Friday, August 12, 2016
သာသနာ ငါးေထာင္ (သာသနာ ငါးထောင်)
[Zawgyi]
သာသနာ ငါးထောင်
========================================================
[Unicode]
သာသနာ ငါးထောင်
ဘုရားရှင် သာသနာတော်မြတ်ကို တည်ထောင်စဉ်က အမိန့်တော်ဖြင့် `အနှစ်ငါးထောင်တည်စေ ` "အနှစ်ငါးထောင် တည်ရမည်"ဟု ပိုင်းဖြတ် ကန့်သတ်တော် မူခဲ့ခြင်း မရှိပါ။ ဘုရားဟော ပိဋကတ်တော်များ တွင်လည်း "သာသနာ ငါးထောင်အကြောင်း " တစ်လုံး တစ်ပါဒမျှပါရှိ ခြင်း မရှိပါ။
သာသနာ ငါးထောင်ဝါဒကြီးမှာ သီဟိုဠ် သီရိလင်္ကာ ဖြစ် "မဟာဝံသပါဌ် "နှင့် "ဒီပဝံသပါဌ်ကျမ်း နှစ်ကျမ်းမှ စတင်မြစ်ဖျားခံ လာခဲ့ခြင်း ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် ထီးချိုင့်မြို့ တည်တောဆရာတော် ကြီးက" သာသနာငါးထောင်ဟူသောစကားသည် ဘုရားဟောပါဠိတော်၌ မရှိပါ "ဟုမိန့်တော်မူ ပါတယ်။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း "ဒီနေရာမှာ ဒကာ ဒကာမ တွေသိထားဖို့က သာသနာဆိုတာ နှစ်အပိုင်းအခြားကို ခေါ်တာမဟုတ်ဘူး ။ အဆုံးအမ "ကို ခေါ်တာပဲ ဆိုတဲ့အချက်ကို မှတ်ထားကြရမယ်။ဟောတဲ့ အတိုင်းလိုက်နာကြ ကျင့်ကြံအားထုတ်ကြ လို့ဆိုတာဟာ သာသနာပဲ။ သာသနာ ငါးထောင်ဆိုတဲ့ စကားဟာ သာသနာမဟုတ်ဘူး။ ရှင်းကြရဲ့လား။
-မင်းနန် မော်ကျွန်း ၏ အယူအမြင် မှန်ကန်ရေး စာအုပ်ငယ်မှ ကူးယူ မျှဝေပါတယ်
Credit to Oo Thaw  ထေရဝါဒ သာသနာ မှတ်စု.
No comments:
Post a Comment