Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း(၇) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း(၇))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း(၇)

ဘုရားျဖစ္ရန္ ေတာင္းပန္ျခင္း
***************************
စၾကဝဠာတိုက္တစ္ေသာင္းတြင္ေနထိုင္ၾကကုန္ေသာ နတ္ျဗဟၼာအေပါင္းတို႔သည္ ဘုရားအေလာင္းနတ္သားကို အေလာင္းေတာ္နတ္သား လူ႔ျပည္သို႔ဆင္း၍ ဘုရားျဖစ္ဖို႔ရန္အခ်ိန္တန္ပါၿပီ။ လူ နတ္ ျဗဟၼာ သတၱဝါတို႔၏ အက်ိဳးငွာ လူ႔ျပည္သို႔ဆင္း၍ ဘုရားျဖစ္ေတာ္မူပါဟု ေလွ်ာက္ထားေတာင္းပန္ၾကလိမ့္မည္။

ၾကည့္ျခင္း(၅)ပါးျဖင့္ ၾကည့္ေတာ္မူျခင္း
***********************************
အေလာင္းေတာ္နတ္သားသည္ လူ႔ျပည္သို႔ဆင္း၍ ပဋိသေႏၶယူဖို႔ရန္အတြက္ဘုရားအေလာင္းတို႔၏ ထံုးတမ္းအစဥ္အလာ ဓမၼတာအရ ၾကည့္ျခင္းငါးပါးျဖင့္ အလ်င္ၾကည္ၿပီးမွ ပဋိသေႏၶယူေလ့ရိွၾက၏။
၁။ ဘုရားျဖစ္ရာ ေခာတ္အခါကာလကိုၾကည့္ရႈျခင္း။
၂။ ဘုရားပြင့္ရာ ကြ်န္းကို ၾကည့္ရႈျခင္း။
၃။ ဘုရားပြင့္ရာ ေဒသကို ၾကည့္ရႈျခင္း။
၄။ ဘုရားေလာင္းတို႔ျဖစ္ရာ အမ်ိဳးကိုၾကည့္ရႈျခင္း။
၅။ ဘုရားေလာင္းမယ္ေတာ္၏ အသက္အပိုင္းအျခားကို ၾကည့္ရႈျခင္း။

၁။ လူ႔ျပည္ေလာက၌ ဘုရားျဖစ္ပြင့္ရာအခ်ိန္အခါ တန္ၿပီေလာ မတန္ေသးသေလာ ေရွးဦးစြာ အခါကာလ ၾကည့္ရႈရေသာရည္ရြယ္ခ်က္သည္ ....
လူ႔ျပည္ေလာက၌သက္တမ္းတစ္သိန္းအထက္ကာလသည္ ရွည္လ်ားလွေသာအသက္တမ္းကာလ၏ ဖံုးလႊမ္းကာကြယ္မႈေၾကာင့္ အနိစၥ ဒုကၡ အနတၱ သေဘာတရားမ်ားကိုေဟာၾကားလွ်င္ ၾကားနာသူ လူတို႔သည္ ဘာေတြမ်ားေဟာၾကားေနပါလိမ့္ဟူ၍ မေဝႏိုင္ မခဲြႏိုင္ျဖစ္ကာ သက္ဝင္ယံုၾကည္ၾကမည္မဟုတ္ေပ။
သံသရာဝဋ္မွ ထြက္ေျမာက္ျခင္း အက်ိဳးမၿပီးအခ်ည္းႏီွးသာျဖစ္၍ ပဋိသေႏၶ အို နာ ေသ ဆင္းရဲတို႔ မထင္ရွား မသိျမင္ႏိုင္ၾကေသာေၾကာင့္ အႏွစ္တစ္သိန္းထက္ အသက္တမ္းရွည္လ်ားေသာကာလသည္ ဘုရားပြင့္ရာကာလမဟုတ္ေပ။
လူတို႔၏သက္တမ္း အႏွစ္တစ္ရာတမ္းေအာက္ ျဖစ္ပြားၾကေသာ သတၱဝါတို႔သည္ ကိေလသာတရား မ်ားျပားထူေျပာၾကသျဖင့္ေဟာေျပာျပသ ေပးေဝငွအပ္ေသာ ဘုရားအဆံုးအမေတာ္သည္ ေရအျပင္၌ တုတ္ေခ်ာင္းျဖင့္ေရးျခစ္အပ္ေသာ အေရးအသားပမာ ရွည္လ်ားၾကာျမင့္စြာ မတည္တ႔ံဘဲ လွ်င္ျမန္စြာေပ်ာက္ျပယ္ ကင္းကြယ္ေလသကဲ႔သို႔ ဘုရားရွင္အဆံုးအမ တရားေတာ္သည္ လွ်င္ျမန္စြာေမ႔ေလ်ာ့ေပ်ာက္ကြယ္သည္သာျဖစ္ေသာေၾကာင့္ အႏွစ္တစ္ရာေအာက္ ကာလသည္ ျမတ္စြာဘုရားမ်ား ျဖစ္ေပၚပြင့္ေတာ္မူၾကရာ အခါကာလမဟုတ္ေပ။ လူတို႔၏သက္တမ္း အႏွစ္တစ္သိန္းတမ္းႏွင့္ အႏွစ္တစ္ရာတမ္း ဤႏွစ္တမ္းတို႔ပါအပါအဝင္ အၾကားျဖစ္ေသာ အခါကာလသည္သာလွ်င္ ျမတ္စြာဘုရားတို႔ ျဖစ္ပြင့္ေတာ္မူၾကရာ ကာလမည္ေသာေၾကာင့္ ဤအခါကား ဘုရားျဖစ္ရန္ ေလ်ာ္ကန္ေလ်ာက္ပတ္လွေသာ အခါကာလေပတည္းဟု ဘုရားျဖစ္ရန္ ကာလကိုၾကည့္ရသည္။

