[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၁၂ )
ဘုရားရွင္၏ တန္ခိုးေတာ္မ်ား
****************************
ဓမၼစၾကာတရားဦး ေဟာသည့္အခ်ိန္မွစ၍ လူလည္းမကိုင္ နတ္လည္းမကိုင္ မီးလည္းမေလာင္ မိုးရြာ၍လည္းမိုးမစို ျမဴမႈန္႔အမႈိက္သရိုက္မ်ားလည္းမတင္ေသာ ေရႊပန္းဆိုင္း ေငြပန္းဆိုင္း သႏ ၱာပန္းဆိုင္း ပုလဲပန္းဆိုင္းတို႔ျဖင့္ တန္ဆာဆင္လွ်က္ ရတနာခုႏွစ္ပါးျဖင့္ျပည့္စံုၿပီး ၁၂ယူဇနာက်ယ္ဝန္းေသာဗိတာန္မ်က္ႏွာက်က္သည္ ဓမၼစၾကာတရားဦးေဟာသည့္ေန႔မွစ၍ ပရိနိဗၺာန္ဝင္စံသည့္တိုင္ေအာင္ ေန႔ညအၿမဲပင္လိုက္ပါ၍ မ်က္ႏွာက်က္အျဖစ္မိုးကာ၍ေနမည္။
အဘယ္ကုသိုလ္ေၾကာင့္ဆိုေသာ္ အဇိတရဟန္းဘဝတြင္ မိေထြးေတာ္ ေဂါတမီလွဴဒါန္းေသာ ေရႊပုဆိုးအဝတ္ကို ေဂါတမျမတ္စြာဘုရားအား မ်က္ႏွာက်က္အျဖစ္ လွဴဒါန္း၍ဆုေတာင္းခဲ႔ေသာ ကုသိုလ္ေၾကာင့္ျဖစ္သည္။ အရိေမေတၱယ်ျမတ္စြာဘုရားရွင္သည္ ေနာက္ပါရဟန္း ကုေဋတစ္သိန္းၿခံရံလ်က္တရားဓမၼမ်ား ေဟာေျပာျပသေသာအခါတြင္ သခၤစၾကာဝေတးမင္းသည္ ရတနာခုႏွစ္ပါးျဖင့္ၿပီးေသာ ျပာသာဒ္ေက်ာင္းေဆာင္ကို ဘုရားအမွဴးရွိေသာ သံဃာေတာ္တို႔အားေဆာက္လုပ္လွဴဒါန္းျခင္း ပစၥည္းေလးပါးျဖင့္ လွဴဒါန္းျခင္းတို႔ၿပီးဆံုးေသာအခါ ျမတ္စြာဘုရားထံ ခ်ဥ္းကပ္၍ ပရိတ္သတ္ ရွစ္ေသာင္းေလးေထာင္ၿခံရံလ်က္ ဧဟိဘိကၡဴ ရဟန္းျပဳၾကလိမ့္မည္။
သခၤမင္း၏ မိဖုရားဝိသာခါလည္းေမာင္းမအေပါင္းရွစ္ေသာင္းေလးေထာင္ၿခံရံလ်က္ဧဟိ ဘိကၡဴရဟန္းျပဳၾကလိမ့္မည္။ ျမတ္စြာဘုရားရွင္ ေန႔သန္႔စင္ေသာအခါေနရန္အတြက္ ေျမႀကီးကိုခဲြ၍ ရတနာခုႏွစ္ပါးျဖင့္ျပည့္စံုေသာ(၁၂)ယူဇနာက်ယ္ဝန္းေသာ ေရႊမ႑ပ္ႀကီးေပၚေပါက္လိမ့္မည္။ ေရႊမ႑ပ္အလယ္တြင္ ပတၱျမားပလႅင္ေပၚေပါက္လိမ့္မည္။ ေရႊမ႑ပ္ ပတ္ဝန္းက်င္တြင္ ေရႊအိုး ေငြအိုး ပတၱျမားအိုးမ်ားျဖင့္ ျပည့္စံုေနလိမ့္မည္။ လူလည္းမထြန္း နတ္လည္းမထြန္း ရတနာဆီမီးခြက္ ဆီမီးတိုင္တို႔သည္တေျပာင္ေျပာင္ တလက္လက္ ရွိေနလိမ့္မည္။ ေရႊမ႑ပ္ ေထာင့္ေလးေထာင့္တြင္ အေတာင္သံုးဆယ္ရွိေသာေခါင္းေလာင္းႀကီးမ်ား တဲြလဲစဲြလ်က္ရွိၿပီးေခါင္းေလာင္းသံမ်ားသည္လည္း စၾကာဝဠာတိုက္တစ္ခုလံုးၾကားရလိမ့္မည္။
