Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၆ ) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၆ ))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၆ )

ေကတုမတီ ျပည္အေၾကာင္း
**************************
တျဖည္းျဖည္း သက္တမ္းဆုတ္ယုတ္လာၿပီး သက္တမ္းတစ္သိန္း ေရာက္ေသာအခါ အယံ ဗာရာဏသီ ေကတုမတီ ရာဇဌာနီ ဘဝိ သတိ.....ယခုငါဘုရားတို႔ သီတင္းသံုးေနေသာ ဗာရာဏသီျပည္သည္ အလ်ား(၁၂) ယူဇနာ အနံ(၇)ယူဇနာ က်ယ္ဝန္းေသာ ေကတုမတီ မည္ေသာ မင္းေနျပည္ေတာ္ႀကီးျဖစ္လိမ့္မည္။

ထိုေကတုမတီျပည္တြင္ သခၤစၾကဝေတးမင္း အုပ္ခ်ဳပ္၍ မင္းျပဳလိမ့္မည္။ ရိုးရိုးဘုရင္မဟုတ္ပါ။ စၾကဝေတးမင္း ျဖစ္သည္။ စၾကဝေတးမင္း၏ မိဖုရားသည္ ဝိသာခါျဖစ္သည္။ သခၤစၾကဝေတးမင္းတြင္ တစ္ဖက္ေသာ ရန္သူကို ေခ်မႈန္းျပစ္ႏိုင္ေသာ သားေပါင္းတစ္ေထာင္ ျဖစ္ထြန္းလိမ့္မည္။ ေကတုမတီၿမိဳ႕ႏွင့္တကြ ၿမိဳ႕ေပါင္းရွစ္ ေသာင္းေလးေထာင္ ရွိလိမ့္မည္။ ေကတုမတီၿမိဳ႕လယ္ေကာင္တြင္ ရတနာခုႏွစ္ပါးျဖင့္ျပည့္စံုၿပီး တံတိုင္းအကာအရံျဖင့္ လူမ်ား၏မ်က္စိျဖင့္ စူးစိုက္မၾကည့္ႏိုင္ေလာက္ေသာ အေရာင္အဝါျဖင့္ အထပ္တစ္ရာရွိေသာ ျပာသဒ္ယာဥ္ႀကီးသည္ သခၤစၾကဝေတးမင္း၏ ေရွးဘုန္း ေရွးကံေၾကာင့္ ေပၚေပါက္လိမ့္မည္။

ေကတုမတီၿမိဳ႕၏ ပတ္ဝန္းက်င္တြင္လည္း ရတနာတို႔ျဖင့္ ၿခံရံ၍ အေရာင္ခုႏွစ္မ်ိဳးရွိေသာ တံတိုင္းခုႏွစ္ထပ္ ထန္းပင္စဥ္ခုႏွစ္ထပ္ ေပၚေပါက္၍ ကာရံထားလိမ့္မည္။ ၿမိဳ႕တံခါးေလးမ်က္ႏွာတြင္လည္း ေရႊဇရပ္မ်ားေပါက္လိမ့္မည္။ ၿမိဳ႕ထက္ဝန္းက်င္တြင္ရွိေသာ ရွင္ဘုရင္၏ဥယာဥ္မ်ားထဲတြင္ ပန္းမ်ိဳးစံုတို႔သည္ ျမရည္သြန္းသကဲ႔သို႔ ပြင့္ၾက၍ ပန္းရနံ႔မ်ားသည္လည္း တႀကိဳင္ႀကိဳင္ ေမႊးပ်ံ႕သင္းလိႈင္ေနလိမ့္မည္။ 

ေကတုမတီျပည္၏ ၿမိဳ႕အလယ္၌လည္းေကာင္း ျပာသဒါအယာမ္ တံတိုင္းအယာမ္ တို႔တြင္အျဖဴ  အနီ အဝါ အေရႊ အစိမ္း အမည္း အေၾကာင္အၾကား ၿပိဳးၿပိဳးျပက္ရွိေသာ နတ္ပုဆိုးတန္ဆာ အျခား အျခားေသာ တိုင္းႏိုင္ငံမ်ားမွထြက္ေပၚလာေသာ အဝတ္ပုဆိုး ထမင္းေဘာဇဥ္ အေဖ်ာ္စေသာ လူအမ်ားသံုးေဆာင္ စားေသာက္ေကာင္းေသာအရသာဟူသမွ်သည္ ပေဒသာပင္မ်ားတြင္ တြဲလဲစဲြလ်က္ရွိၾကလိမ့္မည္။ ထိုအခ်ိန္တြင္ အရိေမေတၱယ်ျမတ္စြာဘုရား အေလာင္းသည္ (၁၆)သေခ်ၤႏွင့္ကမ ၻာ တစ္သိန္း ပါရမီေတာ္မ်ား ျဖည့္က်င့္ၿပီး၍ တုသိတာနတ္ျပည္တြင္ရွိေနလိမ့္မည္ျဖစ္သည္
ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ 
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi

[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၆ )

ကေတုမတီ ပြည်အကြောင်း
**************************
တဖြည်းဖြည်း သက်တမ်းဆုတ်ယုတ်လာပြီး သက်တမ်းတစ်သိန်း ရောက်သောအခါ အယံ ဗာရာဏသီ ကေတုမတီ ရာဇဌာနီ ဘဝိ သတိ.....ယခုငါဘုရားတို့ သီတင်းသုံးနေသော ဗာရာဏသီပြည်သည် အလျား(၁၂) ယူဇနာ အနံ(၇)ယူဇနာ ကျယ်ဝန်းသော ကေတုမတီ မည်သော မင်းနေပြည်တော်ကြီးဖြစ်လိမ့်မည်။

ထိုကေတုမတီပြည်တွင် သင်္ခစကြဝတေးမင်း အုပ်ချုပ်၍ မင်းပြုလိမ့်မည်။ ရိုးရိုးဘုရင်မဟုတ်ပါ။ စကြဝတေးမင်း ဖြစ်သည်။ စကြဝတေးမင်း၏ မိဖုရားသည် ဝိသာခါဖြစ်သည်။ သင်္ခစကြဝတေးမင်းတွင် တစ်ဖက်သော ရန်သူကို ချေမှုန်းပြစ်နိုင်သော သားပေါင်းတစ်ထောင် ဖြစ်ထွန်းလိမ့်မည်။ ကေတုမတီမြို့နှင့်တကွ မြို့ပေါင်းရှစ် သောင်းလေးထောင် ရှိလိမ့်မည်။ ကေတုမတီမြို့လယ်ကောင်တွင် ရတနာခုနှစ်ပါးဖြင့်ပြည့်စုံပြီး တံတိုင်းအကာအရံဖြင့် လူများ၏မျက်စိဖြင့် စူးစိုက်မကြည့်နိုင်လောက်သော အရောင်အဝါဖြင့် အထပ်တစ်ရာရှိသော ပြာသဒ်ယာဉ်ကြီးသည် သင်္ခစကြဝတေးမင်း၏ ရှေးဘုန်း ရှေးကံကြောင့် ပေါ်ပေါက်လိမ့်မည်။

ကေတုမတီမြို့၏ ပတ်ဝန်းကျင်တွင်လည်း ရတနာတို့ဖြင့် ခြံရံ၍ အရောင်ခုနှစ်မျိုးရှိသော တံတိုင်းခုနှစ်ထပ် ထန်းပင်စဉ်ခုနှစ်ထပ် ပေါ်ပေါက်၍ ကာရံထားလိမ့်မည်။ မြို့တံခါးလေးမျက်နှာတွင်လည်း ရွှေဇရပ်များပေါက်လိမ့်မည်။ မြို့ထက်ဝန်းကျင်တွင်ရှိသော ရှင်ဘုရင်၏ဥယာဉ်များထဲတွင် ပန်းမျိုးစုံတို့သည် မြရည်သွန်းသကဲ့သို့ ပွင့်ကြ၍ ပန်းရနံ့များသည်လည်း တကြိုင်ကြိုင် မွှေးပျံ့သင်းလှိုင်နေလိမ့်မည်။ 

ကေတုမတီပြည်၏ မြို့အလယ်၌လည်းကောင်း ပြာသဒါအယာမ် တံတိုင်းအယာမ် တို့တွင်အဖြူ  အနီ အဝါ အရွှေ အစိမ်း အမည်း အကြောင်အကြား ပြိုးပြိုးပြက်ရှိသော နတ်ပုဆိုးတန်ဆာ အခြား အခြားသော တိုင်းနိုင်ငံများမှထွက်ပေါ်လာသော အဝတ်ပုဆိုး ထမင်းဘောဇဉ် အဖျော်စသော လူအများသုံးဆောင် စားသောက်ကောင်းသောအရသာဟူသမျှသည် ပဒေသာပင်များတွင် တွဲလဲစွဲလျက်ရှိကြလိမ့်မည်။ ထိုအချိန်တွင် အရိမေတ္တေယျမြတ်စွာဘုရား အလောင်းသည် (၁၆)သချေင်္နှင့်ကမ ္ဘာ တစ်သိန်း ပါရမီတော်များ ဖြည့်ကျင့်ပြီး၍ တုသိတာနတ်ပြည်တွင်ရှိနေလိမ့်မည်ဖြစ်သည်
ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော 
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment