Friday, August 19, 2016

အရိယာႏြယ္၀င္ သီၾကားမင္းအား ဟာသလုပ္ျခင္းအျပစ္ (အရိယာနွယ်ဝင် သီကြားမင်းအား ဟာသလုပ်ခြင်းအပြစ်)

[Zawgyi]
အရိယာႏြယ္၀င္ သီၾကားမင္းအား ဟာသလုပ္ျခင္းအျပစ္

ကၽြန္ေတာ္ လြန္ခဲ့တဲ့ရက္အနည္းငယ္က ကာတြန္းေလးတစ္ပုဒ္ ဖတ္လုိက္ရပါတယ္။
သိၾကားမင္းကုိ ဇာတ္ေကာင္ထားၿပီး ဟာသလုပ္ထားတဲ့ တစ္ကြက္ကာတြန္းေလးပါ။
႐ုတ္တရက္ၾကည့္ရင္ ရယ္စရာလုိ႔ထင္ရေပမယ့္ အလြန္ကုိေၾကာက္စရာေကာင္းတဲ့
အျပဳအမူႀကီးပါ။ နား႐ွဳပ္သြားမလားမသိဘူး။
ဒီလုိပါ ၊ “မျဖစ္ဖူးေသာဘ၀ မေတာ္ဖူး
ေသာေဆြမ်ဳိးမ႐ွိ” လုိ႔ဘုရား႐ွင္ကေဟာၾကားထားတာ ႐ွိပါတယ္ ။ ဒီသတၱေလာကမွာ
႐ွိတဲ့ သတၱ၀ါတုိင္းဟာ မျဖစ္ခဲ့ဖူးေသာဘ၀ဟူ၍မရွိပါဘူး။ အနိမ့္ဆုံး ငရဲ ၊ တိရိစာၦန္ မွစ၍ အျမင့္ဆုံးစၾက၀ေတးမင္း အထိတုိင္ေအာင္ အႀကိမ္ေပါင္းမေရတြက္ႏုိင္ေအာင္ျဖစ္
ခဲ့ဖူးပါတယ္။ ပုံသ႑ာန္မ်ဳိးစုံစြာႏွင့္ သံသရာကုိျဖတ္သန္းခဲ့ရသူခ်ည္းပါပဲ။ မျဖစ္ေသး
တာဆုိလုိ႔ အရိယာတုိ႔၏ ဘ၀ပဲ ႐ွိပါေတာ့တယ္။
ယခုမ်က္ေမွာက္ေခတ္ တာ၀တိ ံသာမွာအုပ္ခ်ဳပ္ေနတဲ့သိၾကားမင္းဟာ ဘုရား႐ွင္ရဲ႕
တစ္ခုေသာ တရားတစ္ပုဒ္ အဆုံးမွာ ေသာတာပတၱိဖုိလ္ က်ၿပီး ေသာတာပန္တည္ခဲ့
သူပါ။ လြန္ခဲ့ၿပီးေသာ ဘုရား႐ွင္ရဲ႕သာသနာႏွစ္ (၂၅၅၀)ကုိနတ္တုိ႔၏ သက္တမ္းႏွင့္
တြက္လွ်င္ သိၾကားမင္းေသာတာပန္တည္တာ (၂၅)ရက္ႏွင့္ ေန႔တစ္၀က္ပဲ႐ွိပါေသး
တယ္။ ဒါေၾကာင့္ လက္႐ွိသိၾကားမင္းႀကီးဟာ စာရွဳ႕သူမ်ားႏွင့္ကၽြန္ေတာ္ တုိ႔ဘ၀အ
ဆက္ဆက္ ျဖစ္ခဲ့ေသာ သာမန္ပုထုဇဥ္ သိၾကားမင္းမဟုတ္ပါဘူး။ အရိယာႏြယ္၀င္
တစ္ေယာက္ျဖစ္ပါတယ္။ ယေန႔ ကၽြန္ေတာ္တုိ႔ ျမန္မာျပည္က ကာတြန္းဆရာမ်ားဟာ
သိၾကားမင္းကုိ အေပ်ာ္အပ်က္ဇာတ္ေကာင္ေနရာမွာ ထားၿပီးမၾကာခဏ ေရးဆြဲတတ္
ၾကပါတယ္။ ယခုလုိ သႀကၤန္ခါနဲ႔နီးလာတဲ့အခ်ိန္မွာပုိဆိုးပါတယ္။ သီခ်င္းေရးဆရာမ်ား
ကလည္း အေျပာင္အပ်က္ထည့္ဆုိလုိက္ပါေသးတယ္။ ၾကာလာေတာ့ ထုိအျပဳအမူမ်ား
ဟာ လူငယ္ထုမ်ားအၾကားမွာပ်ံ႕ႏွံ႕လာပါတယ္။ လူႀကီးသူမအခ်ဳိ႕ကလည္းဗဟုသုတ
နည္းပါးျခင္းေၾကာင့္ ဆုိဆုံးမျခင္း မျပဳၾကပါဘူး။ အရိယာကုိပ်က္ရယ္ျပဳေစာ္ကား ျခင္း
ဟာ တစ္ခ်ိန္ တရားအားထုတ္ခဲ့ရင္ မဂ္တား ဖုိလ္တားျဖစ္တတ္ပါတယ္။ ဒါေၾကာင့္
ဘုရား႐ွင္က တရားအားမထုတ္ခင္ အရိယာတုိ႔ကုိ ျပစ္မွားမိခဲ့ေသာ အျပစ္မ်ား႐ွိပါက
ေက်ပါေစေၾကာင္း ေတာင္းပန္ခုိင္းခဲ့တာပါ။ တရားအားထုတ္ၿပီး ယခုတစ္ဘ၀ထဲႏွင့္
ကိစၥျပတ္ရင္ အေၾကာင္းမဟုတ္ပါဘူး။ အရိယာေစာ္ကားခဲ့ေသာအျပစ္ႀကီးႏွင့္ ေသဆုံး
သြားခဲ့ရင္ အပါယ္က်တတ္ပါတယ္။
ကၽြန္ေတာ္ကုိယ္တုိင္လည္း ဗုဒၶရဲ႕တရားမ်ားကိုမနာၾကားခင္က သိၾကားမင္းကုိပ်က္
ရယ္ျပဳဟာသလုပ္ဖူးခဲ့ပါတယ္။ အခုမွ ကုိယ့္ကုိယ္ကုိ ေနာင္တရၿပီးဘုရား႐ိွခုိးတုိင္း
အရိယာကုိေစာ္ကားေသာအျပစ္ မထုိက္ေစေသာငွာ ေတာင္းပန္ေနရပါတယ္။
ဒါေၾကာင့္ ကၽြန္ေတာ္မွားခဲ့သလုိ လူငယ္မ်ားမမွားရေအာင္ ႀကိဳတင္၍အသိေပးအပ္
ပါတယ္ခင္ဗ်ား…….။
Credit MGMG
burmarmaung.blogspot.sg