ဘုရားရွင္၏တန္ခိုးေတာ္ေၾကာင့္ဗိတာန္ပန္းဆိုင္းတုရင္တိုင္ထီးတံခြန္ ဆီမီးတန္ေဆာင္ ရတနာမ႑ပ္ႀကီးသည္ ဘုရားရွင္တရားေဟာရာ ဌာနတိုင္းတြင္ အိမ္တြင္ေဟာမည္ဆိုလွ်င္ အိမ္ေပါက္ဝ ေက်ာင္းတြင္ေဟာမည္ဆိုလွ်င္ ေက်ာင္းေပါက္ဝ ၿမိဳ႕တြင္ေဟာလွ်င္ၿမိဳ႕တြင္ ေဟာေသာေနရာ ေတာတြင္ေဟာလွ်င္ေတာတြင္ေဟာေသာေနရာ အစရွိေသာေနရာတိုင္းတြင္ ေကာင္းကင္ယံမွေန၍အၿမဲတမ္းပရိနိဗၺာန္စံသည့္အခ်ိန္ထိ လိုက္ပါေနလိမ့္မည္။
ရုပ္ျမင္သံၾကား ေမေတၱယ် ျမတ္စြာဘုရား
***************************************
အရိေမေတၱယ် ျမတ္စြာဘုရား တရားေဟာသည့္အခါတြင္ ဘယ္ၿမိဳ႕ ဘယ္ေဒသ ဘယ္အရပ္ ဘယ္ရြာ ဇနပုဒ္။ ဘယ္အိမ္မွပင္ေဟာေဟာ စၾကာဝဠာတိုက္တစ္ေသာင္းလံုး ဘုရားရွင္၏ပံုသ႑ာန္ေတာ္ကိုလည္း ျမင္ရမည္။ ဘုရားရွင္၏တရားေဟာအသံေတာ္ကိုလည္းၾကားေနရမည္။ ထမင္းခ်က္ရင္း အလုပ္လုပ္ရင္း ေက်ာင္းသြားရင္း ဘုရားတရားေဟာလွ်င္ျမင္ေနရမည္။ ၾကားေနရမည္။ မျမင္ခ်င္၍မ်က္စိပိတ္ထား မရ။ မၾကားခ်င္၍နားပိတ္ထား မရ ျဖစ္လိမ့္မည္။ ဘာသာအယူဝါဒ အေနျဖင့္ယွဥ္ၿပိဳင္ဝါဒ ယွဥ္ၿပိဳင္ဘုရားဟူ၍မရွိ။ ဗုဒၶဘာသာတစ္ခုတည္းသာရွိလိမ့္မည္။ ေသဆံုးေသာပုဂၢိဳလ္မ်ားသည္လည္း နိဗၺာန္ နတ္ျပည္ ျဗဟၼာ့ျပည္ စသည္ကို
သာေရာက္ၾကလိမ့္မည္။ ငရဲေရာက္ေသာသူဟူ၍မရွိ အပါယ္ေလးဘံု ငရဲတြင္ေရာက္ၿပီးသား အေဟာင္းမ်ားသာရွိလိမ့္မည္။ ထို႔ေၾကာင့္ယခုကတည္းက ငရဲမက်ရေအာင္ ကုသိုလ္မ်ား
ရႏိုင္သမွ်ရေအာင္ယူ၍ ျပဳလုပ္ထားၾကရမည္။ ငရဲသားအေဟာင္းထဲတြင္ ပါသြားခဲ႔လွ်င္ဘုရားလည္းမဖူးရ ငရဲလည္းက်ရဦးမည္ဆိုလွ်င္ မေကာင္းတကာ့ မေကာင္းဆံုးျဖစ္သြားရေပေတာ့မည္။
ဘုရားရွင္၏ တန္ခိုးေတာ္ေၾကာင့္(၃၁)ဘံုသည္ အကာအရံမရွိ ဖီလာထုတ္ခ်င္းေပါက္ျမင္ရလိမ့္မည္။ အေပၚၾကည့္လွ်င္နတ္သားေအာက္ငံု႔ၾကည့္လွ်င္ ငရဲျပည္တြင္ခံစားေနရေသာငရဲဒုကၡမ်ိဳးစံုကို ျမင္ေတြ႕ေနရမည္။ ထို႔ေၾကာင္႔ ငရဲေရာက္ေၾကာင္းအကုသိုလ္မ်ားမျပဳရဲၾကေတာ့ပါ။
ဆက္ရန္
[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]
Credit to Daw Yusandi
[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၁၂ )
ဘုရားရှင်၏ တန်ခိုးတော်များ
