Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၁၁ ) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၁၁ ))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၁၁ )

သတၱဝါလူသားမ်ားသည္ သာသနာျပင္ပ ဘုရားမပြင့္မီွ ဗာဟိရ ကာလတြင္ဘုရား မပြင့္ေသး၍ တရားမနာရ။ မနာရေသာအခါ မျပစ္ရွိေသာတရား အျပစ္မရွိေသာတရားမ်ား ခဲြျခား၍မသိႏိုင္။ ထို႔ေၾကာင့္ ေနခ်င္သလိုေန သြားခ်င္သလိုသြား စားခ်င္သလိုစား ကာမဂုဏ္အာရံုမ်ားျဖင့္ ေပ်ာ္ပါး၍သာေနသျဖင့္ အနိစၥကို နိစၥဟုထင္။ ဒုကၡကို သုခဟုထင္ အနတၱကို အတၱဟုထင္ အသုဘကို သုဘဟုထင္ေနၾကၿပီးေပ်ာ္ေမြ႕ေနၾကသျဖင့္ တရားေဟာရန္ အလြန္ပင္ခက္ခဲလွ၏။

သတၱဝါအမ်ား နိစၥဟုထင္ေနသည္ကို အနိစၥဟုျမင္ေအာင္ သုခ ဟုျမင္ေနသည္ကို ဒုကၡဟု ျမင္လာေအာင္ အတၱသမားမ်ားကို အနတၱသမားျဖစ္ေအာင္ ေဟာရမည္ျဖစ္ေသာေၾကာင့္ အဘယ္သို႔ေသာနည္းပရိယာယ္မ်ိဳးျဖင့္ အို နာ ေသ မွလြတ္ေျမာက္ေအာင္ အမွန္ကို အမွန္အတိုင္းျမင္လာေအင္ ဘယ္တရားမ်ား ေဟာရပါမည္နည္းဟု ဘုရားျဖစ္ျဖစ္ခ်င္းခ်က္ခ်င္း တရားေဟာရန္ အားမထုတ္ေသးေသာအေနျဖင့္ စိတ္ေတာ္အစဥ္ညႊတ္၍ေနေတာ္မူေသာအခ်ိန္တြင္ ျဗဟၼာမင္းသည္ ျမတ္စြာဘုရား၏ စိတ္အႀကံကိုသိေသာအခါ ျဗဟၼာအေပါင္း တစ္ေသာင္းၿခံရံလွ်က္ ျမတ္စြာဘုရားထံ ေရာက္လာၿပီး ဘုန္းေတာ္ႀကီးေတာ္မူေသာျမတ္စြာဘုရား လူ နတ္ ျဗဟၼာသတၱဝါ အေပါင္းတို႔အား တရားေဟာေတာ္မူပါဘုရား အသိဥာဏ္ပညာ မ်က္စိ၌ ကိေလသာျမဴမႈန္ ကာမဂုဏ္အာရံု နည္းပါးၾက၍ ပါရမီဓာတ္ခံအေျခခံပါေသာ ပုဂၢိဳလ္မ်ားစြာရွိပါသည္ဘုရား ထိုတရားေတာ္ကို သိျမင္နားလည္ႏိုင္ေသာ ပုဂၢိဳလ္မ်ားကို ငဲ႔ညွာသနားေသာအားျဖင့္ တရားေဟာေတာ္မူပါဘုရားဟုေလွ်က္ေသာအခါ ျမတ္စြာဘုရားကလက္ခံေတာ္မူလိုက္သည္။
ျဗဟၼာမင္းေတာင္းပန္မွ တရားေဟာရသည္မွာ ပြင့္ေတာ္မူၿပီးေသာ ဘုရားရွင္တိုင္း၏ဓမၼတာျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ဘုရားမပြင့္မီွ ဗာဟိရ ကာလတြင္ လူဝတ္ေၾကာင္မ်ားရေသ့ ပရိဗိုဇ္ ရဟန္း ပုဏၰားတို႔သည္ ျဗဟၼာမ်ားကိုသာ အေလးဂရုျပဳ၍ကိုးကြယ္ၾကသည္။ တစ္ေလာကလံုးက အေလးအျမတ္ျပဳေသာ ျဗဟၼာႀကီးက ျမတ္စြာဘုရားကို အေလးဂရုျပဳ ညႊတ္တြားကိုင္း ရိႈင္းလာလွ်င္ တစ္ေလာကလံုးပင္ျမတ္စြာဘုရားကိုအေလးဂရုျပဳ ညႊတ္တြားကိုင္းရိႈင္းလာလိမ့္မည္။ ဒါကိုပင္ ေလာကဂရု ယူသည္ဟုေခၚသည္။

