Thursday, August 18, 2016

၀ိပသနာက်င့္သူ ရရွိမည့္ အက်ိဳး (၀ိပသနာကျင့်သူ ရရှိမည့် အကျိုး)

[Zawgyi]
(ေမး) - ၀ိပသနာက်င့္သူသည္ မိမိလုပ္ခရရွိမည့္ အက်ိဳးသုခေတြကို ဘယ္ပံုဘယ္နည္းခံစားခြင့္ရွိပံုမ်ားကို တိုတိုနည္းနည္းေလးပဲ မိန္႔ဟပါ ဆရာေတာ္၊ သိမွတ္ခ်င္လွလို႔ပါ။

(ေျဖ) - လြယ္မေယာင္နဲ႔ ခက္ပါတယ္။ အေမးထဲမွာ အခ်က္ ၄ ခ်က္ ပါပါတယ္။

၁။ ပုထုဇဥ္ဘ၀နဲ႔ ၀ိပသနာလုပ္ခ အက်ိဳးခံစားခြင့္
၂။ မဂ္ပိုင္ရွင္ အရိယာဘ၀နဲ႔ လုပ္ခအက်ိဳးခံစားခြင့္
၃။ ဖိုလ္ပိုင္ရွင္ အရိယာဘ၀နဲ႔ လုပ္ခအက်ိဳးခံစားခြင့္
၄။ နိဗၺာန္ကို ဘယ္ပံုဘယ္နည္းနဲ႔ မ်က္ေမွာက္ျပဳကာ ရရွိလိုက္ပံု စသည္ျဖင့္ အခ်က္ ၄ ခ်က္ ပါပါတယ္။

ခုဘ၀မ်က္ေမွာက္ကာလမွာေရာ သခ်ၤိဳင္းကုန္းရဲ႕ ဟိုမွာဘက္ေနာက္ဘ၀ သံသရာအတြက္မွာေရာ ၾကီးပြားခ်မ္းသာေရးနဲ႔ ဘ၀ရဲ႕ ျငိမ္းေအးခ်မ္းသာရာနိဗၺာန္ရေရးကိုပါ ေပးႏိုင္ပံုမ်ားကို ျမတ္စြာဘုရားသခင္က-
ဓမၼ ကာေမာ ဘ၀ံ ေဟာတိ၊
အမွန္တရားကို ေလ့လာလိုက္စားလိုလားက်င့္ပြား အားထုတ္တဲ့ အမွန္ႀကိဳက္သမားဟာ မုခ်ႀကီးပြားခ်မ္းသာေၾကာင္းပဲလို႔ ေဟာထားခဲ့တယ္။

ကဲ... ႀကီးပြားခ်မ္းသာခ်င္ရင္ အမွန္တရားေတြကိုနားေထာင္မွတ္သားေပေတာ့။
ဧကာယေနာ အယံ ဘိကၡေ၀ မေဂၢါ၊
သတၱနံ ၀ိသုဒီၶယာ ေသာက ပရိေဒ၀ါနံ
သမတိကၠမာယ၊ ဒုကၡေဒါမနသာနံ
အတၳဂၤမာယ၊ ဥာယသ အဓိဂမာယ၊
နိဗၺာနသ သစိၦကိရိယာယ။

အဲဒါနံပါတ္ ၁ ပုစၦာရဲ႕ အေျဖပါဌိေတာ္ပဲ ဒကာႀကီးရ၊ အဓိပၸါယ္က
ခ်စ္သား ခ်စ္သမီးတို႔ ယင္းတစ္ခုတည္းေသာ သတိပဌာန္ ၀ိပသနာမဂ္တရား ပြားမ်ားအားထုတ္ေနသူဟာ
သူ႔အားႏြမ္းရိဆင္းရဲေအာင္ ျပဳလုပ္တတ္တဲ့ ကိေလသာ အညစ္အေၾကးမွ ကင္းေ၀းစင္ၾကယ္ကာ
စိုးရိမ္ငိုေၾကြးဖြယ္တို႔ကိုလည္း လြန္ေျမာက္ေစႏိုင္တယ္။
ကိုယ္ဆင္းရဲ စိတ္မခ်မ္းေျမ့ေရးတို႔ကိုလည္း ျငိမ္းေအးေစႏိုင္တယ္တဲ့။
ယင္းပြားမ်ား အားထုတ္မႈ မဟာကုသိုလ္ ဥဏသမၸယုတ္ ကံေစတနာက
ေလာကီကုသိုလ္တကာတို႕၏ ဦးစီးေခါင္ခ်ဳပ္ျဖစ္လို႔ ေရႊေငြရတနာ ပစၥည္းဥစၥာဖြံျဖိဳးတိုးတက္ကာ
ၾကံတိုင္းေအာင္ ေဆာင္တိုင္းျပီးစီးမႈကိုလည္း ေပးႏိုင္တယ္တဲ့။

အဲ့ဒါက မဂ္ဖိုလ္မရေသးမီ ပုထုဇဥ္ဘ၀နဲ႔ ၀ိပသနာအားထုတ္တဲ့ လုပ္ခရဲ႕ အက်ိဳးဖလ ခံစားခြင့္ ၁ နံပါတ္ရဲ႕ အေျဖမွန္ပဲ။

-ဧဟိ ပသိေကာ- မယံုရင္ လာခဲ့ပါ၊ အားထုတ္ လုပ္စမ္းၾကည့္ပါ၊ အစမ္းခံႏိုင္တဲ့ တရားေတာ္ျမတ္ျဖစ္တယ္။
အေျပာနဲ႔ မယံုပါနဲ႔၊ လုပ္ၾကည့္ မုခ်ၾကီးပြားခ်မ္းသာရမည္တဲ့၊
နတ္တို႔ ၀ိဇၨာတို႔ ဘိုးဘိုးတို႔က ေပးတာမဟုတ္ဘူး၊ ကိုယ့္လုပ္ခ ကိုယ္ရတာသာျဖစ္တယ္။
ယင္းေနာက္ မနားမေန မပ်က္မကြက္ ဆက္လက္ႀကိဳးစားအားထုတ္သြားသူမ်ားအတြက္ကေတာ့ မိမိအားထုတ္ဆဲ ၀ိပသနာတရားက အဆင့္ဆင့္ ဥာဏ္ေတြပြားပြား ထက္ထက္ျပီး ေရွ႕ကိုသာ တက္တက္သြားကာ နိဗၺာန္၏ေရွ႕ေျပးအစ မဂ္ရဖိုလ္၀င္စြမ္းအင္သတၱိရွိတဲ့ ဆယ္ၾကိမ္ေျမာက္အႏုေလာမဥာဏ္ကတဆင့္ ေပါင္းကူးေပးလ်က္ေသာတပတၱိမဂ္ အေရာက္ပို႔ကာ အရိယာဂိုဏ္၀င္ သူေတာ္စင္အစစ္ ျဖစ္သြားေတာ့တာပဲတဲ့။ အဲဒါက မဂ္ပိုင္ရွင္ဘ၀နဲ႔ လုပ္ခအက်ိဳး ခံစားခြင့္ ၂ နံပါတ္ရဲ႕ အေျဖပဲ။ နိဗၺာန္၏အရသာကို ဦးစြာခံစားလိုက္ရျပီ ဒကာႀကီတို႔၊ မယံုရင္ လုပ္စမ္းၾကည့္ေပါ့။

အဲဒီ ေသာတပတၱိမဂ္ ကုသိုလ္စိတ္ကေနျပီးေတာ့ ေသာတပတၱိဖိုလ္ အက်ိဳးလုပ္ခကို -အကာလိေကာ- ခ်က္ခ်င္း တစ္ဆက္တည္း စိတ္ဓါတ္မျခားပဲ ေပးကာ ခ်မ္းသာတကာတို႔၏ အထြတ္ေခါင္ အတုမရွိတဲ့ ေအးျမျငိမ္းရာ နိဗၺာန္၏အရသာထူတို႔လည္း ၾကည္ႏူးစြားပင္ သူရထားတဲ့ ဖိုလ္စိတ္နဲ႔ ကူလူးေခါက္ျပန္ ခံစားခ်င္တိုင္း ခံစံ၀င္သြားခြင့္ကိုရရွိေနတဲ့ ဖိုလ္ပိုင္ရွင္ၾကီးျဖစ္ကာ နိဗၺာန္ဆိုတဲ့ ျမနန္ရိပ္သာကို မၾကာမၾကာတက္ျမန္း ခံစားေနေတာ့တာပဲတဲ့၊
အဲဒါက ဖိုလ္ပိုင္ရွင္ အရိယာဘ၀နဲ႔ နိဗၺာနသုခ ခံစားခြင့္ ၃ နံပါတ္ ရဲ႕ အေျဖပါပဲ။

ရုပ္နာမ္တို႔၏ ျဖစ္ပ်က္မႈ ရူပြားေနတဲ့ ၀ိပသနာေယာဂီဟာ မဟာကုသိုလ္ ဥာဏသမၸယုတ္ ဦးစီးေသာ ယင္း ၀ိပသနာ (ဥဒယ၊ ၀ယ) ခဏိကသမာဓိ မဟာကုသိုလ္ကန္ေတာ္ၾကီးထဲသို႔ ေဗာဓိ ပကိၡယ တရားအားလံုး သိမ္းက်ံဳးစုေပါင္း စီး၀င္ က်ဆင္းလာၾကရကား။
ဘံု ၃ ပါး၌ျဖစ္ေပၚမႈ တရားအားလံုးဟာ ပ်က္သုဥ္းျခင္းလၽွင္အဆံုးရွိတာပဲ၊
မခိုင္ျမဲတာ ဧကန္ပဲ... ဟု အမွန္ရႈျမင္ပြားမ်ားေနေသာ ရင့္က်က္ ထက္သန္လွသည့္ အႏုေလာမ (ဥဒယ၀ယ)ဥာဏ္က တစ္ဆင့္ေက်းဇူးျပဳကာ ေလာကီ တရားစု အားလံုးဟာ ဒုကၡသစၥာေတြခ်ည္းသာဟု မိုးႀကိဳးစက္ကဲ့သို႕ ထက္ထက္ျမက္ျမက္ ျပတ္ျပတ္သားသားနဲ႔ ပိုင္းျခားဆံုးျဖတ္ေပးကာ ဒိဌိနဲ႔ ၀ိစိကိစာၦအပါယ္လား တဏွာ သမုဒယသစၥာကိုပါ လက္စတံုး ပယ္ခြါ စြန္႔ပစ္ႏိုင္တဲ့ ေသာတပတၱိမဂ္ဥာဏ္ကစျပီး နိဗၺာန္ကိုေရွးဦးစြာ မ်က္ေမွာက္ျပဳလိုက္တာနဲ႔ အျခားမရွိပဲ တဆက္တည္း ေသာတပတၱိဖိုလ္ဥာဏ္ ပစၥေ၀ကၡဏာဥာဏ္တို႔ကလည္း ဤပံု ဤနည္းအတိုင္း နိဗၺာန္ကို ဆက္ဆက္ျပီး မ်က္ေမွာက္ျပဳလိုက္ၾကကာ နိဗၺာန္၏အတုမရွိတဲ့ သႏိၱသုခ အရသာကို ခံစားသြားၾကတာပဲ ဒကာၾကီးတို႔ေရ။
ကဲ.. အဲဒါကေတာ့ နိဗၺာန္ကို ဘယ္ပံုဘယ္နည္းနဲ႔ မ်က္ေမွာက္ျပဳလိုက္ပံု ၄ နံပါတ္ရဲ႕ အေျဖအက်ဥ္းစားကေလးပါပဲ။

လူႏံု လူအတို႔ အတြက္ သိပိုင္ခ်က္ မဟုတ္ဘူးေနာ္။

ဆာဦးသြင္၏ အေမးကို အဂၢမဟာပဏိတ အရွင္ၾသဘာသာဘိ၀ံသ (ရန္ကုန္ျမိဳ႕ သရက္ေတာေက်ာင္းတိုက္ ဖ်ာပံုတိုက္သစ္ဆရာေတာ္) မွ ေျဖၾကားေပးထားျခင္းျဖစ္ပါတယ္။
မွ/- သမၼာမဂၢဂၤပဥွာက်မ္း


[Unicode]
(မေး) - ၀ိပသနာကျင့်သူသည် မိမိလုပ်ခရရှိမည့် အကျိုးသုခတွေကို ဘယ်ပုံဘယ်နည်းခံစားခွင့်ရှိပုံများကို တိုတိုနည်းနည်းလေးပဲ မိန့်ဟပါ ဆရာတော်၊ သိမှတ်ချင်လှလို့ပါ။

(ဖြေ) - လွယ်မယောင်နဲ့ ခက်ပါတယ်။ အမေးထဲမှာ အချက် ၄ ချက် ပါပါတယ်။

၁။ ပုထုဇဉ်ဘဝနဲ့ ၀ိပသနာလုပ်ခ အကျိုးခံစားခွင့်
၂။ မဂ်ပိုင်ရှင် အရိယာဘဝနဲ့ လုပ်ခအကျိုးခံစားခွင့်
၃။ ဖိုလ်ပိုင်ရှင် အရိယာဘဝနဲ့ လုပ်ခအကျိုးခံစားခွင့်
၄။ နိဗ္ဗာန်ကို ဘယ်ပုံဘယ်နည်းနဲ့ မျက်မှောက်ပြုကာ ရရှိလိုက်ပုံ စသည်ဖြင့် အချက် ၄ ချက် ပါပါတယ်။

ခုဘဝမျက်မှောက်ကာလမှာရော သချင်္ိုင်းကုန်းရဲ့ ဟိုမှာဘက်နောက်ဘဝ သံသရာအတွက်မှာရော ကြီးပွားချမ်းသာရေးနဲ့ ဘဝရဲ့ ငြိမ်းအေးချမ်းသာရာနိဗ္ဗာန်ရရေးကိုပါ ပေးနိုင်ပုံများကို မြတ်စွာဘုရားသခင်က-
ဓမ္မ ကာမော ဘဝံ ဟောတိ၊
အမှန်တရားကို လေ့လာလိုက်စားလိုလားကျင့်ပွား အားထုတ်တဲ့ အမှန်ကြိုက်သမားဟာ မုချကြီးပွားချမ်းသာကြောင်းပဲလို့ ဟောထားခဲ့တယ်။

ကဲ... ကြီးပွားချမ်းသာချင်ရင် အမှန်တရားတွေကိုနားထောင်မှတ်သားပေတော့။
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊
သတ္တနံ ၀ိသုဒ္ဓီယာ သောက ပရိဒေဝါနံ
သမတိက္ကမာယ၊ ဒုက္ခဒေါမနသာနံ
အတ္ထင်္ဂမာယ၊ ဉာယသ အဓိဂမာယ၊
နိဗ္ဗာနသ သစ္ဆိကိရိယာယ။

အဲဒါနံပါတ် ၁ ပုစ္ဆာရဲ့ အဖြေပါဌိတော်ပဲ ဒကာကြီးရ၊ အဓိပ္ပါယ်က
ချစ်သား ချစ်သမီးတို့ ယင်းတစ်ခုတည်းသော သတိပဌာန် ၀ိပသနာမဂ်တရား ပွားများအားထုတ်နေသူဟာ
သူ့အားနွမ်းရိဆင်းရဲအောင် ပြုလုပ်တတ်တဲ့ ကိလေသာ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်ကာ
စိုးရိမ်ငိုကြွေးဖွယ်တို့ကိုလည်း လွန်မြောက်စေနိုင်တယ်။
ကိုယ်ဆင်းရဲ စိတ်မချမ်းမြေ့ရေးတို့ကိုလည်း ငြိမ်းအေးစေနိုင်တယ်တဲ့။
ယင်းပွားများ အားထုတ်မှု မဟာကုသိုလ် ဥဏသမ္ပယုတ် ကံစေတနာက
လောကီကုသိုလ်တကာတို့၏ ဦးစီးခေါင်ချုပ်ဖြစ်လို့ ရွှေငွေရတနာ ပစ္စည်းဥစ္စာဖွံဖြိုးတိုးတက်ကာ
ကြံတိုင်းအောင် ဆောင်တိုင်းပြီးစီးမှုကိုလည်း ပေးနိုင်တယ်တဲ့။

အဲ့ဒါက မဂ်ဖိုလ်မရသေးမီ ပုထုဇဉ်ဘဝနဲ့ ၀ိပသနာအားထုတ်တဲ့ လုပ်ခရဲ့ အကျိုးဖလ ခံစားခွင့် ၁ နံပါတ်ရဲ့ အဖြေမှန်ပဲ။

-ဧဟိ ပသိကော- မယုံရင် လာခဲ့ပါ၊ အားထုတ် လုပ်စမ်းကြည့်ပါ၊ အစမ်းခံနိုင်တဲ့ တရားတော်မြတ်ဖြစ်တယ်။
အပြောနဲ့ မယုံပါနဲ့၊ လုပ်ကြည့် မုချကြီးပွားချမ်းသာရမည်တဲ့၊
နတ်တို့ ၀ိဇ္ဇာတို့ ဘိုးဘိုးတို့က ပေးတာမဟုတ်ဘူး၊ ကိုယ့်လုပ်ခ ကိုယ်ရတာသာဖြစ်တယ်။
ယင်းနောက် မနားမနေ မပျက်မကွက် ဆက်လက်ကြိုးစားအားထုတ်သွားသူများအတွက်ကတော့ မိမိအားထုတ်ဆဲ ၀ိပသနာတရားက အဆင့်ဆင့် ဉာဏ်တွေပွားပွား ထက်ထက်ပြီး ရှေ့ကိုသာ တက်တက်သွားကာ နိဗ္ဗာန်၏ရှေ့ပြေးအစ မဂ်ရဖိုလ်ဝင်စွမ်းအင်သတ္တိရှိတဲ့ ဆယ်ကြိမ်မြောက်အနုလောမဉာဏ်ကတဆင့် ပေါင်းကူးပေးလျက်သောတပတ္တိမဂ် အရောက်ပို့ကာ အရိယာဂိုဏ်ဝင် သူတော်စင်အစစ် ဖြစ်သွားတော့တာပဲတဲ့။ အဲဒါက မဂ်ပိုင်ရှင်ဘဝနဲ့ လုပ်ခအကျိုး ခံစားခွင့် ၂ နံပါတ်ရဲ့ အဖြေပဲ။ နိဗ္ဗာန်၏အရသာကို ဦးစွာခံစားလိုက်ရပြီ ဒကာကြီတို့၊ မယုံရင် လုပ်စမ်းကြည့်ပေါ့။