၂။ ကြ်န္းႀကီးေလးကြ်န္းထဲမွ ေရွးဘုရားရွင္တို႔ ပြင့္ေတာ္မူရာ ကြ်န္းကိုၾကည့္ရသည္။
ဘုရားျဖစ္ရာ ကြ်န္းကိုၾကည့္ရႈ ဆင္ျခင္ၾကရာတြင္ ကြ်န္းငယ္ ငါးရာစီ အၿခံအရံရွိေသာကြ်န္းႀကီးေလးကြ်န္းတို႔အနက္ ဇမၺဴ႕သေျပပင္ေပါက္ရာျဖစ္၍ ထိုဇမၺဴ႕သေျပပင္ျဖင့္မွတ္သားေခၚဆိုအပ္ေသာ ဤဇမၺဴဒိပ္ကြ်န္းႀကီး၌သာလွ်င္ ေရွးဘုရားတို႔ ပြင့္ၾက၏ဟု ဘုရားျဖစ္မည့္ကြ်န္းကိုၾကည့္ရသည္။
၃။ ဘုရားျဖစ္ပြင့္ရာ အရပ္ေဒသကိုၾကည့္ရႈ ဆင္ျခင္ရာတြင္ ယူဇနာတစ္ေသာင္း က်ယ္ဝန္းေသာ ဇမၺဴဒိပ္ကြ်န္း၏ အလယ္အရပ္ျဖစ္ေသာ မဇၩိမအရပ္ေဒသကိုၾကည့္ရသည္။ မဇၩိမအရပ္ဆိုသည္မွာ အေရွ႕အလား ဂဇဂၤလ မည္ေသာနိဂံုး၏ အေရွ႕ဘက္ အင္ၾကင္းပင္ႀကီး အေရွ႕ေတာင္အလား သလႅာဝတီျမစ္ ေတာင္ အလား ေသတကဏိက မည္ေသာနိဂံုး အေနာက္အလား ဥသိရဒၶဇေတာင္ ဤနယ္နိမိတ္ ငါးရပ္တို႔ျဖင့္ သတ္မွတ္ပိုင္းျခားအပ္ေသာ အလ်ားယူဇနာသံုးရာ အနံယူဇနာ ႏွစ္ရာ့ငါးဆယ္ အဝန္းယူဇနာကိုးရာ အပိုင္းအျခား ရွိေသာအရပ္ေဒသကို မဇိၩမအရပ္ဟုေခၚသည္။ မဇၩိမအရပ္အတြင္းမွာသာလွ်င္ဘုရား ပေစၥကဗုဒၶါ အဂၢသာဝက မဟာသာဝက စၾကာမင္း ဘုန္းတံခိုးႀကီးမား စည္းစိမ္မ်ားျပားၾကသည့္ ခတၱိယမဟာသာလ ျဗဟၼဏမဟာသာလ ဂဟပတိမဟာသာလတို႔ ျဖစ္ထြန္းၾကစၿမဲျဖစ္သည့္အတြက္ အရပ္ေဒသကို ၾကည့္ရႈရပါသည္။

