ ကံသာလွ်င္ မွီခိုရာအေၾကာင္းရင္း ႐ိွ၏။ ထိုကံသည္ သတၱဝါ တို႔ကို အနိမ့္-အျမင့္ ကြဲျပားျခားနားေစ၏။
သုဘလုလင္:
ျမတ္စြာဘုရား၊ ဤတရားသည္ အက်ဉ္းျဖစ္၍ တပည့္ေတာ္ မသိပါ ဘုရား။ အနက္သေဘာ အက်ယ္ကို ေဟာၾကားေတာ္ မူပါဘုရား။
ျမတ္စြာဘုရား:
(၁) သူတစ္ပါးကို မသနားဘဲ သတ္ျဖတ္မႈ အက်င့္ေၾကာင့္ အသက္တိုရ၏။ မသတ္ဘဲ ေ႐ွာင္ၾကဉ္ မႈေၾကာင့္ အသက္ ႐ွည္ရ၏။
(၂) သူတစ္ပါးကို ညွဉ္းဆဲမႈ အက်င့္ေၾကာင့္ ေရာဂါမ်ားရ၏။ မညွဉ္းဆဲမႈေၾကာင့္ ေရာဂါနည္းပါး ရ၏။
(၃) သူတစ္ပါးကို အမ်က္ထြက္မႈ အက်င့္ေၾကာင့္ အဆင္းမလွ ႐ုပ္ဆိုးရ၏။ ေမတၱာထားမႈေၾကာင့္ အဆင္းလွပတင့္တယ္ရ၏။
(၄) သူတစ္ပါးကို ျငဴစူမနာလိုမႈ အက်င့္ေၾကာင့္ အၿခံအရံမ႐ွိျဖစ္ရ၏။ ျငဴစူမနာလိုကင္းမႈေၾကာင့္ အၿခံအရံမ်ားျပားရ၏။
(၅)သမဏ ျဗာဟၼဏတို႔အား မေပးလႉမႈ အက်င့္ေၾကာင့္ စည္းစိမ္ဥစၥာ႐ွားပါးရ၏။ ေပးကမ္းလႉဒါန္းမႈေၾကာင့္စည္းစိမ္ဥစၥာ
ေပါမ်ားရ၏။
(၆) မာနႀကီး၍ ခက္ထန္ၿပီး မ႐ုိေသမႈ အက်င့္ေၾကာင့္ အမ်ဳိး ယုတ္ညံ့ရ၏။ ႐ုိေသႏွိမ့္ခ် မာနမေထာင္လႊားမႈ ေၾကာင့္အမ်ဳိးျမင့္ျမတ္ရ၏။
(၇) သမဏ ျဗာဟၼဏတို႔ကို ခ်ဉ္းကပ္ၿပီး အဖန္ဖန္မေမးျမန္းမႈ အက်င့္ေၾကာင့္ ပညာမဲ့ျဖစ္ရ၏။ အဖန္ဖန္ ေမးျမန္းမႈေၾကာင့္ ပညာ႐ွိျဖစ္ရ၏။
သုဘလုလင္:
အ႐ွင္ဘုရား၊ တရားေတာ္သည္ အလြန္ႏွစ္သက္ဖြယ္ ျဖစ္ပါသည္။ လမ္းမွားသူအား လမ္းမွန္ကုိ ေျပာၾကားဘိသုိ႔ ႐ိွပါ၏။ တပည့္ေတာ္ သည္ ဘုရား၊ တရား၊ သံဃာ ရတနာျမတ္သုံးပါး ကို ကိုးကြယ္ရာ ဟူ၍ ဆည္းကပ္ပါ၏။ တပည့္ေတာ္အား ယေန႔မွစ၍ ဥပါသကာဟု မွတ္ေတာ္မူပါ ဘုရား။
ျမတ္စြာဘုရား:
ဤသို႔ လူမႈအဆင့္ အနိမ့္-အျမင့္ ကြဲျပားျခားနား ေနရျခင္းသည္ နတ္ ျဗဟၼာတို႔ ဖန္ဆင္း၍မဟုတ္၊ ဖန္ဆင္း႐ွင္မွာ မိမိျပဳလုပ္ေသာ ကံေကာင္း ကံဆိုး ႏွစ္ပါးေၾကာင့္ပင္တည္း။
သာဓု သာဓု သာဓု
က်မ္းကုိး။ ။စူဠကမၼဝိဘဂၤသုတ္၊ ဝိဘဂၤဝဂ္၊ ဥပရိပဏၰာသပါဠိေတာ္၊ မဇၩိမနိကာယ္။

[Unicode]
ဖန်ဆင်းရှင်မှာ မိမိသာ
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး
နေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏား၏သား သုဘလုလင်သည် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားအား ဤသို့လျှောက် ထား၏။
သုဘလုလင်:
အရှင်ဘုရား၊ လူအချင်းချင်းဖြစ်ကြပါလျက်_
(၁) အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(၂) အနာရောဂါများခြင်း၊ အနာရောဂါကင်းခြင်း၊
(၃) အရုပ်ဆိုးခြင်း၊ အဆင်းလှခြင်း၊
(၄) အခြံအရံမရှိခြင်း၊ အခြံအရံများခြင်း၊
(၅) စည်းစိမ်ဥစ္စာရှားပါးခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း၊
(၆) အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်း၊
(၇) ပညာမဲ့ခြင်း၊ ပညာရှိခြင်း ဟူ၍လူမှုအဆင့်အနိမ့်အမြင့်တို့ကို တွေ့မြင်ရပါသည်။ ထိုအကြောင်း ရင်းများကား အဘယ်ပါနည်း ဘုရား။
မြတ်စွာဘုရား:
လုလင်၊ ကောင်းစွာ နှလုံးသွင်း၍ နာယူပါ။ သတ္တဝါတို့သည် ကံသာလျှင် မှီခိုရာအကြောင်းရင်း ရှိ၏။ ထိုကံသည် သတ္တဝါ တို့ကို အနိမ့်-အမြင့် ကွဲပြားခြားနားစေ၏။
သုဘလုလင်:
မြတ်စွာဘုရား၊ ဤတရားသည် အကျဉ်းဖြစ်၍ တပည့်တော် မသိပါ ဘုရား။ အနက်သဘော အကျယ်ကို ဟောကြားတော် မူပါဘုရား။
မြတ်စွာဘုရား:
(၁) သူတစ်ပါးကို မသနားဘဲ သတ်ဖြတ်မှု အကျင့်ကြောင့် အသက်တိုရ၏။ မသတ်ဘဲ ရှောင်ကြဉ် မှုကြောင့် အသက် ရှည်ရ၏။
(၂) သူတစ်ပါးကို ညှဉ်းဆဲမှု အကျင့်ကြောင့် ရောဂါများရ၏။ မညှဉ်းဆဲမှုကြောင့် ရောဂါနည်းပါး ရ၏။
(၃) သူတစ်ပါးကို အမျက်ထွက်မှု အကျင့်ကြောင့် အဆင်းမလှ ရုပ်ဆိုးရ၏။ မေတ္တာထားမှုကြောင့် အဆင်းလှပတင့်တယ်ရ၏။
(၄) သူတစ်ပါးကို ငြူစူမနာလိုမှု အကျင့်ကြောင့် အခြံအရံမရှိဖြစ်ရ၏။ ငြူစူမနာလိုကင်းမှုကြောင့် အခြံအရံများပြားရ၏။
(၅)သမဏ ဗြာဟ္မဏတို့အား မပေးလှူမှု အကျင့်ကြောင့် စည်းစိမ်ဥစ္စာရှားပါးရ၏။ ပေးကမ်းလှူဒါန်းမှုကြောင့်စည်းစိမ်ဥစ္စာ
ပေါများရ၏။
(၆) မာနကြီး၍ ခက်ထန်ပြီး မရိုသေမှု အကျင့်ကြောင့် အမျိုး ယုတ်ညံ့ရ၏။ ရိုသေနှိမ့်ချ မာနမထောင်လွှားမှု ကြောင့်အမျိုးမြင့်မြတ်ရ၏။
(၇) သမဏ ဗြာဟ္မဏတို့ကို ချဉ်းကပ်ပြီး အဖန်ဖန်မမေးမြန်းမှု အကျင့်ကြောင့် ပညာမဲ့ဖြစ်ရ၏။ အဖန်ဖန် မေးမြန်းမှုကြောင့် ပညာရှိဖြစ်ရ၏။
သုဘလုလင်:
အရှင်ဘုရား၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါသည်။ လမ်းမှားသူအား လမ်းမှန်ကို ပြောကြားဘိသို့ ရှိပါ၏။ တပည့်တော် သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်အား ယနေ့မှစ၍ ဥပါသကာဟု မှတ်တော်မူပါ ဘုရား။
မြတ်စွာဘုရား:
ဤသို့ လူမှုအဆင့် အနိမ့်-အမြင့် ကွဲပြားခြားနား နေရခြင်းသည် နတ် ဗြဟ္မာတို့ ဖန်ဆင်း၍မဟုတ်၊ ဖန်ဆင်းရှင်မှာ မိမိပြုလုပ်သော ကံကောင်း ကံဆိုး နှစ်ပါးကြောင့်ပင်တည်း။
သာဓု သာဓု သာဓု
ကျမ်းကိုး။ ။စူဠကမ္မဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်။

တရား႐ွာ ေနာက္မက်ရာ (တရားရှာ နောက်မကျရာ)

[Zawgyi]
တရား႐ွာ ေနာက္မက်ရာ

အေတာင္က်ိဳးေနေသာ ၾကိဳးၾကာငွက္အိုသည္ ငါးမ႐ွိသည့္ ႐ႊံ႕ညြံ အိုင္တြင္ ငယ္စဥ္က ငါးမ်ား ေကာက္ယူ စားေသာက္ခဲ့ရသည္ ကိုၾကံေတြးလ်က္မိႈင္ေတြေနသကဲ့သို ့ငယ္႐ြယ္စဥ္ကစီးပြားဥစၥာ
ေကာင္းစြာမ႐ွာခဲ့ သူသည္ မိမိေကာင္းစြာ စားဝတ္ေနထိုင္ ခဲ့ရသည့္ ေ႐ွးျဖစ္မ်ားကို ေတြးကာ ညည္းတြားေနရတတ္သည္။
ပစ္မွတ္ကိုမထိဘဲ အ႐ွိန္လြန္ကာ ေျမမွာ က်ျပီး ေကာက္ယူျခင္း မ႐ွိေသာျမားသည္ ေဆြးျမည့္ပ်က္စီး သြားရေလ၏။
တတိယအ႐ြယ္က်မွ တရား႐ွာမည္ဟူ၍ ပထမႏွင့္ ဒုတိယ အ ႐ြယ္မွာ ေပါ့ေပါ့ေနခဲ့ၾကသူမ်ားသည္လည္း လက္ေျခတို ့ မိမိ အလိုသို ့ မလိုက္ႏိုင္ေတာ့သည့္ ကာယ ဉာဏ စြမ္းအားမ်ား မ႐ွိေတာ့ေသာ ဇရာအ႐ြယ္တြင္ တရားမ႐ွာႏိုင္၊ ဆုံး႐ႈံးၾကရေပသည္။
-ပညာသီဟာဘိဝံသ၊ အရွင္ (တရားဦးဓမၼစၾကာဆရာေတာ္)။ အခြင့္ေကာင္းကို မေ႐ွာင္လႊဲပါႏွင့္ တရားေတာ္

[Unicode]
တရားရှာ နောက်မကျရာ

အတောင်ကျိုးနေသော ကြိုးကြာငှက်အိုသည် ငါးမရှိသည့် ရွှံ့ညွံ အိုင်တွင် ငယ်စဉ်က ငါးများ ကောက်ယူ စားသောက်ခဲ့ရသည် ကိုကြံတွေးလျက်မှိုင်တွေနေသကဲ့သို့ငယ်ရွယ်စဉ်ကစီးပွားဥစ္စာ
ကောင်းစွာမရှာခဲ့ သူသည် မိမိကောင်းစွာ စားဝတ်နေထိုင် ခဲ့ရသည့် ရှေးဖြစ်များကို တွေးကာ ညည်းတွားနေရတတ်သည်။
ပစ်မှတ်ကိုမထိဘဲ အရှိန်လွန်ကာ မြေမှာ ကျပြီး ကောက်ယူခြင်း မရှိသောမြားသည် ဆွေးမြည့်ပျက်စီး သွားရလေ၏။
တတိယအရွယ်ကျမှ တရားရှာမည်ဟူ၍ ပထမနှင့် ဒုတိယ အ ရွယ်မှာ ပေါ့ပေါ့နေခဲ့ကြသူများသည်လည်း လက်ခြေတို့ မိမိ အလိုသို့ မလိုက်နိုင်တော့သည့် ကာယ ဉာဏ စွမ်းအားများ မရှိတော့သော ဇရာအရွယ်တွင် တရားမရှာနိုင်၊ ဆုံးရှုံးကြရပေသည်။
-ပညာသီဟာဘိဝံသ၊ အရှင် (တရားဦးဓမ္မစကြာဆရာတော်)။ အခွင့်ကောင်းကို မရှောင်လွှဲပါနှင့် တရားတော်

နတၱိကဒိ႒ိ (နတ္တိကဒိဋ္ဌိ )

[Zawgyi]
မူရင္းေရးသားသူ ကို မမွတ္မိေတာ့ပါဘူး။
အေရးအသား ပံုစံအရ ပါခ်ဳပ္ဆရာေတာ္ၾကီး နႏၵမာလာဘိဝံသ ျဖစ္ဖို႔မ်ားပါတယ္။
ဗုဒၶဘာသာ၀င္အမ်ားစု ရဲ႕ဆင္ေျခ... ဘာျဖစ္ျဖစ္ ကံ၊ ကံ နဲ႔ ကံကိုပဲ ယိုးမယ္ဖြဲ႕တာကလည္း အစြန္းေရာက္ ကမၼ၀ါဒိ မိစာၱဒိ႒ိ ျဖစ္တယ္ဆိုတာေလးၾကိဳက္လို႔ အရင္က မွတ္ထားတဲ့ မွတ္စုပါ။
ဖတ္ၾကည့္ၾကည့္ပါ။
________________
နတၱိကဒိ႒ိ ဆိုတာ ကံရဲ႕ အက်ိဳးကို ျငင္းပယ္တာ ေကာင္းတာျပဳအပ္ မေကာင္းသျဖင့္ျပဳအပ္တဲ့ ကုသိုလ္ကံ အကုသိုလ္ကံေတြရဲ႕ အက်ိဳးဆိုတာ မရွိဘူးလို႔ ကံကို ျငင္းပယ္တယ္။
ရလာဘ္ကေတာ့ ေကာင္းရာသုကတိကို မေရာက္ႏိုင္ဘူး၊ ဒါေၾကာင့္မို႔ အဲဒီမိစာၱဒိ႒ိကို သဂၢါ၀ရဏ ေကာင္းရာသုဂတိကို တားျမစ္ႏိုင္တဲ့ အျပစ္လို႔ စာေပက်မ္းဂန္ေတြမွာ ဆိုတယ္။
အစြန္းေရာက္ ကမၼ၀ါဒ ကိုလည္း မိစာၱဒိ႒ိလို႔ေခၚတယ္၊ ***
အရာရာဟာ အတိတ္ကလုပ္ခဲ့တဲ့ ကံေၾကာင့္လို႔ ထင္ျမင္တဲ့ ဒါကိုေတာ့ ပုေဗၺကတေဟတုဒိ႒ိ လို႔ေခၚတယ္။
ဆိုပါစို႔ ေလာကမွာ လူေတြေရာဂါျဖစ္တယ္၊ ႏွာေစး ေခ်ာင္းဆိုးျဖစ္တယ္၊ အစြန္းေရာက္ ကမၼ၀ါဒသမားက အဲဒီ ႏွာေစး ေခ်ာင္းဆိုးျဖစ္ရတာဟာ အတိတ္က အကုသိုလ္ကံေၾကာင့္ ငါ ႏွာေစးရတယ္ ေခ်ာင္းဆိုးရတယ္လို႔ ဒီလိုယူလို႔ရွိရင္ ပစၥဳပၸန္အေၾကာင္းတရားကို သူမ်က္ကြယ္ျပဳရာေရာက္တယ္။
တကယ္ေတာ့ သူႏွာေစး ေခ်ာင္းဆိုးတာ အေအးမိလို႔၊ ဆန္႔က်င္ဘက္ အေအးဒဏ္ကို မခံႏိုင္လို႔ ခႏၶာကိုယ္ရဲ႕ ရာသီဥတုကို ခုခံႏိုင္တဲ့ စြမ္းအား ေလ်ာ့က်ေနလို႔၊ မတည့္တဲ့ရာသီဥတုေၾကာင့္ မိမိမွာ ေရာဂါတစ္ခုျဖစ္တယ္၊ ဒါဟာ အေၾကာင္းပဲ။ ဒီအေၾကာင္းကို လက္ခံရမယ္လုိ႔ ေျပာတာ။ အဲဒါကို လက္မခံဘဲနဲ႔ ေနမယ္ဆိုရင္ အစြန္းေရာက္ ကမၼ၀ါဒ ျဖစ္သြားလိမ့္မယ္။
ျမတ္စြာဘုရားေဟာတဲ့ တရားေတာ္ေတြဟာ အေၾကာင္းနဲ႔ အက်ိဳးကိုေဟာတယ္။
အဲဒီ အေၾကာင္းနဲ႔ အက်ိဳးဆိုတဲ့ အထဲမယ္ ကိေလသာဆိုတာလည္း အေၾကာင္းတစ္ခုပဲ၊ ကံဆိုတာလည္း အေၾကာင္းတစ္ခုပဲ။
ကိေလသာဆိုတဲ့ အေဖာ္သဟဲရမွ ကံဆိုတာ အက်ိဳးေပးလို႔ရတယ္။ ကိေလသာရဲ႕ အကူအညီမရဘဲနဲ႕ ကံတစ္ခုတည္းက အထုတ္လုပ္ႏိုင္ဘူးတဲ့။ ဥပမာ - မ်ိဳးေစ့ကေလးက သူ႔ဖာသာသူေနရင္ အပင္မေပါက္ႏိုင္ပါဘူး၊ ေျမ၊ ေရ၊ ေန စသည္တို႔ ထိေတြ႔ေပးလိုက္မွ မ်ိဳးေစ့ကေန အပင္ကို ျဖစ္ေပၚေစတာပါ။
ထို႔ အတူပဲ ကံတရားဟာ သီးသီးသန္႔သန္႔ ကံခ်ည္း ရွိေနမယ္ ကိေလသာအကူအညီ မပါဘူးဆိုရင္ ထိုကံတရားသည္ အက်ိဳးတစ္စံုတစ္ရာကို ေပးစြန္းႏိုင္ျခင္းမရွိဘူးတဲ့။ ဒီသေဘာကိုသိဖို႔ အင္မတန္မွ အေရးႀကီးတယ္။
ဒါေၾကာင့္မို႔ ၀ဋ္သံုးပါး - ကိေလသာ၀ဋ္၊ ကမၼ၀ဋ္၊ ၀ိပါက၀ဋ္ လို႔ဆိုတဲ့ အထဲမယ္ ဘယ္၀ဋ္ကိုဖယ္ရွားရမွာလဲဆိုေတာ့ ကိေလသာကိုဖယ္ရွားရမယ္၊ ကိေလသာကို ဖယ္ရွားလိုက္တာနဲ႔ တစ္ျပိဳင္နက္ ရွိေနတဲ့ ကံတရားေတြက အလုပ္မျဖစ္ေတာ့ဘူး စြမ္းေဆာင္ႏိုင္မွဳမရွိေတာ့ဘူး။
တကယ္ေတာ့ ကံဆိုတာ ဖယ္ရွားလို႔ မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ လုပ္ထားျပီးသားဆိုေတာ့ ျပီးခဲ့ျပီေလ၊ ျပီးခဲ့တဲ့ အရာတစ္ခုကို ဘယ္သူကျပင္လို႔ ရမလဲ၊ လုပ္ျပီးျဖစ္ေနျပီ၊ ျပီးျပီးသားျဖစ္ေနျပီ၊ ျပီးျပီးသား ျဖစ္ေနတဲ့ အရာကို ဘယ္လိုမွ ျပန္ယူလို႔မရဘူး၊ ဒါေၾကာင့္ ကံဆိုတာ ဖယ္ရွားပစ္လို႔ မရဘူး။
ဖယ္ရွားလို႔ရတာက ကိေလသာ၊ ကိေလသာကုန္လို႔ရွိရင္ ကံကုန္တယ္၊ ဒါေၾကာင့္မို႔ ကိေလသနိေရာဓါ၊ ကမၼနိေရာေဓါ တဲ့။

[Unicode]
မူရင်းရေးသားသူ ကို မမှတ်မိတော့ပါဘူး။
အရေးအသား ပုံစံအရ ပါချုပ်ဆရာတော်ကြီး နန္ဒမာလာဘိဝံသ ဖြစ်ဖို့များပါတယ်။
ဗုဒ္ဓဘာသာဝင်အများစု ရဲ့ဆင်ခြေ... ဘာဖြစ်ဖြစ် ကံ၊ ကံ နဲ့ ကံကိုပဲ ယိုးမယ်ဖွဲ့တာကလည်း အစွန်းရောက် ကမ္မဝါဒိ မိစ္တာဒိဋ္ဌိ ဖြစ်တယ်ဆိုတာလေးကြိုက်လို့ အရင်က မှတ်ထားတဲ့ မှတ်စုပါ။
ဖတ်ကြည့်ကြည့်ပါ။
________________
နတ္တိကဒိဋ္ဌိ ဆိုတာ ကံရဲ့ အကျိုးကို ငြင်းပယ်တာ ကောင်းတာပြုအပ် မကောင်းသဖြင့်ပြုအပ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုးဆိုတာ မရှိဘူးလို့ ကံကို ငြင်းပယ်တယ်။
ရလာဘ်ကတော့ ကောင်းရာသုကတိကို မရောက်နိုင်ဘူး၊ ဒါကြောင့်မို့ အဲဒီမိစ္တာဒိဋ္ဌိကို သဂ္ဂါဝရဏ ကောင်းရာသုဂတိကို တားမြစ်နိုင်တဲ့ အပြစ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုတယ်။
အစွန်းရောက် ကမ္မဝါဒ ကိုလည်း မိစ္တာဒိဋ္ဌိလို့ခေါ်တယ်၊ ***
အရာရာဟာ အတိတ်ကလုပ်ခဲ့တဲ့ ကံကြောင့်လို့ ထင်မြင်တဲ့ ဒါကိုတော့ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ခေါ်တယ်။
ဆိုပါစို့ လောကမှာ လူတွေရောဂါဖြစ်တယ်၊ နှာစေး ချောင်းဆိုးဖြစ်တယ်၊ အစွန်းရောက် ကမ္မဝါဒသမားက အဲဒီ နှာစေး ချောင်းဆိုးဖြစ်ရတာဟာ အတိတ်က အကုသိုလ်ကံကြောင့် ငါ နှာစေးရတယ် ချောင်းဆိုးရတယ်လို့ ဒီလိုယူလို့ရှိရင် ပစ္စုပ္ပန်အကြောင်းတရားကို သူမျက်ကွယ်ပြုရာရောက်တယ်။
တကယ်တော့ သူနှာစေး ချောင်းဆိုးတာ အအေးမိလို့၊ ဆန့်ကျင်ဘက် အအေးဒဏ်ကို မခံနိုင်လို့ ခန္ဓာကိုယ်ရဲ့ ရာသီဥတုကို ခုခံနိုင်တဲ့ စွမ်းအား လျော့ကျနေလို့၊ မတည့်တဲ့ရာသီဥတုကြောင့် မိမိမှာ ရောဂါတစ်ခုဖြစ်တယ်၊ ဒါဟာ အကြောင်းပဲ။ ဒီအကြောင်းကို လက်ခံရမယ်လို့ ပြောတာ။ အဲဒါကို လက်မခံဘဲနဲ့ နေမယ်ဆိုရင် အစွန်းရောက် ကမ္မဝါဒ ဖြစ်သွားလိမ့်မယ်။
မြတ်စွာဘုရားဟောတဲ့ တရားတော်တွေဟာ အကြောင်းနဲ့ အကျိုးကိုဟောတယ်။
အဲဒီ အကြောင်းနဲ့ အကျိုးဆိုတဲ့ အထဲမယ် ကိလေသာဆိုတာလည်း အကြောင်းတစ်ခုပဲ၊ ကံဆိုတာလည်း အကြောင်းတစ်ခုပဲ။
ကိလေသာဆိုတဲ့ အဖော်သဟဲရမှ ကံဆိုတာ အကျိုးပေးလို့ရတယ်။ ကိလေသာရဲ့ အကူအညီမရဘဲနဲ့ ကံတစ်ခုတည်းက အထုတ်လုပ်နိုင်ဘူးတဲ့။ ဥပမာ - မျိုးစေ့ကလေးက သူ့ဖာသာသူနေရင် အပင်မပေါက်နိုင်ပါဘူး၊ မြေ၊ ရေ၊ နေ စသည်တို့ ထိတွေ့ပေးလိုက်မှ မျိုးစေ့ကနေ အပင်ကို ဖြစ်ပေါ်စေတာပါ။
ထို့ အတူပဲ ကံတရားဟာ သီးသီးသန့်သန့် ကံချည်း ရှိနေမယ် ကိလေသာအကူအညီ မပါဘူးဆိုရင် ထိုကံတရားသည် အကျိုးတစ်စုံတစ်ရာကို ပေးစွန်းနိုင်ခြင်းမရှိဘူးတဲ့။ ဒီသဘောကိုသိဖို့ အင်မတန်မှ အရေးကြီးတယ်။
ဒါကြောင့်မို့ ဝဋ်သုံးပါး - ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် လို့ဆိုတဲ့ အထဲမယ် ဘယ်ဝဋ်ကိုဖယ်ရှားရမှာလဲဆိုတော့ ကိလေသာကိုဖယ်ရှားရမယ်၊ ကိလေသာကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ရှိနေတဲ့ ကံတရားတွေက အလုပ်မဖြစ်တော့ဘူး စွမ်းဆောင်နိုင်မှုမရှိတော့ဘူး။
တကယ်တော့ ကံဆိုတာ ဖယ်ရှားလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ထားပြီးသားဆိုတော့ ပြီးခဲ့ပြီလေ၊ ပြီးခဲ့တဲ့ အရာတစ်ခုကို ဘယ်သူကပြင်လို့ ရမလဲ၊ လုပ်ပြီးဖြစ်နေပြီ၊ ပြီးပြီးသားဖြစ်နေပြီ၊ ပြီးပြီးသား ဖြစ်နေတဲ့ အရာကို ဘယ်လိုမှ ပြန်ယူလို့မရဘူး၊ ဒါကြောင့် ကံဆိုတာ ဖယ်ရှားပစ်လို့ မရဘူး။
ဖယ်ရှားလို့ရတာက ကိလေသာ၊ ကိလေသာကုန်လို့ရှိရင် ကံကုန်တယ်၊ ဒါကြောင့်မို့ ကိလေသနိရောဓါ၊ ကမ္မနိရောဓေါ တဲ့။

