[Zawgyi]
ဥပုသ္သည္တို႔မွာ သီလတပါးပ်က္လွ်င္ အကုန္လုံး ပ်က္ကေရာလား

ဒကာ။ ။ ဆရာအခ်ိဳ႕က ဥပုသ္သည္ဆိုတာ ကိုယ္ခံယူထားတဲ့ သီလကို အသက္တမွ် ရိုေသစြာ ေစာင့္ထိန္းရတယ္၊ ရွစ္ပါးသီလထဲက သိကၡာပုဒ္ တပါးပ်က္သြားရင္ အကုန္လုံး ပ်က္စီးကုန္ေရာလို႔ ေဟာေျပာဆုံးမၾကပါတယ္။
ဆရာအခ်ိဳ႕ကေတာ့လည္း သည္လိုမဟုတ္ပါဘူးတဲ့၊ ကိုယ္ေဆာက္တည္ ခံယူထားတဲ့ သိကၡာပုဒ္ေတြထဲက တပါးပ်က္သြား႐ုံနဲ႕ အကုန္လုံး ပ်က္မသြားပါဘူး၊ ကိုယ္ခံယူေဆာက္တည္ထားတဲ့ ရွစ္ပါးသီလ, ကိုးပါးသီလ, ဆယ္ပါးသီလ အားေလ်ာ္စြာေပါ့၊ မိမိမက်ဴးလြန္တဲ့ သိကၡာပုဒ္ေတြကေတာ့ က်န္ေနတာပါပဲ မပ်က္စီးပါဘူး လို႔ ေဟာေျပာဆုံးမၾကပါတယ္၊ ဘယ္ဝါဒက မွန္ပါသလဲ ဆရာေတာ္။
ဆရာ။ ။ အင္း...သည္ျပႆနာကို ပုဂၢိဳလ္အေနနဲ႕ ခြဲျခားၿပီးနားလည္ေအာင္ ရွင္းျပေပးလိုက္မယ္၊ ဒီျပႆနာဟာလည္း ေတာ္ေတာ္ေလး အေမးအစမ္းမ်ားတယ္ ဒကာႀကီးတို႔ရ။
ရဟန္းပုဂၢိဳလ္၏ နိစၥသီလ
(၁) ရဟန္းေတာ္မ်ားမွာ ရဟန္းအျဖစ္နဲ႕ တည္ေနသမွ် ပါရာဇိကသီလႀကီးေလးပါးဟာ သူတို႔ရဲ႕ နိစၥသီလပဲ၊ အဲဒီ ပါရာဇိက သိကၡာပုဒ္သီလႀကီးေလးပါးထဲက တပါးပ်က္ရင္ ရွိသမွ် သီလေတြ အကုန္လုံး ပ်က္ကေရာ ပဲ၊ ရဟန္းလည္း မဟုတ္ေတာ့ဘူး။

ရွင္သာမေဏပုဂၢိဳလ္၏ နိစၥသီလ
(၂) ရွင္သာမေဏမ်ားမွာ ရွင္သာမေဏအျဖစ္နဲ႕ တည္ေနသမွ် လိင္ဆယ္ပါးသီလဟာ သူတို႔ရဲ႕ အၿမဲလုံၿခဳံေစာင့္ထိန္းေနရမည့္ နိစၥသီလပဲ၊ အဲဒီလိင္ဆယ္ပါးထဲက တပါးကိုက်ဴးလြန္လိုက္ရင္ က်န္တဲ့ ကိုရင္သီလေတြ အားလုံးပ်က္ကေရာပဲ၊ ကိုရင္လည္းမဟုတ္ေတာ့ဘူး၊ ကိုရင္လုပ္ခ်င္ရင္ သရဏဂုံသီလ တဖန္ ျပန္ယူရတယ္။

လူပုဂၢိဳလ္တို႔၏ အနိစၥသီလ
(၃) လူမ်ားမွာေတာ့ ပုံပမာ ရွစ္ပါးသီလထဲက တပါးကို က်ဴးလြန္မိလို႔ ပ်က္သြားရင္ ခုနစ္ပါးေသာ သီလသိကၡာပုဒ္ေတြ က်န္ေနေသးတယ္၊ မပ်က္ပါဘူးတဲ့၊ အေၾကာင္းကေတာ့ လူမ်ားမွာ နိစၥသီလရယ္လို႔ မရွိဘူး၊ ေစာင့္သုံးတဲ့ အခိုက္ပဲျဖစ္တယ္။