ဓမၼစၾကာ တရားဦးေဟာရန္ ၾကြေတာ္မူျခင္း
****************************************
ျဗဟၼာမင္းထံတြင္ တရားေဟာရန္ဝန္ခံၿပီးေသာအခါ ဣသိပတန ဥယ်ာဥ္ေတာသို႔ဓမၼစၾကာ တရားေဟာရန္ၾကြလိမ့္မည္။ ဘုရားရွင္၏ေျခေတာ္အစံုကို ခံအံ႔ေသာငွာ ေျမႀကီးကိုခဲြ၍ အေတာင္သံုးဆယ္ရွိေသာ ၾကာပြင့္ခ်ပ္ႀကီး ႏွစ္ဆယ့္ငါးေတာင္ရွိေသာ ၾကာပြင့္ငယ္မ်ားသည္ ဘုရားရွင္ေျခခ်တိုင္း ခ်တိုင္း ပြင့္ေပးလိမ့္မည္။
လူပရိတ္သတ္(၁၆)ယူဇနာ နတ္ပရိတ္သတ္သည္ စၾကာဝဠာတိုက္ႏွင့္အျပည့္ ျဗဟၼာ့ျပည္အထက္ဆံုး အကနိ႒ဘံုတိုင္ေအာင္ေသာ ပရိတ္သတ္မ်ားကို ထန္းသီးလံုးခန္႔ႀကီးေသာ ေရာင္ျခည္ေတာ္ေျခာက္ပါးလႊတ္၍ ဓမၼစၾကာတရားေဟာေသာအခါတြင္ လူပုဂၢိဳလ္ ကုေဋတစ္သိန္း နတ္ျဗဟၼာမ်ားသည္လည္း ကုေဋတစ္သိန္း ကြ်တ္တန္းဝင္ၾကလိမ့္မည္။

ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi


[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၁၁ )

သတ္တဝါလူသားများသည် သာသနာပြင်ပ ဘုရားမပွင့်မှီ ဗာဟိရ ကာလတွင်ဘုရား မပွင့်သေး၍ တရားမနာရ။ မနာရသောအခါ မပြစ်ရှိသောတရား အပြစ်မရှိသောတရားများ ခွဲခြား၍မသိနိုင်။ ထို့ကြောင့် နေချင်သလိုနေ သွားချင်သလိုသွား စားချင်သလိုစား ကာမဂုဏ်အာရုံများဖြင့် ပျော်ပါး၍သာနေသဖြင့် အနိစ္စကို နိစ္စဟုထင်။ ဒုက္ခကို သုခဟုထင် အနတ္တကို အတ္တဟုထင် အသုဘကို သုဘဟုထင်နေကြပြီးပျော်မွေ့နေကြသဖြင့် တရားဟောရန် အလွန်ပင်ခက်ခဲလှ၏။

