[Zawgyi]
သိၾကား သာသနာ
ႏွစ္ေထာင့္ငါးရာ ေက်ာ္လ်ွင္ "သၾကားသာသနာေရာက္ၿပီ "သာသနာေတာ္ကုိ သၾကားမင္းေစာင့္ေ႐ွာက္လိမ့္မည္ ဟူေသာဝါဒမွာ ေထရဝါဒသာသနာ့ ေရေျမတြင္ မပြင့္လန္းအပ္ေသာ "ဝါဒမွား"သာ ျဖစ္ပါတယ္။
သုတ္ ဝိနည္း အဘိဓမၼာ ဟူေသာ ပိဋကတ္သုံးပုံစလုံးတြင္ ဘုရား႐ွင္က သၾကားမင္းအား သာသနာေတာ္ကုိ ေစာင့္ေ႐ွာက္ရန္ မွာခဲ့သည္ဟူေသာ အခ်က္မွာ လုံးဝ မပါပါ။
ဘုရား႐ွင္သက္ေတာ္ ထင္႐ွား႐ွိစဥ္က ေဒဝဒတ္က ဘုရား႐ွင္အား"အ႐ွင္ဘုရား သက္ေတာ္ႀကီးရင့္ပါၿပီ။ေအးေအးေဆးေဆး ေနေတာ္မူပါ။ သံဃာကုိ တပည့္ေတာ္ အုပ္ခ်ဳပ္ပါမည္ "ဟု ေလ်ွာက္ထားပါတယ္။ ထိုအခါ ျမတ္စြာဘုရားက"သာသနာကုိ သင့္အား မအပ္ႏွ့ံ ။သင့္ကုိသာလ်ွင္မဟုတ္ လက်္ာေတာ္ရံ လက္ဝဲေတာ္ရံေတြျဖစ္ၾကေသာ ႐ွင္သာရိပုတၱရာနဲ႔ ႐ွင္ေမာဂၢလာန္တို႔ကုိပင္ မအပ္ "ဟု မိန္႔ေတာ္မူပါတယ္။
ေနာက္တစ္ခါ ျမတ္စြာဘုရား ပရိနိဗၺာန္ျပဳ့ေတာ္မူခါနီးတြင္လည္း သာသနာေတာ္ကုိ မည္သူ႔အားလြဲအပ္ခဲ့ သည္ ဟု မိန္႔ေတာ္မမူပါ။
"ငါ ဘုရား႐ွင္ကုိယ္စား ဓမၼနဲ႔ ဝိနယ ကုိသာ ခ်န္ထားရစ္ခဲ့ သည္" ဟု မိန္႔ေတာ္မူပါတယ္။
သုိ႔ျဖင့္ သၾကားသာသနာ အယူအဆမွာ ျမတ္ဗုဒၶမေဟာခဲ့သည့္ သာသနာငါးေထာင္အယူဝါဒမွျမစ္ဖ်ားခံလာခဲ့ျခင္းသာ ျဖစ္ပါတယ္။ ေထရဝါဒအယူအဆမဟုတ္။
-မင္းနန္ ေမာ္ကြၽန္း ၏ အယူအျမင္ မွန္ကန္ေရး စာအုပ္ငယ္မွ ကူးယူ မ်ွေဝပါတယ္
Credit to Oo Thaw ေထရဝါဒ သာသနာ မွတ္စု.
========================================================
[Unicode]
သိကြား သာသနာ
နှစ်ထောင့်ငါးရာ ကျော်လျှင် "သကြားသာသနာရောက်ပြီ "သာသနာတော်ကို သကြားမင်းစောင့်ရှောက်လိမ့်မည် ဟူသောဝါဒမှာ ထေရဝါဒသာသနာ့ ရေမြေတွင် မပွင့်လန်းအပ်သော "ဝါဒမှား"သာ ဖြစ်ပါတယ်။
သုတ် ဝိနည်း အဘိဓမ္မာ ဟူသော ပိဋကတ်သုံးပုံစလုံးတွင် ဘုရားရှင်က သကြားမင်းအား သာသနာတော်ကို စောင့်ရှောက်ရန် မှာခဲ့သည်ဟူသော အချက်မှာ လုံးဝ မပါပါ။
ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်က ဒေဝဒတ်က ဘုရားရှင်အား"အရှင်ဘုရား သက်တော်ကြီးရင့်ပါပြီ။အေးအေးဆေးဆေး နေတော်မူပါ။ သံဃာကို တပည့်တော် အုပ်ချုပ်ပါမည် "ဟု လျှောက်ထားပါတယ်။ ထိုအခါ မြတ်စွာဘုရားက"သာသနာကို သင့်အား မအပ်နှ့ံ ။သင့်ကိုသာလျှင်မဟုတ် လကျ်ာတော်ရံ လက်ဝဲတော်ရံတွေဖြစ်ကြသော ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ကိုပင် မအပ် "ဟု မိန့်တော်မူပါတယ်။
နောက်တစ်ခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု့တော်မူခါနီးတွင်လည်း သာသနာတော်ကို မည်သူ့အားလွဲအပ်ခဲ့ သည် ဟု မိန့်တော်မမူပါ။
"ငါ ဘုရားရှင်ကိုယ်စား ဓမ္မနဲ့ ဝိနယ ကိုသာ ချန်ထားရစ်ခဲ့ သည်" ဟု မိန့်တော်မူပါတယ်။
သို့ဖြင့် သကြားသာသနာ အယူအဆမှာ မြတ်ဗုဒ္ဓမဟောခဲ့သည့် သာသနာငါးထောင်အယူဝါဒမှမြစ်ဖျားခံလာခဲ့ခြင်းသာ ဖြစ်ပါတယ်။ ထေရဝါဒအယူအဆမဟုတ်။
-မင်းနန် မော်ကျွန်း ၏ အယူအမြင် မှန်ကန်ရေး စာအုပ်ငယ်မှ ကူးယူ မျှဝေပါတယ်
Credit to Oo Thaw ထေရဝါဒ သာသနာ မှတ်စု.
No comments:
Post a Comment