Sunday, August 21, 2016

တရားအားထုတ္သူ၏ အလုပ္ (တရားအားထုတ်သူ၏ အလုပ်)

[Zawgyi]
တရားအားထုတ္သူ၏ အလုပ္

အပင္စိုက္၊ ေရေလာင္း၊ ေပါင္းသင္ျခင္းသည္ စိုက္ပ်ိဳးသူ၏ အလုပ္ျဖစ္သည္။
အပြင့္ပြင့္ျခင္း၊ အသီးသီးျခင္းတို႔မွာ သူ႔ဘာသာျဖစ္လာလိမ့္မည္။
ေလာဘ၊ ေဒါသ၊ ေမာဟတို ့ျဖစ္ခြင့္မေပးေသာအားျဖင့္ ပယ္ျခင္းသည္ 
တရားအားထုတ္သူ၏ အလုပ္ျဖစ္သည္။
ပယ္ႏိုင္ခဲ့ေသာ္ တရားရရွိမည္သာျဖစ္၏။
ေဒါက္တာအ႐ွင္ ေဆကိႏၵ (ဓမၼဒူတ၊ ေမွာ္ဘီ)။ အစကသာၾကိဳသိခဲ့ရင္ တရားေတာ္
႐ႈမွတ္မႈ
တရားအားထုတ္သူ (ေယာဂီ)သည္ ေစ်းေရာင္းသူႏွင့္ တူ၏။
နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ မည္သူ႔ကိုမဆို လာဝယ္လွ်င္ ေရာင္းခ် ရမည္ျဖစ္သည္။
တရားအားထုတ္စဥ္တြင္ ခႏၶာ ကိုယ္ နာက်င္ကိုက္ခဲလာျခင္းမ်ားသည္ ေစ်းလာဝယ္သည္ႏွင့္ တူသည္။
နည္းနည္းနာလွ်င္ နည္းနည္းလာဝယ္ျခင္းျဖစ္သည္။ မ်ားမ်ားနာလွ်င္ မ်ားမ်ားလာဝယ္ျခင္းျဖစ္သည္။
ေနာက္ထပ္ဝယ္ေအာင္ ျပံဳး၍ဆက္ဆံရမည္။ ေဖၚျပလာသည့္တရားကို ႐ႈမွတ္ႏိုင္ရမည္။
သုိ႔မွသာ သတိ ဉာဏ္ ပညာ အား ေကာင္းလာမည္ျဖစ္ သည္။
ျဖစ္ေပၚလာေသာ ဒုကၡကို ရန္မလုပ္ပါႏွင့္။
ဒုကၡကို သိသည္ထက္ သိေနေအာင္ ႐ႈမွတ္ကာ ခႏၶာကိုယ္ကို ေျမၾကီးမျဖစ္မီ အသုံးခ် ၾကရမည္ ျဖစ္သည္။

-ဘဒၵႏၲ ဇာေနယ်၊ (ျမစိမ္းေတာင္ဆရာေတာ္)။ ေသျခင္းတရား တရားေတာ္

Credit: Original

[Unicode]
တရားအားထုတ်သူ၏ အလုပ်

အပင်စိုက်၊ ရေလောင်း၊ ပေါင်းသင်ခြင်းသည် စိုက်ပျိုးသူ၏ အလုပ်ဖြစ်သည်။
အပွင့်ပွင့်ခြင်း၊ အသီးသီးခြင်းတို့မှာ သူ့ဘာသာဖြစ်လာလိမ့်မည်။
လောဘ၊ ဒေါသ၊ မောဟတို့ဖြစ်ခွင့်မပေးသောအားဖြင့် ပယ်ခြင်းသည်
တရားအားထုတ်သူ၏ အလုပ်ဖြစ်သည်။
ပယ်နိုင်ခဲ့သော် တရားရရှိမည်သာဖြစ်၏။
ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ၊ မှော်ဘီ)။ အစကသာကြိုသိခဲ့ရင် တရားတော်
ရှုမှတ်မှု
တရားအားထုတ်သူ (ယောဂီ)သည် ဈေးရောင်းသူနှင့် တူ၏။
နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မည်သူ့ကိုမဆို လာဝယ်လျှင် ရောင်းချ ရမည်ဖြစ်သည်။
တရားအားထုတ်စဉ်တွင် ခန္ဓာ ကိုယ် နာကျင်ကိုက်ခဲလာခြင်းများသည် ဈေးလာဝယ်သည်နှင့် တူသည်။
နည်းနည်းနာလျှင် နည်းနည်းလာဝယ်ခြင်းဖြစ်သည်။ များများနာလျှင် များများလာဝယ်ခြင်းဖြစ်သည်။
နောက်ထပ်ဝယ်အောင် ပြုံး၍ဆက်ဆံရမည်။ ဖေါ်ပြလာသည့်တရားကို ရှုမှတ်နိုင်ရမည်။
သို့မှသာ သတိ ဉာဏ် ပညာ အား ကောင်းလာမည်ဖြစ် သည်။
ဖြစ်ပေါ်လာသော ဒုက္ခကို ရန်မလုပ်ပါနှင့်။
ဒုက္ခကို သိသည်ထက် သိနေအောင် ရှုမှတ်ကာ ခန္ဓာကိုယ်ကို မြေကြီးမဖြစ်မီ အသုံးချ ကြရမည် ဖြစ်သည်။

-ဘဒ္ဒန္တ ဇာနေယျ၊ (မြစိမ်းတောင်ဆရာတော်)။ သေခြင်းတရား တရားတော်

Credit: Original

No comments:

Post a Comment