[Zawgyi]
အရိယာစစ္တမ္း
သည္က သည္လို မေျပာဘဲကိုး..။ ဘယ္သူ ေသာတာပန္ျဖစ္တယ္ မေျပာဘူး။ သကဒါဂါမ္ျဖစ္တယ္လို႔ မေျပာဘူး။ ဘယ္သူ အနာဂါမ္ျဖစ္တယ္လို႔ မေျပာဘူး။ ဘယ္သူ ရဟႏၱာျဖစ္တယ္လို႔ မေျပာဘူး။ ဘာလို႔ မေျပာသလဲဆိုေတာ့ မေျပာေကာင္းလို႔ မေျပာတာ။ ျမတ္စြာဘုရားမွတပါး ဘယ္သူမွ ေျပာတာမရွိဘူး။ ျမတ္စြာဘုရားရဲ႕ သာသနာေတာ္မွာ အရွင္သာရိပုတၱရာေတာင္မွ ဘယ္သူဟာ ေသာတာပန္၊ သကဒါဂါမ္ျဖစ္တယ္လို႔ မေျပာဘူး။ အဲဒီေတာ့.. အရွင္သာရိပုတၱရာမွ မေျပာတဲ့ဥစၥာ။ အခုကာလ ေတာ္စြာေလ်ာ္စြာ ပုဂၢိဳလ္ေတြက ေျပာေနၾကတယ္ဆိုရင္ ...သည္ဥစၥာ ေတာ္ေတာ္ခက္တာပဲ..။ ဟုတ္ဖို႔လည္း အေၾကာင္း မရွိပါဘူး..။ တခ်ဳိ႕က သည္ဥစၥာက ျပတ္ျပတ္သားသား ရွိတယ္လို႔ ထင္ေနတယ္။
သည္သာသနာ့ရိပ္သာက တရားအားထုတ္တာကေတာ့ ရႈမွတ္ခိုင္းတာပဲ..။ ဘာမွ မေျပာဘူး..။ မေျပာေကာင္းလို႔ မေျပာရတဲ့ ဥစၥာေတြ..။ ေျပာရင္လည္း တခ်ဳိ႕ပုဂၢိဳလ္ေတြဟာ တရားလည္းပဲ ဘာမွ ဟုတ္မွာ မဟုတ္ေသးပါဘူး..။ နာမ္ရုပ္ေတာင္ ကြဲျပားခ်င္မွ ကြဲျပားမယ္ေပါ့..။ မင္းဥစၥာ နာမရူပပရိေစၦဒဉာဏ္ေတာင္ မျဖစ္ေသးဘူး ေျပာရင္ စိတ္ပ်က္မွာေပါ့...။ ဘာမွ အက်ဳိးရွိမွာ မဟုတ္ဘူး။
တခ်ဳိ႕ေနရာေတြကေတာ့ ဒီဥစၥာေတြ ေျပာတာကိုး..။ ေဝဒနာကေလး အခု ခ်ဳပ္သြားတာနဲ႔ပဲ ေသာတာပန္ ျဖစ္ၿပီလို႔ ေျပာ..။ အသုဘေကာင္ ထင္ျမင္ေနတာနဲ႔လည္းပဲ သကဒါဂါမ္ျဖစ္ၿပီေျပာ..။ ေျပာတာက ကိစၥမရွိဘူး။ "ကိေလသာ ကင္းမွ..။" ကိေလသာ ကင္းဖို႔ရာ အေရးၾကီးပါတယ္..။