အဲဒီ သောတပတ္တိမဂ် ကုသိုလ်စိတ်ကနေပြီးတော့ သောတပတ္တိဖိုလ် အကျိုးလုပ်ခကို -အကာလိကော- ချက်ချင်း တစ်ဆက်တည်း စိတ်ဓါတ်မခြားပဲ ပေးကာ ချမ်းသာတကာတို့၏ အထွတ်ခေါင် အတုမရှိတဲ့ အေးမြငြိမ်းရာ နိဗ္ဗာန်၏အရသာထူတို့လည်း ကြည်နူးစွားပင် သူရထားတဲ့ ဖိုလ်စိတ်နဲ့ ကူလူးခေါက်ပြန် ခံစားချင်တိုင်း ခံစံဝင်သွားခွင့်ကိုရရှိနေတဲ့ ဖိုလ်ပိုင်ရှင်ကြီးဖြစ်ကာ နိဗ္ဗာန်ဆိုတဲ့ မြနန်ရိပ်သာကို မကြာမကြာတက်မြန်း ခံစားနေတော့တာပဲတဲ့၊
အဲဒါက ဖိုလ်ပိုင်ရှင် အရိယာဘဝနဲ့ နိဗ္ဗာနသုခ ခံစားခွင့် ၃ နံပါတ် ရဲ့ အဖြေပါပဲ။

ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု ရူပွားနေတဲ့ ၀ိပသနာယောဂီဟာ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဦးစီးသော ယင်း ၀ိပသနာ (ဥဒယ၊ ၀ယ) ခဏိကသမာဓိ မဟာကုသိုလ်ကန်တော်ကြီးထဲသို့ ဗောဓိ ပက္ခိယ တရားအားလုံး သိမ်းကျုံးစုပေါင်း စီးဝင် ကျဆင်းလာကြရကား။
ဘုံ ၃ ပါး၌ဖြစ်ပေါ်မှု တရားအားလုံးဟာ ပျက်သုဉ်းခြင်းလျှင်အဆုံးရှိတာပဲ၊
မခိုင်မြဲတာ ဧကန်ပဲ... ဟု အမှန်ရှုမြင်ပွားများနေသော ရင့်ကျက် ထက်သန်လှသည့် အနုလောမ (ဥဒယဝယ)ဉာဏ်က တစ်ဆင့်ကျေးဇူးပြုကာ လောကီ တရားစု အားလုံးဟာ ဒုက္ခသစ္စာတွေချည်းသာဟု မိုးကြိုးစက်ကဲ့သို့ ထက်ထက်မြက်မြက် ပြတ်ပြတ်သားသားနဲ့ ပိုင်းခြားဆုံးဖြတ်ပေးကာ ဒိဌိနဲ့ ၀ိစိကိစ္ဆာအပါယ်လား တဏှာ သမုဒယသစ္စာကိုပါ လက်စတုံး ပယ်ခွါ စွန့်ပစ်နိုင်တဲ့ သောတပတ္တိမဂ်ဉာဏ်ကစပြီး နိဗ္ဗာန်ကိုရှေးဦးစွာ မျက်မှောက်ပြုလိုက်တာနဲ့ အခြားမရှိပဲ တဆက်တည်း သောတပတ္တိဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့ကလည်း ဤပုံ ဤနည်းအတိုင်း နိဗ္ဗာန်ကို ဆက်ဆက်ပြီး မျက်မှောက်ပြုလိုက်ကြကာ နိဗ္ဗာန်၏အတုမရှိတဲ့ သန္တိသုခ အရသာကို ခံစားသွားကြတာပဲ ဒကာကြီးတို့ရေ။
ကဲ.. အဲဒါကတော့ နိဗ္ဗာန်ကို ဘယ်ပုံဘယ်နည်းနဲ့ မျက်မှောက်ပြုလိုက်ပုံ ၄ နံပါတ်ရဲ့ အဖြေအကျဉ်းစားကလေးပါပဲ။

လူနုံ လူအတို့ အတွက် သိပိုင်ချက် မဟုတ်ဘူးနော်။

ဆာဦးသွင်၏ အမေးကို အဂ္ဂမဟာပဏိတ အရှင်သြဘာသာဘိ၀ံသ (ရန်ကုန်မြို့ သရက်တောကျောင်းတိုက် ဖျာပုံတိုက်သစ်ဆရာတော်) မှ ဖြေကြားပေးထားခြင်းဖြစ်ပါတယ်။
မှ/- သမ္မာမဂ္ဂင်္ဂပဥှာကျမ်း

No comments:

Post a Comment