Sunday, August 21, 2016

ေအာင္ျမင္ေရး အေျခအေနေလးရပ္ (အောင်မြင်ရေး အခြေအနေလေးရပ်)

[Zawgyi]
ေအာင္ျမင္ေရး အေျခအေနေလးရပ္
အလိုရွိသမွ် ျပည့္စုံေစရန္ အေျခခံအေၾကာင္းရင္းေလးရပ္ လိုအပ္သည္။
ယင္း အေျခအေနေလးမ်ိဳးႏွင့္ ျပည့္စုံသူသည္ အခ်ိန္တိုအတြင္းမွာပင္ စီးပြားေရး စသည္၌ ေအာင္ျမင္သူျဖစ္ရ၏။ 
စီးပြားဥစၥာ အၿခံအရံ အေက်ာ္ အေစာမ်ားျဖင့္ ေပၚလြင္ထင္ရွားသူ ျဖစ္ရ၏။
ယင္းအေျခအေနမ်ားကား_
၁။ စီးပြားေရး၊ ဘာသာေရးစသည္ ေအာင္ျမင္တိုးတက္နိုင္ေသာ အရပ္ေဒသ၌ အေျခခ်ေနထိုင္ရျခင္း၊
၂။ ဘုရားအစရွိေသာ သူေတာ္ေကာင္းႏွင့္ ပညာရွင္ မိတ္ေဆြေကာင္း အေပါင္းအသင္းမ်ား ရရွိျခင္း၊
၃။ မိမိကိုယ္ကို လူေတာ္လူေကာင္း ျဖစ္ေအာင္ ေကာင္းစြာ ျပဳျပင္ေပးရျခင္း၊
၄။ ေရွ႕ပိုင္းကာလ ေရွးေရွးဘဝက ျဖည့္က်င့္ဆည္းပူးခဲ့ေသာ ေကာင္းေသာ လုပ္ေဆာင္မႈမ်ား ရွိရျခင္းတို႔ျဖစ္သည္။
ေနာက္ဆုံးအေျခအေနႏွင့္ ျပည့္စုံရန္မွာ အဓိကအက်ဆဳံးျဖစ္သည္။
ယင္းအခ်က္ႏွင့္ျပည့္စုံမွသာက်န္အခ်က္မ်ားလည္း ျပည့္စုံနိုင္မည္ ျဖစ္ေသာေၾကာင့္ပင္တည္း။
သို႔ပါ၍ ေလာကီ ေလာကုတၱရာ ႀကီးပြားတိုးတက္ေရး၌ ဘက္စုံ
ေအာင္ျမင္သူ တစ္ေယာက္ျဖစ္ရန္ အေျခခံ အေၾကာင္းရင္းျဖစ္ေသာ ေကာင္းမႈလုပ္ငန္းမ်ားကို ႀကိဳးပမ္းအားထုတ္ၾကရေပသည္။
စာကိုး။ ဗုဒၶေဒသနာေတာ္ ေဝါဟာရအဘိဓါန္။ သာသနာေရးဦးစီးဌာန၊ ၁၉၉၆။
Original poeted by ေအးဆက္
[Unicode]
အောင်မြင်ရေး အခြေအနေလေးရပ်
အလိုရှိသမျှ ပြည့်စုံစေရန် အခြေခံအကြောင်းရင်းလေးရပ် လိုအပ်သည်။
ယင်း အခြေအနေလေးမျိုးနှင့် ပြည့်စုံသူသည် အချိန်တိုအတွင်းမှာပင် စီးပွားရေး စသည်၌ အောင်မြင်သူဖြစ်ရ၏။
စီးပွားဥစ္စာ အခြံအရံ အကျော် အစောများဖြင့် ပေါ်လွင်ထင်ရှားသူ ဖြစ်ရ၏။
ယင်းအခြေအနေများကား_
၁။ စီးပွားရေး၊ ဘာသာရေးစသည် အောင်မြင်တိုးတက်နိုင်သော အရပ်ဒေသ၌ အခြေချနေထိုင်ရခြင်း၊
၂။ ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှင် မိတ်ဆွေကောင်း အပေါင်းအသင်းများ ရရှိခြင်း၊
၃။ မိမိကိုယ်ကို လူတော်လူကောင်း ဖြစ်အောင် ကောင်းစွာ ပြုပြင်ပေးရခြင်း၊
၄။ ရှေ့ပိုင်းကာလ ရှေးရှေးဘဝက ဖြည့်ကျင့်ဆည်းပူးခဲ့သော ကောင်းသော လုပ်ဆောင်မှုများ ရှိရခြင်းတို့ဖြစ်သည်။
နောက်ဆုံးအခြေအနေနှင့် ပြည့်စုံရန်မှာ အဓိကအကျဆုံးဖြစ်သည်။
ယင်းအချက်နှင့်ပြည့်စုံမှသာကျန်အချက်များလည်း ပြည့်စုံနိုင်မည် ဖြစ်သောကြောင့်ပင်တည်း။
သို့ပါ၍ လောကီ လောကုတ္တရာ ကြီးပွားတိုးတက်ရေး၌ ဘက်စုံ
အောင်မြင်သူ တစ်ယောက်ဖြစ်ရန် အခြေခံ အကြောင်းရင်းဖြစ်သော ကောင်းမှုလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ကြရပေသည်။
စာကိုး။ ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓါန်။ သာသနာရေးဦးစီးဌာန၊ ၁၉၉၆။
Original poeted by အေးဆက်

No comments:

Post a Comment