ခ်စ္ေသာသူမ်ား ဖတ္ဖို႕
--------------------
ဗုဒၶေဒသနာက လြန္စြာသိမ့္ေမြ႕လွပါတယ္။သိမ္ေမြ႔လွေသာေၾကာင့္လည္း သာမန္မ်က္စိျဖင့္ ေဒသနာ၏ ဆိုလုိရင္းကုိ မျမင္နိဳင္ျခင္းျဖစ္ပါတယ္။
တရားနာတယ္ဟု ေျပာတယ္။တရား ဘာေၾကာင့္နာသလဲဆိုလ်ွင္ က်င့္ရေအာင္ နာရျခင္းျဖစ္ပါတယ္။ ယခုကား တရားက်င့္တဲ႔ဆီထိ မေရာက္။ နာတဲ႕ေနရာမွာ တန္းလန္းရပ္ပါတယ္။ တခ်ိဳ႕ကနာတဲ႕ေနရာမွာ တင္ ေမ့ျပန္တယ္။
တရားက်င့္တယ္ဟု ေျပာတယ္။ ဆယ္ရက္စခန္း /ငါးရက္ စခန္း ဝင္တယ္။ ထို စခန္းဝင္ရက္တြင္ တရားက်င့္တယ္။ အိမ္ျပန္ေရာက္ေတာ့တရား ပါမလာေတာ့။ တရားက်င့္ျခင္းကုိေနစဥ္ လူေနမႈဘဝထဲထိ က်င့္သုံးရေကာင္းမွန္းမသိ။ စခန္းဝင္ရက္မွာပဲ တရားက်င့္ရသည္ ဟု ယူဆေတြးထင္တယ္။
တရား ေဟာေနတယ္ ဟု ေျပာတယ္။သံရွည္ဆြဲေဟာမွ ပါဠိပါတ္သား ေျပာမွ တရားေဟာတယ္ဟု သတ္မွတ္တယ္။ ပညာတတ္ျခင္းကုိဘြဲ႕ရျခင္းနဲ႕ တိုင္းတာျပီး ဘြဲ႔ရသူ ဂုဏ္ၾကီးသူ ေဟာမွ တရားေဟာျခင္းဟု လက္ခံတယ္။ စင္စစ္က တရားေဟာျခင္းဟူသည္ ျမတ္ဗုဒၶ၏ သူေတာ္ေကာင္းလမ္းစဥ္ကုိ တဖက္လူ နားလည္ေအာင္ ေျပာျပျခင္းပင္ျဖစ္ပါတယ္။ ထိုထက္ စြမ္းလ်ွင္ က်င့္သုံးခ်င္လာေအာင္ ေျပာျပျခင္း ပင္ျဖစ္ပါတယ္။
အလွဴၾကီး လွဴတယ္ဟု ေျပာတယ္။အလွဴ အၾကီးအေသးကုိ ေငြကုန္မ်ားျခင္း နဲျခင္းနဲ႕တိုင္းတာ ေျပာၾကတယ္။ျမတ္ဗုဒၶ ေဟာျပခ်က္က အလွဴအၾကီးအေသးကုိ ေစတနာအနဲအမ်ားနဲ႕ တိုင္းတာျခင္းသာ ျဖစ္တယ္။ ျပီးေတာ့ အလွဴရဲ႕ ပဓာနအခ်က္က မရွိေသာသူကုိ ေပးျခင္းျဖစ္တယ္။(အလွဴခံ ပုဂၢိဳလ္ တစ္က်ိတ္ေလးေယာက္ မွာ ၾကည့္ပါ) ထိုသုိ႔ မရွိေသာသူကုိ ေပးျခင္းသာပဓာနျပဳ႕သည့္ အလွဴမွာ ဝတ္ေကာင္းစားလွ စားနိဳင္ေသာက္နိဳင္သူကုိ အဓိက ေကြ်းျပီး မြဲေျခာက္နဳံျခာ ငတ္မြတ္ရွာသူကုိ ႏွင္ထုတ္တယ္။
တမလြန္အတြက္ ရိပ္ခါထုပ္တယ္ ဟုေျပာျပီးေကာင္းမႈျပဳ႕တယ္။အကယ္၍သာ တမလြန္မရွိပါက ထိုသူဟာ ေကာင္းမႈ ျပဳ႕ျဖစ္ပါအုံးမလား စဥ္းစားၾကည့္ပါ။ ျမတ္ဗုဒၶရဲ႕ တရားကုိ တမလြန္ခရီးအတြက္သာထင္မွတ္၍ လက္ရွိပစၥဳပၸန္ဘဝအတြက္ က်င့္သုံးရေကာင္းမွန္းမသိ။အခုက်င့္ အခုအက်ိဳးေပးေသာ (အကာလိက)တရားကုိ တမလြန္အတြက္ရိကၡာ ဟု ေတြးထင္ျပီး အခုအခ်ိန္မွာ ထင္ရာလုပ္၍ေသခါနီးျပီဆိုမွ ဘဝကူးေကာင္းေအာင္ ကုသုိလ္ျပဳ႕ၾကတယ္။
ေသရင္ ကုိယ့္ေနာက္ဘာမွ မပါဘူး ေျပာတယ္။ ထိုသုိ႔ေျပာျပီး ကုသုိလ္အမႈကုိ မ်က္စိႏွစ္ဖက္နဲ႕လုပ္လ်ွင္ ေတာ္ေသး၏။ အခုဟာ ေသရင္ကုိယ့္ေနာက္မပါဘူး ေျပာျပီး ကုိယ့္သားသမီးကုိယ့္မ်ိဳးဆက္အတြက္ မငဲ႔ပဲ အတၲဆန္စြာကုိယ္ကုသုိလ္ရဖို႔ ပစၥည္းဥစၥာေတြ ကုိ အဆင္ျခင္မဲစြာ လွဴပစ္တယ္။(ကုိလုိနီေခာတ္က အလွဴလွဴ ၾကတာ လယ္ေျမေတြ ခ်စ္တီးလက္ထဲ အေရာက္ခံျပီး လွဴဖူးပါသတဲ႕) ဒီလုိ ကုိယ့္ေနာက္ပါေအာင္ အကုန္ယူရမယ္ ဆိုျပီး ေရွ႕ေနာက္မစဥ္းစားပဲ လွဴျခင္းသည္ ဗုဒၶေဒသနာ ႏွင့္ ဆီေလ်ာ္မႈ မရွိပါ။ (ပစၥည္းဥစၥာ ေလးပုံ ပုံ တစ္ပုံလွဴ )
ေမတၲာ မ်ားစြာျဖင့္
Oo Thaw
========================================================
[Unicode]
ချစ်သောသူများ ဖတ်ဖို့
--------------------
ဗုဒ္ဓဒေသနာက လွန်စွာသိမ့်မွေ့လှပါတယ်။သိမ်မွေ့လှသောကြောင့်လည်း သာမန်မျက်စိဖြင့် ဒေသနာ၏ ဆိုလိုရင်းကို မမြင်နိုင်ခြင်းဖြစ်ပါတယ်။
တရားနာတယ်ဟု ပြောတယ်။တရား ဘာကြောင့်နာသလဲဆိုလျှင် ကျင့်ရအောင် နာရခြင်းဖြစ်ပါတယ်။ ယခုကား တရားကျင့်တဲ့ဆီထိ မရောက်။ နာတဲ့နေရာမှာ တန်းလန်းရပ်ပါတယ်။ တချို့ကနာတဲ့နေရာမှာ တင် မေ့ပြန်တယ်။
တရားကျင့်တယ်ဟု ပြောတယ်။ ဆယ်ရက်စခန်း /ငါးရက် စခန်း ဝင်တယ်။ ထို စခန်းဝင်ရက်တွင် တရားကျင့်တယ်။ အိမ်ပြန်ရောက်တော့တရား ပါမလာတော့။ တရားကျင့်ခြင်းကိုနေစဉ် လူနေမှုဘဝထဲထိ ကျင့်သုံးရကောင်းမှန်းမသိ။ စခန်းဝင်ရက်မှာပဲ တရားကျင့်ရသည် ဟု ယူဆတွေးထင်တယ်။
တရား ဟောနေတယ် ဟု ပြောတယ်။သံရှည်ဆွဲဟောမှ ပါဠိပါတ်သား ပြောမှ တရားဟောတယ်ဟု သတ်မှတ်တယ်။ ပညာတတ်ခြင်းကိုဘွဲ့ရခြင်းနဲ့ တိုင်းတာပြီး ဘွဲ့ရသူ ဂုဏ်ကြီးသူ ဟောမှ တရားဟောခြင်းဟု လက်ခံတယ်။ စင်စစ်က တရားဟောခြင်းဟူသည် မြတ်ဗုဒ္ဓ၏ သူတော်ကောင်းလမ်းစဉ်ကို တဖက်လူ နားလည်အောင် ပြောပြခြင်းပင်ဖြစ်ပါတယ်။ ထိုထက် စွမ်းလျှင် ကျင့်သုံးချင်လာအောင် ပြောပြခြင်း ပင်ဖြစ်ပါတယ်။
အလှူကြီး လှူတယ်ဟု ပြောတယ်။အလှူ အကြီးအသေးကို ငွေကုန်များခြင်း နဲခြင်းနဲ့တိုင်းတာ ပြောကြတယ်။မြတ်ဗုဒ္ဓ ဟောပြချက်က အလှူအကြီးအသေးကို စေတနာအနဲအများနဲ့ တိုင်းတာခြင်းသာ ဖြစ်တယ်။ ပြီးတော့ အလှူရဲ့ ပဓာနအချက်က မရှိသောသူကို ပေးခြင်းဖြစ်တယ်။(အလှူခံ ပုဂ္ဂိုလ် တစ်ကျိတ်လေးယောက် မှာ ကြည့်ပါ) ထိုသို့ မရှိသောသူကို ပေးခြင်းသာပဓာနပြု့သည့် အလှူမှာ ဝတ်ကောင်းစားလှ စားနိုင်သောက်နိုင်သူကို အဓိက ကျွေးပြီး မွဲခြောက်နုံခြာ ငတ်မွတ်ရှာသူကို နှင်ထုတ်တယ်။
တမလွန်အတွက် ရိပ်ခါထုပ်တယ် ဟုပြောပြီးကောင်းမှုပြု့တယ်။အကယ်၍သာ တမလွန်မရှိပါက ထိုသူဟာ ကောင်းမှု ပြု့ဖြစ်ပါအုံးမလား စဉ်းစားကြည့်ပါ။ မြတ်ဗုဒ္ဓရဲ့ တရားကို တမလွန်ခရီးအတွက်သာထင်မှတ်၍ လက်ရှိပစ္စုပ္ပန်ဘဝအတွက် ကျင့်သုံးရကောင်းမှန်းမသိ။အခုကျင့် အခုအကျိုးပေးသော (အကာလိက)တရားကို တမလွန်အတွက်ရိက္ခာ ဟု တွေးထင်ပြီး အခုအချိန်မှာ ထင်ရာလုပ်၍သေခါနီးပြီဆိုမှ ဘဝကူးကောင်းအောင် ကုသိုလ်ပြု့ကြတယ်။
သေရင် ကိုယ့်နောက်ဘာမှ မပါဘူး ပြောတယ်။ ထိုသို့ပြောပြီး ကုသိုလ်အမှုကို မျက်စိနှစ်ဖက်နဲ့လုပ်လျှင် တော်သေး၏။ အခုဟာ သေရင်ကိုယ့်နောက်မပါဘူး ပြောပြီး ကိုယ့်သားသမီးကိုယ့်မျိုးဆက်အတွက် မငဲ့ပဲ အတ္တဆန်စွာကိုယ်ကုသိုလ်ရဖို့ ပစ္စည်းဥစ္စာတွေ ကို အဆင်ခြင်မဲစွာ လှူပစ်တယ်။(ကိုလိုနီခောတ်က အလှူလှူ ကြတာ လယ်မြေတွေ ချစ်တီးလက်ထဲ အရောက်ခံပြီး လှူဖူးပါသတဲ့) ဒီလို ကိုယ့်နောက်ပါအောင် အကုန်ယူရမယ် ဆိုပြီး ရှေ့နောက်မစဉ်းစားပဲ လှူခြင်းသည် ဗုဒ္ဓဒေသနာ နှင့် ဆီလျော်မှု မရှိပါ။ (ပစ္စည်းဥစ္စာ လေးပုံ ပုံ တစ်ပုံလှူ )
မေတ္တာ များစွာဖြင့်
Oo Thaw
No comments:
Post a Comment