[Zawgyi]
အရဏဝိဟာရ - ပူပန္မႈ[ကိေလသာ]ကင္းကြာခ်မ္းသာစြာ ေနနိုင္ေၾကာင္း တရားေျခာက္ပါး။
***********************
အယုတ္နွစ္ပါး၊ မလိုက္စား၊ လမ္းသြား မဇၩိမ။
မေျမွာက္မစား၊ မႏွိမ္ျငား၊ တရားေဟာေဖာ္ျပ။
သုခနွစ္ပါး၊ ဉာဏ္ပိုင္းျခား၊ ပါြးမ်ား အဇၩတၱ။
မ်က္ေမွာက္ မ်က္ကြယ္၊ ဤနွစ္သြယ္၊ ဆိုဘြယ္သိတတ္လွ။
မလ်င္ မေဆာ၊ စကားေျပာ၊ ေျပေခ်ာေမြ႔သိမ္စြာ့။
အရပ္စကား၊ မလြန္ျငား၊ ေျခာက္ပါးအရဏ။
(ဥပရိပဏၰာသ၊ အရဏဝိဘဂၤသုတ္)
ပူပန္မႈ[ကိေလသာ]အေပါင္းမွ ကင္းလြတ္နိုင္ၾကပါေစ။
-ရွမ္းတဲၾကီးေက်ာင္း ဆရာေတာ္ ဦဥာဏ
[Unicode]
အရဏဝိဟာရ - ပူပန်မှု[ကိလေသာ]ကင်းကွာချမ်းသာစွာ နေနိုင်ကြောင်း တရားခြောက်ပါး။
***********************
အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွား မဇ္ဈိမ။
မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖော်ပြ။
သုခနှစ်ပါး၊ ဉာဏ်ပိုင်းခြား၊ ပါွးများ အဇ္ဈတ္တ။
မျက်မှောက် မျက်ကွယ်၊ ဤနှစ်သွယ်၊ ဆိုဘွယ်သိတတ်လှ။
မလျင် မဆော၊ စကားပြော၊ ပြေချောမွေ့သိမ်စွာ့။
အရပ်စကား၊ မလွန်ငြား၊ ခြောက်ပါးအရဏ။
(ဥပရိပဏ္ဏာသ၊ အရဏဝိဘင်္ဂသုတ်)
ပူပန်မှု[ကိလေသာ]အပေါင်းမှ ကင်းလွတ်နိုင်ကြပါစေ။
-ရှမ်းတဲကြီးကျောင်း ဆရာတော် ဦဉာဏ
No comments:
Post a Comment