သတ္တဝါအများ နိစ္စဟုထင်နေသည်ကို အနိစ္စဟုမြင်အောင် သုခ ဟုမြင်နေသည်ကို ဒုက္ခဟု မြင်လာအောင် အတ္တသမားများကို အနတ္တသမားဖြစ်အောင် ဟောရမည်ဖြစ်သောကြောင့် အဘယ်သို့သောနည်းပရိယာယ်မျိုးဖြင့် အို နာ သေ မှလွတ်မြောက်အောင် အမှန်ကို အမှန်အတိုင်းမြင်လာအေင် ဘယ်တရားများ ဟောရပါမည်နည်းဟု ဘုရားဖြစ်ဖြစ်ချင်းချက်ချင်း တရားဟောရန် အားမထုတ်သေးသောအနေဖြင့် စိတ်တော်အစဉ်ညွှတ်၍နေတော်မူသောအချိန်တွင် ဗြဟ္မာမင်းသည် မြတ်စွာဘုရား၏ စိတ်အကြံကိုသိသောအခါ ဗြဟ္မာအပေါင်း တစ်သောင်းခြံရံလျှက် မြတ်စွာဘုရားထံ ရောက်လာပြီး ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား လူ နတ် ဗြဟ္မာသတ္တဝါ အပေါင်းတို့အား တရားဟောတော်မူပါဘုရား အသိဉာဏ်ပညာ မျက်စိ၌ ကိလေသာမြူမှုန် ကာမဂုဏ်အာရုံ နည်းပါးကြ၍ ပါရမီဓာတ်ခံအခြေခံပါသော ပုဂ္ဂိုလ်များစွာရှိပါသည်ဘုရား ထိုတရားတော်ကို သိမြင်နားလည်နိုင်သော ပုဂ္ဂိုလ်များကို ငဲ့ညှာသနားသောအားဖြင့် တရားဟောတော်မူပါဘုရားဟုလျှေက်သောအခါ မြတ်စွာဘုရားကလက်ခံတော်မူလိုက်သည်။
ဗြဟ္မာမင်းတောင်းပန်မှ တရားဟောရသည်မှာ ပွင့်တော်မူပြီးသော ဘုရားရှင်တိုင်း၏ဓမ္မတာဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားမပွင့်မှီ ဗာဟိရ ကာလတွင် လူဝတ်ကြောင်များရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့သည် ဗြဟ္မာများကိုသာ အလေးဂရုပြု၍ကိုးကွယ်ကြသည်။ တစ်လောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားကို အလေးဂရုပြု ညွှတ်တွားကိုင်း ရှိုင်းလာလျှင် တစ်လောကလုံးပင်မြတ်စွာဘုရားကိုအလေးဂရုပြု ညွှတ်တွားကိုင်းရှိုင်းလာလိမ့်မည်။ ဒါကိုပင် လောကဂရု ယူသည်ဟုခေါ်သည်။

ဓမ္မစကြာ တရားဦးဟောရန် ကြွတော်မူခြင်း
****************************************
ဗြဟ္မာမင်းထံတွင် တရားဟောရန်ဝန်ခံပြီးသောအခါ ဣသိပတန ဥယျာဉ်တောသို့ဓမ္မစကြာ တရားဟောရန်ကြွလိမ့်မည်။ ဘုရားရှင်၏ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွဲ၍ အတောင်သုံးဆယ်ရှိသော ကြာပွင့်ချပ်ကြီး နှစ်ဆယ့်ငါးတောင်ရှိသော ကြာပွင့်ငယ်များသည် ဘုရားရှင်ခြေချတိုင်း ချတိုင်း ပွင့်ပေးလိမ့်မည်။
လူပရိတ်သတ်(၁၆)ယူဇနာ နတ်ပရိတ်သတ်သည် စကြာဝဠာတိုက်နှင့်အပြည့် ဗြဟ္မာ့ပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင်သော ပရိတ်သတ်များကို ထန်းသီးလုံးခန့်ကြီးသော ရောင်ခြည်တော်ခြောက်ပါးလွှတ်၍ ဓမ္မစကြာတရားဟောသောအခါတွင် လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာများသည်လည်း ကုဋေတစ်သိန်း ကျွတ်တန်းဝင်ကြလိမ့်မည်။

ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment