Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၉ ) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၉ ))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၉ )

အဇိတမင္းသား ေတာထြက္ေတာ္မူျခင္း
**************************************
အဇိတမင္းသားေတာထြက္မည့္စိတ္အႀကံကို သခၤစၾကဝေတးမင္းႏွင့္တကြ တိုင္းသူျပည္သား လူအမ်ားကသိသြားၾကေသာအခါဘယ္ေန႔ ဘယ္အခ်ိန္ ဘယ္ရက္တြင္ အဇိတမင္းသား ေတာထြက္မည္ဆိုေသာ သတင္းအသံကို အားလံုးသိသြားၾကေသာအခါနန္းတြင္းသူ နန္းတြင္းသား ၿမိဳ႕သူ ၿမိဳ႕သားမ်ား ေတာရြာ ဇနပုဒ္မွလူမ်ား မင္းသား မင္းေျမး သူေဌး သူၾကြယ္ အစရွိေသာလူေပါင္းမ်ားစြာႏွင့္တကြ စႏၵမုကၡီမိဖုရား သားေတာ္ျဗဟၼဝံသ အလုပ္အေကြ်းကေခ်သည္မ်ား ပါမက်န္ အဇိတမင္းသား ေတာထြက္လွ်င္ လိုက္ပါႏိုင္ရန္ အဇိတမင္းသား၏ ျပာသာဒ္ထဲတြင္ ျပည့္လွ်ံ၍ေနလိမ့္မည္။ ေတာထြက္မည့္အခ်ိန္ ေရာက္ေသာအခါ လူေပါင္းမ်ားစြာျဖင့္ ျပည့္ေနေသာ ျပာသာဒ္ႀကီးသည္ ဘုရားေလာင္း၏တန္ခိုးေတာ္ေၾကာင့္၎ သခၤစၾကဝေတးမင္း၏ အာဏာေၾကာင့္၎ နတ္ျဗဟၼာတို႔၏တန္ခိုးေၾကာင့္၎ ဟသၤာမင္းပ်ံသကဲ႔သို႔ ေကာင္းကင္ယံသို႔ ပ်ံတက္၍ ကံ႔ေကာ္ပင္ ရွိရာအရပ္သို႔ ေကာင္းကင္ယံခရီးျဖင့္ ေတာထြက္သြားၾကလိမ့္မည္။

နတ္ျဗဟၼာမ်ား ပို႔ေဆာင္ျခင္း
***************************
ေကာင္းကင္ယံ ဟသၤာပ်ံ ျပာသာဒ္ႀကီးကို ျဗဟၼာမင္းက သံုးယူဇနာရိွေသာ ထီးကိုကိုင္၍လိုက္မည္။ သိၾကားမင္းက အေတာင္ေျခာက္ဆယ္ရွိေသာ လက္ယာရစ္ခရုသင္းကိုကိုင္လ်က္ သာဓု သာဓု သာဓု ေခၚ၍လိုက္မည္။ သုတဝံနတ္သားက သားၿမီးယပ္ကိုကိုင္မည္။ တုသိတာနတ္သားက ပတၱျမားယပ္ကိုကိုင္မည္။ ပဥၥသီခ နတ္သားက ေစာင္းကိုကိုင္မည္။ ေလာကပါလနတ္သား ေလးေယာက္က သန္လ်က္ကိုကိုင္မည္။ ႏွစ္သိန္းရွစ္ေသာင္းရွိေသာ ဘီလူးစစ္သည္မ်ားက လက္နက္ကို္ယ္စီကိုင္မည္။ နတ္သမီးမ်ားက ရတနာပုေဋာင္းကိုကိုင္မည္။ အသူရာနတ္တို႔က သီခ်င္းဆို၍ နတ္တို႔၏တံခြန္ကိုကိုင္မည္။ နတ္မင္းတို႔က ပတၱျမားရွိေသာဆီမီးတိုင္ကိုကိုင္မည္။ ဂဠဳန္တို႔က ေစာင္းတီး၍လိုက္မည္။ ကိႏၷရာတို႔ကား သီခ်င္းဆို၍လိုက္မည္။ ဂႏၶဗၺနတ္တို႔က ေစာင္းတီး၍ နတ္တို႔၏ကျခင္း သီဆိုျခင္းတို႔ျဖင့္ သီဆိုကခုန္ၾကလ်က္ လိုက္ကုန္ၾကလိမ့္မည္။
ေကာင္းကင္ယံ ျပာသာဒ္ႀကီးထဲတြင္ေတာထြက္ရန္ လိုက္ပါၾကေသာ ပရိသတ္မ်ား ရွစ္ေသာင္းေလးေထာင္ရွိမည္။ နတ္ပရိသတ္ ရွစ္ေသာင္းေလးေထာင္ၿခံရံလ်က္ နတ္သဘင္ႏွင့္တကြ နတ္တို႔၏ေကာင္းခ်ီးသံ လူပရိသတ္တို႔၏ ခ်ီးမြမ္းသံ ျဗဟၼာတို႔၏ လက္ပန္းေပါင္းသံတို႔ႏွင့္တကြ တင့္တယ္စြာ စမၸါယ္ျခင္းရွိေသာ ျပာသာဒ္ပ်ံသည္ ေကာင္းကင္ယံသို႔ပ်ံတက္၍ ေကာင္းကင္ယံ ခရီးျဖင့္ က့ံေကာ္ပင္ ေဗာဓိမဏၰိဳင္သို႔ ေတာထြက္ရန္ သြားၾကလိမ့္မည္။

ဒုကၠရ စရိယာ အက်င့္ဆိုသည္မွာ
*******************************
၁။ အေရမွ် ၾကြင္းေစ
၂။ အေၾကာမွ် က်န္ေစ
၃။ အရိုးမွ် ၾကြင္းေစ
၄။ အေသြးအသားတို႔ ခန္းေျခာက္လွ်င္
ခန္းေျခာက္ သြားပါေစ ဟု
မဆုတ္မနစ္ေသာ ဇဲြ လံု႔လ ဝီရိယမ်ိဳးျဖင့္ ငါေအာင္ျမင္ေအာင္လုပ္မည္ဆိုေသာစိတ္ထားမ်ဳိးျဖင့္ က်င့္သည္ကို ဒုကၠရစရိယာအက်င့္ဟုေခၚသည္။ ထိုအက်င့္ေလးမ်ိဳးကို လူတိုင္းမက်င့္ႏိုင္ပါ။ လူသာမာန္တို႔ က်င့္ႀကံရန္ ခဲယဥ္းေသာအက်င့္မ်ားျဖစ္ေသာေၾကာင့္ ဒုကၠရစရိယာအက်င့္ဟုေခၚသည္။
အဇိတ မင္းသားသည္ ကံ႔ေကာ္ပင္ေအာက္တြင္ ဒုကၠရစရိယာ ေျခာက္ရက္မွ်က်င့္ရံုျဖင့္ ဘုရားစင္စစ္ဧကန္ျဖစ္လိမ့္မည္။ ဘုရားျဖစ္ၿပီးေသာအခါ ကမ ၻာဦးတည္စက မဟာေဗာဓိမဏၰိဳင္ကုန္းတြင္ ကမၻာ့နိမိတ္အျဖစ္ျဖင့္ ဘုရားအေလာင္းတို႔၏ ကုသိုလ္ပါရမီ တန္ခိုးေၾကာင့္ အလိုလိုေပၚေပါက္လာေသာ ပဒုမၼာၾကာရံုထဲတြင္ပါလာေသာပရိကၡရာရွစ္ပါးကို ျဗဟၼာ့ျပည္(၁၆)ဘံု၌အျမင့္ဆံုးျဖစ္ေသာ သုဒၶါဝါသ အကနိ႒ ျဗဟၼာ့ဘံုတြင္ေနေသာ ဃဋိကာရ ျဗဟၼာႀကီးက အဇိတမင္းသားရဟန္းျပဳရန္ ၾကာသကၤန္းကို ဆက္ကပ္လာေသာအခါတြင္ ရဟန္းျပဳလိမ့္မည္။
အဇိတ မင္းသားအား သကၤန္းဝတ္ပံုဝတ္နည္း သင္းပိုင္ဝတ္ပံု ဧကသီဝတ္ပံုကိုသင္ၾကားျပသေပးမည့္ဆရာ မရွိေသာ္လည္း ပါရမီျဖည့္စဥ္ ေရွးဘုရားတို႔၏ အထံ၌ ရဟန္းျပဳခဲ႔ရ၍ ဝတ္ရံုမႈ၌ အက်င့္ရၿပီးျဖစ္ေသာေၾကာင့္လည္းေကာင္း ဥာဏ္ေတာ္ႀကီးျမတ္ေသာေၾကာင့္လည္းေကာင္း သကၤန္းကို ေနရာတက်ဝတ္ရံုတတ္သည္။ မည္သို႔ဝတ္မွသာလွ်င္ရဟန္းႏွင့္တူမည္ ဆိုသည္ကိုသိ၏။

စႏၵမုကၡီ မိဖုရား ႏြားႏို႔ဆြမ္းလွဴျခင္း
*******************************
ထိုေနရာတြင္ပင္ စႏၵမုကၡီ မိဖုရားသည္နတ္ၾသဇာႏွင့္ ျပည့္စံုေသာ ႏြားႏို႔ဆြမ္းကိုလွဴလိမ့္မည္။

ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi

[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၉ )

အဇိတမင်းသား တောထွက်တော်မူခြင်း
**************************************
အဇိတမင်းသားတောထွက်မည့်စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လူအများကသိသွားကြသောအခါဘယ်နေ့ ဘယ်အချိန် ဘယ်ရက်တွင် အဇိတမင်းသား တောထွက်မည်ဆိုသော သတင်းအသံကို အားလုံးသိသွားကြသောအခါနန်းတွင်းသူ နန်းတွင်းသား မြို့သူ မြို့သားများ တောရွာ ဇနပုဒ်မှလူများ မင်းသား မင်းမြေး သူဌေး သူကြွယ် အစရှိသောလူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီမိဖုရား သားတော်ဗြဟ္မဝံသ အလုပ်အကျွေးကချေသည်များ ပါမကျန် အဇိတမင်းသား တောထွက်လျှင် လိုက်ပါနိုင်ရန် အဇိတမင်းသား၏ ပြာသာဒ်ထဲတွင် ပြည့်လျှံ၍နေလိမ့်မည်။ တောထွက်မည့်အချိန် ရောက်သောအခါ လူပေါင်းများစွာဖြင့် ပြည့်နေသော ပြာသာဒ်ကြီးသည် ဘုရားလောင်း၏တန်ခိုးတော်ကြောင့်၎င်း သင်္ခစကြဝတေးမင်း၏ အာဏာကြောင့်၎င်း နတ်ဗြဟ္မာတို့၏တန်ခိုးကြောင့်၎င်း ဟင်္သာမင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်၍ ကံ့ကော်ပင် ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မည်။

နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း
***************************
ကောင်းကင်ယံ ဟင်္သာပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာရှိသော ထီးကိုကိုင်၍လိုက်မည်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ်ခရုသင်းကိုကိုင်လျက် သာဓု သာဓု သာဓု ခေါ်၍လိုက်မည်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်မည်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်မည်။ ပဥ္စသီခ နတ်သားက စောင်းကိုကိုင်မည်။ လောကပါလနတ်သား လေးယောက်က သန်လျက်ကိုကိုင်မည်။ နှစ်သိန်းရှစ်သောင်းရှိသော ဘီလူးစစ်သည်များက လက်နက်ကို်ယ်စီကိုင်မည်။ နတ်သမီးများက ရတနာပုဋောင်းကိုကိုင်မည်။ အသူရာနတ်တို့က သီချင်းဆို၍ နတ်တို့၏တံခွန်ကိုကိုင်မည်။ နတ်မင်းတို့က ပတ္တမြားရှိသောဆီမီးတိုင်ကိုကိုင်မည်။ ဂဠုန်တို့က စောင်းတီး၍လိုက်မည်။ ကိန္နရာတို့ကား သီချင်းဆို၍လိုက်မည်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီး၍ နတ်တို့၏ကခြင်း သီဆိုခြင်းတို့ဖြင့် သီဆိုကခုန်ကြလျက် လိုက်ကုန်ကြလိမ့်မည်။
ကောင်းကင်ယံ ပြာသာဒ်ကြီးထဲတွင်တောထွက်ရန် လိုက်ပါကြသော ပရိသတ်များ ရှစ်သောင်းလေးထောင်ရှိမည်။ နတ်ပရိသတ် ရှစ်သောင်းလေးထောင်ခြံရံလျက် နတ်သဘင်နှင့်တကွ နတ်တို့၏ကောင်းချီးသံ လူပရိသတ်တို့၏ ချီးမွမ်းသံ ဗြဟ္မာတို့၏ လက်ပန်းပေါင်းသံတို့နှင့်တကွ တင့်တယ်စွာ စမ္ပါယ်ခြင်းရှိသော ပြာသာဒ်ပျံသည် ကောင်းကင်ယံသို့ပျံတက်၍ ကောင်းကင်ယံ ခရီးဖြင့် က့ံကော်ပင် ဗောဓိမဏ္ဏိုင်သို့ တောထွက်ရန် သွားကြလိမ့်မည်။

ဒုက္ကရ စရိယာ အကျင့်ဆိုသည်မှာ
*******************************
၁။ အရေမျှ ကြွင်းစေ
၂။ အကြောမျှ ကျန်စေ
၃။ အရိုးမျှ ကြွင်းစေ
၄။ အသွေးအသားတို့ ခန်းခြောက်လျှင်
ခန်းခြောက် သွားပါစေ ဟု
မဆုတ်မနစ်သော ဇွဲ လုံ့လ ဝီရိယမျိုးဖြင့် ငါအောင်မြင်အောင်လုပ်မည်ဆိုသောစိတ်ထားမျိုးဖြင့် ကျင့်သည်ကို ဒုက္ကရစရိယာအကျင့်ဟုခေါ်သည်။ ထိုအကျင့်လေးမျိုးကို လူတိုင်းမကျင့်နိုင်ပါ။ လူသာမာန်တို့ ကျင့်ကြံရန် ခဲယဉ်းသောအကျင့်များဖြစ်သောကြောင့် ဒုက္ကရစရိယာအကျင့်ဟုခေါ်သည်။
အဇိတ မင်းသားသည် ကံ့ကော်ပင်အောက်တွင် ဒုက္ကရစရိယာ ခြောက်ရက်မျှကျင့်ရုံဖြင့် ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်။ ဘုရားဖြစ်ပြီးသောအခါ ကမ ္ဘာဦးတည်စက မဟာဗောဓိမဏ္ဏိုင်ကုန်းတွင် ကမ္ဘာ့နိမိတ်အဖြစ်ဖြင့် ဘုရားအလောင်းတို့၏ ကုသိုလ်ပါရမီ တန်ခိုးကြောင့် အလိုလိုပေါ်ပေါက်လာသော ပဒုမ္မာကြာရုံထဲတွင်ပါလာသောပရိက္ခရာရှစ်ပါးကို ဗြဟ္မာ့ပြည်(၁၆)ဘုံ၌အမြင့်ဆုံးဖြစ်သော သုဒ္ဓါဝါသ အကနိဋ္ဌ ဗြဟ္မာ့ဘုံတွင်နေသော ဃဋိကာရ ဗြဟ္မာကြီးက အဇိတမင်းသားရဟန်းပြုရန် ကြာသင်္ကန်းကို ဆက်ကပ်လာသောအခါတွင် ရဟန်းပြုလိမ့်မည်။
အဇိတ မင်းသားအား သင်္ကန်းဝတ်ပုံဝတ်နည်း သင်းပိုင်ဝတ်ပုံ ဧကသီဝတ်ပုံကိုသင်ကြားပြသပေးမည့်ဆရာ မရှိသော်လည်း ပါရမီဖြည့်စဉ် ရှေးဘုရားတို့၏ အထံ၌ ရဟန်းပြုခဲ့ရ၍ ဝတ်ရုံမှု၌ အကျင့်ရပြီးဖြစ်သောကြောင့်လည်းကောင်း ဉာဏ်တော်ကြီးမြတ်သောကြောင့်လည်းကောင်း သင်္ကန်းကို နေရာတကျဝတ်ရုံတတ်သည်။ မည်သို့ဝတ်မှသာလျှင်ရဟန်းနှင့်တူမည် ဆိုသည်ကိုသိ၏။

စန္ဒမုက္ခီ မိဖုရား နွားနို့ဆွမ်းလှူခြင်း
*******************************
ထိုနေရာတွင်ပင် စန္ဒမုက္ခီ မိဖုရားသည်နတ်သြဇာနှင့် ပြည့်စုံသော နွားနို့ဆွမ်းကိုလှူလိမ့်မည်။

ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment