Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း (၁၀) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း (၁၀))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း (၁၀)

သဗၺညဳတဥာဏ္ ရသည့္အခ်ိန္
*****************************
ညေနခ်မ္းအခ်ိန္ ေရာက္ေသာအခါ ကံ႔ေကာ္ပင္ႏွင့္ မနီးမေဝးတြင္ ရတနာခုႏွစ္ပါးႏွင့္ျပည့္စံု၍ အျမင့္ ( ၆၄ ) ေတာင္ရွိေသာ ေရႊပလႅင္ႀကီး ေပၚေပါက္လိမ့္မည္။ ထိုေရႊပလႅင္ထက္၌ ထက္ဝယ္ဖဲြ႕ေခြ ထိုင္ေနေတာ္မူလွ်က္ အေရွ႕ေလာကဓာတ္ကိုၾကည့္၍ နတ္ပရိတ္သတ္ လူပရိသတ္မ်ားၿခံရံလွ်က္ မာရ္နတ္၏ရန္ကို ေအာင္ျမင္ေတာ္မူလိမ့္မည္။ မာရ္နတ္၏ရန္ကို ေအာင္ျမင္ေတာ္မူၿပီး ညဥ့္ဦးယံတြင္ ပုေဗၺနိဝါသာႏုသတိဥာဏ္ ကိုရလိမ့္မည္။ သန္းေခါင္ယံအခ်ိန္တြင္ဒိဗၺစကၶဳဥာဏ္ကိုရလိမ့္မည္။မိုးေသာက္ယံအခ်ိန္တြင္ အာသဝကၡယဥာဏ္ကိုရရိွၿပီး ေနဝန္းႀကီးေပၚထြက္လာေသာအခ်ိန္တြင္ သစၥာေလးပါးကို သိျမင္၍ သဗၺညဳတဥာဏ္ေတာ္ရရွိမည္။  ေတာထြက္စဥ္က ပါလာေသာပရိတ္သတ္အားလံုး ဧဟိဘိကၡဴရဟန္းျဖစ္၍မဂ္ဖုိလ္ ရၾကလိမ့္မည္။

ဘုရားျဖစ္ရာကံ႔ေကာ္ပင္၏ပမာဏ
********************************
ဘုရားပြင့္ေတာ္မူေသာ ကံ႔ေကာ္ပင္၏ လံုးပတ္သည္ထိုေခာတ္အခါတြင္ရွိေသာလူမ်ား၏ အေတာင္ႏွင့္ အေတာင္ခုႏွစ္ဆယ္ရွိမည္။ အကိုင္းအခက္ကိုးကိုင္း ခက္မကိုးျဖာဟုေခၚသည္။ ကံ႔ေကာ္ပင္၏အနံ႔မ်ားသည္ေလေအာက္သို႔ဆယ္ယူဇနာ ေလအထက္သို႔ဆယ္ယူဇနာ ေမႊးပ်ံ႕ေနလိမ့္မည္။ ကံ႔ေကာ္ပြင့္မ်ားသည္ ႏြားလွည္းဘီးေလာက္ႀကီးလိမ့္မည္။ ဘုရားျဖစ္ေသာေန႔မွစ၍ပြင့္ၾကေသာ ကံ႔ေကာ္ပန္းမ်ားသည္ ဘုရားပရိနိဗၺာန္စံေသာအခ်ိန္ထိ အၿမဲတမ္းလန္းဆန္းေနၿပီး ဘုရားပရိနိဗၺာန္စံေသာအခါေရာက္မွ ေၾကြက်လိမ့္မည္။ ထိုကံ႔ေကာ္ပင္ကို မည္သည့္ငွက္သတၱဝါမွ မနားဝံ႔ၾက။ ျဖတ္ေက်ာ္မပ်ံဝံ႔ၾကပါ။ ကံ႔ေကာ္ပင္နားေရာက္လာေသာ ငွက္ စေသာသတၱဝါတိုင္း ကံ႔ေကာ္ပင္အားလက္ယာရစ္ သံုးပတ္ပတ္ၿပီးမွသြားၾကလိမ့္မည္။

ျဗဟၼာမင္းက တရားေဟာရန္ ေတာင္းပန္ျခင္း
*****************************************
ထိုကံ႔ေကာ္ပင္အနီးအနားမွာပင္သီတင္းသံုးေနေသာအခ်ိန္ ေလးဆယ့္ကိုးရက္ေက်ာ္လြန္ေသာအခါ  ပြင့္ေတာ္မူသြားၾကေသာဘုရားရွင္တိုင္း၏ ထံုးတမ္းစဥ္လာအရ ျဗဟၼာမင္းႀကီး၏ ေလာကဂရုကို ခံယူလိမ့့္မည္။ ေလာကဂရုခံယူပံုမွာ ေရာဂါအမ်ိဳးမ်ိဳး ႏွိပ္စက္ခံေနရေသာ လူနာထံသို႔ ေရာက္လာေသာေဆးဆရာသည္ အဘယ္ကုထံုးအဘယ္ ေဆးနည္းမ်ားျဖင့္ ဤလူနာ၏ အနာေရာဂါကို ေပ်ာက္ၿငိမ္းေအာင္ ကုစားရပါမည္နည္းဟုႀကံစည္၍ေနရသကဲ႔သို႔ ကိေလသာေရာဂါအမ်ိဳးမ်ိဳး လႊမ္းမိုးႏွိပ္စက္ခံေနရေသာ သတၱဝါအေပါင္းတို႔ကို အဘယ္တရားမ်ားျဖင့္ အဘယ္သတၱဝါတို႔ကိုေဟာၾကားရပါမည္နည္းဟု သတၱဝါအမ်ား သစၥာေလးပါးတရားကိုသိျမင္ႏိုင္ေရးကိုႀကံေတြးဆင္ျခင္သည့္ စိတ္အစဥ္ ျဖစ္ေနသည္ကို ေလာကဂရုယူသည္ဟုေခၚပါသည္။
ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi

[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း (၁၀)

သဗ္ဗညုတဉာဏ် ရသည့်အချိန်
*****************************
ညနေချမ်းအချိန် ရောက်သောအခါ ကံ့ကော်ပင်နှင့် မနီးမဝေးတွင် ရတနာခုနှစ်ပါးနှင့်ပြည့်စုံ၍ အမြင့် ( ၆၄ ) တောင်ရှိသော ရွှေပလ္လင်ကြီး ပေါ်ပေါက်လိမ့်မည်။ ထိုရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် အရှေ့လောကဓာတ်ကိုကြည့်၍ နတ်ပရိတ်သတ် လူပရိသတ်များခြံရံလျှက် မာရ်နတ်၏ရန်ကို အောင်မြင်တော်မူလိမ့်မည်။ မာရ်နတ်၏ရန်ကို အောင်မြင်တော်မူပြီး ညဉ့်ဦးယံတွင် ပုဗ္ဗေနိဝါသာနုသတိဉာဏ် ကိုရလိမ့်မည်။ သန်းခေါင်ယံအချိန်တွင်ဒိဗ္ဗစက္ဓုဉာဏ်ကိုရလိမ့်မည်။မိုးသောက်ယံအချိန်တွင် အာသဝက္ခယဉာဏ်ကိုရရှိပြီး နေဝန်းကြီးပေါ်ထွက်လာသောအချိန်တွင် သစ္စာလေးပါးကို သိမြင်၍ သဗ္ဗညုတဉာဏ်တော်ရရှိမည်။  တောထွက်စဉ်က ပါလာသောပရိတ်သတ်အားလုံး ဧဟိဘိက္ခူရဟန်းဖြစ်၍မဂ်ဖိုလ် ရကြလိမ့်မည်။

ဘုရားဖြစ်ရာကံ့ကော်ပင်၏ပမာဏ
********************************
ဘုရားပွင့်တော်မူသော ကံ့ကော်ပင်၏ လုံးပတ်သည်ထိုခောတ်အခါတွင်ရှိသောလူများ၏ အတောင်နှင့် အတောင်ခုနှစ်ဆယ်ရှိမည်။ အကိုင်းအခက်ကိုးကိုင်း ခက်မကိုးဖြာဟုခေါ်သည်။ ကံ့ကော်ပင်၏အနံ့များသည်လေအောက်သို့ဆယ်ယူဇနာ လေအထက်သို့ဆယ်ယူဇနာ မွှေးပျံ့နေလိမ့်မည်။ ကံ့ကော်ပွင့်များသည် နွားလှည်းဘီးလောက်ကြီးလိမ့်မည်။ ဘုရားဖြစ်သောနေ့မှစ၍ပွင့်ကြသော ကံ့ကော်ပန်းများသည် ဘုရားပရိနိဗ္ဗာန်စံသောအချိန်ထိ အမြဲတမ်းလန်းဆန်းနေပြီး ဘုရားပရိနိဗ္ဗာန်စံသောအခါရောက်မှ ကြွေကျလိမ့်မည်။ ထိုကံ့ကော်ပင်ကို မည်သည့်ငှက်သတ္တဝါမှ မနားဝံ့ကြ။ ဖြတ်ကျော်မပျံဝံ့ကြပါ။ ကံ့ကော်ပင်နားရောက်လာသော ငှက် စသောသတ္တဝါတိုင်း ကံ့ကော်ပင်အားလက်ယာရစ် သုံးပတ်ပတ်ပြီးမှသွားကြလိမ့်မည်။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း
*****************************************
ထိုကံ့ကော်ပင်အနီးအနားမှာပင်သီတင်းသုံးနေသောအချိန် လေးဆယ့်ကိုးရက်ကျော်လွန်သောအခါ  ပွင့်တော်မူသွားကြသောဘုရားရှင်တိုင်း၏ ထုံးတမ်းစဉ်လာအရ ဗြဟ္မာမင်းကြီး၏ လောကဂရုကို ခံယူလိမ့့်မည်။ လောကဂရုခံယူပုံမှာ ရောဂါအမျိုးမျိုး နှိပ်စက်ခံနေရသော လူနာထံသို့ ရောက်လာသောဆေးဆရာသည် အဘယ်ကုထုံးအဘယ် ဆေးနည်းများဖြင့် ဤလူနာ၏ အနာရောဂါကို ပျောက်ငြိမ်းအောင် ကုစားရပါမည်နည်းဟုကြံစည်၍နေရသကဲ့သို့ ကိလေသာရောဂါအမျိုးမျိုး လွှမ်းမိုးနှိပ်စက်ခံနေရသော သတ္တဝါအပေါင်းတို့ကို အဘယ်တရားများဖြင့် အဘယ်သတ္တဝါတို့ကိုဟောကြားရပါမည်နည်းဟု သတ္တဝါအများ သစ္စာလေးပါးတရားကိုသိမြင်နိုင်ရေးကိုကြံတွေးဆင်ခြင်သည့် စိတ်အစဉ် ဖြစ်နေသည်ကို လောကဂရုယူသည်ဟုခေါ်ပါသည်။
ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment