[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၂ )
သံဃာအား လွဴဒါန္းျခင္း
***********************
သံေဃ ဒိႏၷံ မဟပၹလံ သံေဃ ေဂါတမီ ေဒဟိ
သံေဃ ေတ ဒိေႏၷ အဟေဥၥဝ ပူဇိေတာ
ဘဝိသာမိ။
သံေဃ ေဂါတမီေဒဟိ...မိေထြးေတာ္ေဂါတမီ က်န္ေနတဲ႔အဝတ္ပုဆိုး တစ္ထည္ကို ငါဘုရားေရွ႕မွာ ထိုင္ေနၾကတဲ႔ သံဃာမ်ားကို လွဴလိုက္ပါ။
သံေဃ ဒိႏၷံ မဟပၹလံ...သံဃာကိုအာရံုျပဳသံဃာကိုလွဴဒါန္းမယ္ဆိုရင္ ႀကီးျမတ္ေသာအက်ဳိးအာနိသင္မ်ားရရွိလိမ့္မည္။
သံေဃေတ ဒိေႏၷ အဟေဥၥဝ ပူဇိေတာ ဘဝိသာမိ… သံဃာကိုလွဴဒါန္းသည့္ အလွဴသည္ သံဃာကိုလည္း လွဴရာေရာက္သည္။ သံဃိက ကုသိုလ္ရသည္။ ငါဘုရားကိုလည္း ပူေဇာ္ရာေရာက္သည္ဟု အက်ဳိးႏွစ္မ်ဳိးကိုေဟာၾကား၍ ျမတ္စြာဘုရားကလွဴခိုင္းေသာအခါ မိေထြးေတာ္ ေဂါတမီက ျမတ္စြာဘုရားဘက္ မ်က္ႏွာလဲႊၿပီး သံဃာပရိတ္သတ္ဘက္သို႔လွည့္၍ လက္အုပ္ခ်ီၿပီး ...
တပည့္ေတာ္၏ ေရွ႕ေမွာက္မွာထင္ရွားရွိေနၾကတဲ႔ သံဃာေတာ္ အရွင္ျမတ္တို႔ဘုရား တပည့္ေတာ္၏ လက္၌ရွိေသာ ဤအဝတ္ပုဆိုး ေရႊသကၤန္းကို ဘုရားတပည့္ေတာ္အားသနား ေစာင့္ေရွာက္ ခ်ီးေျမာက္ေသာအားျဖင့္ အလွဴခံေတာ္မူၾကပါဘုရားဟု ေလွ်ာက္ထားေသာအခါ သံဃာေတာ္အပါးရွစ္ဆယ္ မည္သူမွ်အလွဴမခံဝံ႔ၾကေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ တစ္ထည္ကိုျမတ္စြာဘုရားဝတ္၍ တစ္ထည္ကိုရံုထားမည္ဆိုလွ်င္ အလြန္တရာ တင့္တယ္သပၸါယ္ေပလိမ့္မည္ဟု စိတ္ႏွလံုးထား၍အလွဴမခံဘဲေနၾကျခင္းျဖစ္သည္။
အဇိတရဟန္း သကၤန္းအလွဴခံျခင္း
*********************************
သံဃာရွစ္ဆယ္ထဲမွ သံဃာမ်ား၏အလယ္တြင္ ထိုင္ေနေသာ အဇိတရဟန္းကျမတ္စြာဘုရားဟာ မိေထြးေတာ္ေဂါတမီကိုမ်ားစြာေသာ အက်ဳိးရွိသည္ကို လိုလားႏွစ္သက္ေတာ္မူသည္ကို ျမင္ေတာ္မူသည္ျဖစ္၍သံဃာ
အားလွဴဒါန္းခိုင္းျခင္းျဖစ္မည္ဟုစိတ္ႏွလံုးထား၍ ေဂါတမီလက္ထဲတြင္ရွိေသာ သကၤန္းတစ္ထည္ကို ရဲဝံ႔တည္ၿငိမ္စြာျဖင့္ ထ၍အလွဴခံလိုက္၏ ။ အဇိတရဟန္း အလွဴခံၿပီးေသာအခါ က်န္ေသာရဟန္းမ်ား အုတ္အုတ္က်က္က်က္ က်ယ္စြာေသာ အသံမ်ားျဖင့္ ပညာအရာတြင္ဧတဒဂ္ရေသာ အရွင္သာရိပုတၱရာ အရွင္အာနႏၵာအစရွိေသာ ရဟန္းမ်ားပင္ အလွဴမခံဝ႔ံေသာသကၤန္းကို ဘာမဟုတ္တဲ႔ အညၾတ မထင္မရွားအေသး
အမႊားရဟန္းက အလွဴခံရဲရမည္လားဟု ကဲ႔ရဲ႕ေသာစကားသံမ်ဳိးစံုတို႔ျဖင့္ ကဲ႔ရဲ႕ေနၾက၏။ကဲ႔ရဲ႕ျပစ္တင္ေနၾကေသာ စကားသံမ်ားကို ျမတ္စြာဘုရား ၾကားသိရေသာအခါ သံဃာပရိတ္သတ္ႏွင့္ ေဂါတမီအစရွိေသာ ပရိတ္သတ္မ်ား၏
ယံုမွားသံသယကို ပယ္ေဖ်ာက္ႏိုင္ရန္. .........
အာနႏၵာအား ျမေက်ာက္သပိတ္ယူခိုင္းျခင္း
*****************************************
ခ်စ္သား အာနႏၵာ ငါဘုရားကိုနတ္သားေလးေယာက္လွဴထားတဲ႔ အနားေလးရစ္ရိွတဲ႔ျမေက်ာက္သပိတ္ကို သြားၿပီးေတာ့ယူေခ်ဟုခိုင္းေတာ္မူ၏။ အာနႏၵာယူလာေသာ ျမေက်ာက္သပိတ္ကို ျမတ္စြာဘုရားက လက္ဝါးေပၚတင္၍အဓိ႒ာန္ၿပီးမွ ေကာင္းကင္သို႔လႊတ္လိုက္သည္ဆိုလွ်င္ပင္ ျမေက်ာက္သပိတ္သည္နိေျဂာဓာရံုေက်ာင္းမွေန၍ ကပိလဝတ္ၿမိဳ႕ေတာ္သို႔ဝဲပ်ံၿပီး ျဖတ္ေက်ာ္လ်က္ စၾကာဝဠာတိုက္ကို ပ်ံဝဲသြားလာေန၏။ ငါဘုရား အဓိ႒ာန္၍လႊတ္လိုက္တဲ႔ ျမေက်ာက္သပိတ္ကို မီွေအာင္လိုက္၍ယူေခ်ဟု သံဃာအပါးရွစ္ဆယ္ကို ယူခိုင္းေသာအခါမည္သူမွလိုက္မယူၾကေခ်။ ထိုအခါ ျမတ္စြာဘုရားက အဇိတရဟန္းကိုေခၚ၍ ငါဘုရားလႊတ္လိုက္တဲ႔ ျမေက်ာက္သပိတ္ကို လိုက္၍ယူေခ်ဟုခိုင္းလိုက္ေသာအခါ အဇိတရဟန္းသည္ ျမသပိတ္ရွိရာေရာက္ရာအရပ္ကိုရွာေဖြ၍ တစ္ခဏျခင္းယူလာၿပီးျမတ္စြာဘုရားထံကပ္လွဴ၏။
ဆက္ရန္
[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]
Credit to Daw Yusandi
[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၂ )
သံဃာအား လှူဒါန်းခြင်း
***********************
သံဃေ ဒိန္နံ မဟပ္ဖလံ သံဃေ ဂေါတမီ ဒေဟိ
သံဃေ တေ ဒိန္နေ အဟေဥ္စဝ ပူဇိတော
ဘဝိသာမိ။
သံဃေ ဂေါတမီဒေဟိ...မိထွေးတော်ဂေါတမီ ကျန်နေတဲ့အဝတ်ပုဆိုး တစ်ထည်ကို ငါဘုရားရှေ့မှာ ထိုင်နေကြတဲ့ သံဃာများကို လှူလိုက်ပါ။
သံဃေ ဒိန္နံ မဟပ္ဖလံ...သံဃာကိုအာရုံပြုသံဃာကိုလှူဒါန်းမယ်ဆိုရင် ကြီးမြတ်သောအကျိုးအာနိသင်များရရှိလိမ့်မည်။
သံဃေတေ ဒိန္နေ အဟေဥ္စဝ ပူဇိတော ဘဝိသာမိ… သံဃာကိုလှူဒါန်းသည့် အလှူသည် သံဃာကိုလည်း လှူရာရောက်သည်။ သံဃိက ကုသိုလ်ရသည်။ ငါဘုရားကိုလည်း ပူဇော်ရာရောက်သည်ဟု အကျိုးနှစ်မျိုးကိုဟောကြား၍ မြတ်စွာဘုရားကလှူခိုင်းသောအခါ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားဘက် မျက်နှာလွှဲပြီး သံဃာပရိတ်သတ်ဘက်သို့လှည့်၍ လက်အုပ်ချီပြီး ...
တပည့်တော်၏ ရှေ့မှောက်မှာထင်ရှားရှိနေကြတဲ့ သံဃာတော် အရှင်မြတ်တို့ဘုရား တပည့်တော်၏ လက်၌ရှိသော ဤအဝတ်ပုဆိုး ရွှေသင်္ကန်းကို ဘုရားတပည့်တော်အားသနား စောင့်ရှောက် ချီးမြောက်သောအားဖြင့် အလှူခံတော်မူကြပါဘုရားဟု လျှောက်ထားသောအခါ သံဃာတော်အပါးရှစ်ဆယ် မည်သူမျှအလှူမခံဝံ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ထည်ကိုမြတ်စွာဘုရားဝတ်၍ တစ်ထည်ကိုရုံထားမည်ဆိုလျှင် အလွန်တရာ တင့်တယ်သပ္ပါယ်ပေလိမ့်မည်ဟု စိတ်နှလုံးထား၍အလှူမခံဘဲနေကြခြင်းဖြစ်သည်။
အဇိတရဟန်း သင်္ကန်းအလှူခံခြင်း
*********************************
သံဃာရှစ်ဆယ်ထဲမှ သံဃာများ၏အလယ်တွင် ထိုင်နေသော အဇိတရဟန်းကမြတ်စွာဘုရားဟာ မိထွေးတော်ဂေါတမီကိုများစွာသော အကျိုးရှိသည်ကို လိုလားနှစ်သက်တော်မူသည်ကို မြင်တော်မူသည်ဖြစ်၍သံဃာ
အားလှူဒါန်းခိုင်းခြင်းဖြစ်မည်ဟုစိတ်နှလုံးထား၍ ဂေါတမီလက်ထဲတွင်ရှိသော သင်္ကန်းတစ်ထည်ကို ရဲဝံ့တည်ငြိမ်စွာဖြင့် ထ၍အလှူခံလိုက်၏ ။ အဇိတရဟန်း အလှူခံပြီးသောအခါ ကျန်သောရဟန်းများ အုတ်အုတ်ကျက်ကျက် ကျယ်စွာသော အသံများဖြင့် ပညာအရာတွင်ဧတဒဂ်ရသော အရှင်သာရိပုတ္တရာ အရှင်အာနန္ဒာအစရှိသော ရဟန်းများပင် အလှူမခံဝ့ံသောသင်္ကန်းကို ဘာမဟုတ်တဲ့ အညတြ မထင်မရှားအသေး
အမွှားရဟန်းက အလှူခံရဲရမည်လားဟု ကဲ့ရဲ့သောစကားသံမျိုးစုံတို့ဖြင့် ကဲ့ရဲ့နေကြ၏။ကဲ့ရဲ့ပြစ်တင်နေကြသော စကားသံများကို မြတ်စွာဘုရား ကြားသိရသောအခါ သံဃာပရိတ်သတ်နှင့် ဂေါတမီအစရှိသော ပရိတ်သတ်များ၏
ယုံမှားသံသယကို ပယ်ဖျောက်နိုင်ရန်. .........
အာနန္ဒာအား မြကျောက်သပိတ်ယူခိုင်းခြင်း
*****************************************
ချစ်သား အာနန္ဒာ ငါဘုရားကိုနတ်သားလေးယောက်လှူထားတဲ့ အနားလေးရစ်ရှိတဲ့မြကျောက်သပိတ်ကို သွားပြီးတော့ယူချေဟုခိုင်းတော်မူ၏။ အာနန္ဒာယူလာသော မြကျောက်သပိတ်ကို မြတ်စွာဘုရားက လက်ဝါးပေါ်တင်၍အဓိဋ္ဌာန်ပြီးမှ ကောင်းကင်သို့လွှတ်လိုက်သည်ဆိုလျှင်ပင် မြကျောက်သပိတ်သည်နိဂြောဓာရုံကျောင်းမှနေ၍ ကပိလဝတ်မြို့တော်သို့ဝဲပျံပြီး ဖြတ်ကျော်လျက် စကြာဝဠာတိုက်ကို ပျံဝဲသွားလာနေ၏။ ငါဘုရား အဓိဋ္ဌာန်၍လွှတ်လိုက်တဲ့ မြကျောက်သပိတ်ကို မှီအောင်လိုက်၍ယူချေဟု သံဃာအပါးရှစ်ဆယ်ကို ယူခိုင်းသောအခါမည်သူမှလိုက်မယူကြချေ။ ထိုအခါ မြတ်စွာဘုရားက အဇိတရဟန်းကိုခေါ်၍ ငါဘုရားလွှတ်လိုက်တဲ့ မြကျောက်သပိတ်ကို လိုက်၍ယူချေဟုခိုင်းလိုက်သောအခါ အဇိတရဟန်းသည် မြသပိတ်ရှိရာရောက်ရာအရပ်ကိုရှာဖွေ၍ တစ်ခဏခြင်းယူလာပြီးမြတ်စွာဘုရားထံကပ်လှူ၏။
ဆက်ရန်
[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]
Credit to Daw Yusandi
No comments:
Post a Comment