[Zawgyi]
အမွ်ေဝရန္ နည္းလမ္းမွန္
ေကာင္းတာကိုစားရရင္ ခ်စ္သူကို သတိရၿမဲဆိုတဲ့အတိုင္း ေကာင္းတာေလး ျမင္ရတဲ့အခါ၊ ေကာင္းတာကို စားရ တဲ့အခါမ်ိဳးမွာ ကိုယ္ခ်စ္ရသူ၊ ကိုယ္နဲ႕ ရင္းႏွီးသူမ်ားကို ေျပးျမင္တတ္၊ သတိရတတ္တာ လူထုံးစံတစ္ခုပဲမို႔လား။ ကိုယ္ေတြ႕ရသလို သူ႕ကိုေတြ႕ေစခ်င္တာေလ။ ကိုယ္စားသလို သူ႕ကိုစားေစခ်င္တာေပါ့။ တူညီတဲ့ ခံစားမႈနဲ႕ ဘ၀ ကိုျဖတ္သန္းခ်င္တာဟာ ခ်စ္သူတို႔ရဲ႕ဆႏၵပဲမဟုတ္ပါလား။
တူညီတဲ့ဆႏၵေတြကို ျပည့္ဝေစဖို႔အတြက္ နည္းေပးလမ္းျပလုပ္ေပးတဲ့ ဝါဒကေတာ့ ဗုဒၶဝါဒပါပဲ။ မွားေနတာကို ျပင္ေပးနိုင္သလို မွန္တာကိုလဲ တိက်ေစပါတယ္။ အခ်ိဳ႕ အခ်ိဳ႕ ပုဂၢိဳလ္ေတြေျပာတာကို ၾကားဖူးမိရဲ႕။ ေကာင္းမႈ ကုသိုလ္လုပ္တာ စိတ္က ျပတ္ၿပီးသားမို႔ ေရစက္ခ်စရာမလိုပါဘူးကြာလို႔။ အမွားဆိုတာ ၾကာလာရင္ အမွန္အ ျဖစ္လက္ခံ လာတတ္ၾကတာဟာ လူသားေတြပါ။ အမွား အမွန္ကို သိနိုင္စြမ္းရွိတာလဲ လူသားပါပဲ။ လူသားေျပာ တဲ့ စကားအားလုံး အမွားရယ္လို႔ မေျပာနိုင္ေပမယ့္ အတၱအေျခခံ အသိမမွန္ခဲ့ရင္ေတာ့ မွားဖို႔ေသခ်ာသေလာက္ပါပဲ။
တကယ္ေတာ့ ေကာင္းမႈလုပ္တာ စိတ္ျပတ္ၿပီးသားမို႔ ေရစက္ခ်စရာ မလိုပါဘူးလို႔ ေျပာျခင္းဟာ ငါျပဳလုပ္ ထားတဲ့ ေကာင္းမႈကို ဘယ္သူနဲ႕မွ ေမွ်၀ မသုံးစြဲနိုင္ဘူးဆိုတဲ့ အဓိပၸါယ္သက္ေရာက္ေနပါတယ္။ ဘဝမွာ မုန္းသူ ကို ေကာင္းတာမမွ်ခ်င္ရင္ေန ခ်စ္သူကိုေတာ့ မွ်ေဝခံစားေစခ်င္မွာပါ။ ကိုယ့္အသိ ကိုယ့္ခံစားခ်က္နဲ႕ ဓမၼအသိတို႔ ဟာ ကြဲလြဲမႈရွိမရွိ တခ်က္ေလာက္ ေစာင္းငဲ့လို႔ၾကည့္ေစခ်င္ပါတယ္။
လူသားရယ္လို႔ျဖစ္လာၿပီဆိုရင္ ခ်မ္းသာခ်င္ၾကတာထုံးစံပါ။ ပိုင္ဆိုင္ထားတဲ့ ပစၥည္းဥစၥာမ်ားကို ခ်စ္ရသူေတြနဲ႕ အတူ မွ်ေဝခံစားခ်င္ၾကသလို ပစၥည္းမ်ား ဆုံးရႈံးသြားမွာကိုလဲ စိုးထိတ္ေနၾကပါတယ္။ ဒါေၾကာင့္ ခ်မ္းသာခ်င္တဲ့ ပုဂၢိဳလ္ေတြ ကိုယ္ပိုင္ထားတဲ့ ပစၥည္းကို ခ်စ္သူနဲ႕ မွ်တူခံစားရင္း ဆုံးရႈံးတာကို မႀကဳံခ်င္ဘူးဆိုရင္ ဒါန လုပ္နည္း ေလးကို ဗုဒၶဘုရားက တိက်စြာ ၫႊန္ျပခဲ့ပါတယ္။
ဥစၥာျပည့္စုံၿပီးခ်မ္းသာခ်င္တယ္ဆိုရင္ ဒါနကို အသိဉာဏ္နဲ႕ ေသေသခ်ာခ်ာလုပ္ရမွာပါ။ ပညာတတ္ၿပီး အလုပ္ ကို ေသေသခ်ာခ်ာႀကိဳးစားသလိုေပါ့။ အလုပ္ကိုေတာ့ ႀကိဳးစားပါရဲ႕ ပညာကမတတ္ေလေတာ့ လုပ္သေလာက္ မရအျဖစ္မ်ိဳးႀကဳံရတတ္တယ္မို႔လား။ ဒါေၾကာင့္ ဒါနကို အသိဉာဏ္ရွိရွိလုပ္ခိုင္းတာေပါ့။ အနည္းဆုံးေတာ့ ဒါန လုပ္တယ္ဆိုတာ တစ္ဖက္သားရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးလိုက္တာလို႔ နားလည္းထားသင့္ပါတယ္။ ဒါက ဂ႐ုဏာရွိတာကိုျပတာပါ။ တဖက္သားရသြားတဲ့အခါ ၾကည္ႏူးေက်နပ္စြာနဲ႕ ဝမ္းေျမာက္ရမွာက ဒါနရွင္ရယ္ပါ။ ဒါလဲ မုဒိတာျပည့္စုံမႈကို ေဖၚျပတာပါပဲ။
ဒီလိုအခ်က္ေလးျပည့္စုံသြားရင္ ဒါနအက်ိဳးကို ေသေသခ်ာခ်ာစံစားခြင့္ရ မွာပါ။ လူျဖစ္ရင္လဲ ခ်မ္းသာမယ္၊ နတ္ျဖစ္ရင္လဲ အျခားနတ္ထက္သာမယ္ေပါ့။
ဒါနအက်ိဳးျဖစ္တဲ့ ခ်မ္းသာႂကြယ္ဝမႈဟာ လူတစ္ေယာက္ကို မာနတက္လာေစတတ္ပါတယ္။ မာနႀကီးတဲ့ သူ တစ္ေယာက္မွာ ပတ္ဝန္းက်င္ကို လူမထင္တဲ့စိတ္ေတြ ေပၚလာတတ္ပါတယ္။ ဒါဟာလဲ အရွိသမားတို႔ရဲ႕ သဘာဝပဲ့ေလ။ ေနာက္ဆုံး ကိုယ္ခ်စ္ရသူေတာင္ ကိုယ့္ရဲ႕ဒါဏ္မခံနိုင္လို႔ ထြက္သြားရတဲ့အျဖစ္မ်ိဳးေတြ ႀကဳံတတ္တာ မို႔ လား။ ဒါနလုပ္တုန္းက အမွ်ေဝတဲ့ အက်င့္မလုပ္ခဲ့တဲ့အတြက္ ရလာနိုင္တဲ့ ရလာဒ္မ်ားကေတာ့ ကိုယ္တိုင္ ပစၥည္းကို မသုံးရက္သလို ပစၥည္းကို မတရားဖ်က္ဆီးနိုင္တဲ့ ရန္သူမ်ိဳးငါးပါးနဲ႕လဲ ႀကဳံေတြ႕ရတတ္ပါတယ္။ ကိုယ္ လုပ္ခဲ့တဲ့ ဒါနကို အမ်ားနဲ႕ ထပ္တူရေစဖို႔ အမွ်မေပးခဲ့တဲ့အတြက္ေၾကာင့္ပါပဲ။ တကယ္လို႔ ဒါနလုပ္ၿပီးတိုင္း ေရ စက္ခ် အမွ်ေဝခဲ့မယ္ဆိုရင္ ကိုယ္ပိုင္ပစၥည္းကို ကိုယ္တိုင္သုံးစြဲခြင့္ရသလို ျပည္သူပိုင္ရယ္လို႔ မင္းကမတရား မသိမ္းေတာ့သလို သဘာဝေဘးဒါဏ္ကလဲ မဖ်က္ဆီးနိုင္ေတာ့ပါဘူး။ ဒါဟာ ဒါနလုပ္ၿပီးတဲ့ေနာက္ ပတၱိဒါန ေခၚ တဲ့ အမွ်ေဝမႈေၾကာင့္ပါပဲ။ ျမန္မာေတြေျပာသလို ေျပာရရင္ ေရစက္ခ်ခဲ့လို႔ေပါ့။
တကယ္ေတာ့ ေရစက္ခ်တယ္ဆိုတာ အမွ်ေဝတာကိုေျပာတာပါပဲ။ ခ်စရာေရခြက္ မရွိတဲ့အခ်ိန္မွာလဲ ကိုယ္လုပ္ထားတဲ့ ကုသိုလ္ကို သက္ရွိသတၱ ဝါေတြရၾကေစဖို႔ အမွ်ဆိုတာ ေပးနိုင္တာခ်ည္းပါပဲ။
အမွ်ေဝတဲ့အတြက္ ပတ္ဝန္းက်င္က သာဓုေခၚၾကမွာေပါ့။
သာဓုဆိုတာ ေကာင္းလိုက္တာလို႔ ဝမ္းေျမာက္ၾကည္ ႏူးမႈကို ေဖၚျပလိုက္တာပါပဲ။ ပိုင္ရွင္ကေပးမွ က်န္သူက ေက်နပ္စြာခံယူလို႔ရမွာေပါ့။ စာေပမွာေတာ့ ေျပာထား တာရွိပါတယ္။ ဒါနရွင္က အမွ်ေပးေပး၊ မေပးေပး သိသူမ်ားက ေကာင္းလိုက္တာ (သာဓု) လို႔ ေက်နပ္စြာခံယူ ခြင့္ရွိပါသတဲ့။ ဒါက ခံယူသူဖက္ကေျပာတာ။ ေပးသူဖက္က အမွ် အမွ်ရယ္လို႔ ေပးလိုက္တဲ့အခါ ကိုယ္တိုင္လဲ သာဓုေခၚရသလို အမ်ားကိုလဲ သာဓုေခၚေစနိုင္ခဲ့တာမို႔ ဒါနအက်ိဳးျဖစ္တဲ့ ခ်မ္းသာကို ခံစားခြင့္ရတဲ့အခါမွာ အၿခံ အရံ ခ်စ္သူမ်ားနဲ႕အတူ ဖ်က္ဆီးသူ၊ ေႏွာက္ယွက္သူမရွိဘဲ ခံစား၊ စံစားပိုင္ခြင့္ရရွိမွာပါ။
ျမန္မာေတြ အားလုံးၾကား ၾကားသမွ် အမွ် ရယ္လို႔ အမွ်အတန္းေပးေဝရတာက ၾကားၾကားသမွ်ဆိုတာက ဒိ႒= ျမင္ရ၊ ၾကားရနိုင္တဲ့ သတၱ ဝါေတြကို ရည္႐ြယ္တာပါ။ တကယ္ေတာ့ အသံသက္သက္နဲ႕ ၾကားၾကားသမွ် ေအာ္႐ုံမဟုတ္ဘဲ စိတ္ထဲကလဲ ႏွစ္ႏွစ္ကာကာနဲ႕ အမွ်ေဝသင့္ပါတယ္။ ဘာေၾကာင့္ဆို ၾကားၾကားသမွ်မွာ မျမင္ရတဲ့ (အဒိ႒) သတၱဝါမပါနိုင္သ လို၊ အေဝးေရာက္ (ဒူေရ) သတၱဝါေတြလဲ မၾကားနိုင္လို႔ပါပဲ။ ဒါေၾကာင့္ အသံနဲ႕လဲ ၾကားၾကားသမွ်ရယ္လို႔ အမွ် ေပး၊ စိတ္ထဲကလဲ ႏွစ္ႏွစ္ကာကာ အမွ်ေဝမယ္ဆိုရင္ ျမင္ရသူေရာ၊ မျမင္ရသူပါ ရနိုင္တာမို႔ တိက်တဲ့ အေမွ်၀ နည္းပါ။ ကုသိုလ္အမွ် ယူေတာ္မူၾကပါကုန္ေလာ့ ရယ္လို႔ တခ်ိဳ႕ေတြဆိုၿပီး အမွ်ေပးတတ္ပါေသးတယ္။ ဒါလဲ မမွားပါဘူး။ ပုညဘာဂံ သဗၺသတၱာနံ ဘာေဇမ= ကုသိုလ္အဖို႔ဘာဂကို သတၱဝါတို႔အား အမွ်ေဝပါ၏ ဆိုတဲ့ ပါဠိ စ ကားကို ဘာသာျပန္ဆိုထားတာေၾကာင့္ေပါ့။ တကယ္ေတာ့ အမွ်၊ အမွ်ရယ္လို႔ အက်ယ္ႀကီးေအာ္ေနမွေတာ့ အ ကုသိုလ္ကိုအမွ်ေဝတာမဟုတ္ဘူးဆိုတာ သိနိုင္တာျဖစ္တဲ့အတြက္ အမွ် ရယ္လို႔ေဝရင္လဲ အဆင္ေျပပါတယ္။
တခ်ိဳ႕ကေတြးနိုင္ပါေသးတယ္။ အကုသိုလ္ကိုေရာ အမွ်ေဝလို႔ရလားေပါ့။ အမွန္အတိုင္းေျပာရင္ အမွ်ေဝလို႔ ရ တယ္ဆိုရမွာပါ။ ဒါေပမယ့္ မေကာင္းမႈ အကုသိုလ္ဆိုတာကို လုပ္ၿပီးတဲ့သူတိုင္း ရွက္တတ္ၾကတာမို႔ (အသိရွိသူ) ကိုယ္အကုသိုလ္လုပ္ထားတာကို အမ်ားကို အသိမေပးခ်င္တာအမွန္ရယ္။ သူငယ္ခ်င္းရယ္ ငါ အကုသိုလ္ကို အားရပါးရလုပ္ခဲ့တယ္ အဲဒီအက်ိဳးကို မင္းနဲ႕ထပ္တူရဖို႔ ငါအမွ်ေပးပါတယ္ ေျပာရင္ ခံယူသူ မိတ္ေတြ လုံး၀ ရွိမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္ဆို လူဆိုတာ ေကာင္းတာကိုပဲ သေဘာက်တတ္လို႔ပါ။ မေကာင္းတဲ့အက်ိဳးဆက္ကို ေတာ့ ထပ္တူ မခံစားခ်င္ၾကပါဘူး။ အမွ်ရယ္လို႔ သီးသန႔္မေပးရေပမယ့္ မသိမသာနဲ႕ သေဘာက်တတ္တဲ့အျဖစ္လဲ လူေတြမွာရွိေနတတ္ၾကျပန္ေရာ။