"ျမတ္စြာဘုရား ညႊန္ျပေသာ ပစၥဳပၸန္စီးပြားခ်မ္းသာေရးႏွင့္ တမလြန္ ခ်မ္းသာေရး လမ္းညႊန္" ("မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်")

"ျမတ္စြာဘုရား ညႊန္ျပေသာ ပစၥဳပၸန္စီးပြားခ်မ္းသာေရးႏွင့္ တမလြန္ ခ်မ္းသာေရး လမ္းညႊန္"

ဗုဒၶျမတ္စြာ လက္ထက္ေတာ္ ကာလတုန္းက
ေကာလိယတိုင္း၊ ကကၠရပတၱဆိုတဲ့ျမိဳ ့မွာ ျမတ္စြာဘုရား ေရာက္ရွိေနတဲ့ အခ်ိန္ပိုင္းေလးမွာ အဲဒီ ကကၠရပတၱ က
ဒီဃဇာဏု ဆိုတဲ့ အမ်ိဳးသားဦးေဆာင္ျပီးေတာ့
ဗုဒၶျမတ္စြာထံ ၀င္ေရာက္ခ်ဥ္းကပ္ၾကတယ္။
သူတို ့က ျမတ္စြာဘုရားကို ေလွ်ာက္တယ္။ "အရွင္ဘုရား၊
တပည့္ေတာ္တို ့ဟာ ဒီဘ၀မွာလဲ ခ်မ္းခ်မ္းသာ၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မိသားစုနဲ ့ သိုင္းသိုင္း၀ိုင္း၀ိုင္း ေနခ်င္ပါတယ္။ ေနာင္ဘ၀မွာလဲ ေကာင္းရာ ဘံုဘ၀ကို ေရာက္ခ်င္တယ္။ အဲဒီလို ျဖစ္ႏိုင္တဲ့
အေျခအေနေကာင္းေတြမ်ား ရွိပါသလား" တဲ့။
ျမတ္စြာဘုရားက ရွိတယ္၊ ဒီဘ၀အတြက္ "ဟိတသုခ"
အေျခအေနေကာင္းေတြနဲ ့ ခ်မ္းသာသုခကို ရေစႏီုင္တဲ့ အခ်က္ေလးခ်က္ရွိတယ္။ ေနာင္ဘ၀အတြက္လည္းပဲ
အေျခအေနေကာင္းေတြ ေပးျပီးေတာ့ခ်မ္းသာသုခကို
ရေစႏိုင္တဲ့ အေၾကာင္းတရား ေလးမ်ိဳး ရွိတယ္ ဆိုျပီး
အဂုၤတၱရ နိကာယ္မွာပဲ ျမတ္စြာဘုရားေဟာထားတဲ့
သုတ္တစ္သုတ္ကို မွတ္တမ္းတင္ထားတာ ရွိပါတယ္။
အဲဒီသုတ္မွာ ျမတ္စြာဘုရားက ဒီဘ၀အတြက္ "ဟိတသုခ"
အေျခအေနေကာင္းနဲ ့ခ်မ္းသာကို ရေစတတ္တဲ့ အခ်က္ကေတာ့-
နံပါတ္(၁) ဥ႒ာနသမၸဒါ - ကိုယ္လုပ္တဲ့လုပ္ငန္းနဲ ့ပတ္သက္ျပီးေတာ့
ၾကိဳးၾကိဳးစားစား လုပ္ကို္င္ရမယ္။ အဲဒီ "ဥ႒ာနသမၸဒါ"
တက္တက္ၾကြၾကြ၊ ၾကိဳးၾကိဳးစားစား လုပ္တယ္ဆိုတဲ့ေနရာမွာ
ျမတ္စြာဘုရားက ထပ္ျပီးေတာ့ ရွင္းထားတယ္။ ၾကိဳးစားတယ္
ဆိုတဲ့ အခ်က္မွာ ဘာေတြပါတုန္း ဆိုလို ့ရွိရင္ "ဒကၡ "လုပ္ငန္း ကြ်မ္းက်င္မႈရွိရမယ္၊ "အနလသ" ဇြဲေကာင္းမႈ ရွိရမယ္၊
"ဥပါယ၀ီမံသ" နည္းပညာ ရွိရမယ္။
ဒါ လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ေထာင့္ငါးရာေက်ာ္က ျမတ္စြာဘုရားက စီးပြားေရးနဲ ့ပတ္သက္ျပီးေတာ့ ေအာင္ျမင္ဖို ့ နည္းလမ္းတစ္ခု ေပးထားတာပါ။ ဒါက ျမတ္စြာဘုရားေဟာတဲ့ ပိဋကတ္ေတာ္
ေတြထဲမွာ ပါတဲ့ တရားပါ။ လုပ္ငန္းကြ်မ္းက်င္မႈ၊ ဇြဲေကာင္းမႈ၊
နည္းပညာ အဲဒီ(၃)ရပ္ ေပါင္းစပ္ထားတဲ့ ၾကိဳးပမ္းအားထုတ္မႈ ဆိုတာ ရွိရမယ္တဲ့။
ေနာက္တစ္ခ်က္က "အာရကၡသမၸဒါ" - ထိန္းသိမ္းေစာင့္ေရွာက္မႈ ရွိရမယ္။ ေလာကမွာ စီးပြားဥစၥာေတြနဲ ့ ေငြေၾကးဓနေျမာက္ျမားစြာ ရလာတယ္။ ကုန္ပစၥည္းေတြ ေျမာက္ျမားစြာ ထုတ္ႏိုင္တယ္။
သို ့ေသာ္ မထိန္သိမ္းဘူးဆိုရင္ အေလအလြင့္ေတြမ်ားျပီးေတာ့
စီးပြားဥစၥာ တိုးသင့္သေလာက္ မတိုးဘူး။ ဒါေၾကာင့္မို ့လို ့ထိန္းသိမ္းဖို ့နည္းပညာတတ္ရမယ္။ အလုပ္လုပ္ျပီး ရလာတဲ့ ပစၥည္းကို ရန္သူမ်ိဳးငါးပါးထဲက တစ္ခုခုနဲ ့မွ မပ်က္စီးရေအာင္၊
အေလအလြင့္မရွိရေအာင္ ေသခ်ာေစာင့္ေရွာက္မႈဆိုတဲ့
"အာရကၡ သမၸဒါ" တရားရွိဖို ့လိုေသးတယ္။
