[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅)
လက္သန္း အ႒ကထာျဖစ္တဲ့ သၿဂိဳဟၤ္က်မ္းသည္ အဘိဓမၼာ (၇)က်မ္းမွာ ျပခဲ့ေသာ တရားအားလုံးကို အပိုင္းလိုက္ စီစဥ္တက်ျပေပးခဲ့ေသာေၾကာင့္ ေသခ်ာစြာေလ့လာသူမ်ားအေနျဖင့္ အဘိဓမၼာကို အလြယ္တကူ နားလည္နိုင္မည္ျဖစ္သည္။ အဘိဓမၼာကို ေလ့လာသင္ယူနာၾကားျခင္းအားျဖင့္ ရရွိနိုင္ေသာ အက်ိဳးေက်းဇူးမ်ားမွာ-
၁။ ခက္ခဲ နက္နဲေသာ ပရမတၱတရားမ်ားကို သိခြင့္ရျခင္း
၂။ ဗုဒၶဝါဒကို အျပည့္အစုံနားလည္လာျခင္း (ဗုဒၶဘာသာ အမည္ခံယူ႐ုံမွ်ျဖင့္ ကုသိုလ္ေကာင္းမႈအက်ိဳးျပည့္စုံသူ တစ္ဦး မျဖစ္နိုင္၊ သိေအာင္လုပ္ၿပီး က်င့္သုံးမွသာ ျပည့္စုံသူတစ္ေယာက္ျဖစ္နိုင္သည္ကို တိက်စြာသိျခင္း)
၃။ ကုသိုလ္ အကုသိုလ္တို႔၏ သေဘာကို ျပည့္စုံစြာ နားလည္သေဘာေပါက္၍ မိမိဘဝကို ပိုင္နိုင္စြာ အသုံးခ်နိဳင္ျခင္း
၄။ ခႏၶာ ငါးပါးအေၾကာင္း အျပည့္အစုံကို နားလည္ၿပီး ခႏၶာဉာဏ္ေရာက္ တရားအားထုတ္ရာ၌ မ်ားစြာေက်းဇူးျပဳျခင္း
၅။ အျမင့္ျမတ္ဆုံး ပညာပါရမီ ကုသိုလ္ရရွိ၍ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ နိဗၺာန္ကို လွ်င္ျမန္စြာ မ်က္ေမွာက္ျပဳနိုင္ျခင္း စသည့္ အက်ိဳးမ်ားပင္ျဖစ္ပါသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဉာဏဝရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅)
လက်သန်း အဋ္ဌကထာဖြစ်တဲ့ သဂြိုၤဟ်ကျမ်းသည် အဘိဓမ္မာ (၇)ကျမ်းမှာ ပြခဲ့သော တရားအားလုံးကို အပိုင်းလိုက် စီစဉ်တကျပြပေးခဲ့သောကြောင့် သေချာစွာလေ့လာသူများအနေဖြင့် အဘိဓမ္မာကို အလွယ်တကူ နားလည်နိုင်မည်ဖြစ်သည်။ အဘိဓမ္မာကို လေ့လာသင်ယူနာကြားခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ-
၁။ ခက်ခဲ နက်နဲသော ပရမတ္တတရားများကို သိခွင့်ရခြင်း
၂။ ဗုဒ္ဓဝါဒကို အပြည့်အစုံနားလည်လာခြင်း (ဗုဒ္ဓဘာသာ အမည်ခံယူရုံမျှဖြင့် ကုသိုလ်ကောင်းမှုအကျိုးပြည့်စုံသူ တစ်ဦး မဖြစ်နိုင်၊ သိအောင်လုပ်ပြီး ကျင့်သုံးမှသာ ပြည့်စုံသူတစ်ယောက်ဖြစ်နိုင်သည်ကို တိကျစွာသိခြင်း)
၃။ ကုသိုလ် အကုသိုလ်တို့၏ သဘောကို ပြည့်စုံစွာ နားလည်သဘောပေါက်၍ မိမိဘဝကို ပိုင်နိုင်စွာ အသုံးချနိုင်ခြင်း
၄။ ခန္ဓာ ငါးပါးအကြောင်း အပြည့်အစုံကို နားလည်ပြီး ခန္ဓာဉာဏ်ရောက် တရားအားထုတ်ရာ၌ များစွာကျေးဇူးပြုခြင်း
၅။ အမြင့်မြတ်ဆုံး ပညာပါရမီ ကုသိုလ်ရရှိ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ခြင်း စသည့် အကျိုးများပင်ဖြစ်ပါသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ
No comments:
Post a Comment