အရိယာျဖစ္ဖို႔ရာ ကိေလသာကင္းမွ..။ ကိေလသာေတြက စစ္ေဆးတယ္..။ ေသာတာပန္ဆိုလို႔ရွိရင္ သကၠာယဒိ႒ိ၊ ဝိစိကိစၦာ ကင္းရမယ္။ အပါယ္လားေၾကာင္းျဖစ္တဲ့ အပါယဂမနီယဒုစရိုက္ အကုသိုလ္ကံၾကီးေတြ ကင္းရမယ္။ မကင္းဘူးလား၊ ကင္းသလား ဆင္ျခင္ရမယ္။ မကင္းေသးရင္ မဟုတ္ေသးဘူးလို႔ ဘုန္းၾကီးမ်ားက ရွင္းရွင္းလင္းလင္း ဒီလိုပဲ ေျပာပါတယ္။ အနာဂါမ္ျဖစ္လို႔ရွိရင္လည္း ကာမရာဂ ဗ်ာပါဒေတြကင္းဖို႔၊ ရဟႏၱာျဖစ္ရင္လည္း ကိေလသာေတြ အကုန္ကင္းဖို႔..။ ဒါကေတာ့ အင္မတန္ သိမ္ေမြ႕ေနပါၿပီ။
သည္ေတာ့...ကိေလသာေတြ မကင္းဘဲနဲ႔ အရိယာျဖစ္တယ္ဆိုရင္ သည္ဥစၥာကေတာ့ တန္ဖိုးမရွိတဲ့ နာမည္ေလာက္ အရိယာျဖစ္မွာပဲ..။ သမုတ္ထားတဲ့ အရိယာလို႔ ဆိုရလိမ့္မယ္။ အဲဒါေတြ အေရးၾကီးပါတယ္။
ဝိပသနာဉာဏ္စဥ္ေတြဟာ အစဥ္အတိုင္းျဖစ္ဖို႔ အေရးၾကီးပါတယ္။ ေအာက္ထစ္ဆံုးအားျဖင့္ နာမ္ရုပ္ကို ပိုင္းျခားသိဖို႔ရာ အေရးႀကီးတယ္။ ေနာက္.. ဥဒယဗၺယဉာဏ္နဲ႔ အျဖစ္အပ်က္သိဖို႔ရာ အေရးႀကီးတယ္။ အခုေတာ့ တခ်ဳိ႕က ျဖစ္ပ်က္ဆိုၿပီးေတာ့ ရႈေနတယ္..။ အျဖစ္အပ်က္လည္း ေတြ႕တာမဟုတ္ဘူး..။ ျဖစ္တယ္၊ ပ်က္တယ္ဆိုၿပီးေတာ့ ရႈေနတယ္။ အျဖစ္အပ်က္က ပါးစပ္က ျဖစ္ပ်က္ေနတာပဲ..။ ရုပ္နာမ္အာရံုက ျဖစ္ပ်က္တာ မဟုတ္ဘူး။ ရႈတဲ့စိတ္ကလည္း ျဖစ္ပ်က္တာမဟုတ္ဘူး။ ပါးစပ္က ျဖစ္ပ်က္ေနရံုနဲ႔ေတာ့ ဒါနာမည္ပဲ ရွိမွာပဲ။ နာမပညတ္ေခၚတယ္..။ ဒါမသိတဲ့ပုဂၢိဳလ္ေတြကေတာ့ ျဖစ္ပ်က္ဟာ ဒီလို ေအာက္ေမ့တာကိုး။
ျဖစ္ပ်က္ဆိုေနရံုနဲ႔ကေတာ့ ပရမတ္ မဟုတ္ဘူး။ ဆိုတဲ့အတိုင္း ပရမတ္ျဖစ္ရင္ သူ႔ဥစၥာ လြယ္လြယ္ကေလးေပါ့။ ကိုယ္ကဆိုေနရင္ လြယ္လြယ္ကေလးျဖစ္မွာေပါ့။ ဆိုရံုနဲ႔ မဟုတ္ဘူး။ ဉာဏ္ထဲမွာကို ပရမတ္သေဘာေလး ထင္မွ။ ေဝဒနာဆိုရင္ ခံစားတဲ့သေဘာေလး ထင္မွ။ ဥပမာ နာရင္လည္း နာတဲ့ေဝဒနာေလး..၊ အခိုက္အတန္႔အားျဖင့္ နာတဲ့သေဘာေလး၊ နာတဲ့သေဘာေလး ကိုယ္ထဲတိုးၿပီးေတာ့ ဝင္လာသလို ျဖစ္တာေလး ေတြ႕ရမယ္။ ေပ်ာက္သြားတာေလး ေတြ႕ရမယ္။ ေပၚလာလိုက္၊ ေပ်ာက္သြားလိုက္နဲ႔ .။ ေဝဒနာရဲ႕ အျဖစ္အပ်က္ကို ျမင္တယ္ဆိုတာ နာတယ္၊ နာတယ္ မွတ္ရင္ နာတာေလး ေပၚလာလိုက္။ မွတ္ရင္ ေပ်ာက္သြားလိုက္။ ဒီလိုေတြ႕မွ ပရမတ္ စစ္တယ္။ ဒါ ျဖစ္ပ်က္ေတြ႕တာ..။ဒီလိုမဟုတ္ဘဲ နာတာကို ျဖစ္ပ်က္ျဖစ္ပ်က္ဆိုေနၿပီး ေပၚလာတာလည္း မေတြ႕ဘူး။ ေပ်ာက္သြားတာလည္း မေတြ႕ဘူး။ ဒါကေတာ့ ပါးစပ္ျဖစ္ပ်က္ပဲ..။ ပညတ္ေခၚတယ္။ ပရမတ္မဟုတ္ဘူး။
တခ်ဳိ႕ အနိစၥ..အနိစၥ ဆိုေနျပန္တယ္။ ဒါလည္း ပါးစပ္ အနိစၥပဲ။ တကယ္ျဖစ္ၿပီး ေပ်ာက္သြားတာေလးေတြ႕မွ အနိစၥ တကယ္သိတာ။ တခ်ဳိ႕ ဒုကၡ..ဒုကၡနဲ႔ ႏႈတ္က တတ္ေနတယ္။ ဒါက ညည္းေနတာပဲ။ တကယ္ ဒုကၡလကၡဏာထင္ေနတာ မဟုတ္ဘူး။ ျဖစ္ၿပီးေပ်ာက္သြားတဲ့ သေဘာကေလးကို သိမွ ဝိပႆနာဒုကၡေခၚတယ္။
"ကိုယ္ထဲမွာ အခံခက္လို႔၊ နာလို႔၊ ပင္ပန္းလို႔ ဒုကၡထင္တာမ်ဳိးကေတာ့ ဝိပသနာဒုကၡရယ္လို႔ မဆိုႏိုင္ပါဘူး။" ဝိပသနာမရႈဘဲလည္း နာရင္ နာမွန္း ပကတိအားျဖင့္ သိေနရတာပဲ။ ဝိပသနာဒုကၡအစစ္ကေတာ့ ျဖစ္ေပၚလာၿပီး ပ်က္သြားတဲ့ သေဘာကိုသိမွ..။ ဥဒယဗၺယ ပဋိပိဠန ဒုကၡတဲ့..။ ျဖစ္မႈပ်က္မႈက ႏွိပ္စက္ေနလို႔တဲ့။ ျဖစ္ၿပီးေပ်ာက္သြားလို႔ ဘာမွ ႏွစ္သက္စရာ၊ သာယာစရာ မရွိဘူးလို႔ သိရင္ ဒုကၡထင္တယ္ ေခၚတယ္။ အနတၱဆိုတာလည္းပဲ အနတၱ..အနတၱဆိုရံုနဲ႔ ၿပီးတာမဟုတ္ဘူး။ သူ႕သေဘာအတိုင္း သူျဖစ္သြားတာေလးပဲ..သေဘာတရားမွ်ေလးပဲလို႔ ရႈရင္း သေဘာက်သြားေတာ့မွ အနတၱာႏုပႆနာ ျဖစ္ပါတယ္။
တခ်ဳိ႕တရားအားထုတ္ၾကတယ္..။ ဝိပသနာဉာဏ္ေတြ သူတို႔ဟာသူတို႔ပဲ အဆင့္ဆင့္ တက္ၾကတယ္။ နာမ္နဲ႔ ရုပ္သာရွိတယ္ ႏွလံုးသြင္းၿပီးေတာ့ နာမရူပပရိေစၦဒဉာဏ္လုပ္တာကိုး..။ နာမရူပပရိေစၦဒဉာဏ္ အေတာ္ေက်ၿပီလို႔ ယူဆတဲ့အခါ အေၾကာင္းနဲ႔ အက်ဳိးတရားေတြ ဆင္ျခင္ၿပီး သူ႕ဟာသူ ပစၥယပရိဂၢဟဉာဏ္ေရာက္..။ အေတာ္ကေလးၾကာေတာ့ ေက်နပ္ၿပီဆိုေတာ့.. သမၼသနဉာဏ္..။ အနိစၥ၊ ဒုကၡ၊ အနတၱေတြ သံုးသပ္တဲ့ဉာဏ္..။ သူ႕ဟာသူ သံုးသပ္ရာက ေက်ၿပီဆိုၿပီး ဥဒယဗၺယ အျဖစ္အပ်က္ဆိုၿပီး ႏွလံုးသြင္းတယ္.။ အျဖစ္အပ်က္ဉာဏ္ ေၾကၿပီ ထင္တဲ့အခါ ဘဂၤဉာဏ္အပ်က္ေတြရႈတာ...။ ေတာ္ေတာ္ၾကာေတာ့ ဘယ=ေၾကာက္ဖြယ္ဆိုၿပီးေတာ့ ဆင္ျခင္ၿပီးေတာ့ ရႈ..။ အာဒီနဝ.. အျပစ္ေတြဆင္ျခင္ၿပီးေတာ့ ရႈ..။ နိဗၺိႏၵ ၿငီးေငြ႕ၿပီးေတာ့ ရႈ..၊ မုဥၥိတုကမ်တာ လြတ္ေျမာက္ခ်င္ၿပီးေတာ့ ရႈ..။ ပဋိသခၤါတဲ့.. အနိစၥ ဒုကၡ အနတၱေတြ အထူးျပန္ရႈ..။ သခၤါရုေပကၡာမွာလည္း ရႈပံုေတြ ပါေသးတာကိုး..။ လ်စ္လ်ဴရႈပံုေတြ၊ ႏွလံုးသြင္းပံုေတြ ..။ သည္လို ကိုယ့္ဟာကိုယ္ ဉာဏ္ေတြကို တက္တာကိုး။
ဘယ္က်ေတာ့ ရပ္သြားတုန္းဆိုေတာ့ အရိယာမဂ္ဉာဏ္က်ေတာ့ တက္လို႔ မျဖစ္ဘူး။ သခၤါရုေပကၡာဉာဏ္ေက်ၿပီး သည္တစ္ခါျဖင့္ အႏုေလာမဉာဏ္ကေန မဂ္ဉာဏ္တက္လိုက္မွပဲလို႔ မျဖစ္ေတာ့ဘူး။ ေရွ႕ပိုင္းေတြက ကိစၥမရွိဘူး။ ဝိပသနာဉာဏ္ေတြက တက္ခ်င္တက္၊ က်ခ်င္က်..။ အရိယာမဂ္က တစ္ခါတက္ၿပီးရင္ က်လို႔ မျဖစ္ေတာ့ဘူး။ ေသာတာပတၱိမဂ္ဖိုလ္ေရာက္တယ္ဆိုရင္ျဖင့္ သကၠာယဒိ႒ိ၊ ဝိစိကိစၦာေတြ ကင္းေနရမယ္..။ အနာဂါမိမဂ္ဖိုလ္ေရာက္ရင္လည္းပဲ ကာမ ရာဂါ ဗ်ာပါဒေတြ ကင္းရမယ္။ အရဟတၱမဂ္ဖိုလ္ေရာက္တယ္ဆိုလို႔ရွိရင္ ကိေလသာေတြ အကုန္လံုး ကင္းရမယ္။ ကိုယ္ဟာကိုယ္ လိုက္ေရႊ႕လို႔ ျဖစ္တာမဟုတ္ဘူး။ ေရႊ႕လို႔ရရင္ အလြယ္ကေလးေပါ့..