၄။ ဘုရားအေလာင္းျဖစ္ဖို႔ရန္ အမ်ိဳးအႏြယ္ ၾကည့္ရသည္မွာ
မင္းမ်ိဳး ပုဏၰားမ်ဳိး ကုန္သည္မ်ိဳး သူဆင္းရဲမ်ိဳးဟူ၍အမ်ဳိးေလးပါးရွိသည့္အထဲတြင္ လူေပါင္းမ်ားစြာတို႔က အဦးအျမတ္ဟု သမုတ္ထားေသာ မင္းမ်ိဳး ပုဏၰားမ်ဳိးမွာသာလွ်င္ ဘုရားျဖစ္ၾကရသည္။ မင္းမ်ိဳးကိုလူအေပါင္းတို႔က အဦးအျမတ္ဟုသတ္မွတ္ၾကေသာေခါတ္အခါတြင္ မင္းမ်ိဳးမွာျဖစ္ၾကရသည္။ ပုဏၰားမ်ိဳးကို လူအေပါင္းတို႔က အဦးအျမတ္ဟုသမုတ္ၾကေသာေခါတ္တြင္ ပုဏၰားမ်ိဳးမွာျဖစ္ၾကရသည္။

၅။ မယ္ေတာ္ကိုၾကည့္ရသည္မွာ
ဘုရားရွင္မယ္ေတာ္သည္ လွ်ပ္ေပၚေလာ္လည္ျခင္းအလွ်င္းမရွိပါ။ ေသရည္အရက္ေသာက္စားျခင္းအလွ်င္းမရွိပါ။ မယ္ေတာ္ျဖစ္ေၾကာင္းေကာင္းမႈပါရမီ ကမ ၻာတစ္သိန္းကာလပတ္လံုး ျဖည့္က်င့္ခဲ႔ၿပီးသူျဖစ္ရမည္။ မယ္ေတာ္ျဖစ္ရမည့္ဘဝကို ရရွိဖြားျမင္ခဲ႔သည္မွစ၍ ငါးပါးသီလတစ္ရံတစ္ခါမွ်မက်ိဳးမေပါက္ေစဘဲအၿမဲလံုၿခံဳစြာ ထိန္းသိမ္းေစာင့္ေရွာက္ခဲ႔သူသာျဖစ္ရမည္။ ဘုရားေလာင္းဖြားျမင္ၿပီးေသာေန႔မွစ၍ (၇)ရက္သာလွ်င္မယ္ေတာ္၏ အသက္ၾကြင္းက်န္သူျဖစ္ရမည္ဟု မယ္ေတာ္ျဖစ္ထို္က္ေသာ မိခင္၏လကၡဏာအသက္အပိုင္းအျခားကို ၾကည့္ရသည္။
၁။ဘုရားျဖစ္ရာ ေခာတ္အခါကာလကား အႏွစ္တစ္သိန္းမွစ၍ ေအာက္ျဖစ္ေသာကာလ အႏွစ္တစ္ရာတမ္းမွစ၍ အထက္ျဖစ္ေသာကာလ။
၂။ ဘုရားျဖစ္ရာကြ်န္းကား ဇမၺဴဒိပ္ကြ်န္း။
၃။ ဘုရားပြင့္ရာေဒသကား မဇၩိမေဒသ။
၄။ ဘုရားအေလာင္းျဖစ္ရာ အမ်ိဳးကား မင္းမ်ိဳး ပုဏၰားမ်ိဳး။
၅။ မယ္ေတာ္၏အသက္အပိုင္းအျခားကား ဘုရားေလာင္းဖြားျမင္ၿပီး (၇)ရက္သာေနရျခင္း တို႔ျဖစ္ပါသည္။

ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi


[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း(၇)

ဘုရားဖြစ်ရန် တောင်းပန်ခြင်း
***************************
စကြဝဠာတိုက်တစ်သောင်းတွင်နေထိုင်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် ဘုရားအလောင်းနတ်သားကို အလောင်းတော်နတ်သား လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်ဖို့ရန်အချိန်တန်ပါပြီ။ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုးငှာ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါဟု လျှောက်ထားတောင်းပန်ကြလိမ့်မည်။

ကြည့်ခြင်း(၅)ပါးဖြင့် ကြည့်တော်မူခြင်း
***********************************
အလောင်းတော်နတ်သားသည် လူ့ပြည်သို့ဆင်း၍ ပဋိသန္ဓေယူဖို့ရန်အတွက်ဘုရားအလောင်းတို့၏ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ကြည့်ခြင်းငါးပါးဖြင့် အလျင်ကြည်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြ၏။
၁။ ဘုရားဖြစ်ရာ ခောတ်အခါကာလကိုကြည့်ရှုခြင်း။
၂။ ဘုရားပွင့်ရာ ကျွန်းကို ကြည့်ရှုခြင်း။
၃။ ဘုရားပွင့်ရာ ဒေသကို ကြည့်ရှုခြင်း။
၄။ ဘုရားလောင်းတို့ဖြစ်ရာ အမျိုးကိုကြည့်ရှုခြင်း။
၅။ ဘုရားလောင်းမယ်တော်၏ အသက်အပိုင်းအခြားကို ကြည့်ရှုခြင်း။

၁။ လူ့ပြည်လောက၌ ဘုရားဖြစ်ပွင့်ရာအချိန်အခါ တန်ပြီလော မတန်သေးသလော ရှေးဦးစွာ အခါကာလ ကြည့်ရှုရသောရည်ရွယ်ချက်သည် ....
လူ့ပြည်လောက၌သက်တမ်းတစ်သိန်းအထက်ကာလသည် ရှည်လျားလှသောအသက်တမ်းကာလ၏ ဖုံးလွှမ်းကာကွယ်မှုကြောင့် အနိစ္စ ဒုက္ခ အနတ္တ သဘောတရားများကိုဟောကြားလျှင် ကြားနာသူ လူတို့သည် ဘာတွေများဟောကြားနေပါလိမ့်ဟူ၍ မဝေနိုင် မခွဲနိုင်ဖြစ်ကာ သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ။
သံသရာဝဋ်မှ ထွက်မြောက်ခြင်း အကျိုးမပြီးအချည်းနှီးသာဖြစ်၍ ပဋိသန္ဓေ အို နာ သေ ဆင်းရဲတို့ မထင်ရှား မသိမြင်နိုင်ကြသောကြောင့် အနှစ်တစ်သိန်းထက် အသက်တမ်းရှည်လျားသောကာလသည် ဘုရားပွင့်ရာကာလမဟုတ်ပေ။
လူတို့၏သက်တမ်း အနှစ်တစ်ရာတမ်းအောက် ဖြစ်ပွားကြသော သတ္တဝါတို့သည် ကိလေသာတရား များပြားထူပြောကြသဖြင့်ဟောပြောပြသ ပေးဝေငှအပ်သော ဘုရားအဆုံးအမတော်သည် ရေအပြင်၌ တုတ်ချောင်းဖြင့်ရေးခြစ်အပ်သော အရေးအသားပမာ ရှည်လျားကြာမြင့်စွာ မတည်တ့ံဘဲ လျှင်မြန်စွာပျောက်ပြယ် ကင်းကွယ်လေသကဲ့သို့ ဘုရားရှင်အဆုံးအမ တရားတော်သည် လျှင်မြန်စွာမေ့လျော့ပျောက်ကွယ်သည်သာဖြစ်သောကြောင့် အနှစ်တစ်ရာအောက် ကာလသည် မြတ်စွာဘုရားများ ဖြစ်ပေါ်ပွင့်တော်မူကြရာ အခါကာလမဟုတ်ပေ။ လူတို့၏သက်တမ်း အနှစ်တစ်သိန်းတမ်းနှင့် အနှစ်တစ်ရာတမ်း ဤနှစ်တမ်းတို့ပါအပါအဝင် အကြားဖြစ်သော အခါကာလသည်သာလျှင် မြတ်စွာဘုရားတို့ ဖြစ်ပွင့်တော်မူကြရာ ကာလမည်သောကြောင့် ဤအခါကား ဘုရားဖြစ်ရန် လျော်ကန်လျောက်ပတ်လှသော အခါကာလပေတည်းဟု ဘုရားဖြစ်ရန် ကာလကိုကြည့်ရသည်။

၂။ ကျွန်းကြီးလေးကျွန်းထဲမှ ရှေးဘုရားရှင်တို့ ပွင့်တော်မူရာ ကျွန်းကိုကြည့်ရသည်။
ဘုရားဖြစ်ရာ ကျွန်းကိုကြည့်ရှု ဆင်ခြင်ကြရာတွင် ကျွန်းငယ် ငါးရာစီ အခြံအရံရှိသောကျွန်းကြီးလေးကျွန်းတို့အနက် ဇမ္ဗူ့သပြေပင်ပေါက်ရာဖြစ်၍ ထိုဇမ္ဗူ့သပြေပင်ဖြင့်မှတ်သားခေါ်ဆိုအပ်သော ဤဇမ္ဗူဒိပ်ကျွန်းကြီး၌သာလျှင် ရှေးဘုရားတို့ ပွင့်ကြ၏ဟု ဘုရားဖြစ်မည့်ကျွန်းကိုကြည့်ရသည်။
၃။ ဘုရားဖြစ်ပွင့်ရာ အရပ်ဒေသကိုကြည့်ရှု ဆင်ခြင်ရာတွင် ယူဇနာတစ်သောင်း ကျယ်ဝန်းသော ဇမ္ဗူဒိပ်ကျွန်း၏ အလယ်အရပ်ဖြစ်သော မဇ္ဈိမအရပ်ဒေသကိုကြည့်ရသည်။ မဇ္ဈိမအရပ်ဆိုသည်မှာ အရှေ့အလား ဂဇင်္ဂလ မည်သောနိဂုံး၏ အရှေ့ဘက် အင်ကြင်းပင်ကြီး အရှေ့တောင်အလား သလ္လာဝတီမြစ် တောင် အလား သေတကဏိက မည်သောနိဂုံး အနောက်အလား ဥသိရဒ္ဓဇတောင် ဤနယ်နိမိတ် ငါးရပ်တို့ဖြင့် သတ်မှတ်ပိုင်းခြားအပ်သော အလျားယူဇနာသုံးရာ အနံယူဇနာ နှစ်ရာ့ငါးဆယ် အဝန်းယူဇနာကိုးရာ အပိုင်းအခြား ရှိသောအရပ်ဒေသကို မဇ္ဈိမအရပ်ဟုခေါ်သည်။ မဇ္ဈိမအရပ်အတွင်းမှာသာလျှင်ဘုရား ပစ္စေကဗုဒ္ဓါ အဂ္ဂသာဝက မဟာသာဝက စကြာမင်း ဘုန်းတံခိုးကြီးမား စည်းစိမ်များပြားကြသည့် ခတ္တိယမဟာသာလ ဗြဟ္မဏမဟာသာလ ဂဟပတိမဟာသာလတို့ ဖြစ်ထွန်းကြစမြဲဖြစ်သည့်အတွက် အရပ်ဒေသကို ကြည့်ရှုရပါသည်။

၄။ ဘုရားအလောင်းဖြစ်ဖို့ရန် အမျိုးအနွယ် ကြည့်ရသည်မှာ
မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးဟူ၍အမျိုးလေးပါးရှိသည့်အထဲတွင် လူပေါင်းများစွာတို့က အဦးအမြတ်ဟု သမုတ်ထားသော မင်းမျိုး ပုဏ္ဏားမျိုးမှာသာလျှင် ဘုရားဖြစ်ကြရသည်။ မင်းမျိုးကိုလူအပေါင်းတို့က အဦးအမြတ်ဟုသတ်မှတ်ကြသောခေါတ်အခါတွင် မင်းမျိုးမှာဖြစ်ကြရသည်။ ပုဏ္ဏားမျိုးကို လူအပေါင်းတို့က အဦးအမြတ်ဟုသမုတ်ကြသောခေါတ်တွင် ပုဏ္ဏားမျိုးမှာဖြစ်ကြရသည်။

၅။ မယ်တော်ကိုကြည့်ရသည်မှာ
ဘုရားရှင်မယ်တော်သည် လျှပ်ပေါ်လော်လည်ခြင်းအလျှင်းမရှိပါ။ သေရည်အရက်သောက်စားခြင်းအလျှင်းမရှိပါ။ မယ်တော်ဖြစ်ကြောင်းကောင်းမှုပါရမီ ကမ ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့်ခဲ့ပြီးသူဖြစ်ရမည်။ မယ်တော်ဖြစ်ရမည့်ဘဝကို ရရှိဖွားမြင်ခဲ့သည်မှစ၍ ငါးပါးသီလတစ်ရံတစ်ခါမျှမကျိုးမပေါက်စေဘဲအမြဲလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သူသာဖြစ်ရမည်။ ဘုရားလောင်းဖွားမြင်ပြီးသောနေ့မှစ၍ (၇)ရက်သာလျှင်မယ်တော်၏ အသက်ကြွင်းကျန်သူဖြစ်ရမည်ဟု မယ်တော်ဖြစ်ထို်က်သော မိခင်၏လက္ခဏာအသက်အပိုင်းအခြားကို ကြည့်ရသည်။
၁။ဘုရားဖြစ်ရာ ခောတ်အခါကာလကား အနှစ်တစ်သိန်းမှစ၍ အောက်ဖြစ်သောကာလ အနှစ်တစ်ရာတမ်းမှစ၍ အထက်ဖြစ်သောကာလ။
၂။ ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း။
၃။ ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ။
၄။ ဘုရားအလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး။
၅။ မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းဖွားမြင်ပြီး (၇)ရက်သာနေရခြင်း တို့ဖြစ်ပါသည်။

ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment