Thursday, August 18, 2016
[Zawgyi]
[Unicode]
လူနှင့်တိရစ္ဆာန်ခြားနားဟန်
ဘေးကိုဘေးဟူ၍ မသိတတ်ရှာသေးသော တိရစ္ဆာန်တို့သည် မိမိတစ်ကိုယ်ကောင်းစိတ်ကိုတည်ဆောက်လျက် သူတစ်ပါး တစ်ကိုယ်ကောင်းကိုဖျက်စီးပစ်လေ့ရှိကြ၏။
ဘေးကိုဘေးဟူ၍ သိတတ်သောလူသားတို့သည်ကား မိမိ၏တစ်ကိုယ်ကောင်းကို စွန့်လွှတ်၍ သူတစ်ပါးတစ်ကိုယ်ကောင်းကိုစောင့်ရှောက်ပေးလေ့ရှိကြ၏။
ဤသည်မှာ လူနှင့်တိရစ္ဆာန်တို့၏ ကွာခြားချက်တည်း။
တိရစ္ဆာန်တို့သွားလမ်းသည် ဒုစရိုက်လမ်းဖြစ်ပြီး လူသားစင်စစ်တို့၏ သွားလမ်းကား သုစရိုက်လမး်ဖြစ်၏။ ထို့ကြောင့်လူစိတ်ရှိသော လူသားစင်စစ်ဖြစ်လိုလျှင်
၁။ သူတစ်ပါးတို့အပေါ်၌ ရက်ရောမှု၊ ပေးကမ်းစွန့်ကြဲခြင်း ဒါနဖြင့်မိမိ၏ တစ်ကိုယ်ကောင်းစိတ်ထားကို ဖယ်ရှားပစ်ရမည်။
၂။ သူတစ်ပါးတို့ကို လုယက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် သူကောင်းစားရေးတားမြစ်နေသော တစ်ဖက်သတ်စိတ်ကိုလည်း သီလဖြင့်ဖယ်ရှားပစ်ပေးနေရမည်။
မဟာဗောဓိမြိုင်ဆရာတော်
No comments:
Post a Comment