[Zawgyi]
ဆင္ခံ ျမင္းခံဘုရားမ်ားဟာ ေထရဝါဒ အယူနဲ႔ညီမညီ ဖ်ာပုံတိုက္သစ္ "သုေတသန သ႐ုပ္ျပအဘိဓာန္"က်မ္းျပဳ႕ ဆရာေတာ္အ႐ွင္ျသဘာသာဘိဝံသ၏ မိန္႔ဆိုခ်က္ျဖင့္ နားလည္ႏိုင္မည္ ျဖစ္ပါတယ္။
"ရဟန္းပုဂၢဳိလ္ လူပုဂၢဳိလ္ အားလုံးအတြက္ ေတြးဆ စရာတစ္ခုကုိေတာ့ တင္ျပခ်င္ပါတယ္။ ပိဋကတ္သုံးပုံ နိကာယ္ငါးရပ္ ေလ်ာက္ၾကည့္တဲ့အခါ ျမတ္စြာဘုရား ႐ွင္ကုိယ္ျမတ္ တိရိစၦာန္တစ္ေကာင္ေကာင္ စီးၿပီး ခရီးသြားတယ္ဆိုတာ ဘယ္ေနရာမွာမွ မေတြ႕ရပါဘူး။
ျမတ္စြာဘုရားဟာ ခရီိးဘယ္ေလာက္ေဝးေဝးေခ်ခြၽတ္ရမယ့္ ေဝေနယ်အတြက္ အခ်ိန္မွီတယ္ဆိုလ်ွင္ ေျခလ်င္ႂကြတာပဲ မ်ားပါတယ္။ ေဝေနယ်အတြက္ ေျခလ်င္ႂကြလုိ႔ အခ်ိန္မမွီေလာက္ ဘူးဆိုလ်ွင္ အဘိညာဥ္တန္ခိုးနဲ႔ ႂကြပါတယ္။
တိရိ စၦာန္အေပၚ တက္စီးဖို႔မေျပာနဲ႔ တိ ရိစၦာန္ ကထားတဲ့ ယာဥ္ကုိေတာင္ မစီးဖို႔ အာပတ္ပညတ္ထားပါတယ္။ မက်မ္းမာျခင္းဆိုတဲ့ အေၾကာင္း႐ွိမွသာ စီးခြင့္႐ွိတာပါ။
ဒီလုိအာပတ္ပညတ္ၿပီး တားေတာ္မူထားရတာက သတၱဝါအားလုံးအေပၚ အညီအမ်ွ ထားေတာ္မူတဲ့ "မဟာက႐ုဏာေတာ္ေၾကာင့္"ပဲ ျဖစ္ပါတယ္။ ႐ုိး႐ုိး က႐ုဏာမဟုတ္ပါဘူး။ မဟာတပ္ထားတဲ့.ႀကီးက်ယ္တဲ့ က႐ုဏာပါ။ ဒီမဟာက႐ုဏာေတာ္ေၾကာင့္ပဲ ေလးသေခ်ၤ ကမၻာတစ္သိန္းၾကာေအာင္ အဆင္းရဲအကင္ပန္းခံၿပီး ပါရမီေတာ္ေတြ
ျဖည့္ဆည္းေတာ္ မူခဲ့တာပါ။
ဒီမဟာက႐ုဏာေတာ္ႀကီးကုိ အေလးမျပဳ႕လုိ႔ မရဘူး။
ဘာသာျခားမ်ားကလည္း ဒီပုံမ်ိဳးေတြ ၾကည့္ၿပီး ဗုဒၶဟာသတၱဝါအားလုံးအေပၚ သနားက႐ုဏာ႐ွိတယ္ ေျပာေသး။ တိရိစာၦန္အေပၚ တက္စီးတာပဲလား ဆိုတဲ့ ေမးခြန္းမ်ိဳးနဲ႔ ေထာက္ျပလာႏိုင္ပါတယ္။
အက်ယ္ဖတ္႐ႈလုိေသးက ...
က်မ္းျပဳ႕သူ အ႐ွင္ျသဘာသာဘိဝံသ၏
"သုေတသန သ႐ုပ္ျပ အဘိဓာန္ "ႏွင့္
ေမတၱာ႐ွင္ (ေရႊျပည္သာ)၏ေထရဝါဒ မွတ္ေက်ာက္ စာအုပ္မ်ား ဆက္လက္ဖတ္႐ႈ့ေစ လုိပါတယ္။
-ဤဆင္ခံျမင္းခံ စာစုကုိ ေမတၱာ႐ွင္ေရႊျပည္သာ ဆရာေတာ္ရဲ႕
ေထရဝါဒ မွတ္ေက်ာက္စာအုပ္မွ ကူးယူမ်ွေဝပါတယ္။
Credit to Oo Thaw ေထရဝါဒ သာသနာ မွတ္စု.
========================================================
[Unicode]
ဆင်ခံ မြင်းခံဘုရားများဟာ ထေရဝါဒ အယူနဲ့ညီမညီ ဖျာပုံတိုက်သစ် "သုတေသန သရုပ်ပြအဘိဓာန်"ကျမ်းပြု့ ဆရာတော်အရှင်သြဘာသာဘိဝံသ၏ မိန့်ဆိုချက်ဖြင့် နားလည်နိုင်မည် ဖြစ်ပါတယ်။
"ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆ စရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ် လျောက်ကြည့်တဲ့အခါ မြတ်စွာဘုရား ရှင်ကိုယ်မြတ် တိရိစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့ရပါဘူး။
မြတ်စွာဘုရားဟာ ခရီိးဘယ်လောက်ဝေးဝေးချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မှီတယ်ဆိုလျှင် ခြေလျင်ကြွတာပဲ များပါတယ်။ ဝေနေယျအတွက် ခြေလျင်ကြွလို့ အချိန်မမှီလောက် ဘူးဆိုလျှင် အဘိညာဉ်တန်ခိုးနဲ့ ကြွပါတယ်။
တိရိ စ္ဆာန်အပေါ် တက်စီးဖို့မပြောနဲ့ တိ ရိစ္ဆာန် ကထားတဲ့ ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။ မကျမ်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိတာပါ။
ဒီလိုအာပတ်ပညတ်ပြီး တားတော်မူထားရတာက သတ္တဝါအားလုံးအပေါ် အညီအမျှ ထားတော်မူတဲ့ "မဟာကရုဏာတော်ကြောင့်"ပဲ ဖြစ်ပါတယ်။ ရိုးရိုး ကရုဏာမဟုတ်ပါဘူး။ မဟာတပ်ထားတဲ့.ကြီးကျယ်တဲ့ ကရုဏာပါ။ ဒီမဟာကရုဏာတော်ကြောင့်ပဲ လေးသချေင်္ ကမ္ဘာတစ်သိန်းကြာအောင် အဆင်းရဲအကင်ပန်းခံပြီး ပါရမီတော်တွေ
ဖြည့်ဆည်းတော် မူခဲ့တာပါ။
ဒီမဟာကရုဏာတော်ကြီးကို အလေးမပြု့လို့ မရဘူး။
ဘာသာခြားများကလည်း ဒီပုံမျိုးတွေ ကြည့်ပြီး ဗုဒ္ဓဟာသတ္တဝါအားလုံးအပေါ် သနားကရုဏာရှိတယ် ပြောသေး။ တိရိစ္ဆာန်အပေါ် တက်စီးတာပဲလား ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။
အကျယ်ဖတ်ရှုလိုသေးက ...
ကျမ်းပြု့သူ အရှင်သြဘာသာဘိဝံသ၏
"သုတေသန သရုပ်ပြ အဘိဓာန် "နှင့်
မေတ္တာရှင် (ရွှေပြည်သာ)၏ထေရဝါဒ မှတ်ကျောက် စာအုပ်များ ဆက်လက်ဖတ်ရှု့စေ လိုပါတယ်။
-ဤဆင်ခံမြင်းခံ စာစုကို မေတ္တာရှင်ရွှေပြည်သာ ဆရာတော်ရဲ့
ထေရဝါဒ မှတ်ကျောက်စာအုပ်မှ ကူးယူမျှဝေပါတယ်။
Credit to Oo Thaw ထေရဝါဒ သာသနာ မှတ်စု.
No comments:
Post a Comment