[Zawgyi]
အာနာပါန လက္ေတြ႔က်င့္စဥ္ (ေအာင္လံဆရာေတာ္ ဘဒၵႏၱစႏၵိမာ ၏ အနိမိတ္တၱနည္း)
ပထမ စက်င့္ခါစတြင္ ရႈရွိုက္မႈစနစ္ မက်ဘဲရွိေနတတ္သည္။
၀င္ေလထြက္ေလကို အရံုျပဳကာ စက္က (ကက္ဆက္ အေခြက) ဖြင့္ေပးထားတဲ့ ရႈရိႈက္ တိုင္ပင္နဲ႔ ကိုက္ေအာင္လိုက္ခ်ိန္ပါ။
တိုင္ပင္ အရႈႏွုန္းမွန္လာသည္ အထိ ရႈရႈိက္ပါ။
ရႈရႈိက္ႏႈန္းမွန္ကန္လာမွ နွာသီး၀ထိခ်က္ဆီသို႔ ေျပာင္း၍သတိထားပါ။
အကယ္၍ ၀င္ေလထြက္ေလ ေလၾကာင္းကို အာရံုျပဳေကာင္းက ႏွာသီး၀ထိခ်က္ကို ေျပာင္းမရႈပဲေနႏိုင္သည္။***
စိတ္ပ်ံ႕လြင့္မႈကို မလိုက္ေလ်ာဘဲ ၀င္ေလထြက္ေလ(သို႔) ထိခ်က္ဆီသို႔ သတိျပန္ကပ္ပါ။
စိုးရိမ္ေၾကာင့္ၾကမႈမ်ား မထားရ။ ထိုစိတ္သည္ သမာဓိကို အေႏွာက္အယွက္ ေပးတတ္သည္။
ဤနည္းစနစ္ျဖင့္ အားထုတ္ျခင္းသည္ -ဘယ္သေဘာလဲ၊ ဘယ္လို အက်ိဳးထူးရွိမည္လဲ- ဟု သိလိုေသာ ဆႏၵျဖင့္ က်င့္ရမည္။
ရႈရႈိက္ေနရင္း ၁၀ မိနစ္ ၁၅ မိနစ္ခန္႔ ၾကာေသာအခါ ခႏၶာကိုယ္ ေအာက္ပိုင္းမွ ဓါတ္ၾကီးေလးပါး တစ္ပါးပါး စတင္ေဖာ္ျပလာလိမ့္မည္။
စိုးရိမ္စိတ္မ်ား၊ ေၾကာက္လန္႔သည့္စိတ္မ်ား ျဖစ္ေပၚလာလိမ့္မည္။ ထိုစိတ္မ်ားကို ဦးစားမေပးပါႏွင့္။
၀င္ေလထြက္ေလ (သို႔) ႏွာသီး၀ထိခ်က္ဆီသို႔ စိတ္ကိုျပန္ပို႔ပါ။
ပို႕ေဆာင္ရာတြင္ စိတ္သည္ ၀င္ေလထြက္ေလ (သို႔) ႏွာသီး၀ထိခ်က္၌ တည္မေနဘဲ ဒုကၡေ၀ဒနာသို႔ ျပန္ေရာက္သြားတတ္ေသးသည္။
ဆက္လက္၍ ၀င္ေလထြက္ေလ (သို႔) ႏွာသီး၀ထိခ်က္ဆီသို႔ အာရံုျပဳကာ ရႈရိုက္ရင္း သတိျပန္ကပ္ပါ။
တဖန္ ဓါတ္ၾကီးေလးပါးေဖါက္ျပန္ရာသို႔ စိတ္ျပန္ေရာက္သြားလိမ့္မယ္။
စိတ္ကို မိမိက ၀င္ေလထြက္ေလ (သို႔) ႏွာသီး၀ထိခ်က္ သို႔ ဆြဲတင္မႈက တစ္ဘက္၊ ဓါတ္ၾကီးေလးပါး ေဖာက္ျပန္ရာသို႔ ျပန္ဆြဲခ်ေနမႈက တစ္ဘက္၊ ႏွစ္ဘက္ အျပိဳင္ဆြဲသကဲ့သို႔ ျဖစ္ေနသည္ကို သိျမင္လာလိမ့္မည္။
ဓါတ္ၾကီးေလးပါး မည္မၽွပင္ ျပင္းထန္စြာ ေဖာက္ျပန္ေစကာမႈ ၀င္ေလထြက္ေလ (သို႔) ႏွာသီး၀ထိခ်က္ ကိုသာ အာရံုျပဳျပီး ဣေျႏၵ (၅)ပါး၊ ဗိုလ္ (၅)ပါး ကိုလက္ကိုင္ထားကာ ညႊန္ၾကားထားေသာ စည္းကမ္းခ်က္မ်ားႏွင့္ အညီ (စက္ကဖြင့္ေပးထားတဲ့ ရႈရိႈက္ တိုင္ပင္နဲ႔ကိုက္ေအာင္) စိတ္ကို သတိ၊ ဥာဏ္ပညာတို႔ျဖင့္ ၾကပ္မတ္၍ ရႈရႈိက္ရမည္။