ဆိုပါစို႔။ ကိုယ္သေဘာမက်တဲ့ သူတစ္ေယာက္ ဒုကၡေရာက္တယ္လို႔ ၾကား ရင္ ျဖစ္တာေတာင္နည္းေသးတယ္လို႔ ဒုကၡေပးသူဖက္က ရပ္တည္ေပးတာမ်ိဳးေပါ့။ ဒါက အမွ်ေပးစရာ မလိုဘဲ အမွ်လိုက္ယူတဲ့အျဖစ္မ်ိဳးပါ။ သာဓုေခၚသူ၊ အမွ်ယူသူေတြဟာ ျပဳလုပ္သူ၊ က်ဴးလုပ္သူနဲ႕ ထပ္တူ အက်ိဳး၊ အျပစ္ ကိုမခံစားရေပမယ့္ ေကာင္းက်ိဳး၊ ဆိုးက်ိဳးရဲ႕ အရိပ္ကိုေတာ့ ႀကဳံေတြ႕ရတာခ်ည္းပါပဲ။ ေကာင္းတာကို သာဓုေခၚ ခဲ့တဲ့သူတစ္ေယာက္ ေကာင္းမႈလုပ္သူေလာက္ အက်ိဳးမရနိုင္ေပမယ့္ သူနဲ႕အတူေတာ့ ေကာင္းတာကို ခံစားပိုင္ ခြင့္ရွိေနျပန္ေရာ။ တခ်ိဳ႕ပုဂၢိဳလ္ေတြမွာ ကိုယ္ကဆင္းရဲေပမယ့္ ခ်မ္းသာတဲ့ မိတ္ေဆြပိုင္ဆိုင္ရတာမ်ိဳးေပါ့။ ကိုယ္ ပိုင္ကားကို ကိုယ္တိုင္စီးခြင့္မရေပမယ့္ သူပိုင္ကားကိုေတာ့ ကိုယ္တိုင္လိုက္စီးခြင့္ရတာမ်ိဳးပါ။ လူတိုင္းမရနိုင္တဲ့ အခြင့္အေရး သူက သီးသန႔္ရတာဟာ လုပ္ခဲ့တဲ့ကုသိုလ္ကို သာဓုေခၚခဲ့လို႔ပါ။
ဒီလိုပါပဲ အကုသိုလ္ကို ကိုယ္တိုင္ မက်ဴးလြန္ေပမယ့္ သူမ်ားလုပ္တာကိုၾကည့္ၿပီး သေဘာက်တာ၊ ေက်နပ္တာဟာလဲ အကုသိုလ္ကို အမွ်ယူ လိုက္တာနဲ႕ ထပ္တူပါပဲ။ ဒါေၾကာင့္ အကုသိုလ္ကို ကိုယ္တိုင္မလုပ္ေပမယ့္ ကိုယ္တိုင္လုပ္၊ တိုက္တြန္း၊ ခ်ီးမြမ္း၊ သေဘာတူတာလဲ အက်ိဳးကိုရေစနိုင္တယ္လို႔ စာေပမွာေဖၚျပတာေပါ့။ က်ဴးလြန္သူေလာက္ ဆိုးက်ိဳးမခံရေပ မယ့္ ကာကြယ္ေပးခဲ့တဲ့အတြက္ အနဲဆုံး ရဲစခန္းေတာ့ ေရာက္ရတဲ့အျဖစ္မ်ိဳးပါ။ သူငယ္ခ်င္းက ပါဏာတိပါတကံ ကို က်ဴးလြန္ခဲ့တာကို သေဘာက်မိတာမွန္ေပမယ့္ သူငယ္ခ်င္းေလာက္ေတာ့ ဒုကၡမေရာက္နိုင္ဘူးေလ။ ဆိုး က်ိဳးရဲ႕ အရိပ္ေတာ့မိမွာအမွန္ပဲ။ ဘုရားေလာင္း တံငါသည္မ်ိဳးမွာျဖစ္တုန္း ကိုယ္တိုင္ မသတ္ခဲ့ေပမယ့္ သတ္တဲ့ သူေတြကို ၾကည့္ၿပီး သေဘာက်ခဲ့တဲ့ဒါဏ္က ကိုယ္တိုင္အသတ္မခံရေပမယ့္ အက်ိဳးဆက္အေနနဲ႕ ေခါင္းကိုက္တဲ့ ေဝဒနာကို ခံစားရသလိုမ်ိဳးေပါ့။
ဒါေၾကာင့္ ေကာင္းတာျဖစ္ျဖစ္၊ မေကာင္းတာျဖစ္ျဖစ္ သေဘာက်ႏွစ္သက္ မိ ရင္ အက်ိဳးကိုခံစားရမွာ အမွန္ျဖစ္တာေၾကာင့္ ဘယ္ဟာကိုလုပ္သင့္တယ္၊ ဘယ္ဟာကိုေတာ့ မလုပ္သင့္ဘူးလို႔ ေကာင္းမႈ ျမတ္နိုးသူတစ္ေယာက္အေနနဲ႕ သုံးသပ္ဆုံးျဖတ္သင့္ပါတယ္။ ေကာင္းတာကို သာဓုေခၚမိသူတစ္ ေယာက္ မေကာင္းတဲ့အက်ိဳးမခံစားရသလို၊ မေကာင္းတာကို သေဘာက်မိသူတစ္ေယာက္ဟာလဲ ေကာင္းတဲ့ အက်ိဳးကို ခံစားခြင့္မရွိတာေၾကာင့္ မွန္ကန္တဲ့အသိနဲ႕သာ ဘဝကိုျဖတ္သန္းမယ္ဆိုရင္ ၿငိမ္းခ်မ္းမႈဟာ လက္တကမ္းမွာပါပဲ။
!
ေကာင္းမႈျမတ္နိုး ေကာင္းေအာင္ႀကိဳးစားေနသူမ်ားျဖစ္ၾကပါေစ။
(သာဓုေခၚျခင္းနဲ႕ပတ္သက္လို႔ ေမးလာသူတစ္ေယာက္ကို ေျဖၾကားေပးျခင္းပါ)
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ
[Unicode]
အမျှဝေရန် နည်းလမ်းမှန်
ကောင်းတာကိုစားရရင် ချစ်သူကို သတိရမြဲဆိုတဲ့အတိုင်း ကောင်းတာလေး မြင်ရတဲ့အခါ၊ ကောင်းတာကို စားရ တဲ့အခါမျိုးမှာ ကိုယ်ချစ်ရသူ၊ ကိုယ်နဲ့ ရင်းနှီးသူများကို ပြေးမြင်တတ်၊ သတိရတတ်တာ လူထုံးစံတစ်ခုပဲမို့လား။ ကိုယ်တွေ့ရသလို သူ့ကိုတွေ့စေချင်တာလေ။ ကိုယ်စားသလို သူ့ကိုစားစေချင်တာပေါ့။ တူညီတဲ့ ခံစားမှုနဲ့ ဘ၀ ကိုဖြတ်သန်းချင်တာဟာ ချစ်သူတို့ရဲ့ဆန္ဒပဲမဟုတ်ပါလား။
တူညီတဲ့ဆန္ဒတွေကို ပြည့်ဝစေဖို့အတွက် နည်းပေးလမ်းပြလုပ်ပေးတဲ့ ဝါဒကတော့ ဗုဒ္ဓဝါဒပါပဲ။ မှားနေတာကို ပြင်ပေးနိုင်သလို မှန်တာကိုလဲ တိကျစေပါတယ်။ အချို့ အချို့ ပုဂ္ဂိုလ်တွေပြောတာကို ကြားဖူးမိရဲ့။ ကောင်းမှု ကုသိုလ်လုပ်တာ စိတ်က ပြတ်ပြီးသားမို့ ရေစက်ချစရာမလိုပါဘူးကွာလို့။ အမှားဆိုတာ ကြာလာရင် အမှန်အ ဖြစ်လက်ခံ လာတတ်ကြတာဟာ လူသားတွေပါ။ အမှား အမှန်ကို သိနိုင်စွမ်းရှိတာလဲ လူသားပါပဲ။ လူသားပြော တဲ့ စကားအားလုံး အမှားရယ်လို့ မပြောနိုင်ပေမယ့် အတ္တအခြေခံ အသိမမှန်ခဲ့ရင်တော့ မှားဖို့သေချာသလောက်ပါပဲ။
တကယ်တော့ ကောင်းမှုလုပ်တာ စိတ်ပြတ်ပြီးသားမို့ ရေစက်ချစရာ မလိုပါဘူးလို့ ပြောခြင်းဟာ ငါပြုလုပ် ထားတဲ့ ကောင်းမှုကို ဘယ်သူနဲ့မှ မျှေ၀ မသုံးစွဲနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။ ဘဝမှာ မုန်းသူ ကို ကောင်းတာမမျှချင်ရင်နေ ချစ်သူကိုတော့ မျှဝေခံစားစေချင်မှာပါ။ ကိုယ့်အသိ ကိုယ့်ခံစားချက်နဲ့ ဓမ္မအသိတို့ ဟာ ကွဲလွဲမှုရှိမရှိ တချက်လောက် စောင်းငဲ့လို့ကြည့်စေချင်ပါတယ်။
လူသားရယ်လို့ဖြစ်လာပြီဆိုရင် ချမ်းသာချင်ကြတာထုံးစံပါ။ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာများကို ချစ်ရသူတွေနဲ့ အတူ မျှဝေခံစားချင်ကြသလို ပစ္စည်းများ ဆုံးရှုံးသွားမှာကိုလဲ စိုးထိတ်နေကြပါတယ်။ ဒါကြောင့် ချမ်းသာချင်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ပိုင်ထားတဲ့ ပစ္စည်းကို ချစ်သူနဲ့ မျှတူခံစားရင်း ဆုံးရှုံးတာကို မကြုံချင်ဘူးဆိုရင် ဒါန လုပ်နည်း လေးကို ဗုဒ္ဓဘုရားက တိကျစွာ ညွှန်ပြခဲ့ပါတယ်။
