Saturday, August 13, 2016

ကမၼ႒ာန္းဆရာ (ကမ္မဋ္ဌာန်းဆရာ)

[Zawgyi]
ကမၼ႒ာန္းဆရာ
---------------
တရားဆိုတာက ျမတ္စြာဘုရားေဟာလုိ႕ သိခဲ့ႀကရတာ။ နိဗၺာန္ဆိုတာလည္း ျမတ္စြာဘုရားေဟာလုိ႕ သိရတာ။ နိဗၺာန္ေရာက္ေႀကာင္း မဂၢင္ရွစ္ပါးအက်င့္တရားဆိုတာလည္း ဘုရားေဟာလို႕ သိခဲ့ရတာ။

ပိဋကသံုးသြယ္ နိကာယ္ငါးျဖာ ဓမၼကၡႏၶာေပါင္း ရွစ္ေသာင္းေလးေထာင္ဆိုတာ သခၤ ါယနာေျခာက္တန္တင္ျပီး အတည္ျပဳခဲ့တဲ့စာေတြျဖစ္တယ္။ ဒီစာေတြကခံေနတယ္ဆိုရင္ ဘယ္ဟုတ္မလဲ။ စာနဲ႕မညီတဲ့လမ္းဟာ တစ္ျခားလမ္းပဲျဖစ္မယ္။ နိဗၺာန္လမ္းေတာ့ မဟုတ္နိုင္ဘူး။ ဘာျဖစ္လို႕လဲဆိုေတာ့ ဘုရားေဟာတဲ့တရားေတြက နိဗၺာန္လမ္းကိုေဖၚျပတဲ့ တရားေတြခ်ည္းပဲေလ။ အဲဒိေတာ့ တစ္ျခားလမ္းကို ေရြးရင္ေတာ့ျဖင့္ စာခံတာဟုတ္ေကာင္းဟုတ္လိမ့္မယ္ေနာ္။ နိဗၺာန္သြားမယ့္လမး္ကေတာ့ စာခံစရာအေႀကာင္းမရွိဘူး။ စာတတ္ေလေကာင္းေလပဲ။

ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကိုယ္တုိင္က......

“ယထာဘူတံ ဥာဏယ သတၳာ ပရိေယသိတေဗၺာ”

အမွန္အကန္သိဖို႕အတြက္ ဆရာေကာင္းကိုရွာလို႕ ေျပာခဲ့တာ။ ျမတ္စြာဘုရားရွင္ေဟာတဲ့ဂါထာတပုဒ္မွာဆိုရင္.....

သီလအေပၚမွာ အခိုင္အမာရပ္တည္။ ရပ္တည္ျပီးတဲ့အခါမွာ သမာဓိနဲ႕ပညာကို ပြားေစပါတဲ့။ သမာဓိနဲ႕ပညာကိုတိုးပြားေအာင္လုပ္ဆိုတဲ့ ေနရာမွာ သမာဓိဘယ္လိုျဖစ္ေအာင္လုပ္မလဲဆိုတာက ကမၼ႒ာန္းေပးနုိင္တဲ့ ေကာင္းျမတ္တဲ့ဂုဏ္ရ ည္ေတြနဲ႕ ျပည့္စံုတဲ့ မိတ္ေကာင္းေဆြေကာင္း ဆရာေကာင္းကို ခ်ည္းကပ္ပါလို႕ ဒီလိုေျပာတာေနာ္။

အဲဒိေတာ့ ဆရာမွားရင္ အမ်ားႀကီး ဒုကၡေရာက္နုိင္တယ္။ ဒါေႀကာင့္မို႕ ကမၼ႒ာန္းဆရာဆိုတာ သာမန္နဲ႕ ကမၼ႒ာန္းဆရာျဖစ္သင့္တာမဟုတ္ဘူး။ ကမၼ႒ာန္းဆရာဆိုသည္မွာ ကမၼ႒ာန္းေပးနိုင္တဲ့ေကာင္းျမတ္တဲ့ အရည္အခ်င္းေတြနဲ႕ျပည့္စံုတဲ့ မိတ္ေဆြေကာင္း ဆရာေကာင္းဆိုတာ နံပါတ္တစ္ ဘုရားကိုပဲေျပာရမယ္။ ဒါအျမင့္ဆံုးအဆင့္ကိုေျပာတာ။

ေအး.. ဘုရားမရွိေတာ့ဘူးဆုိရင္ တရားရွိတယ္ေလ။

ျမတ္စြာဘုရားကိုယ္တိုင္က ပရိနိဗၺာန္စံခါနီးမွာ ငါဘုရားမရွိတဲ့ေနာက္ ငါေဟာခဲ့တဲ့ ဓမၼ ၊ ငါ ပညတ္ခဲ့တဲ့ ၀ိနယဟာ မင္းတို႕ရဲ့ဆရာပဲလုိ႕ ဒီိလိုေျပာခဲ့တာ။

ဒါကိုသတိမေမ့ဖုိ႕ အင္မတန္အေရးႀကီးတယ္။

ဒါျဖင့္ ငါေဟာခဲ့တဲ့ ဓမၼ ၊ ငါပညတ္ခဲ့တဲ့ ၀ိနယ ဆိုတာ ဘာေတြတုန္း။ အခု သဂၤ ါယနာေျခာက္တန္ တင္ထားတဲ့ ပိဋကသံုးသြယ္ နိကာယ္ငါးျဖာပဲ။ ျမန္မာနိုင္ငံမွာအျပည့္အ၀ရွိတယ္။ ဆရာေတာ္ႀကီးေတြ အဆက္ဆက္ ထိန္းသိမ္းသင္ႀကားပို႕ခ်ေပးခဲ့တဲ့ စာေပေတြပဲ။ ဘယ္ေနရာျဖစ္ျဖစ္ စာေပနဲ႕အညီပဲျဖစ္သင့္တယ္။ တစ္ဦးတစ္ေယာက္ရဲ့အေတြ႕အႀကံဳဆိုတာမ်ိဳးက ျပည့္စံုတာမဟုတ္ဘူး။ မျပည့္စံုဘူး။ မျပည့္စံုဘူးဆိုတာ ျမတ္စြာဘုရားေဟာထားတဲ့ ကိ ံသုေကာပမသုတံၱကိုႀကည့္ပါ။

ျမတ္စြာဘုရားက ေပါက္ပင္ ဥပမာနဲ႕ေဟာထားတာ။

ရဟန္းတစ္ပါးကို သြားေမးတယ္။ ေမးတဲ့အခါက်ေတာ့ တရားရႈ႕တဲ့အခါမွာ ဘာရႈ႕ရမလဲ။ သူကလည္း သူရႈ႕ခဲ့တဲ့လမ္းစဥ္ကိုေျပာတာ။ “ေအး.. ဓာတ္ႀကီးေလးပါးရႈ႕တဲ့”

ေနာက္တစ္ပါးသြားေမးတဲ့အခါက်ေတာ့ သူက်င့္ခဲ့တဲ့လမ္းစဥ္ပဲေျပာတယ္။ “ခႏၶာငါးပါးတဲ့”

ေနာက္တစ္ပါးက်ေတာ့ “အာယတနေျခာက္ပါး” ကိုရႈ႕တဲ့။

တစ္ဦးနဲ႕တစ္ဦးေျပာတာ မတူသည့္အတြက္ ႀကားရတဲ့ပုဂၢိဳလ္မွာ သံသယေတြျဖစ္လာတယ္။

ျမတ္စြာဘုရားက ရွင္းျပတယ္။ ေပါက္ပင္ဆိုတာ ရာသီဥတုအလိုက္ ေပါက္ပင္ရဲ့ပံုသ႑ာန္ေျပာင္းလဲတယ္။

အရြက္ေႀကြေနတဲ့အခ်ိန္မွာ ေပါက္ပင္ႀကီးကိုသြားႀကည့္ရင္ သစ္ေျခာက္ပင္ႀကီးလိုပဲ ရိုးတန္ေတြခ်ည္းပဲ။ တစ္ရြက္မွမရွိဘူး။ အပြင့္လည္း တစ္ပြင့္မွ မရွိဘူး။ ေပါက္ပင္ဆိုတာ ဘယ္လုိဟာလည္းလို႕ ေမးတဲ့အခါ အေျဖအမ်ိဳးမ်ိဳးရွိတယ္။ “ေပါက္ပင္ဆိုတာ အရြက္မရွိတဲ့ ရိုးတန္ေတြနဲ႕အပင္ ” လို႕ေျပာလိုက္တယ္။