တစ္ၾကိမ္အားထုတ္ျပီးတုိင္း အားနည္းခ်က္၊ လြဲမွားခ်က္မ်ားကို သံုးသပ္ပါ။ စည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာ၍ ေအာင္ျမင္ရမည္ဟူေသာ ၾကိဳးစားမႈျဖင့္ ဆက္လက္ေလ့က်င့္ပါ။ အေတြ႔အၾကံဳ ရလာျပီး အမွားနည္းလာကာ ေအာင္ျမင္မႈ ရလာပါလိမ့္မည္။
မိနစ္ (၃၀) မွ (၁)နာရီ၊ (၁)နာရီမွ (၁)နာရီ(၃၀)မိနစ္၊ (၂)နာရီ အထိ ၀င္ေလထြက္ေလ (သို႔) ႏွာသီး၀ထိခ်က္၌ စိတ္တည္ႏုိင္ေအာင္ ဆက္လက္ၾကိဳးစား အားထုတ္ပါ။
(၂)နာရီအတြင္း စည္းစနစ္က်က် က်င့္ႏုိင္ျပီး စိတ္ကို သိမ္းဆည္းႏိုင္ပါက ရႈရႈိက္မႈကို အဓိကမထားေတာ့ဘဲ သတိ၊ ဥာဏ္ ျဖင့္သာ စိတ္ကို ထိခ်က္၌ ထားရံုမၽွထားျပီး ရႈပါ။ သို႔မဟုတ္ ၀င္ေလထြက္ေလ ေလေၾကာင္းကို အာရံုျပဳ ရႈရႈိက္ေနပါ။ ဤက်င့္စဥ္သည္ ရူပဈာန္က်င့္စဥ္ကဲ့သို႔ နိမိတ္ထင္ေအာင္ က်င့္ရျခင္း မဟုတ္ေပ။
-[ေအာင္လံဆရာေတာ္ႀကီး ဘဒၵႏၱစႏၵိမာ ၏ ေယာနသံစင္ေရာ္ စာအုပ္မွ ကုးယူပူေဇာ္သည္]
[Unicode]
အာနာပါန လက်တွေ့ကျင့်စဉ် (အောင်လံဆရာတော် ဘဒ္ဒန္တစန္ဒိမာ ၏ အနိမိတ်တ္တနည်း)
ပထမ စကျင့်ခါစတွင် ရှုရှိုက်မှုစနစ် မကျဘဲရှိနေတတ်သည်။
၀င်လေထွက်လေကို အရုံပြုကာ စက်က (ကက်ဆက် အခွေက) ဖွင့်ပေးထားတဲ့ ရှုရှိုက် တိုင်ပင်နဲ့ ကိုက်အောင်လိုက်ချိန်ပါ။
တိုင်ပင် အရှုနှုန်းမှန်လာသည် အထိ ရှုရှိုက်ပါ။
ရှုရှိုက်နှုန်းမှန်ကန်လာမှ နှာသီးဝထိချက်ဆီသို့ ပြောင်း၍သတိထားပါ။
အကယ်၍ ၀င်လေထွက်လေ လေကြာင်းကို အာရုံပြုကောင်းက နှာသီးဝထိချက်ကို ပြောင်းမရှုပဲနေနိုင်သည်။***
စိတ်ပျံ့လွင့်မှုကို မလိုက်လျောဘဲ ၀င်လေထွက်လေ(သို့) ထိချက်ဆီသို့ သတိပြန်ကပ်ပါ။
စိုးရိမ်ကြောင့်ကြမှုများ မထားရ။ ထိုစိတ်သည် သမာဓိကို အနှောက်အယှက် ပေးတတ်သည်။
ဤနည်းစနစ်ဖြင့် အားထုတ်ခြင်းသည် -ဘယ်သဘောလဲ၊ ဘယ်လို အကျိုးထူးရှိမည်လဲ- ဟု သိလိုသော ဆန္ဒဖြင့် ကျင့်ရမည်။
ရှုရှိုက်နေရင်း ၁၀ မိနစ် ၁၅ မိနစ်ခန့် ကြာသောအခါ ခန္ဓာကိုယ် အောက်ပိုင်းမှ ဓါတ်ကြီးလေးပါး တစ်ပါးပါး စတင်ဖော်ပြလာလိမ့်မည်။
စိုးရိမ်စိတ်များ၊ ကြောက်လန့်သည့်စိတ်များ ဖြစ်ပေါ်လာလိမ့်မည်။ ထိုစိတ်များကို ဦးစားမပေးပါနှင့်။
၀င်လေထွက်လေ (သို့) နှာသီးဝထိချက်ဆီသို့ စိတ်ကိုပြန်ပို့ပါ။
ပို့ဆောင်ရာတွင် စိတ်သည် ၀င်လေထွက်လေ (သို့) နှာသီးဝထိချက်၌ တည်မနေဘဲ ဒုက္ခဝေဒနာသို့ ပြန်ရောက်သွားတတ်သေးသည်။
ဆက်လက်၍ ၀င်လေထွက်လေ (သို့) နှာသီးဝထိချက်ဆီသို့ အာရုံပြုကာ ရှုရိုက်ရင်း သတိပြန်ကပ်ပါ။
တဖန် ဓါတ်ကြီးလေးပါးဖေါက်ပြန်ရာသို့ စိတ်ပြန်ရောက်သွားလိမ့်မယ်။
စိတ်ကို မိမိက ၀င်လေထွက်လေ (သို့) နှာသီးဝထိချက် သို့ ဆွဲတင်မှုက တစ်ဘက်၊ ဓါတ်ကြီးလေးပါး ဖောက်ပြန်ရာသို့ ပြန်ဆွဲချနေမှုက တစ်ဘက်၊ နှစ်ဘက် အပြိုင်ဆွဲသကဲ့သို့ ဖြစ်နေသည်ကို သိမြင်လာလိမ့်မည်။
ဓါတ်ကြီးလေးပါး မည်မျှပင် ပြင်းထန်စွာ ဖောက်ပြန်စေကာမှု ၀င်လေထွက်လေ (သို့) နှာသီးဝထိချက် ကိုသာ အာရုံပြုပြီး ဣန္ဒြေ (၅)ပါး၊ ဗိုလ် (၅)ပါး ကိုလက်ကိုင်ထားကာ ညွှန်ကြားထားသော စည်းကမ်းချက်များနှင့် အညီ (စက်ကဖွင့်ပေးထားတဲ့ ရှုရှိုက် တိုင်ပင်နဲ့ကိုက်အောင်) စိတ်ကို သတိ၊ ဉာဏ်ပညာတို့ဖြင့် ကြပ်မတ်၍ ရှုရှိုက်ရမည်။
တစ်ကြိမ်အားထုတ်ပြီးတိုင်း အားနည်းချက်၊ လွဲမှားချက်များကို သုံးသပ်ပါ။ စည်းကမ်းချက်များအတိုင်း လိုက်နာ၍ အောင်မြင်ရမည်ဟူသော ကြိုးစားမှုဖြင့် ဆက်လက်လေ့ကျင့်ပါ။ အတွေ့အကြုံ ရလာပြီး အမှားနည်းလာကာ အောင်မြင်မှု ရလာပါလိမ့်မည်။
မိနစ် (၃၀) မှ (၁)နာရီ၊ (၁)နာရီမှ (၁)နာရီ(၃၀)မိနစ်၊ (၂)နာရီ အထိ ၀င်လေထွက်လေ (သို့) နှာသီးဝထိချက်၌ စိတ်တည်နိုင်အောင် ဆက်လက်ကြိုးစား အားထုတ်ပါ။
(၂)နာရီအတွင်း စည်းစနစ်ကျကျ ကျင့်နိုင်ပြီး စိတ်ကို သိမ်းဆည်းနိုင်ပါက ရှုရှိုက်မှုကို အဓိကမထားတော့ဘဲ သတိ၊ ဉာဏ် ဖြင့်သာ စိတ်ကို ထိချက်၌ ထားရုံမျှထားပြီး ရှုပါ။ သို့မဟုတ် ၀င်လေထွက်လေ လေကြောင်းကို အာရုံပြု ရှုရှိုက်နေပါ။ ဤကျင့်စဉ်သည် ရူပဈာန်ကျင့်စဉ်ကဲ့သို့ နိမိတ်ထင်အောင် ကျင့်ရခြင်း မဟုတ်ပေ။
-[အောင်လံဆရာတော်ကြီး ဘဒ္ဒန္တစန္ဒိမာ ၏ ယောနသံစင်ရော် စာအုပ်မှ ကုးယူပူဇော်သည်]
No comments:
Post a Comment