[Unicode]
အရိယာနွယ်ဝင် သီကြားမင်းအား ဟာသလုပ်ခြင်းအပြစ်

ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်က ကာတွန်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
သိကြားမင်းကို ဇာတ်ကောင်ထားပြီး ဟာသလုပ်ထားတဲ့ တစ်ကွက်ကာတွန်းလေးပါ။
ရုတ်တရက်ကြည့်ရင် ရယ်စရာလို့ထင်ရပေမယ့် အလွန်ကိုကြောက်စရာကောင်းတဲ့
အပြုအမူကြီးပါ။ နားရှုပ်သွားမလားမသိဘူး။
ဒီလိုပါ ၊ “မဖြစ်ဖူးသောဘဝ မတော်ဖူး
သောဆွေမျိုးမရှိ” လို့ဘုရားရှင်ကဟောကြားထားတာ ရှိပါတယ် ။ ဒီသတ္တလောကမှာ
ရှိတဲ့ သတ္တဝါတိုင်းဟာ မဖြစ်ခဲ့ဖူးသောဘဝဟူ၍မရှိပါဘူး။ အနိမ့်ဆုံး ငရဲ ၊ တိရိစ္ဆာန် မှစ၍ အမြင့်ဆုံးစကြဝတေးမင်း အထိတိုင်အောင် အကြိမ်ပေါင်းမရေတွက်နိုင်အောင်ဖြစ်
ခဲ့ဖူးပါတယ်။ ပုံသဏ္ဍာန်မျိုးစုံစွာနှင့် သံသရာကိုဖြတ်သန်းခဲ့ရသူချည်းပါပဲ။ မဖြစ်သေး
တာဆိုလို့ အရိယာတို့၏ ဘဝပဲ ရှိပါတော့တယ်။
ယခုမျက်မှောက်ခေတ် တာဝတိ ံသာမှာအုပ်ချုပ်နေတဲ့သိကြားမင်းဟာ ဘုရားရှင်ရဲ့
တစ်ခုသော တရားတစ်ပုဒ် အဆုံးမှာ သောတာပတ္တိဖိုလ် ကျပြီး သောတာပန်တည်ခဲ့
သူပါ။ လွန်ခဲ့ပြီးသော ဘုရားရှင်ရဲ့သာသနာနှစ် (၂၅၅၀)ကိုနတ်တို့၏ သက်တမ်းနှင့်
တွက်လျှင် သိကြားမင်းသောတာပန်တည်တာ (၂၅)ရက်နှင့် နေ့တစ်ဝက်ပဲရှိပါသေး
တယ်။ ဒါကြောင့် လက်ရှိသိကြားမင်းကြီးဟာ စာရှု့သူများနှင့်ကျွန်တော် တို့ဘဝအ
ဆက်ဆက် ဖြစ်ခဲ့သော သာမန်ပုထုဇဉ် သိကြားမင်းမဟုတ်ပါဘူး။ အရိယာနွယ်ဝင်
တစ်ယောက်ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ မြန်မာပြည်က ကာတွန်းဆရာများဟာ
သိကြားမင်းကို အပျော်အပျက်ဇာတ်ကောင်နေရာမှာ ထားပြီးမကြာခဏ ရေးဆွဲတတ်
ကြပါတယ်။ ယခုလို သင်္ကြန်ခါနဲ့နီးလာတဲ့အချိန်မှာပိုဆိုးပါတယ်။ သီချင်းရေးဆရာများ
ကလည်း အပြောင်အပျက်ထည့်ဆိုလိုက်ပါသေးတယ်။ ကြာလာတော့ ထိုအပြုအမူများ
ဟာ လူငယ်ထုများအကြားမှာပျံ့နှံ့လာပါတယ်။ လူကြီးသူမအချို့ကလည်းဗဟုသုတ
နည်းပါးခြင်းကြောင့် ဆိုဆုံးမခြင်း မပြုကြပါဘူး။ အရိယာကိုပျက်ရယ်ပြုစော်ကား ခြင်း
ဟာ တစ်ချိန် တရားအားထုတ်ခဲ့ရင် မဂ်တား ဖိုလ်တားဖြစ်တတ်ပါတယ်။ ဒါကြောင့်
ဘုရားရှင်က တရားအားမထုတ်ခင် အရိယာတို့ကို ပြစ်မှားမိခဲ့သော အပြစ်များရှိပါက
ကျေပါစေကြောင်း တောင်းပန်ခိုင်းခဲ့တာပါ။ တရားအားထုတ်ပြီး ယခုတစ်ဘဝထဲနှင့်
ကိစ္စပြတ်ရင် အကြောင်းမဟုတ်ပါဘူး။ အရိယာစော်ကားခဲ့သောအပြစ်ကြီးနှင့် သေဆုံး
သွားခဲ့ရင် အပါယ်ကျတတ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓရဲ့တရားများကိုမနာကြားခင်က သိကြားမင်းကိုပျက်
ရယ်ပြုဟာသလုပ်ဖူးခဲ့ပါတယ်။ အခုမှ ကိုယ့်ကိုယ်ကို နောင်တရပြီးဘုရားရှိခိုးတိုင်း
အရိယာကိုစော်ကားသောအပြစ် မထိုက်စေသောငှာ တောင်းပန်နေရပါတယ်။
ဒါကြောင့် ကျွန်တော်မှားခဲ့သလို လူငယ်များမမှားရအောင် ကြိုတင်၍အသိပေးအပ်
ပါတယ်ခင်ဗျား…….။
Credit MGMG
burmarmaung.blogspot.sg

No comments:

Post a Comment