ဥစ္စာပြည့်စုံပြီးချမ်းသာချင်တယ်ဆိုရင် ဒါနကို အသိဉာဏ်နဲ့ သေသေချာချာလုပ်ရမှာပါ။ ပညာတတ်ပြီး အလုပ် ကို သေသေချာချာကြိုးစားသလိုပေါ့။ အလုပ်ကိုတော့ ကြိုးစားပါရဲ့ ပညာကမတတ်လေတော့ လုပ်သလောက် မရအဖြစ်မျိုးကြုံရတတ်တယ်မို့လား။ ဒါကြောင့် ဒါနကို အသိဉာဏ်ရှိရှိလုပ်ခိုင်းတာပေါ့။ အနည်းဆုံးတော့ ဒါန လုပ်တယ်ဆိုတာ တစ်ဖက်သားရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်တာလို့ နားလည်းထားသင့်ပါတယ်။ ဒါက ဂရုဏာရှိတာကိုပြတာပါ။ တဖက်သားရသွားတဲ့အခါ ကြည်နူးကျေနပ်စွာနဲ့ ဝမ်းမြောက်ရမှာက ဒါနရှင်ရယ်ပါ။ ဒါလဲ မုဒိတာပြည့်စုံမှုကို ဖေါ်ပြတာပါပဲ။
ဒီလိုအချက်လေးပြည့်စုံသွားရင် ဒါနအကျိုးကို သေသေချာချာစံစားခွင့်ရ မှာပါ။ လူဖြစ်ရင်လဲ ချမ်းသာမယ်၊ နတ်ဖြစ်ရင်လဲ အခြားနတ်ထက်သာမယ်ပေါ့။
ဒါနအကျိုးဖြစ်တဲ့ ချမ်းသာကြွယ်ဝမှုဟာ လူတစ်ယောက်ကို မာနတက်လာစေတတ်ပါတယ်။ မာနကြီးတဲ့ သူ တစ်ယောက်မှာ ပတ်ဝန်းကျင်ကို လူမထင်တဲ့စိတ်တွေ ပေါ်လာတတ်ပါတယ်။ ဒါဟာလဲ အရှိသမားတို့ရဲ့ သဘာဝပဲ့လေ။ နောက်ဆုံး ကိုယ်ချစ်ရသူတောင် ကိုယ့်ရဲ့ဒါဏ်မခံနိုင်လို့ ထွက်သွားရတဲ့အဖြစ်မျိုးတွေ ကြုံတတ်တာ မို့ လား။ ဒါနလုပ်တုန်းက အမျှဝေတဲ့ အကျင့်မလုပ်ခဲ့တဲ့အတွက် ရလာနိုင်တဲ့ ရလာဒ်များကတော့ ကိုယ်တိုင် ပစ္စည်းကို မသုံးရက်သလို ပစ္စည်းကို မတရားဖျက်ဆီးနိုင်တဲ့ ရန်သူမျိုးငါးပါးနဲ့လဲ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ် လုပ်ခဲ့တဲ့ ဒါနကို အများနဲ့ ထပ်တူရစေဖို့ အမျှမပေးခဲ့တဲ့အတွက်ကြောင့်ပါပဲ။ တကယ်လို့ ဒါနလုပ်ပြီးတိုင်း ရေ စက်ချ အမျှဝေခဲ့မယ်ဆိုရင် ကိုယ်ပိုင်ပစ္စည်းကို ကိုယ်တိုင်သုံးစွဲခွင့်ရသလို ပြည်သူပိုင်ရယ်လို့ မင်းကမတရား မသိမ်းတော့သလို သဘာဝဘေးဒါဏ်ကလဲ မဖျက်ဆီးနိုင်တော့ပါဘူး။ ဒါဟာ ဒါနလုပ်ပြီးတဲ့နောက် ပတ္တိဒါန ခေါ် တဲ့ အမျှဝေမှုကြောင့်ပါပဲ။ မြန်မာတွေပြောသလို ပြောရရင် ရေစက်ချခဲ့လို့ပေါ့။
တကယ်တော့ ရေစက်ချတယ်ဆိုတာ အမျှဝေတာကိုပြောတာပါပဲ။ ချစရာရေခွက် မရှိတဲ့အချိန်မှာလဲ ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကို သက်ရှိသတ္တ ဝါတွေရကြစေဖို့ အမျှဆိုတာ ပေးနိုင်တာချည်းပါပဲ။
အမျှဝေတဲ့အတွက် ပတ်ဝန်းကျင်က သာဓုခေါ်ကြမှာပေါ့။
သာဓုဆိုတာ ကောင်းလိုက်တာလို့ ဝမ်းမြောက်ကြည် နူးမှုကို ဖေါ်ပြလိုက်တာပါပဲ။ ပိုင်ရှင်ကပေးမှ ကျန်သူက ကျေနပ်စွာခံယူလို့ရမှာပေါ့။ စာပေမှာတော့ ပြောထား တာရှိပါတယ်။ ဒါနရှင်က အမျှပေးပေး၊ မပေးပေး သိသူများက ကောင်းလိုက်တာ (သာဓု) လို့ ကျေနပ်စွာခံယူ ခွင့်ရှိပါသတဲ့။ ဒါက ခံယူသူဖက်ကပြောတာ။ ပေးသူဖက်က အမျှ အမျှရယ်လို့ ပေးလိုက်တဲ့အခါ ကိုယ်တိုင်လဲ သာဓုခေါ်ရသလို အများကိုလဲ သာဓုခေါ်စေနိုင်ခဲ့တာမို့ ဒါနအကျိုးဖြစ်တဲ့ ချမ်းသာကို ခံစားခွင့်ရတဲ့အခါမှာ အခြံ အရံ ချစ်သူများနဲ့အတူ ဖျက်ဆီးသူ၊ နှောက်ယှက်သူမရှိဘဲ ခံစား၊ စံစားပိုင်ခွင့်ရရှိမှာပါ။
မြန်မာတွေ အားလုံးကြား ကြားသမျှ အမျှ ရယ်လို့ အမျှအတန်းပေးဝေရတာက ကြားကြားသမျှဆိုတာက ဒိဋ္ဌ= မြင်ရ၊ ကြားရနိုင်တဲ့ သတ္တ ဝါတွေကို ရည်ရွယ်တာပါ။ တကယ်တော့ အသံသက်သက်နဲ့ ကြားကြားသမျှ အော်ရုံမဟုတ်ဘဲ စိတ်ထဲကလဲ နှစ်နှစ်ကာကာနဲ့ အမျှဝေသင့်ပါတယ်။ ဘာကြောင့်ဆို ကြားကြားသမျှမှာ မမြင်ရတဲ့ (အဒိဋ္ဌ) သတ္တဝါမပါနိုင်သ လို၊ အဝေးရောက် (ဒူရေ) သတ္တဝါတွေလဲ မကြားနိုင်လို့ပါပဲ။ ဒါကြောင့် အသံနဲ့လဲ ကြားကြားသမျှရယ်လို့ အမျှ ပေး၊ စိတ်ထဲကလဲ နှစ်နှစ်ကာကာ အမျှဝေမယ်ဆိုရင် မြင်ရသူရော၊ မမြင်ရသူပါ ရနိုင်တာမို့ တိကျတဲ့ အမျှေ၀ နည်းပါ။ ကုသိုလ်အမျှ ယူတော်မူကြပါကုန်လော့ ရယ်လို့ တချို့တွေဆိုပြီး အမျှပေးတတ်ပါသေးတယ်။ ဒါလဲ မမှားပါဘူး။ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ= ကုသိုလ်အဖို့ဘာဂကို သတ္တဝါတို့အား အမျှဝေပါ၏ ဆိုတဲ့ ပါဠိ စ ကားကို ဘာသာပြန်ဆိုထားတာကြောင့်ပေါ့။ တကယ်တော့ အမျှ၊ အမျှရယ်လို့ အကျယ်ကြီးအော်နေမှတော့ အ ကုသိုလ်ကိုအမျှဝေတာမဟုတ်ဘူးဆိုတာ သိနိုင်တာဖြစ်တဲ့အတွက် အမျှ ရယ်လို့ဝေရင်လဲ အဆင်ပြေပါတယ်။
တချို့ကတွေးနိုင်ပါသေးတယ်။ အကုသိုလ်ကိုရော အမျှဝေလို့ရလားပေါ့။ အမှန်အတိုင်းပြောရင် အမျှဝေလို့ ရ တယ်ဆိုရမှာပါ။ ဒါပေမယ့် မကောင်းမှု အကုသိုလ်ဆိုတာကို လုပ်ပြီးတဲ့သူတိုင်း ရှက်တတ်ကြတာမို့ (အသိရှိသူ) ကိုယ်အကုသိုလ်လုပ်ထားတာကို အများကို အသိမပေးချင်တာအမှန်ရယ်။ သူငယ်ချင်းရယ် ငါ အကုသိုလ်ကို အားရပါးရလုပ်ခဲ့တယ် အဲဒီအကျိုးကို မင်းနဲ့ထပ်တူရဖို့ ငါအမျှပေးပါတယ် ပြောရင် ခံယူသူ မိတ်တွေ လုံး၀ ရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆို လူဆိုတာ ကောင်းတာကိုပဲ သဘောကျတတ်လို့ပါ။ မကောင်းတဲ့အကျိုးဆက်ကို တော့ ထပ်တူ မခံစားချင်ကြပါဘူး။ အမျှရယ်လို့ သီးသန့်မပေးရပေမယ့် မသိမသာနဲ့ သဘောကျတတ်တဲ့အဖြစ်လဲ လူတွေမှာရှိနေတတ်ကြပြန်ရော။
ဆိုပါစို့။ ကိုယ်သဘောမကျတဲ့ သူတစ်ယောက် ဒုက္ခရောက်တယ်လို့ ကြား ရင် ဖြစ်တာတောင်နည်းသေးတယ်လို့ ဒုက္ခပေးသူဖက်က ရပ်တည်ပေးတာမျိုးပေါ့။ ဒါက အမျှပေးစရာ မလိုဘဲ အမျှလိုက်ယူတဲ့အဖြစ်မျိုးပါ။ သာဓုခေါ်သူ၊ အမျှယူသူတွေဟာ ပြုလုပ်သူ၊ ကျူးလုပ်သူနဲ့ ထပ်တူ အကျိုး၊ အပြစ် ကိုမခံစားရပေမယ့် ကောင်းကျိုး၊ ဆိုးကျိုးရဲ့ အရိပ်ကိုတော့ ကြုံတွေ့ရတာချည်းပါပဲ။ ကောင်းတာကို သာဓုခေါ် ခဲ့တဲ့သူတစ်ယောက် ကောင်းမှုလုပ်သူလောက် အကျိုးမရနိုင်ပေမယ့် သူနဲ့အတူတော့ ကောင်းတာကို ခံစားပိုင် ခွင့်ရှိနေပြန်ရော။ တချို့ပုဂ္ဂိုလ်တွေမှာ ကိုယ်ကဆင်းရဲပေမယ့် ချမ်းသာတဲ့ မိတ်ဆွေပိုင်ဆိုင်ရတာမျိုးပေါ့။ ကိုယ် ပိုင်ကားကို ကိုယ်တိုင်စီးခွင့်မရပေမယ့် သူပိုင်ကားကိုတော့ ကိုယ်တိုင်လိုက်စီးခွင့်ရတာမျိုးပါ။ လူတိုင်းမရနိုင်တဲ့ အခွင့်အရေး သူက သီးသန့်ရတာဟာ လုပ်ခဲ့တဲ့ကုသိုလ်ကို သာဓုခေါ်ခဲ့လို့ပါ။
ဒီလိုပါပဲ အကုသိုလ်ကို ကိုယ်တိုင် မကျူးလွန်ပေမယ့် သူများလုပ်တာကိုကြည့်ပြီး သဘောကျတာ၊ ကျေနပ်တာဟာလဲ အကုသိုလ်ကို အမျှယူ လိုက်တာနဲ့ ထပ်တူပါပဲ။ ဒါကြောင့် အကုသိုလ်ကို ကိုယ်တိုင်မလုပ်ပေမယ့် ကိုယ်တိုင်လုပ်၊ တိုက်တွန်း၊ ချီးမွမ်း၊ သဘောတူတာလဲ အကျိုးကိုရစေနိုင်တယ်လို့ စာပေမှာဖေါ်ပြတာပေါ့။ ကျူးလွန်သူလောက် ဆိုးကျိုးမခံရပေ မယ့် ကာကွယ်ပေးခဲ့တဲ့အတွက် အနဲဆုံး ရဲစခန်းတော့ ရောက်ရတဲ့အဖြစ်မျိုးပါ။ သူငယ်ချင်းက ပါဏာတိပါတကံ ကို ကျူးလွန်ခဲ့တာကို သဘောကျမိတာမှန်ပေမယ့် သူငယ်ချင်းလောက်တော့ ဒုက္ခမရောက်နိုင်ဘူးလေ။ ဆိုး ကျိုးရဲ့ အရိပ်တော့မိမှာအမှန်ပဲ။ ဘုရားလောင်း တံငါသည်မျိုးမှာဖြစ်တုန်း ကိုယ်တိုင် မသတ်ခဲ့ပေမယ့် သတ်တဲ့ သူတွေကို ကြည့်ပြီး သဘောကျခဲ့တဲ့ဒါဏ်က ကိုယ်တိုင်အသတ်မခံရပေမယ့် အကျိုးဆက်အနေနဲ့ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရသလိုမျိုးပေါ့။
ဒါကြောင့် ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် သဘောကျနှစ်သက် မိ ရင် အကျိုးကိုခံစားရမှာ အမှန်ဖြစ်တာကြောင့် ဘယ်ဟာကိုလုပ်သင့်တယ်၊ ဘယ်ဟာကိုတော့ မလုပ်သင့်ဘူးလို့ ကောင်းမှု မြတ်နိုးသူတစ်ယောက်အနေနဲ့ သုံးသပ်ဆုံးဖြတ်သင့်ပါတယ်။ ကောင်းတာကို သာဓုခေါ်မိသူတစ် ယောက် မကောင်းတဲ့အကျိုးမခံစားရသလို၊ မကောင်းတာကို သဘောကျမိသူတစ်ယောက်ဟာလဲ ကောင်းတဲ့ အကျိုးကို ခံစားခွင့်မရှိတာကြောင့် မှန်ကန်တဲ့အသိနဲ့သာ ဘဝကိုဖြတ်သန်းမယ်ဆိုရင် ငြိမ်းချမ်းမှုဟာ လက်တကမ်းမှာပါပဲ။
!
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးစားနေသူများဖြစ်ကြပါစေ။
(သာဓုခေါ်ခြင်းနဲ့ပတ်သက်လို့ မေးလာသူတစ်ယောက်ကို ဖြေကြားပေးခြင်းပါ)
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ
No comments:
Post a Comment