ေနာက္ရာသီေျပာင္းသြားတဲ့အခါ ေပါက္ပင္က အပြင့္ေတြနဲ႕ရဲလာတယ္။ အဲဒိအခ်ိန္က်ေတာ့ ေပါက္ပင္ဆိုတာ တစ္ပင္လံုး ရဲရဲနီေနတဲ့အပြင့္ေတြနဲ႕လို႕ ေျပာျပန္တယ္။

သို႕ေသာ္ ေပါက္ပင္ဆိုတာ ရိုးတန္ခ်ည္းလို႕ေျပာတဲ့အခါမွာ အရြက္ေႀကြခ်ိန္မွာ မွန္တယ္။ အပြင့္ ပြင့္တဲံ့အခ်ိန္မွာ သြားႀကည့္ေတာ့အပြင့္နီေတြနဲ႕ ဖံုးေနတယ္ဆိုတာ မွန္ျပန္တယ္။

ေဟာ.. အရြက္ထြက္လာတဲ့အခါမွာ ေပါက္ပင္ဆိုတာ အရြက္ဖားဖား စိမ္းစိမ္းနဲ႕အင္မတန္မွ က်က္သေရရွိတယ္လို႕ ေျပာရင္လည္း မွန္ျပန္တာပဲ။

အဲဒိလိုရာသီိအလိုက္ ခြဲျခားမျမင္နိုင္ဘူးဆိုလို႕ရွိရင္ သံသယပြားစရာ အျငင္းပြားစရာ ျဖစ္တာေပ့ါ။

အဲဒိလို အေတြ႕အႀကံဳတစ္ခုထဲတြင္ ေျပာမယ္ဆိုရင္ သံသယျဖစ္ေစနိုင္တယ္။ တစ္ကယ္ေျပာရမွာက ဓာတ္လည္းရႈ႕နိုင္တယ္။ ခႏၶာလည္း ရႈ႕နိုင္တယ္။ အာယတနလည္း ရႈ႕နိုင္တယ္။ စာတတ္တဲ့ပုဂၢိဳလ္က်ေတာ့ ဘယ္ဟာပဲျဖစ္ျဖစ္ ရႈ႕လုိ႕ရတယ္လုိ႕ အကုန္လံုးညႊန္နိုင္တယ္။ အဲဒိလိုဆိုတာ။

ေလာကမွာ အျငင္းပြားေနတဲ့လူေတြဟာ တစ္စိတ္တစ္ေဒသကိုသာႀကည့္ျပီး အျငင္းပြားေနတာ။ အကုန္လံုးျမင္လို႕ရွိရင္ ျငင္းစရာတစ္ခုမွ မရွိဘူး။

(ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ)

Copy from: ခင္လျပည့္ဝန္း


[Unicode]
ကမ္မဋ္ဌာန်းဆရာ
---------------
တရားဆိုတာက မြတ်စွာဘုရားဟောလို့ သိခဲ့ကြရတာ။ နိဗ္ဗာန်ဆိုတာလည်း မြတ်စွာဘုရားဟောလို့ သိရတာ။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးအကျင့်တရားဆိုတာလည်း ဘုရားဟောလို့ သိခဲ့ရတာ။

ပိဋကသုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတာ သင်္ခ ါယနာခြောက်တန်တင်ပြီး အတည်ပြုခဲ့တဲ့စာတွေဖြစ်တယ်။ ဒီစာတွေကခံနေတယ်ဆိုရင် ဘယ်ဟုတ်မလဲ။ စာနဲ့မညီတဲ့လမ်းဟာ တစ်ခြားလမ်းပဲဖြစ်မယ်။ နိဗ္ဗာန်လမ်းတော့ မဟုတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားဟောတဲ့တရားတွေက နိဗ္ဗာန်လမ်းကိုဖေါ်ပြတဲ့ တရားတွေချည်းပဲလေ။ အဲဒိတော့ တစ်ခြားလမ်းကို ရွေးရင်တော့ဖြင့် စာခံတာဟုတ်ကောင်းဟုတ်လိမ့်မယ်နော်။ နိဗ္ဗာန်သွားမယ့်လမး်ကတော့ စာခံစရာအကြောင်းမရှိဘူး။ စာတတ်လေကောင်းလေပဲ။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင်က......

“ယထာဘူတံ ဉာဏယ သတ္ထာ ပရိယေသိတဗ္ဗော”

အမှန်အကန်သိဖို့အတွက် ဆရာကောင်းကိုရှာလို့ ပြောခဲ့တာ။ မြတ်စွာဘုရားရှင်ဟောတဲ့ဂါထာတပုဒ်မှာဆိုရင်.....

သီလအပေါ်မှာ အခိုင်အမာရပ်တည်။ ရပ်တည်ပြီးတဲ့အခါမှာ သမာဓိနဲ့ပညာကို ပွားစေပါတဲ့။ သမာဓိနဲ့ပညာကိုတိုးပွားအောင်လုပ်ဆိုတဲ့ နေရာမှာ သမာဓိဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာက ကမ္မဋ္ဌာန်းပေးနိုင်တဲ့ ကောင်းမြတ်တဲ့ဂုဏ်ရ ည်တွေနဲ့ ပြည့်စုံတဲ့ မိတ်ကောင်းဆွေကောင်း ဆရာကောင်းကို ချည်းကပ်ပါလို့ ဒီလိုပြောတာနော်။

အဲဒိတော့ ဆရာမှားရင် အများကြီး ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းဆရာဆိုတာ သာမန်နဲ့ ကမ္မဋ္ဌာန်းဆရာဖြစ်သင့်တာမဟုတ်ဘူး။ ကမ္မဋ္ဌာန်းဆရာဆိုသည်မှာ ကမ္မဋ္ဌာန်းပေးနိုင်တဲ့ကောင်းမြတ်တဲ့ အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ မိတ်ဆွေကောင်း ဆရာကောင်းဆိုတာ နံပါတ်တစ် ဘုရားကိုပဲပြောရမယ်။ ဒါအမြင့်ဆုံးအဆင့်ကိုပြောတာ။

အေး.. ဘုရားမရှိတော့ဘူးဆိုရင် တရားရှိတယ်လေ။

မြတ်စွာဘုရားကိုယ်တိုင်က ပရိနိဗ္ဗာန်စံခါနီးမှာ ငါဘုရားမရှိတဲ့နောက် ငါဟောခဲ့တဲ့ ဓမ္မ ၊ ငါ ပညတ်ခဲ့တဲ့ ၀ိနယဟာ မင်းတို့ရဲ့ဆရာပဲလို့ ဒီိလိုပြောခဲ့တာ။

ဒါကိုသတိမမေ့ဖို့ အင်မတန်အရေးကြီးတယ်။

ဒါဖြင့် ငါဟောခဲ့တဲ့ ဓမ္မ ၊ ငါပညတ်ခဲ့တဲ့ ၀ိနယ ဆိုတာ ဘာတွေတုန်း။ အခု သင်္ဂ ါယနာခြောက်တန် တင်ထားတဲ့ ပိဋကသုံးသွယ် နိကာယ်ငါးဖြာပဲ။ မြန်မာနိုင်ငံမှာအပြည့်အဝရှိတယ်။ ဆရာတော်ကြီးတွေ အဆက်ဆက် ထိန်းသိမ်းသင်ကြားပို့ချပေးခဲ့တဲ့ စာပေတွေပဲ။ ဘယ်နေရာဖြစ်ဖြစ် စာပေနဲ့အညီပဲဖြစ်သင့်တယ်။ တစ်ဦးတစ်ယောက်ရဲ့အတွေ့အကြုံဆိုတာမျိုးက ပြည့်စုံတာမဟုတ်ဘူး။ မပြည့်စုံဘူး။ မပြည့်စုံဘူးဆိုတာ မြတ်စွာဘုရားဟောထားတဲ့ ကိ ံသုကောပမသုတ္တံကိုကြည့်ပါ။

မြတ်စွာဘုရားက ပေါက်ပင် ဥပမာနဲ့ဟောထားတာ။

ရဟန်းတစ်ပါးကို သွားမေးတယ်။ မေးတဲ့အခါကျတော့ တရားရှု့တဲ့အခါမှာ ဘာရှု့ရမလဲ။ သူကလည်း သူရှု့ခဲ့တဲ့လမ်းစဉ်ကိုပြောတာ။ “အေး.. ဓာတ်ကြီးလေးပါးရှု့တဲ့”

နောက်တစ်ပါးသွားမေးတဲ့အခါကျတော့ သူကျင့်ခဲ့တဲ့လမ်းစဉ်ပဲပြောတယ်။ “ခန္ဓာငါးပါးတဲ့”

နောက်တစ်ပါးကျတော့ “အာယတနခြောက်ပါး” ကိုရှု့တဲ့။

တစ်ဦးနဲ့တစ်ဦးပြောတာ မတူသည့်အတွက် ကြားရတဲ့ပုဂ္ဂိုလ်မှာ သံသယတွေဖြစ်လာတယ်။

မြတ်စွာဘုရားက ရှင်းပြတယ်။ ပေါက်ပင်ဆိုတာ ရာသီဥတုအလိုက် ပေါက်ပင်ရဲ့ပုံသဏ္ဍာန်ပြောင်းလဲတယ်။

အရွက်ကြွေနေတဲ့အချိန်မှာ ပေါက်ပင်ကြီးကိုသွားကြည့်ရင် သစ်ခြောက်ပင်ကြီးလိုပဲ ရိုးတန်တွေချည်းပဲ။ တစ်ရွက်မှမရှိဘူး။ အပွင့်လည်း တစ်ပွင့်မှ မရှိဘူး။ ပေါက်ပင်ဆိုတာ ဘယ်လိုဟာလည်းလို့ မေးတဲ့အခါ အဖြေအမျိုးမျိုးရှိတယ်။ “ပေါက်ပင်ဆိုတာ အရွက်မရှိတဲ့ ရိုးတန်တွေနဲ့အပင် ” လို့ပြောလိုက်တယ်။

နောက်ရာသီပြောင်းသွားတဲ့အခါ ပေါက်ပင်က အပွင့်တွေနဲ့ရဲလာတယ်။ အဲဒိအချိန်ကျတော့ ပေါက်ပင်ဆိုတာ တစ်ပင်လုံး ရဲရဲနီနေတဲ့အပွင့်တွေနဲ့လို့ ပြောပြန်တယ်။

သို့သော် ပေါက်ပင်ဆိုတာ ရိုးတန်ချည်းလို့ပြောတဲ့အခါမှာ အရွက်ကြွေချိန်မှာ မှန်တယ်။ အပွင့် ပွင့်တဲံ့အချိန်မှာ သွားကြည့်တော့အပွင့်နီတွေနဲ့ ဖုံးနေတယ်ဆိုတာ မှန်ပြန်တယ်။

ဟော.. အရွက်ထွက်လာတဲ့အခါမှာ ပေါက်ပင်ဆိုတာ အရွက်ဖားဖား စိမ်းစိမ်းနဲ့အင်မတန်မှ ကျက်သရေရှိတယ်လို့ ပြောရင်လည်း မှန်ပြန်တာပဲ။

အဲဒိလိုရာသီိအလိုက် ခွဲခြားမမြင်နိုင်ဘူးဆိုလို့ရှိရင် သံသယပွားစရာ အငြင်းပွားစရာ ဖြစ်တာပေ့ါ။

အဲဒိလို အတွေ့အကြံုတစ်ခုထဲတွင် ပြောမယ်ဆိုရင် သံသယဖြစ်စေနိုင်တယ်။ တစ်ကယ်ပြောရမှာက ဓာတ်လည်းရှု့နိုင်တယ်။ ခန္ဓာလည်း ရှု့နိုင်တယ်။ အာယတနလည်း ရှု့နိုင်တယ်။ စာတတ်တဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာပဲဖြစ်ဖြစ် ရှု့လို့ရတယ်လို့ အကုန်လုံးညွှန်နိုင်တယ်။ အဲဒိလိုဆိုတာ။

လောကမှာ အငြင်းပွားနေတဲ့လူတွေဟာ တစ်စိတ်တစ်ဒေသကိုသာကြည့်ပြီး အငြင်းပွားနေတာ။ အကုန်လုံးမြင်လို့ရှိရင် ငြင်းစရာတစ်ခုမှ မရှိဘူး။

(ဒေါက်တာ အရှင်နန္ဒမာလာဘိ၀ံသ)

Copy from: ခင်လပြည့်ဝန်း

No comments:

Post a Comment