[Zawgyi]
သစ္သီးမ်ားကုိ ဘုရားစင္ထက္တြင္ ရက္႐ွည္ကပ္လႉထားျခင္း အေလ့အထမွာ-
၁။ ဘုရား႐ွင္ ျပ႒ာန္းထားေသာ ဝိနည္းသိကၡာပုဒ္ေတာ္ျမတ္ႏွင့္ ညီၫြတ္ပါသေလာ ။
၂။ ဗုဒၶအလုိေတာ္က် ျဖစ္ပါသေလာ။
၃။ လက္ေတြတြင္လည္း သဘာဝက်ပါ၏ေလာ။ ဟူ၍ စိစစ္ရန္ လုိပါတယ္။
အမွန္ျဖစ္သင့္သည္က သစ္သီးမ်ားကပ္လႉရာတြင္ နံနက္ပိုင္းတြင္သာ ကပ္လႉၿပီး မြန္းမတည့္မွီ စြန္႔ပစ္ျခင္းသာ ျဖစ္သင့္တယ္။
မြန္းတည့္ခ်ိန္ ေက်ာ္ၿပီး ရက္႐ွည္ကပ္လႉထားျခင္းသည္ ဘုရား႐ွင္က ျပ႒ာန္းထားေသာ ေန႔ဖို႔ ညစာခ်န္မထားရဟူေသာ ဝိနည္း သိကၡာပုဒ္ေတာ္ျမတ္ႏွင့္ ညီၫြတ္ျခင္း မ႐ွိပါ။
သုိ႔ေၾကာင့္ သစ္သီးမ်ားကုိ ဘုရားေက်ာင္းေဆာင္ထဲတြင္ ရက္႐ွည္ ကပ္လႉထားျခင္း ျပဳ႕မည့္အစား -
၁။ မွည့္ေသာ သစ္သီးမ်ား၊စားသုံးရန္ အသင့္ျဖစ္ေနေသာ သစ္သီးမ်ားကုိ အခြံႏႊာျခင္း၊ ခြဲျခမ္း စိပ္ျဖာျခင္းတို႔ ျပဳ႕လ်ွက္ နံနက္ပိုင္းတြင္သာ ကပ္လႉပါ။
၂။ မြန္းမတည့္မီ ထိုသစ္သီးမ်ားကုိ စြန္႔ပစ္ျခင္းတို႔ ေဆာင္ရြက္ျပဳ႕လုပ္ပါလ်ွင္ ဝိနည္းေဒသနာေတာ္နဲ႔ ညီၫြတ္၍ ဘုရား႐ွင္အေပၚတြင္လည္းဂါရဝ ထားရာ ေရာက္ပါေတာ့တယ္။
-မင္းနန္ ေမာ္ကြၽန္း ၏ အယူအျမင္ မွန္ကန္ေရး စာအုပ္မွ ကူးယူ မ်ွေဝပါတယ္
Credit to Oo Thaw ေထရဝါဒ သာသနာ မွတ္စု.
========================================================
[Unicode]
သစ်သီးများကို ဘုရားစင်ထက်တွင် ရက်ရှည်ကပ်လှူထားခြင်း အလေ့အထမှာ-
၁။ ဘုရားရှင် ပြဋ္ဌာန်းထားသော ဝိနည်းသိက္ခာပုဒ်တော်မြတ်နှင့် ညီညွတ်ပါသလော ။
၂။ ဗုဒ္ဓအလိုတော်ကျ ဖြစ်ပါသလော။
၃။ လက်တွေတွင်လည်း သဘာဝကျပါ၏လော။ ဟူ၍ စိစစ်ရန် လိုပါတယ်။
အမှန်ဖြစ်သင့်သည်က သစ်သီးများကပ်လှူရာတွင် နံနက်ပိုင်းတွင်သာ ကပ်လှူပြီး မွန်းမတည့်မှီ စွန့်ပစ်ခြင်းသာ ဖြစ်သင့်တယ်။
မွန်းတည့်ချိန် ကျော်ပြီး ရက်ရှည်ကပ်လှူထားခြင်းသည် ဘုရားရှင်က ပြဋ္ဌာန်းထားသော နေ့ဖို့ ညစာချန်မထားရဟူသော ဝိနည်း သိက္ခာပုဒ်တော်မြတ်နှင့် ညီညွတ်ခြင်း မရှိပါ။
သို့ကြောင့် သစ်သီးများကို ဘုရားကျောင်းဆောင်ထဲတွင် ရက်ရှည် ကပ်လှူထားခြင်း ပြု့မည့်အစား -
၁။ မှည့်သော သစ်သီးများ၊စားသုံးရန် အသင့်ဖြစ်နေသော သစ်သီးများကို အခွံနွှာခြင်း၊ ခွဲခြမ်း စိပ်ဖြာခြင်းတို့ ပြု့လျှက် နံနက်ပိုင်းတွင်သာ ကပ်လှူပါ။
၂။ မွန်းမတည့်မီ ထိုသစ်သီးများကို စွန့်ပစ်ခြင်းတို့ ဆောင်ရွက်ပြု့လုပ်ပါလျှင် ဝိနည်းဒေသနာတော်နဲ့ ညီညွတ်၍ ဘုရားရှင်အပေါ်တွင်လည်းဂါရဝ ထားရာ ရောက်ပါတော့တယ်။
-မင်းနန် မော်ကျွန်း ၏ အယူအမြင် မှန်ကန်ရေး စာအုပ်မှ ကူးယူ မျှဝေပါတယ်
Credit to Oo Thaw ထေရဝါဒ သာသနာ မှတ်စု.
No comments:
Post a Comment