ဒါနကုသိုလ္ မဂ္ ဖိုလ္ မရဘူးလား
ဒကာ။ ။ ဆရာအခ်ိဳ႕က ဒါနကုသိုလ္သည္ မဂ္ ဖိုလ္ နိဗၺာန္ မရဟု ဒါနသမားေတြကို ကဲ့ရဲ႕ျပစ္တင္ စကားတင္းဆိုတဲ့သေဘာနဲ႔ ေဟာေျပာေနၾကတာဟာ ဟုတ္မွန္ပါသလား ဆရာေတာ္။
ဆရာ။ ။ အင္း….ဒါနတခုတည္းနဲ႔ေတာ့ ခဲယဥ္းတယ္ ဒကာၾကီးတို႔၊ ဒါနသေဘာက အလွဴရွင္၊ လွဴဖြယ္ဝတၳဳ၊ အလွဴခံပုဂၢိဳလ္ဆိုတဲ့ ပညတ္သက္သက္ကို အာရံုျပဳျပီးမွ ထေျမာက္တာျဖစ္တယ္။
ပံုပမာ။ ။ ေသာတာပန္ျဖစ္ေအာင္ ဘယ္လိုဒါနမ်ိဳးကို ေပးလွဴရမွာလဲလို႔ ေမးရင္ ေျဖဖို႔ရာ ခက္တယ္၊ ဝိပႆနာ မပါလို႔ပဲ။
ပံုပမာ။ ။ ေသာတာပန္ျဖစ္ေအာင္ ဘယ္လိုဒါနမ်ိဳးကို ေပးလွဴရမွာလဲလို႔ ေမးရင္ ေျဖဖို႔ရာ ခက္တယ္၊ ဝိပႆနာ မပါလို႔ပဲ။
ဒကာ။ ။ ဒီလိုဆိုရင္ အဲဒီ ဆရာေတြ ေဟာတာ ဟုတ္မွန္တယ္လို႔ ယူရမွာေပါ့၊ ဒါနကို ပယ္ထားရမွာလား ဆရာေတာ္။
ဆရာ။ ။ ဟာ….ဒီလိုလည္း ဧကႏၲ မယူရဘူး၊ ဗုဒၶတရားေတာ္က အေၾကာင္းနဲ႔ အက်ိဳးဘဲ ရွိတာ၊ ဒီေနရာမ်ိဳးမွာေတာ့ ေဝးေသာအေၾကာင္းနဲ႔ နီးေသာအေၾကာင္း၊ အဲဒီႏွစ္မ်ိဳးနဲ႔ စိစစ္ရမယ္။
ဒကာ။ ။ အေၾကာင္းအက်ိဳးဆိုတဲ့ စာေပက်မ္းဂန္စကားေတြကို ဒကာၾကီးတို႔ နားမလည္ဘူး ဆရာေတာ္၊ ဒါနနဲ႔ နိဗၺာန္ေရာက္ႏိုင္ မေရာက္ႏိုင္ကိုသာ ဒကာၾကီးတို႔ နားလည္ေအာင္ တိုတိုနဲ႔ လိုရင္းကို ရွင္းျပေပးပါဆရာေတာ္။
ဆရာ။ ။ အင္း….နားေထာင္ပါ၊ ဒါနအလုပ္က နိဗၺာန္ေရာက္ႏိုင္တဲ့ အေၾကာင္းတရားျဖစ္တယ္၊ မဂ္ ဖိုလ္ နိဗၺာန္က ဒါနအလုပ္သမားရဲ႕ ခံစားခြင့္လုပ္ခ အက်ိဳးတရားျဖစ္တယ္၊ အက်ိဳးတရားဆိုတာကလည္း သူ႔သက္သက္ ဘယ္ေတာ့မွ မျဖစ္ေပၚႏိုင္ဘူး၊ အေၾကာင္းရွိမွသာ အက်ိဳးျဖစ္တာ။
ဒကာ။ ။ ဒီလိုဆိုရင္ ဒါနအေၾကာင္းေၾကာင့္ နိဗၺာန္အက်ိဳးရတယ္လို႔ ဆိုရမွာေပါ့၊ ဘုရားေဟာ ပါဠိေတာ္မ်ား ရွိပါသလားဆရာေတာ္၊ ရွိရင္ သိပါရေစ။
ဆရာ။ ။ ရွိပါတယ္၊ ဒါေပမဲ့ တိုက္ရိုက္တဲ့တိုးေတာ့ မဟုတ္ဘူး၊ အေၾကာင္းအဆင့္ဆင့္နဲ႔ သံယုတ္ပါဠိေတာ္မွာ ေဟာဒီလို ေဟာေတာ္မူတယ္။
၁။ ဒါနံ သဂၢႆ ေသာပါနံ = ဒါနကုသိုလ္ဟာ လူ႔ရြာနတ္ျပည္သို႔ သြားေၾကာင္း ေစာင္းတန္း ေလွကားၾကီးနဲ႔ တူတယ္တဲ့။
၂။ ဒါနံ ပါေထယ် မုတၱမံ = ဒါနကုသိုလ္ ျပဳတဲ့သူဟာ သူေရာက္ရာ လူ႔ဘဝ နတ္ဘဝမွာ အေကာင္းဆံုး အျမတ္ဆံုးျဖစ္တဲ့ အသံုးအေဆာင္ စားနပ္ရိကၡာေတြ သံုးစားေပးလွဴလို႔ မကုန္ႏိုင္ေအာင္ ေပါမ်ားၾကြယ္ဝ ခ်မ္းသာေနမွာပဲတဲ့။
၃။ ဒါနံ ဥဇုဂတံ မဂၢံ = ဒါနကုသိုလ္ဟာ ခ်မ္းခ်မ္းသာသာနဲ႔ နိဗၺာန္သြားေၾကာင္း အေကာင္းဆံုး အေျဖာင့္ဆံုး လမ္းမၾကီးလည္း ျဖစ္ပါတယ္တဲ့။
၄။ ဒါနံ ေမာကၡ ပဒံ ဝရံ = ဒါနကုသိုလ္ဟာ အျမတ္ဆံုးျဖစ္တဲ့ မဂ္ ဖိုလ္ နိဗၺာန္ကို ရယူခံစားႏိုင္တဲ့ အေၾကာင္းထဲမွာျဖင့္ မုခ္ဦးလမ္းေၾကာင္းၾကီးပါေပတည္း တဲ့၊ ကဲ…ဘာေျပာဦးမလဲ၊ အဲဒါဟာ ဒါနရဲ႕ အက်ိဳးေတြပဲ။
ဒကာ။ ။ အင္း…ဒါ့ေၾကာင့္ အေလာင္းေတာ္ သူျမတ္ေတြဟာ ပါရမီဆယ္ပါးထဲမွာ ဒါနပါရမီေတာ္ကို အစထားျပီး ပြားမ်ားျဖည့္က်င့္ေတာ္မူၾကတာကိုး၊ ဒါနနည္းေတာ့ မြဲေရာ၊ မြဲေတာ့ ကုသိုလ္တရား မလိုက္စားႏိုင္ေတာ့ဘဲ မြဲသည္ထက္မြဲ၊ အကုသိုလ္ေတြမ်ား၊ အပါယ္ေလးပါးသြားေပါ့၊ ေျပာၾကားစရာ အထူးမရွိေတာ့ပါဘူး ဆရာေတာ္၊ ေက်နပ္လွပါတယ္။
Posted by Thama Meggin
[Unicode]
ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား
ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား
ဒကာ။ ။ ဆရာအချို့က ဒါနကုသိုလ်သည် မဂ် ဖိုလ် နိဗ္ဗာန် မရဟု ဒါနသမားတွေကို ကဲ့ရဲ့ပြစ်တင် စကားတင်းဆိုတဲ့သဘောနဲ့ ဟောပြောနေကြတာဟာ ဟုတ်မှန်ပါသလား ဆရာတော်။
ဆရာ။ ။ အင်း….ဒါနတခုတည်းနဲ့တော့ ခဲယဉ်းတယ် ဒကာကြီးတို့၊ ဒါနသဘောက အလှူရှင်၊ လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ ပညတ်သက်သက်ကို အာရုံပြုပြီးမှ ထမြောက်တာဖြစ်တယ်။
ပုံပမာ။ ။ သောတာပန်ဖြစ်အောင် ဘယ်လိုဒါနမျိုးကို ပေးလှူရမှာလဲလို့ မေးရင် ဖြေဖို့ရာ ခက်တယ်၊ ဝိပဿနာ မပါလို့ပဲ။
ပုံပမာ။ ။ သောတာပန်ဖြစ်အောင် ဘယ်လိုဒါနမျိုးကို ပေးလှူရမှာလဲလို့ မေးရင် ဖြေဖို့ရာ ခက်တယ်၊ ဝိပဿနာ မပါလို့ပဲ။
ဒကာ။ ။ ဒီလိုဆိုရင် အဲဒီ ဆရာတွေ ဟောတာ ဟုတ်မှန်တယ်လို့ ယူရမှာပေါ့၊ ဒါနကို ပယ်ထားရမှာလား ဆရာတော်။
ဆရာ။ ။ ဟာ….ဒီလိုလည်း ဧကန္တ မယူရဘူး၊ ဗုဒ္ဓတရားတော်က အကြောင်းနဲ့ အကျိုးဘဲ ရှိတာ၊ ဒီနေရာမျိုးမှာတော့ ဝေးသောအကြောင်းနဲ့ နီးသောအကြောင်း၊ အဲဒီနှစ်မျိုးနဲ့ စိစစ်ရမယ်။
ဒကာ။ ။ အကြောင်းအကျိုးဆိုတဲ့ စာပေကျမ်းဂန်စကားတွေကို ဒကာကြီးတို့ နားမလည်ဘူး ဆရာတော်၊ ဒါနနဲ့ နိဗ္ဗာန်ရောက်နိုင် မရောက်နိုင်ကိုသာ ဒကာကြီးတို့ နားလည်အောင် တိုတိုနဲ့ လိုရင်းကို ရှင်းပြပေးပါဆရာတော်။
ဆရာ။ ။ အင်း….နားထောင်ပါ၊ ဒါနအလုပ်က နိဗ္ဗာန်ရောက်နိုင်တဲ့ အကြောင်းတရားဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်က ဒါနအလုပ်သမားရဲ့ ခံစားခွင့်လုပ်ခ အကျိုးတရားဖြစ်တယ်၊ အကျိုးတရားဆိုတာကလည်း သူ့သက်သက် ဘယ်တော့မှ မဖြစ်ပေါ်နိုင်ဘူး၊ အကြောင်းရှိမှသာ အကျိုးဖြစ်တာ။
ဒကာ။ ။ ဒီလိုဆိုရင် ဒါနအကြောင်းကြောင့် နိဗ္ဗာန်အကျိုးရတယ်လို့ ဆိုရမှာပေါ့၊ ဘုရားဟော ပါဠိတော်များ ရှိပါသလားဆရာတော်၊ ရှိရင် သိပါရစေ။
ဆရာ။ ။ ရှိပါတယ်၊ ဒါပေမဲ့ တိုက်ရိုက်တဲ့တိုးတော့ မဟုတ်ဘူး၊ အကြောင်းအဆင့်ဆင့်နဲ့ သံယုတ်ပါဠိတော်မှာ ဟောဒီလို ဟောတော်မူတယ်။
၁။ ဒါနံ သဂ္ဂဿ သောပါနံ = ဒါနကုသိုလ်ဟာ လူ့ရွာနတ်ပြည်သို့ သွားကြောင်း စောင်းတန်း လှေကားကြီးနဲ့ တူတယ်တဲ့။
၂။ ဒါနံ ပါထေယျ မုတ္တမံ = ဒါနကုသိုလ် ပြုတဲ့သူဟာ သူရောက်ရာ လူ့ဘဝ နတ်ဘဝမှာ အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ အသုံးအဆောင် စားနပ်ရိက္ခာတွေ သုံးစားပေးလှူလို့ မကုန်နိုင်အောင် ပေါများကြွယ်ဝ ချမ်းသာနေမှာပဲတဲ့။
၃။ ဒါနံ ဥဇုဂတံ မဂ္ဂံ = ဒါနကုသိုလ်ဟာ ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်သွားကြောင်း အကောင်းဆုံး အဖြောင့်ဆုံး လမ်းမကြီးလည်း ဖြစ်ပါတယ်တဲ့။
၄။ ဒါနံ မောက္ခ ပဒံ ဝရံ = ဒါနကုသိုလ်ဟာ အမြတ်ဆုံးဖြစ်တဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရယူခံစားနိုင်တဲ့ အကြောင်းထဲမှာဖြင့် မုခ်ဦးလမ်းကြောင်းကြီးပါပေတည်း တဲ့၊ ကဲ…ဘာပြောဦးမလဲ၊ အဲဒါဟာ ဒါနရဲ့ အကျိုးတွေပဲ။
ဒကာ။ ။ အင်း…ဒါ့ကြောင့် အလောင်းတော် သူမြတ်တွေဟာ ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီတော်ကို အစထားပြီး ပွားများဖြည့်ကျင့်တော်မူကြတာကိုး၊ ဒါနနည်းတော့ မွဲရော၊ မွဲတော့ ကုသိုလ်တရား မလိုက်စားနိုင်တော့ဘဲ မွဲသည်ထက်မွဲ၊ အကုသိုလ်တွေများ၊ အပါယ်လေးပါးသွားပေါ့၊ ပြောကြားစရာ အထူးမရှိတော့ပါဘူး ဆရာတော်၊ ကျေနပ်လှပါတယ်။
Posted by Thama Meggin
No comments:
Post a Comment