****************************
ဓမ္မစကြာတရားဦး ဟောသည့်အချိန်မှစ၍ လူလည်းမကိုင် နတ်လည်းမကိုင် မီးလည်းမလောင် မိုးရွာ၍လည်းမိုးမစို မြူမှုန့်အမှိုက်သရိုက်များလည်းမတင်သော ရွှေပန်းဆိုင်း ငွေပန်းဆိုင်း သန ္တာပန်းဆိုင်း ပုလဲပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျှက် ရတနာခုနှစ်ပါးဖြင့်ပြည့်စုံပြီး ၁၂ယူဇနာကျယ်ဝန်းသောဗိတာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစ၍ ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါ၍ မျက်နှာကျက်အဖြစ်မိုးကာ၍နေမည်။
အဘယ်ကုသိုလ်ကြောင့်ဆိုသော် အဇိတရဟန်းဘဝတွင် မိထွေးတော် ဂေါတမီလှူဒါန်းသော ရွှေပုဆိုးအဝတ်ကို ဂေါတမမြတ်စွာဘုရားအား မျက်နှာကျက်အဖြစ် လှူဒါန်း၍ဆုတောင်းခဲ့သော ကုသိုလ်ကြောင့်ဖြစ်သည်။ အရိမေတ္တေယျမြတ်စွာဘုရားရှင်သည် နောက်ပါရဟန်း ကုဋေတစ်သိန်းခြံရံလျက်တရားဓမ္မများ ဟောပြောပြသသောအခါတွင် သင်္ခစကြာဝတေးမင်းသည် ရတနာခုနှစ်ပါးဖြင့်ပြီးသော ပြာသာဒ်ကျောင်းဆောင်ကို ဘုရားအမှူးရှိသော သံဃာတော်တို့အားဆောက်လုပ်လှူဒါန်းခြင်း ပစ္စည်းလေးပါးဖြင့် လှူဒါန်းခြင်းတို့ပြီးဆုံးသောအခါ မြတ်စွာဘုရားထံ ချဉ်းကပ်၍ ပရိတ်သတ် ရှစ်သောင်းလေးထောင်ခြံရံလျက် ဧဟိဘိက္ခူ ရဟန်းပြုကြလိမ့်မည်။
သင်္ခမင်း၏ မိဖုရားဝိသာခါလည်းမောင်းမအပေါင်းရှစ်သောင်းလေးထောင်ခြံရံလျက်ဧဟိ ဘိက္ခူရဟန်းပြုကြလိမ့်မည်။ မြတ်စွာဘုရားရှင် နေ့သန့်စင်သောအခါနေရန်အတွက် မြေကြီးကိုခွဲ၍ ရတနာခုနှစ်ပါးဖြင့်ပြည့်စုံသော(၁၂)ယူဇနာကျယ်ဝန်းသော ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မည်။ ရွှေမဏ္ဍပ်အလယ်တွင် ပတ္တမြားပလ္လင်ပေါ်ပေါက်လိမ့်မည်။ ရွှေမဏ္ဍပ် ပတ်ဝန်းကျင်တွင် ရွှေအိုး ငွေအိုး ပတ္တမြားအိုးများဖြင့် ပြည့်စုံနေလိမ့်မည်။ လူလည်းမထွန်း နတ်လည်းမထွန်း ရတနာဆီမီးခွက် ဆီမီးတိုင်တို့သည်တပြောင်ပြောင် တလက်လက် ရှိနေလိမ့်မည်။ ရွှေမဏ္ဍပ် ထောင့်လေးထောင့်တွင် အတောင်သုံးဆယ်ရှိသောခေါင်းလောင်းကြီးများ တွဲလဲစွဲလျက်ရှိပြီးခေါင်းလောင်းသံများသည်လည်း စကြာဝဠာတိုက်တစ်ခုလုံးကြားရလိမ့်မည်။
ဘုရားရှင်၏တန်ခိုးတော်ကြောင့်ဗိတာန်ပန်းဆိုင်းတုရင်တိုင်ထီးတံခွန် ဆီမီးတန်ဆောင် ရတနာမဏ္ဍပ်ကြီးသည် ဘုရားရှင်တရားဟောရာ ဌာနတိုင်းတွင် အိမ်တွင်ဟောမည်ဆိုလျှင် အိမ်ပေါက်ဝ ကျောင်းတွင်ဟောမည်ဆိုလျှင် ကျောင်းပေါက်ဝ မြို့တွင်ဟောလျှင်မြို့တွင် ဟောသောနေရာ တောတွင်ဟောလျှင်တောတွင်ဟောသောနေရာ အစရှိသောနေရာတိုင်းတွင် ကောင်းကင်ယံမှနေ၍အမြဲတမ်းပရိနိဗ္ဗာန်စံသည့်အချိန်ထိ လိုက်ပါနေလိမ့်မည်။
ရုပ်မြင်သံကြား မေတ္တေယျ မြတ်စွာဘုရား
***************************************
အရိမေတ္တေယျ မြတ်စွာဘုရား တရားဟောသည့်အခါတွင် ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာ ဇနပုဒ်။ ဘယ်အိမ်မှပင်ဟောဟော စကြာဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်၏ပုံသဏ္ဍာန်တော်ကိုလည်း မြင်ရမည်။ ဘုရားရှင်၏တရားဟောအသံတော်ကိုလည်းကြားနေရမည်။ ထမင်းချက်ရင်း အလုပ်လုပ်ရင်း ကျောင်းသွားရင်း ဘုရားတရားဟောလျှင်မြင်နေရမည်။ ကြားနေရမည်။ မမြင်ချင်၍မျက်စိပိတ်ထား မရ။ မကြားချင်၍နားပိတ်ထား မရ ဖြစ်လိမ့်မည်။ ဘာသာအယူဝါဒ အနေဖြင့်ယှဉ်ပြိုင်ဝါဒ ယှဉ်ပြိုင်ဘုရားဟူ၍မရှိ။ ဗုဒ္ဓဘာသာတစ်ခုတည်းသာရှိလိမ့်မည်။ သေဆုံးသောပုဂ္ဂိုလ်များသည်လည်း နိဗ္ဗာန် နတ်ပြည် ဗြဟ္မာ့ပြည် စသည်ကို
သာရောက်ကြလိမ့်မည်။ ငရဲရောက်သောသူဟူ၍မရှိ အပါယ်လေးဘုံ ငရဲတွင်ရောက်ပြီးသား အဟောင်းများသာရှိလိမ့်မည်။ ထို့ကြောင့်ယခုကတည်းက ငရဲမကျရအောင် ကုသိုလ်များ
ရနိုင်သမျှရအောင်ယူ၍ ပြုလုပ်ထားကြရမည်။ ငရဲသားအဟောင်းထဲတွင် ပါသွားခဲ့လျှင်ဘုရားလည်းမဖူးရ ငရဲလည်းကျရဦးမည်ဆိုလျှင် မကောင်းတကာ့ မကောင်းဆုံးဖြစ်သွားရပေတော့မည်။
ဘုရားရှင်၏ တန်ခိုးတော်ကြောင့်(၃၁)ဘုံသည် အကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ရလိမ့်မည်။ အပေါ်ကြည့်လျှင်နတ်သားအောက်ငုံ့ကြည့်လျှင် ငရဲပြည်တွင်ခံစားနေရသောငရဲဒုက္ခမျိုးစုံကို မြင်တွေ့နေရမည်။ ထို့ကြောင့် ငရဲရောက်ကြောင်းအကုသိုလ်များမပြုရဲကြတော့ပါ။
ဆက်ရန်
[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]
Credit to Daw Yusandi
No comments:
Post a Comment