ဒကာ။ ။ တပည့္ေတာ္တို႔ မွတ္သားေျပာၾကားရေအာင္ ပါဠိက်မ္းဂန္မ်ားရွိရင္ ထုတ္ေဆာင္ျပပါလားဆရာေတာ္၊ တိုတို တိတိေပါ့ဘုရား၊ မယုံၾကည္လို႔ေတာ့ မဟုတ္ပါဘူး၊ သူမ်ားေမးရင္ အခိုင္အမာ ျပရေအာင္ပါ။
ဆရာ။ ။ အင္း...အဘိဓမၼာအ႒ကထာျဖစ္တဲ့ ဓမၼကထိကတို႔ လက္သုံး သေမၼာဟ ဝိေနာဒနီ အ႒ကထာ သိကၡာပဒ ဝိဘင္းအဖြင့္မွာ....
ဂဟ႒ာ ယံ ယံ ဝီတိကၠမႏၲိ၊ တံ တေဒ၀ ခ႑ံ ေဟာတိ ဘိဇၨတိ။
အဝေသသံ န ဘိဇၨတိ။ ကသၼာ ဂဟ႒ာ ဟိ အနိဗဒၶသီလာ ေဟာႏၲိ၊
ယံ ယံ သေကၠာႏၲိ တံ တေဒ၀ ေဂါေပႏၲိ။

သီလခံယူထားၿပီးသား လူတို႔မွာ သီလတပါး က်ဴးလြန္ဖ်က္ဆီးပစ္မွားမိျငားအံ့၊
ထို မိမိက်ဴးလြန္မိေသာ သိကၡာပုဒ္တပါးသာလွ်င္ ပ်က္စီးသည္၊
ႂကြင္းက်န္ေသာ သီလ သိကၡာပုဒ္မ်ားက မပ်က္စီးေခ်၊
အေၾကာင္းကေတာ့ လူတို႔မွာ (ရဟန္း, သာမေဏတို႔လို) အၿမဲတေစ ေစာင့္သုံးရမည္ ဆိုတဲ့
"နိဗဒၶ" နိစၥသီလမ်ိဳးမရွိလို႔ပဲ၊ အၾကင္မွ်ေလာက္ေသာသီလ သိကၡာပုဒ္ကို ေစာင့္သုံးျခင္းငွာ စြမ္းနိုင္၏၊
ထို မိမိစြမ္းနိုင္သမွ်ကိုသာ ေစာင့္ထိန္းၾကကုန္၏-
လို႔ ရွင္းလင္းဖြင့္ဆို ဆုံးျဖတ္ခ်က္ခ်သြားတာေတြရွိတယ္၊
ဒိျပင္ ပါဠိအ႒ကထာဋီကာ စတဲ့ က်မ္းဂန္ေတြမွာလည္း အေထာက္အထားေတြ မ်ားစြာပဲ ရွိေသးတယ္၊

ကဲ....ဘာမ်ားေစာဒက တက္ဦးမလဲ၊ အဲဒါ ပါဠိက်မ္းဂန္က ဆိုတဲ့ အခိုင္အမာ စကားေတြ ပါပဲ။
Original Posted by Thama Meggin
[Unicode]
ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား

ဒကာ။ ။ ဆရာအချို့က ဥပုသ်သည်ဆိုတာ ကိုယ်ခံယူထားတဲ့ သီလကို အသက်တမျှ ရိုသေစွာ စောင့်ထိန်းရတယ်၊ ရှစ်ပါးသီလထဲက သိက္ခာပုဒ် တပါးပျက်သွားရင် အကုန်လုံး ပျက်စီးကုန်ရောလို့ ဟောပြောဆုံးမကြပါတယ်။
ဆရာအချို့ကတော့လည်း သည်လိုမဟုတ်ပါဘူးတဲ့၊ ကိုယ်ဆောက်တည် ခံယူထားတဲ့ သိက္ခာပုဒ်တွေထဲက တပါးပျက်သွားရုံနဲ့ အကုန်လုံး ပျက်မသွားပါဘူး၊ ကိုယ်ခံယူဆောက်တည်ထားတဲ့ ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ အားလျော်စွာပေါ့၊ မိမိမကျူးလွန်တဲ့ သိက္ခာပုဒ်တွေကတော့ ကျန်နေတာပါပဲ မပျက်စီးပါဘူး လို့ ဟောပြောဆုံးမကြပါတယ်၊ ဘယ်ဝါဒက မှန်ပါသလဲ ဆရာတော်။
ဆရာ။ ။ အင်း...သည်ပြဿနာကို ပုဂ္ဂိုလ်အနေနဲ့ ခွဲခြားပြီးနားလည်အောင် ရှင်းပြပေးလိုက်မယ်၊ ဒီပြဿနာဟာလည်း တော်တော်လေး အမေးအစမ်းများတယ် ဒကာကြီးတို့ရ။
ရဟန်းပုဂ္ဂိုလ်၏ နိစ္စသီလ
(၁) ရဟန်းတော်များမှာ ရဟန်းအဖြစ်နဲ့ တည်နေသမျှ ပါရာဇိကသီလကြီးလေးပါးဟာ သူတို့ရဲ့ နိစ္စသီလပဲ၊ အဲဒီ ပါရာဇိက သိက္ခာပုဒ်သီလကြီးလေးပါးထဲက တပါးပျက်ရင် ရှိသမျှ သီလတွေ အကုန်လုံး ပျက်ကရော ပဲ၊ ရဟန်းလည်း မဟုတ်တော့ဘူး။

ရှင်သာမဏေပုဂ္ဂိုလ်၏ နိစ္စသီလ
(၂) ရှင်သာမဏေများမှာ ရှင်သာမဏေအဖြစ်နဲ့ တည်နေသမျှ လိင်ဆယ်ပါးသီလဟာ သူတို့ရဲ့ အမြဲလုံခြုံစောင့်ထိန်းနေရမည့် နိစ္စသီလပဲ၊ အဲဒီလိင်ဆယ်ပါးထဲက တပါးကိုကျူးလွန်လိုက်ရင် ကျန်တဲ့ ကိုရင်သီလတွေ အားလုံးပျက်ကရောပဲ၊ ကိုရင်လည်းမဟုတ်တော့ဘူး၊ ကိုရင်လုပ်ချင်ရင် သရဏဂုံသီလ တဖန် ပြန်ယူရတယ်။

လူပုဂ္ဂိုလ်တို့၏ အနိစ္စသီလ
(၃) လူများမှာတော့ ပုံပမာ ရှစ်ပါးသီလထဲက တပါးကို ကျူးလွန်မိလို့ ပျက်သွားရင် ခုနစ်ပါးသော သီလသိက္ခာပုဒ်တွေ ကျန်နေသေးတယ်၊ မပျက်ပါဘူးတဲ့၊ အကြောင်းကတော့ လူများမှာ နိစ္စသီလရယ်လို့ မရှိဘူး၊ စောင့်သုံးတဲ့ အခိုက်ပဲဖြစ်တယ်။

ဒကာ။ ။ တပည့်တော်တို့ မှတ်သားပြောကြားရအောင် ပါဠိကျမ်းဂန်များရှိရင် ထုတ်ဆောင်ပြပါလားဆရာတော်၊ တိုတို တိတိပေါ့ဘုရား၊ မယုံကြည်လို့တော့ မဟုတ်ပါဘူး၊ သူများမေးရင် အခိုင်အမာ ပြရအောင်ပါ။
ဆရာ။ ။ အင်း...အဘိဓမ္မာအဋ္ဌကထာဖြစ်တဲ့ ဓမ္မကထိကတို့ လက်သုံး သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ သိက္ခာပဒ ဝိဘင်းအဖွင့်မှာ....
ဂဟဋ္ဌာ ယံ ယံ ဝီတိက္ကမန္တိ၊ တံ တဒေ၀ ခဏ္ဍံ ဟောတိ ဘိဇ္ဇတိ။
အဝသေသံ န ဘိဇ္ဇတိ။ ကသ္မာ ဂဟဋ္ဌာ ဟိ အနိဗဒ္ဓသီလာ ဟောန္တိ၊
ယံ ယံ သက္ကောန္တိ တံ တဒေ၀ ဂေါပေန္တိ။

သီလခံယူထားပြီးသား လူတို့မှာ သီလတပါး ကျူးလွန်ဖျက်ဆီးပစ်မှားမိငြားအံ့၊
ထို မိမိကျူးလွန်မိသော သိက္ခာပုဒ်တပါးသာလျှင် ပျက်စီးသည်၊
ကြွင်းကျန်သော သီလ သိက္ခာပုဒ်များက မပျက်စီးချေ၊
အကြောင်းကတော့ လူတို့မှာ (ရဟန်း, သာမဏေတို့လို) အမြဲတစေ စောင့်သုံးရမည် ဆိုတဲ့
"နိဗဒ္ဓ" နိစ္စသီလမျိုးမရှိလို့ပဲ၊ အကြင်မျှလောက်သောသီလ သိက္ခာပုဒ်ကို စောင့်သုံးခြင်းငှာ စွမ်းနိုင်၏၊
ထို မိမိစွမ်းနိုင်သမျှကိုသာ စောင့်ထိန်းကြကုန်၏-
လို့ ရှင်းလင်းဖွင့်ဆို ဆုံးဖြတ်ချက်ချသွားတာတွေရှိတယ်၊
ဒိပြင် ပါဠိအဋ္ဌကထာဋီကာ စတဲ့ ကျမ်းဂန်တွေမှာလည်း အထောက်အထားတွေ များစွာပဲ ရှိသေးတယ်၊

ကဲ....ဘာများစောဒက တက်ဦးမလဲ၊ အဲဒါ ပါဠိကျမ်းဂန်က ဆိုတဲ့ အခိုင်အမာ စကားတွေ ပါပဲ။
Original Posted by Thama Meggin
No comments:
Post a Comment