ေနာက္တစ္ခုကေတာ့ "ကလ်ာဏမိတၱတာ" မိတ္ေကာင္း ေဆြေကာင္း ရွိရမယ္။ စီးပြားေရးနဲ ့ပတ္သက္ျပီး အာကံေပးမည့္ ပုဂၢိဳလ္၊ အက်င့္စာရိတၱေကာင္းတဲ့ ပုဂၢိဳလ္၊ အသိပညာရွိတဲ့ ပုဂၢိဳလ္၊ ကုိယ္က်င့္တရား ေကာင္းတဲ့ ပုဂၢိဳလ္၊ အဲဒီလို မိတ္ေကာင္းေဆြေကာင္း ေတြလဲပဲ အင္မတန္ လိုအပ္ပါတယ္။
ေနာက္ဆံုး စီးပြားေရးနဲ ့ပတ္သက္ျပီး တကယ့္ကို အေရးၾကီးတဲ့ အခ်က္တစ္ခုကေတာ့ "သမဇီ၀ိတာ" ရလာတဲ့ စည္းစိမ္ဥစၥာ၊ ကုိယ္ထုတ္လုပ္တဲ့ ပစၥည္း၊ ကုိယ့္ရဲ ့၀င္ေငြထြက္ေငြနဲ ့ပတ္သက္လာလို ့ရွိရင္ စာရင္းဇယား ခိုင္ခိုင္မာမာထားျပီးေတာ့
၀င္ေငြႏွင့္ ထြက္ေငြ အျမဲတမ္း မွ်မွ်တတျဖစ္ေနဖို ့ အေရးၾကီးတယ္။
"သမဇိ၀ိတာ'ဆိုတဲ့ သေဘာက ၀င္ေငြႏွင့္ ထြက္ေငြ အျမဲတမ္း ညွိျပီးေတာ့ သံုးစြဲတဲ့ အခုေခတ္ စီးပြားေရးပညာလိုပဲ။
ျမတ္စြာဘုရားက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ေထာင္ငါးရာကတည္းက
ၾကိဳးပမ္းအားထုတ္မႈ၊ အေလအလြင့္ မရွိေအာင္၊ ထိန္းသိမ္းမႈ၊ မိတ္ေကာင္းေဆြေကာင္းရွိမႈ၊ ၀င္ေငြထြက္ေငြ မွ်မွ်တတသံုးစြဲမႈ ဆိုတဲ့ ဒီအခ်က္ၾကီး (၄) ခ်က္ကို ေဟာခဲ့တာျဖစ္တယ္။
ဘယ္ပုဂၢိဳလ္ပဲျဖစ္ျဖစ္ ဗုဒၶဘာသာ၀င္မွ မဟုတ္ဘူး။ ဒီစည္းကမ္းအတိုင္း ေဆာင္ရြက္ၾကမယ္ဆိုလို ့ရွိရင္ စီးပြားေရးက
တုိးတက္လာမွာပဲ။ အမ်ားၾကီးမတိုးတက္ေတာင္ ပ်က္စီးမသြား
ႏိုင္ဘူး။ ဒါ ဒီဘ၀မွာ ေကာင္းတဲ့ အေျခအေနေတြနဲ ့ ေကာင္းတဲ့ ခ်မ္းသာသုခကို ေပးစြမ္းႏိုင္တဲ့ အခ်က္ေလးခ်က္ပဲ။
တမလြန္ဘ၀အတြက္ကေတာ့ ဒီဘ၀ကလုပ္တဲ့ ဟာေတြပါ။
အဲဒီ တမလြန္ဘ၀အတြက္ ရွိသင့္ရွိထိုက္တဲ့ အရည္အေသြး ကေတာ့ အျခားမဟုတ္ဘူး။ ဓမၼႏွင့္ ပတ္သက္တဲ့ အသိဥာဏ္။
အခုနက ကိုယ္က်င့္တရားနဲ ့ပတ္သက္တဲ့ သိတဲ့ မ်က္စိရွိရမယ္။
ကုိယ္က်င့္တရားနဲ ့ ပတ္သက္လာလို ့ရွိရင္
နံပါတ္ (၁) ကုိယ္က်င့္တရားေကာင္းရမယ္ လို ့ဆိုလိုတယ္။
နံပါတ္ (၂) ယံုၾကည္ခ်က္ ရွိရမယ္။ ယံုၾကည္ခ်က္ဆိုတာ ဘာသာတရားနဲ ့ပတ္သက္ျပီးေတာ့ ဗုဒၶျမတ္စြာရဲ ့မွန္စြာသိတဲ့
အသိဥာဏ္ကို လက္ခံလို ့ ျမတ္စြာဘုရား သြန္သင္ဆံုးမသမွ်ကို ေလးစားလိုက္နာမႈ၊ ယံုၾကည္မႈ ရွိရမယ္။ ယံုၾကည္မႈ ရွိသလို
ကုိယ္က်င့္တရား ေကာင္းရမယ္။
နံပါတ္ (၃) စြန္ ့လႊတ္ႏိုင္မႈ ရွိရမယ္။ လူဟာ မိမိရလာတဲ့ အခြင့္အေရးကို တစ္ေယာက္တည္းမသံုးဘဲ ၊ကုိယ္တစ္ေယာက္တည္း မခံစားဘဲ မိမိပတ္၀န္းက်င္ႏွင့္ မွ်ေ၀ခံစားတတ္ရမယ္။ ဒါကို 'စာဂသမၸဒါ"လို ့ေခၚတယ္။
နံပါတ္ (၄) က "ပညာသမၸဒါ"၊ အေၾကာင္းအက်ိဳး အေကာင္းအဆိုး
ခြဲျခားသိတာက အစ ေလာကမွာရွိတဲ့ သဘာ၀တရားေတြဟာ ဘယ္ဟာမွ မျမဲဘူးဆိုတာကို သိရွိနားလည္ထားတဲ့ ပညာမ်ိဳး ရွိရမယ္။
အက်ဥ္းခ်ဳပ္ ေျပာရလို ့ရွိရင္
"သဒၶါသမၸဒါ" ယံုၾကည္မႈ ရွိရမယ္။
"သီလသမၸဒါ" ကုိယ္က်င့္တရားႏွင့္ ျပည့္စံုရမယ္။
"စာဂသမၸဒါ" မွ်ေ၀ခံစားဖို ့၊ စြန္ ့ၾကဲတတ္မႈ ရွိရမယ္။
"ပညာသမၸဒါ" အသိပညာရွိရမယ္။ အဲဒီ အေျခအေနေကာင္း
(၄) မ်ိဳး ရွိေနလို ့ရွိရင္ သုခ လို ့ဆိုတဲ့ အရာရာမွ အဆင္ေျပမႈ၊ ကုိယ္ခ်မ္းသာမႈ၊ စိတ္ခ်မ္းသာမႈ ဆိုတာေတြ ျဖစ္ေပၚလာမွာပါ။

-ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ
(ျမတ္ဗုဒၶေဒသနာႏွင့္ ယေန ့ကမၻာ တရားေတာ္ မွ)

[Unicode]
"မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်"

ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက
ကောလိယတိုင်း၊ ကက္ကရပတ္တဆိုတဲ့မြို့မှာ မြတ်စွာဘုရား ရောက်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ အဲဒီ ကက္ကရပတ္တ က
ဒီဃဇာဏု ဆိုတဲ့ အမျိုးသားဦးဆောင်ပြီးတော့
ဗုဒ္ဓမြတ်စွာထံ ဝင်ရောက်ချဉ်းကပ်ကြတယ်။
သူတို့က မြတ်စွာဘုရားကို လျှောက်တယ်။ "အရှင်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလဲ ချမ်းချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင်
မိသားစုနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘဝမှာလဲ ကောင်းရာ ဘုံဘဝကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့
အခြေအနေကောင်းတွေများ ရှိပါသလား" တဲ့။
မြတ်စွာဘုရားက ရှိတယ်၊ ဒီဘဝအတွက် "ဟိတသုခ"
အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကို ရစေနီုင်တဲ့ အချက်လေးချက်ရှိတယ်။ နောင်ဘဝအတွက်လည်းပဲ
အခြေအနေကောင်းတွေ ပေးပြီးတော့ချမ်းသာသုခကို
ရစေနိုင်တဲ့ အကြောင်းတရား လေးမျိုး ရှိတယ် ဆိုပြီး
အဂုၤတ္တရ နိကာယ်မှာပဲ မြတ်စွာဘုရားဟောထားတဲ့
သုတ်တစ်သုတ်ကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။
အဲဒီသုတ်မှာ မြတ်စွာဘုရားက ဒီဘဝအတွက် "ဟိတသုခ"
အခြေအနေကောင်းနဲ့ချမ်းသာကို ရစေတတ်တဲ့ အချက်ကတော့-
နံပါတ်(၁) ဥဋ္ဌာနသမ္ပဒါ - ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့
ကြိုးကြိုးစားစား လုပ်ကိုင်ရမယ်။ အဲဒီ "ဥဋ္ဌာနသမ္ပဒါ"
တက်တက်ကြွကြွ၊ ကြိုးကြိုးစားစား လုပ်တယ်ဆိုတဲ့နေရာမှာ
မြတ်စွာဘုရားက ထပ်ပြီးတော့ ရှင်းထားတယ်။ ကြိုးစားတယ်
ဆိုတဲ့ အချက်မှာ ဘာတွေပါတုန်း ဆိုလို့ရှိရင် "ဒက္ခ "လုပ်ငန်း ကျွမ်းကျင်မှုရှိရမယ်၊ "အနလသ" ဇွဲကောင်းမှု ရှိရမယ်၊
"ဥပါယဝီမံသ" နည်းပညာ ရှိရမယ်။
ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က မြတ်စွာဘုရားက စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အောင်မြင်ဖို့ နည်းလမ်းတစ်ခု ပေးထားတာပါ။ ဒါက မြတ်စွာဘုရားဟောတဲ့ ပိဋကတ်တော်
တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊
နည်းပညာ အဲဒီ(၃)ရပ် ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ဆိုတာ ရှိရမယ်တဲ့။
နောက်တစ်ချက်က "အာရက္ခသမ္ပဒါ" - ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ရလာတယ်။ ကုန်ပစ္စည်းတွေ မြောက်မြားစွာ ထုတ်နိုင်တယ်။
သို့သော် မထိန်သိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့
စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ ဒါကြောင့်မို့လို့ထိန်းသိမ်းဖို့နည်းပညာတတ်ရမယ်။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရန်သူမျိုးငါးပါးထဲက တစ်ခုခုနဲ့မှ မပျက်စီးရအောင်၊
အလေအလွင့်မရှိရအောင် သေချာစောင့်ရှောက်မှုဆိုတဲ့
"အာရက္ခ သမ္ပဒါ" တရားရှိဖို့လိုသေးတယ်။
နောက်တစ်ခုကတော့ "ကလျာဏမိတ္တတာ" မိတ်ကောင်း ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး အာကံပေးမည့် ပုဂ္ဂိုလ်၊ အကျင့်စာရိတ္တကောင်းတဲ့ ပုဂ္ဂိုလ်၊ အသိပညာရှိတဲ့ ပုဂ္ဂိုလ်၊ ကိုယ်ကျင့်တရား ကောင်းတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို မိတ်ကောင်းဆွေကောင်း တွေလဲပဲ အင်မတန် လိုအပ်ပါတယ်။
နောက်ဆုံး စီးပွားရေးနဲ့ပတ်သက်ပြီး တကယ့်ကို အရေးကြီးတဲ့ အချက်တစ်ခုကတော့ "သမဇီဝိတာ" ရလာတဲ့ စည်းစိမ်ဥစ္စာ၊ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်လာလို့ရှိရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့
ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတဖြစ်နေဖို့ အရေးကြီးတယ်။
"သမဇိဝိတာ'ဆိုတဲ့ သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီးပွားရေးပညာလိုပဲ။
မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာကတည်းက
ကြိုးပမ်းအားထုတ်မှု၊ အလေအလွင့် မရှိအောင်၊ ထိန်းသိမ်းမှု၊ မိတ်ကောင်းဆွေကောင်းရှိမှု၊ ဝင်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှု ဆိုတဲ့ ဒီအချက်ကြီး (၄) ချက်ကို ဟောခဲ့တာဖြစ်တယ်။
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး။ ဒီစည်းကမ်းအတိုင်း ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် စီးပွားရေးက
တိုးတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွား
နိုင်ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ကောင်းတဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပဲ။
တမလွန်ဘဝအတွက်ကတော့ ဒီဘဝကလုပ်တဲ့ ဟာတွေပါ။
အဲဒီ တမလွန်ဘဝအတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေး ကတော့ အခြားမဟုတ်ဘူး။ ဓမ္မနှင့် ပတ်သက်တဲ့ အသိဉာဏ်။
အခုနက ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ သိတဲ့ မျက်စိရှိရမယ်။
ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာလို့ရှိရင်
နံပါတ် (၁) ကိုယ်ကျင့်တရားကောင်းရမယ် လို့ဆိုလိုတယ်။
နံပါတ် (၂) ယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်ဆိုတာ ဘာသာတရားနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့မှန်စွာသိတဲ့
အသိဉာဏ်ကို လက်ခံလို့ မြတ်စွာဘုရား သွန်သင်ဆုံးမသမျှကို လေးစားလိုက်နာမှု၊ ယုံကြည်မှု ရှိရမယ်။ ယုံကြည်မှု ရှိသလို
ကိုယ်ကျင့်တရား ကောင်းရမယ်။
နံပါတ် (၃) စွန့်လွှတ်နိုင်မှု ရှိရမယ်။ လူဟာ မိမိရလာတဲ့ အခွင့်အရေးကို တစ်ယောက်တည်းမသုံးဘဲ ၊ကိုယ်တစ်ယောက်တည်း မခံစားဘဲ မိမိပတ်ဝန်းကျင်နှင့် မျှဝေခံစားတတ်ရမယ်။ ဒါကို 'စာဂသမ္ပဒါ"လို့ခေါ်တယ်။
နံပါတ် (၄) က "ပညာသမ္ပဒါ"၊ အကြောင်းအကျိုး အကောင်းအဆိုး
ခွဲခြားသိတာက အစ လောကမှာရှိတဲ့ သဘာဝတရားတွေဟာ ဘယ်ဟာမှ မမြဲဘူးဆိုတာကို သိရှိနားလည်ထားတဲ့ ပညာမျိုး ရှိရမယ်။
အကျဉ်းချုပ် ပြောရလို့ရှိရင်
"သဒ္ဓါသမ္ပဒါ" ယုံကြည်မှု ရှိရမယ်။
"သီလသမ္ပဒါ" ကိုယ်ကျင့်တရားနှင့် ပြည့်စုံရမယ်။
"စာဂသမ္ပဒါ" မျှဝေခံစားဖို့၊ စွန့်ကြဲတတ်မှု ရှိရမယ်။
"ပညာသမ္ပဒါ" အသိပညာရှိရမယ်။ အဲဒီ အခြေအနေကောင်း
(၄) မျိုး ရှိနေလို့ရှိရင် သုခ လို့ဆိုတဲ့ အရာရာမှ အဆင်ပြေမှု၊ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု ဆိုတာတွေ ဖြစ်ပေါ်လာမှာပါ။

-ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ တရားတော် မှ)