{မဟာစည္ဆရာေတာ္ႀကီး၏ အာသီဝိေသာပမသုတၱန္တရားေတာ္မွ ထုတ္ႏုတ္ပူေဇာ္ပါသည္}
Original Posted by သေလႅခ ဓမၼ အေတြးအျမင္မ်ား
[Unicode]
အရိယာစစ်တမ်း
သည်က သည်လို မပြောဘဲကိုး..။ ဘယ်သူ သောတာပန်ဖြစ်တယ် မပြောဘူး။ သကဒါဂါမ်ဖြစ်တယ်လို့ မပြောဘူး။ ဘယ်သူ အနာဂါမ်ဖြစ်တယ်လို့ မပြောဘူး။ ဘယ်သူ ရဟန္တာဖြစ်တယ်လို့ မပြောဘူး။ ဘာလို့ မပြောသလဲဆိုတော့ မပြောကောင်းလို့ မပြောတာ။ မြတ်စွာဘုရားမှတပါး ဘယ်သူမှ ပြောတာမရှိဘူး။ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အရှင်သာရိပုတ္တရာတောင်မှ ဘယ်သူဟာ သောတာပန်၊ သကဒါဂါမ်ဖြစ်တယ်လို့ မပြောဘူး။ အဲဒီတော့.. အရှင်သာရိပုတ္တရာမှ မပြောတဲ့ဥစ္စာ။ အခုကာလ တော်စွာလျော်စွာ ပုဂ္ဂိုလ်တွေက ပြောနေကြတယ်ဆိုရင် ...သည်ဥစ္စာ တော်တော်ခက်တာပဲ..။ ဟုတ်ဖို့လည်း အကြောင်း မရှိပါဘူး..။ တချို့က သည်ဥစ္စာက ပြတ်ပြတ်သားသား ရှိတယ်လို့ ထင်နေတယ်။
သည်သာသနာ့ရိပ်သာက တရားအားထုတ်တာကတော့ ရှုမှတ်ခိုင်းတာပဲ..။ ဘာမှ မပြောဘူး..။ မပြောကောင်းလို့ မပြောရတဲ့ ဥစ္စာတွေ..။ ပြောရင်လည်း တချို့ပုဂ္ဂိုလ်တွေဟာ တရားလည်းပဲ ဘာမှ ဟုတ်မှာ မဟုတ်သေးပါဘူး..။ နာမ်ရုပ်တောင် ကွဲပြားချင်မှ ကွဲပြားမယ်ပေါ့..။ မင်းဥစ္စာ နာမရူပပရိစ္ဆေဒဉာဏ်တောင် မဖြစ်သေးဘူး ပြောရင် စိတ်ပျက်မှာပေါ့...။ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။
တချို့နေရာတွေကတော့ ဒီဥစ္စာတွေ ပြောတာကိုး..။ ဝေဒနာကလေး အခု ချုပ်သွားတာနဲ့ပဲ သောတာပန် ဖြစ်ပြီလို့ ပြော..။ အသုဘကောင် ထင်မြင်နေတာနဲ့လည်းပဲ သကဒါဂါမ်ဖြစ်ပြီပြော..။ ပြောတာက ကိစ္စမရှိဘူး။ "ကိလေသာ ကင်းမှ..။" ကိလေသာ ကင်းဖို့ရာ အရေးကြီးပါတယ်..။
အရိယာဖြစ်ဖို့ရာ ကိလေသာကင်းမှ..။ ကိလေသာတွေက စစ်ဆေးတယ်..။ သောတာပန်ဆိုလို့ရှိရင် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းရမယ်။ အပါယ်လားကြောင်းဖြစ်တဲ့ အပါယဂမနီယဒုစရိုက် အကုသိုလ်ကံကြီးတွေ ကင်းရမယ်။ မကင်းဘူးလား၊ ကင်းသလား ဆင်ခြင်ရမယ်။ မကင်းသေးရင် မဟုတ်သေးဘူးလို့ ဘုန်းကြီးများက ရှင်းရှင်းလင်းလင်း ဒီလိုပဲ ပြောပါတယ်။ အနာဂါမ်ဖြစ်လို့ရှိရင်လည်း ကာမရာဂ ဗျာပါဒတွေကင်းဖို့၊ ရဟန္တာဖြစ်ရင်လည်း ကိလေသာတွေ အကုန်ကင်းဖို့..။ ဒါကတော့ အင်မတန် သိမ်မွေ့နေပါပြီ။
သည်တော့...ကိလေသာတွေ မကင်းဘဲနဲ့ အရိယာဖြစ်တယ်ဆိုရင် သည်ဥစ္စာကတော့ တန်ဖိုးမရှိတဲ့ နာမည်လောက် အရိယာဖြစ်မှာပဲ..။ သမုတ်ထားတဲ့ အရိယာလို့ ဆိုရလိမ့်မယ်။ အဲဒါတွေ အရေးကြီးပါတယ်။
ဝိပသနာဉာဏ်စဉ်တွေဟာ အစဉ်အတိုင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အောက်ထစ်ဆုံးအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားသိဖို့ရာ အရေးကြီးတယ်။ နောက်.. ဥဒယဗ္ဗယဉာဏ်နဲ့ အဖြစ်အပျက်သိဖို့ရာ အရေးကြီးတယ်။ အခုတော့ တချို့က ဖြစ်ပျက်ဆိုပြီးတော့ ရှုနေတယ်..။ အဖြစ်အပျက်လည်း တွေ့တာမဟုတ်ဘူး..။ ဖြစ်တယ်၊ ပျက်တယ်ဆိုပြီးတော့ ရှုနေတယ်။ အဖြစ်အပျက်က ပါးစပ်က ဖြစ်ပျက်နေတာပဲ..။ ရုပ်နာမ်အာရုံက ဖြစ်ပျက်တာ မဟုတ်ဘူး။ ရှုတဲ့စိတ်ကလည်း ဖြစ်ပျက်တာမဟုတ်ဘူး။ ပါးစပ်က ဖြစ်ပျက်နေရုံနဲ့တော့ ဒါနာမည်ပဲ ရှိမှာပဲ။ နာမပညတ်ခေါ်တယ်..။ ဒါမသိတဲ့ပုဂ္ဂိုလ်တွေကတော့ ဖြစ်ပျက်ဟာ ဒီလို အောက်မေ့တာကိုး။
ဖြစ်ပျက်ဆိုနေရုံနဲ့ကတော့ ပရမတ် မဟုတ်ဘူး။ ဆိုတဲ့အတိုင်း ပရမတ်ဖြစ်ရင် သူ့ဥစ္စာ လွယ်လွယ်ကလေးပေါ့။ ကိုယ်ကဆိုနေရင် လွယ်လွယ်ကလေးဖြစ်မှာပေါ့။ ဆိုရုံနဲ့ မဟုတ်ဘူး။ ဉာဏ်ထဲမှာကို ပရမတ်သဘောလေး ထင်မှ။ ဝေဒနာဆိုရင် ခံစားတဲ့သဘောလေး ထင်မှ။ ဥပမာ နာရင်လည်း နာတဲ့ဝေဒနာလေး..၊ အခိုက်အတန့်အားဖြင့် နာတဲ့သဘောလေး၊ နာတဲ့သဘောလေး ကိုယ်ထဲတိုးပြီးတော့ ဝင်လာသလို ဖြစ်တာလေး တွေ့ရမယ်။ ပျောက်သွားတာလေး တွေ့ရမယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ .။ ဝေဒနာရဲ့ အဖြစ်အပျက်ကို မြင်တယ်ဆိုတာ နာတယ်၊ နာတယ် မှတ်ရင် နာတာလေး ပေါ်လာလိုက်။ မှတ်ရင် ပျောက်သွားလိုက်။ ဒီလိုတွေ့မှ ပရမတ် စစ်တယ်။ ဒါ ဖြစ်ပျက်တွေ့တာ..။ဒီလိုမဟုတ်ဘဲ နာတာကို ဖြစ်ပျက်ဖြစ်ပျက်ဆိုနေပြီး ပေါ်လာတာလည်း မတွေ့ဘူး။ ပျောက်သွားတာလည်း မတွေ့ဘူး။ ဒါကတော့ ပါးစပ်ဖြစ်ပျက်ပဲ..။ ပညတ်ခေါ်တယ်။ ပရမတ်မဟုတ်ဘူး။
တချို့ အနိစ္စ..အနိစ္စ ဆိုနေပြန်တယ်။ ဒါလည်း ပါးစပ် အနိစ္စပဲ။ တကယ်ဖြစ်ပြီး ပျောက်သွားတာလေးတွေ့မှ အနိစ္စ တကယ်သိတာ။ တချို့ ဒုက္ခ..ဒုက္ခနဲ့ နှုတ်က တတ်နေတယ်။ ဒါက ညည်းနေတာပဲ။ တကယ် ဒုက္ခလက္ခဏာထင်နေတာ မဟုတ်ဘူး။ ဖြစ်ပြီးပျောက်သွားတဲ့ သဘောကလေးကို သိမှ ဝိပဿနာဒုက္ခခေါ်တယ်။
"ကိုယ်ထဲမှာ အခံခက်လို့၊ နာလို့၊ ပင်ပန်းလို့ ဒုက္ခထင်တာမျိုးကတော့ ဝိပသနာဒုက္ခရယ်လို့ မဆိုနိုင်ပါဘူး။" ဝိပသနာမရှုဘဲလည်း နာရင် နာမှန်း ပကတိအားဖြင့် သိနေရတာပဲ။ ဝိပသနာဒုက္ခအစစ်ကတော့ ဖြစ်ပေါ်လာပြီး ပျက်သွားတဲ့ သဘောကိုသိမှ..။ ဥဒယဗ္ဗယ ပဋိပိဠန ဒုက္ခတဲ့..။ ဖြစ်မှုပျက်မှုက နှိပ်စက်နေလို့တဲ့။ ဖြစ်ပြီးပျောက်သွားလို့ ဘာမှ နှစ်သက်စရာ၊ သာယာစရာ မရှိဘူးလို့ သိရင် ဒုက္ခထင်တယ် ခေါ်တယ်။ အနတ္တဆိုတာလည်းပဲ အနတ္တ..အနတ္တဆိုရုံနဲ့ ပြီးတာမဟုတ်ဘူး။ သူ့သဘောအတိုင်း သူဖြစ်သွားတာလေးပဲ..သဘောတရားမျှလေးပဲလို့ ရှုရင်း သဘောကျသွားတော့မှ အနတ္တာနုပဿနာ ဖြစ်ပါတယ်။
တချို့တရားအားထုတ်ကြတယ်..။ ဝိပသနာဉာဏ်တွေ သူတို့ဟာသူတို့ပဲ အဆင့်ဆင့် တက်ကြတယ်။ နာမ်နဲ့ ရုပ်သာရှိတယ် နှလုံးသွင်းပြီးတော့ နာမရူပပရိစ္ဆေဒဉာဏ်လုပ်တာကိုး..။ နာမရူပပရိစ္ဆေဒဉာဏ် အတော်ကျေပြီလို့ ယူဆတဲ့အခါ အကြောင်းနဲ့ အကျိုးတရားတွေ ဆင်ခြင်ပြီး သူ့ဟာသူ ပစ္စယပရိဂ္ဂဟဉာဏ်ရောက်..။ အတော်ကလေးကြာတော့ ကျေနပ်ပြီဆိုတော့.. သမ္မသနဉာဏ်..။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ သုံးသပ်တဲ့ဉာဏ်..။ သူ့ဟာသူ သုံးသပ်ရာက ကျေပြီဆိုပြီး ဥဒယဗ္ဗယ အဖြစ်အပျက်ဆိုပြီး နှလုံးသွင်းတယ်.။ အဖြစ်အပျက်ဉာဏ် ကြေပြီ ထင်တဲ့အခါ ဘင်္ဂဉာဏ်အပျက်တွေရှုတာ...။ တော်တော်ကြာတော့ ဘယ=ကြောက်ဖွယ်ဆိုပြီးတော့ ဆင်ခြင်ပြီးတော့ ရှု..။ အာဒီနဝ.. အပြစ်တွေဆင်ခြင်ပြီးတော့ ရှု..။ နိဗ္ဗိန္ဒ ငြီးငွေ့ပြီးတော့ ရှု..၊ မုဥ္စိတုကမျတာ လွတ်မြောက်ချင်ပြီးတော့ ရှု..။ ပဋိသင်္ခါတဲ့.. အနိစ္စ ဒုက္ခ အနတ္တတွေ အထူးပြန်ရှု..။ သင်္ခါရုပေက္ခာမှာလည်း ရှုပုံတွေ ပါသေးတာကိုး..။ လျစ်လျူရှုပုံတွေ၊ နှလုံးသွင်းပုံတွေ ..။ သည်လို ကိုယ့်ဟာကိုယ် ဉာဏ်တွေကို တက်တာကိုး။
ဘယ်ကျတော့ ရပ်သွားတုန်းဆိုတော့ အရိယာမဂ်ဉာဏ်ကျတော့ တက်လို့ မဖြစ်ဘူး။ သင်္ခါရုပေက္ခာဉာဏ်ကျေပြီး သည်တစ်ခါဖြင့် အနုလောမဉာဏ်ကနေ မဂ်ဉာဏ်တက်လိုက်မှပဲလို့ မဖြစ်တော့ဘူး။ ရှေ့ပိုင်းတွေက ကိစ္စမရှိဘူး။ ဝိပသနာဉာဏ်တွေက တက်ချင်တက်၊ ကျချင်ကျ..။ အရိယာမဂ်က တစ်ခါတက်ပြီးရင် ကျလို့ မဖြစ်တော့ဘူး။ သောတာပတ္တိမဂ်ဖိုလ်ရောက်တယ်ဆိုရင်ဖြင့် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာတွေ ကင်းနေရမယ်..။ အနာဂါမိမဂ်ဖိုလ်ရောက်ရင်လည်းပဲ ကာမ ရာဂါ ဗျာပါဒတွေ ကင်းရမယ်။ အရဟတ္တမဂ်ဖိုလ်ရောက်တယ်ဆိုလို့ရှိရင် ကိလေသာတွေ အကုန်လုံး ကင်းရမယ်။ ကိုယ်ဟာကိုယ် လိုက်ရွှေ့လို့ ဖြစ်တာမဟုတ်ဘူး။ ရွှေ့လို့ရရင် အလွယ်ကလေးပေါ့..
{မဟာစည်ဆရာတော်ကြီး၏ အာသီဝိသောပမသုတ္တန်တရားတော်မှ ထုတ်နုတ်ပူဇော်ပါသည်}
Original Posted by သလ္လေခ ဓမ္မ အတွေးအမြင်များ
No comments:
Post a Comment