Friday, August 19, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၄) (အဘိဓမ္မာသိမှတ်ဖွယ် (၄))

[Zawgyi]
အဘိဓမၼာတရားေတာ္‬ အေၾကာင္း သိမွတ္ဖြယ္ (၄)
လက္သန္း အ႒ကထာက်မ္းတြင္ အဘိဓမၼာတရားေတာ္ႏွင့္ ပါတ္သက္၍ အလြယ္တကူ နားလည္ႏိုင္ေစရန္ အပိုင္း (၉)ပိုင္းခြဲ၍ ေရးျပထားပါသည္။
၁။ စိတ္ပိုင္း
၂။ ေစတသိတ္ပိုင္း
၃။ ပဏိက္းပိုင္း
၄။ ၀ီထိပိုင္း
၅။ ၀ီထိမုတ္ပိုင္း
၆။ ရုပ္ပိုင္း
၇။ သမုစၥည္းပိုင္း
၈။ ပစၥည္းပိုင္း
၉။ ကမၼ႒ာန္းပိုင္း စသည္ျဖင့္ (၉) ပိုင္းခြဲျပထားပါသည္။
ဤသို႔ (၉)ပိုင္းခြဲရျခင္း ရည္ရြယ္ခ်က္မွာ-
၁။ (၃၁)ဘံု သံသရာတြင္ လည္ရသူအားလံုးသည္ စိတ္ေၾကာင့္သာ ျဖစ္ရေသာေၾကာင့္ အေရးၾကီးေသာ စိတ္အေၾကာင္းကို ပထမပိုင္းအေနႏွင့္ ျပခဲ့ျပီး စိတ္ပိုင္းဟု အမည္ေပးခဲ့ပါသည္။
၂။ စိတ္သည္ ေစတသိတ္ႏွင့္ကင္း၍ မရေသာအေၾကာင္းကို သိေစခ်င္၍ စိတ္ပိုင္းအျပီးတြင္ ေစတသိတ္အပိုင္းကို ျပခဲ့ျခင္းျဖစ္ပါသည္။
၃။ ၎ စိတ္၊ ေစတသိတ္မ်ားသည္ သူ႔အလိုလိုျဖစ္လာျခင္းမဟုတ္၊ အာရံုႏွင့္ ဒြါရတို႔၏ တိုက္ဆိုင္မႈမွ ျဖစ္လာျခင္းအေၾကာင္းကို သိေစျခင္ေသာေၾကာင့္ စိတ္၊ ေစတသိတ္ႏွင့္ ေရာထားသည့္ ပဏိက္းပိုင္းကို တတိယ ေနရာတြင္ ျပဆိုခဲ့ပါသည္။
၄။ အာရံုႏွင့္ ဒြါရတို႔တိုက္ဆိုင္ေသာအခ်ိန္တြင္ အဆိုပါစိတ္မ်ားသည္ ျဖစ္ကတတ္ဆန္းေပၚေပါက္လာၾကျခင္းမဟုတ္၊ အစီအစဥ္တက်သာ ျဖစ္ေပၚလာျခင္းအေၾကာင္းကို သိေစလို၍ ၀ီထိပိုင္းကို စတုတၳေနရာတြင္ ျပဆိုျခင္းျဖစ္ပါသည္။
၅။ ထိုစိတ္အစဥ္သည္ အစီစဥ္တက်ျဖစ္ျပီဆိုလ်င္ အေၾကာင္းတရားအေနႏွင့္ အာရံုခံစားမႈေဇာေတြပါ ပါလာျခင္းေၾကာင့္ အေၾကာင္းေၾကာင့္ျဖစ္ရ၊ ခံရ၊ စံရသည္ အက်ိဳးတရားကိုပါ အရွင္အႏုရုဒၶါက တိက်စြာသိေစခ်င္ခဲ့ပါသည္။ ထို႔ေၾကာင့္ ၀ီထိမုတ္ပိုင္းကို ၀ီထိပိုင္းအျပီးတြင္ ငါးခုေျမာက္အေနႏွင့္ ျပခဲ့ျခင္းျဖစ္ပါသည္။
၆။ အေၾကာင္းျပဳလုပ္သူမ်ား အက်ိဳးကို ခံရ၊ စံရ ေသာအခ်ိန္တြင္ ဘယ္ေနရာတြင္ ဘယ္လိုပံုစံအားျဖင့္ ခံရ၊ စံရသည္ဆိုသည့္ အက်ိဳးကို ၀ီထိမုတ္ပိုင္းႏွင့္ ျပဆိုရာတြင္ အားမရေသးေသာေၾကာင့္ ေရာက္ႏိုင္၊ ရႏိုင္သည့္ဘံုတြင္ ဘယ္ပံုစံ၊ ဘယ္ခႏၶာႏွင့္ ျဖစ္ရမည္ဆိုသည္ကို ညႊန္ျပဖို႔ရန္ ဆ႒မအပိုင္းတြင္ ရုပ္ပိုင္းကို ျပခဲ့ပါသည္။
၇။ ရုပ္ပိုင္းအဆံုးတြင္ ပရမတၱတရားေလးပါးျဖစ္ေသာ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ တရားမ်ားအက်ယ္ျပျပီးျဖစ္၍ အဘိဓမၼတၳသျဂိဳဟ္က်မ္းကို အဆံုးသတ္မည္ဆိုလၽွင္ သတ္ႏိုင္ေသာ္လညး္ ထိုပရမတၱတရားတို႔ကို သေဘာတူခ်င္း ေပါင္းသင္းစုစည္းလ်က္ ျပလိုသည့္အတြက္ေၾကာင့္ သမုစၥည္းအပိုင္းကို သတၱမပိုင္းအေနႏွင့္ ျပခဲ့ျပန္ပါသည္။
၈။ စိတ္စေသာ သဘာ၀ ဓမၼမ်ား အေၾကာင္းအက်ိဳး ဆက္သြယ္ေနပံုကို လည္းေကာင္း၊ အက်ိဳးတရားမ်ားျဖစ္ေလာက္ေအာင္ အေၾကာင္းတရားတို႔၌ သတၱိစြမ္းပကား ရွိေနပံုကိုလည္းေကာင္း ျပလိုသည့္အတြက္ ရွစ္ပိုင္းေျမာက္ ပစၥည္းပိုင္းကို ျပျပီးေနာက္
၉။ စိတ္၊ ေစတသိတ္၊ ရုပ္ တို၏ အက်ိဳးအေၾကာင္းဆက္ႏြယ္ပံုကို သိျပီးေသာ သူေတာ္စင္မ်ား၊ ထိုရုပ္နာမ္ကို ဟုတ္တိုင္းမွန္စြာသိကာ ဒုကၡၾကာၾကာျငိမ္းရာ အက်င့္ျဖစ္ေသာ သမထကမၼ႒ာန္း၊ ဒုကၡမွ လံုး၀လြတ္ရာအက်င့္ ျဖစ္ေသာ ၀ိပသနာကမ႒ာန္းတို႔ကို ျပလိုသည့္အတြက္ အဆံုး ကိုးပိုင္းေျမာက္အေနႏွင့္ ကမၼ႒ာန္းပိုင္းကိုပါ ျပေပးခဲ့ျခင္းျဖစ္ပါသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄)
လက်သန်း အဋ္ဌကထာကျမ်းတွင် အဘိဓမ္မာတရားတော်နှင့် ပါတ်သက်၍ အလွယ်တကူ နားလည်နိုင်စေရန် အပိုင်း (၉)ပိုင်းခွဲ၍ ရေးပြထားပါသည်။
၁။ စိတ်ပိုင်း
၂။ စေတသိတ်ပိုင်း
၃။ ပဏိက်းပိုင်း
၄။ ၀ီထိပိုင်း
၅။ ၀ီထိမုတ်ပိုင်း
၆။ ရုပ်ပိုင်း
၇။ သမုစ္စည်းပိုင်း
၈။ ပစ္စည်းပိုင်း
၉။ ကမ္မဋ္ဌာန်းပိုင်း စသည်ဖြင့် (၉) ပိုင်းခွဲပြထားပါသည်။
ဤသို့ (၉)ပိုင်းခွဲရခြင်း ရည်ရွယ်ချက်မှာ-
၁။ (၃၁)ဘုံ သံသရာတွင် လည်ရသူအားလုံးသည် စိတ်ကြောင့်သာ ဖြစ်ရသောကြောင့် အရေးကြီးသော စိတ်အကြောင်းကို ပထမပိုင်းအနေနှင့် ပြခဲ့ပြီး စိတ်ပိုင်းဟု အမည်ပေးခဲ့ပါသည်။
၂။ စိတ်သည် စေတသိတ်နှင့်ကင်း၍ မရသောအကြောင်းကို သိစေချင်၍ စိတ်ပိုင်းအပြီးတွင် စေတသိတ်အပိုင်းကို ပြခဲ့ခြင်းဖြစ်ပါသည်။
၃။ ၎င်း စိတ်၊ စေတသိတ်များသည် သူ့အလိုလိုဖြစ်လာခြင်းမဟုတ်၊ အာရုံနှင့် ဒွါရတို့၏ တိုက်ဆိုင်မှုမှ ဖြစ်လာခြင်းအကြောင်းကို သိစေခြင်သောကြောင့် စိတ်၊ စေတသိတ်နှင့် ရောထားသည့် ပဏိက်းပိုင်းကို တတိယ နေရာတွင် ပြဆိုခဲ့ပါသည်။
၄။ အာရုံနှင့် ဒွါရတို့တိုက်ဆိုင်သောအချိန်တွင် အဆိုပါစိတ်များသည် ဖြစ်ကတတ်ဆန်းပေါ်ပေါက်လာကြခြင်းမဟုတ်၊ အစီအစဉ်တကျသာ ဖြစ်ပေါ်လာခြင်းအကြောင်းကို သိစေလို၍ ၀ီထိပိုင်းကို စတုတ္ထနေရာတွင် ပြဆိုခြင်းဖြစ်ပါသည်။
၅။ ထိုစိတ်အစဉ်သည် အစီစဉ်တကျဖြစ်ပြီဆိုလျင် အကြောင်းတရားအနေနှင့် အာရုံခံစားမှုဇောတွေပါ ပါလာခြင်းကြောင့် အကြောင်းကြောင့်ဖြစ်ရ၊ ခံရ၊ စံရသည် အကျိုးတရားကိုပါ အရှင်အနုရုဒ္ဓါက တိကျစွာသိစေချင်ခဲ့ပါသည်။ ထို့ကြောင့် ၀ီထိမုတ်ပိုင်းကို ၀ီထိပိုင်းအပြီးတွင် ငါးခုမြောက်အနေနှင့် ပြခဲ့ခြင်းဖြစ်ပါသည်။
၆။ အကြောင်းပြုလုပ်သူများ အကျိုးကို ခံရ၊ စံရ သောအချိန်တွင် ဘယ်နေရာတွင် ဘယ်လိုပုံစံအားဖြင့် ခံရ၊ စံရသည်ဆိုသည့် အကျိုးကို ၀ီထိမုတ်ပိုင်းနှင့် ပြဆိုရာတွင် အားမရသေးသောကြောင့် ရောက်နိုင်၊ ရနိုင်သည့်ဘုံတွင် ဘယ်ပုံစံ၊ ဘယ်ခန္ဓာနှင့် ဖြစ်ရမည်ဆိုသည်ကို ညွှန်ပြဖို့ရန် ဆဋ္ဌမအပိုင်းတွင် ရုပ်ပိုင်းကို ပြခဲ့ပါသည်။
၇။ ရုပ်ပိုင်းအဆုံးတွင် ပရမတ္တတရားလေးပါးဖြစ်သော စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် တရားများအကျယ်ပြပြီးဖြစ်၍ အဘိဓမ္မတ္ထသဂြိုဟ်ကျမ်းကို အဆုံးသတ်မည်ဆိုလျှင် သတ်နိုင်သော်လညး် ထိုပရမတ္တတရားတို့ကို သဘောတူချင်း ပေါင်းသင်းစုစည်းလျက် ပြလိုသည့်အတွက်ကြောင့် သမုစ္စည်းအပိုင်းကို သတ္တမပိုင်းအနေနှင့် ပြခဲ့ပြန်ပါသည်။
၈။ စိတ်စသော သဘာဝ ဓမ္မများ အကြောင်းအကျိုး ဆက်သွယ်နေပုံကို လည်းကောင်း၊ အကျိုးတရားများဖြစ်လောက်အောင် အကြောင်းတရားတို့၌ သတ္တိစွမ်းပကား ရှိနေပုံကိုလည်းကောင်း ပြလိုသည့်အတွက် ရှစ်ပိုင်းမြောက် ပစ္စည်းပိုင်းကို ပြပြီးနောက်
၉။ စိတ်၊ စေတသိတ်၊ ရုပ် တို၏ အကျိုးအကြောင်းဆက်နွယ်ပုံကို သိပြီးသော သူတော်စင်များ၊ ထိုရုပ်နာမ်ကို ဟုတ်တိုင်းမှန်စွာသိကာ ဒုက္ခကြာကြာငြိမ်းရာ အကျင့်ဖြစ်သော သမထကမ္မဋ္ဌာန်း၊ ဒုက္ခမှ လုံးဝလွတ်ရာအကျင့် ဖြစ်သော ၀ိပသနာကမဋ္ဌာန်းတို့ကို ပြလိုသည့်အတွက် အဆုံး ကိုးပိုင်းမြောက်အနေနှင့် ကမ္မဋ္ဌာန်းပိုင်းကိုပါ ပြပေးခဲ့ခြင်းဖြစ်ပါသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ

No comments:

Post a Comment